News @ M-Media
Tag: Arsenal
  • စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော
    စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော
    ဧပြီ ၁၆၊၂၀၁၆
    M-Media
    winger 6
    – စပါးအသင်းအနေဖြင့် အမှတ်ပေးဇယားတွင် မိမိတို့အထက်ဖြင့် ရာသီသိမ်းမည်ကို မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    စပါးမှာ အာဆင်နယ်၏ ခါးသီးသော မြို့ခံပြိုင်ဘက်ဖြစ်ပြီး လက်ရှိတွင် တစ်ပွဲပိုကစားကာ တတိယနေရာမှ အာဆင်နယ်အား ၆ မှတ်ဖြတ်၍ ဒုတိယနေရာတွင် ရှိနေသည်။ အာဆင်နယ်ကို ၀င်းဂါးကိုင်တွယ်လာသည့် နှစ် ၂၀ အတွင်း စပါးမှာ အာဆင်နယ်၏အထက်ဖြင့် တစ်ကြိမ်မှ ရာသီမသိမ်းနိုင်ခဲ့ပေ။
    သို့သော်လည်း လက်ရှိတွင် အာဆင်နယ်အား ကျော်ဖြတ်ရန် အခြေအနေကောင်းနေသည်။
    “စပါးအနောက်ကို ကျွန်တော်တို့ မရောက်သေးပါဘူး။ ဒါပေမယ့် စပါးကတော့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ အနောက်မှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ သူတို့ ရုန်းကန်ခဲ့ရပါတယ်။ တစ်ကယ့်အမှန်တရားကတော့ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် လာမည့်အပြောင်းအရွှေ့တွင် အသင်းက ငွေကြေးအမြောက်အများသုံးစွဲမည်ဟု ပရိတ်သတ်များအနေဖြင့် မျှော်လင့်မထားရန်လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ရှေ့နှစ်အနည်းငယ်အထိ ခြေစွမ်းကောင်းကို ထိန်းသိမ်းနိုင်မည်ဟု ရူနီပြော
    ရှေ့နှစ်အနည်းငယ်အထိ ခြေစွမ်းကောင်းကို ထိန်းသိမ်းနိုင်မည်ဟု ရူနီပြော
    ဧပြီ ၄၊ ၂၀၁၆
    M-Media
    ronney
    – နိုင်ငံအသင်းနှင့် ကလပ်အသင်းတို့တွင် ပြိုင်ဘက်များ ပေါ်ထွက်လာနေသော်လည်း လာမည့်နှစ်အနယ်းငယ်အထိ မိမိမှာ အကောင်းဆုံးခြေစွမ်းဖြင့် ဆက်ကစားနိုင်သေးသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
    ဒူးအရွတ်ဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက အနားယူထားရသည့် ရူနီမှာ လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ဂျာမီ ဗာဒီတို့၏ ခြေစွမ်းပြနေမှု၊ ၀ဲလ်ဘတ်နှင့် စတားရစ်ခ်ျတို့ ရှိနေမှုကြောင့် ဇွန်လတွင်ကျင်းပမည့် ယူရို ၂၀၁၆ တွင် အင်္ဂလန်တိုက်စစ်မှူးနေရာအတွက် မရောမသေချာ ဖြစ်လာသည်။
    သို့သော်လည်း အသက် ၃၀ အရွယ် ရူနီကမူ လောလောဆယ်တွင် ဘောလုံးလောကမှ အနားယူရန် အစီအစဉ် မရှိသေးဟု ပြောကြားခဲ့သည်။
    “နှစ်အနည်းငယ်လောက် ဆက်ပြီး ခြေစွမ်းပြနိုင်အုံးမယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဆက်ပြီးလည်း ကြိုးစားသွားပါမယ်။ ပထမဆုံးအနေနဲ့ အသင်းကို အောင်မြင်အောင် ကူညီပေးချင်တယ်။ ကျွန်တော့်ဂိုးတွေနဲ့ အသင်းအောင်မြင်မယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာမိမှာပါ” ဟု ရူနီက ပြောကြားခဲ့သည်။
    Ref: Goal
  • အာဆင်နယ်နှင့် အနာဂတ်အတွက် ၀င်းဂါး မစိုးရိမ်
    အာဆင်နယ်နှင့် အနာဂတ်အတွက် ၀င်းဂါး မစိုးရိမ်
    မတ် ၂၉၊ ၂၀၁၆
    M-Media
    winger 4
    – အာဆင်နယ်မှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသောကြောင့် ဖိအားများရှိနေသော်လည်း မိမိမှာ အသင်းတွင် ဆက်ရှိနေမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြိုင်ပွဲအားလုံး နောက်ဆုံး ၉ ပွဲတွင် ၂ ပွဲသာ အနိုင်ရထားသည့် အာဆင်နယ်မှာ ချန်ပီယံလိဂ်၊ FA တို့မှ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် တစ်ပွဲလျော့ ၁၁ မှတ်အကွာတွင် ရှိနေသည်။ ထို့ကြောင့် ပရိတ်သတ်များကမူ ၀င်းဂါး၏ နှစ်ပေါင်း ၂၀ ကြာ သက်တမ်းကို အဆုံးသတ်ချင်နေသည်။
    “ကျွန်တော်က စိတ်နှစ်မြှုပ်ထားတာကြောင့် အနာဂတ်အတွက် သံသယမရှိပါဘူး။ အလုပ်လုပ်တဲ့အခါတိုင်း ရာနှုန်းပြည့် အလုပ်လုပ်ပါတယ်။ ကျွန်တော်ဟာ အသင်းမှာရှိနေသမျှ ကာလပတ်လုံး အကောင်းဆုံး ပေးဆပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။ ကျွန်တော်က ဒါပဲ အာရုံစိုက်နေတာပါ။ အရေးကြီးတာက နေ့တိုင်း အကောင်းဆုံး ဆောင်ရွက်သွားဖို့ပါ။ လူတွေပြောနေကြတာကို သိပ်ပြီး ခေါင်းထဲ မထည့်ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်က ကျွန်တော့်ရဲ့ အနာဂတ်ပါပဲ။ ကျွန်တော်ဟာ ခင်ဗျားတို့ထက်ပိုပြီး အနာဂတ်ကို မစိုးမိုးနိုင်ပါဘူး” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • ၀င်းဂါးထွက်သွားပါက အာဆင်နယ်မှာ မန်ယူကဲ့သို့ဖြစ်မည်ဟု ဂိုးသမားဟောင်း ပြော
    မတ် ၂၇၊ ၂၀၁၆
    M-Media
    winger 4
    – အာဆင်နယ်အနေဖြင့် နည်းပြ၀င်းဂါးကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ၀င်းဂါးမရှိပါက အာဆင်နယ်မှာ ဖာဂူဆန်ထွက်သွားသည့် မန်ယူအသင်းကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်ဟု ဂိုးသမားဟောင်း ဒေးဗစ်ဆီးမင်းက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ လက်ရှိတွင် ချန်ပီယံလိဂ်နှင့် FA တို့မှ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း လက်စတာနှင့် စပါးတို့အောက်တွင် ရောက်ရှိနေသည်။ ထို့ကြောင့် အာဆင်ဝင်းဂါးမှာ ဖိအားများနှင့် ရင်ဆိုင်နေရကာ ပရိတ်သတ်များက ရာထူးမှထုတ်ပယ်ရန်ပင် တောင်းဆိုနေကြသည်။
    သို့သော်လည်း ဆီးမင်းကမူ ၀င်းဂါးမှာ အာဆင်နယ်အတွက် အသင့်တော်ဆုံးသူဖြစ်သည်ဟု ဆိုသည်။
    “အာဆင်နယ် ဒီလိုတွေဖြစ်နေတာကို ကျွန်တော်လည်း တော်တော် စိတ်ပျက်ပါတယ်။ ထိပ်ဆုံးနေရာအပြောင်းအလဲ ဖြစ်မလားဆိုရင်တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်က အာဆင်နယ်ကို အရူးအမူး အားပေးသူတစ်ယောက်ပါ။ ရာသီအဆုံးမှာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော်တို့ ကြည့်ကြတာပေါ့”
    “ဒါပေမယ့် ကျွန်တော့်အတွက်တော့ ၀င်းဂါးက တော်တော်လေးတော်တဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် သူနဲ့ ၇ နှစ်၊ ၈ နှစ်လောက် လက်တွဲခဲ့ဖူးပါတယ်။ သူက တစ်မူထူးခြားသူတစ်ဦးပါ။ မန်ယူ ဘာတွေဖြစ်နေသလဲဆိုတာကို ကြည့်ပါ။ သူတို့ရဲ့ နည်းပြကောင်းတစ်ဦးဖြစ်တဲ့ အဲလက်စ်ဖာဂူဆန်ကို ဆုံးရှုံးခဲ့တယ်။ သူအနားယူသွားတယ်။ တစ်ဖက်မှာတော့ သူက အေးဆေးဖြစ်နေပါတယ်။ အာဆင်ဝင်းဂါးဟာ ကြီးကျယ်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ရလည်း ဒီဖိအားက လျော့သွားမှာမဟုတ်ပါဘူး” ဟု ဆီးမင်းက ပြောကြားခဲ့သည်။
    Ref: Goal
  • အာဆင်ဝင်းဂါးအား တပည့်ဟောင်းပီတစ်က ပြင်းပြင်းထန်ထန်ဝေဖန်
    အာဆင်ဝင်းဂါးအား တပည့်ဟောင်းပီတစ်က ပြင်းပြင်းထန်ထန်ဝေဖန်
    မတ် ၂၀၊ ၂၀၁၆
    M-Media
    winger 3
    – အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ ယခုနှစ်တွင် အသင်းရှိသူ အားလုံးကို စိတ်ပျက်အောင် လုပ်ဆောင်ခဲ့သည်ဟု တိုက်စစ်မှူးဟောင်း အီမန်နျူယဲလ် ပီတစ်က ပြောကြားလိုက်သည်။
    ရာသီအစတွင် အခြေအနေကောင်းများဖြင့် စတင်ခဲ့သော်လည်း အာဆင်နယ်မှာ လက်ရှိအချိန်တွင် ချန်ပီယံလိဂ်နှင့် FA ဖလားတို့မှ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် ၁၁ မှတ်ကွာဟနေပြီး ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရမည့် အနေအထားတွင် ရှိနေသည်။
    “ဒီရာသီက ကျွန်တော်တို့အတွက် ဖြစ်ရမှာဖြစ်ပေမယ့် ခင်ဗျားက ပရိတ်သတ်တွေနဲ့ အသင်းကို စိတ်ပျက်အောင်လုပ်ခဲ့တယ်။ နောက်နှစ်မှာ ချယ်ဆီး၊ လီဗာပူးလ်၊ မန်စီးနဲ့ မန်ယူတို့ ဒီအတိုင်းသွားမယ်လို့ ခင်ဗျားထင်နေသလား။ မေ့လိုက်စမ်းပါ။ သူတို့ တောင့်တောင့်တင်းတင်းနဲ့ ပြန်လာလိမ့်မယ်။ စပါးနဲ့ လက်စတာကိုတော့ ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် သူတို့ကို မယှဉ်နိုင်ဘူးဆိုရင်တော့ ခင်ဗျားအနေနဲ့ တစ်ခြားအားကစားသာ ပြောင်းလိုက်ပါဗျာ” ဟု ၀င်းဂါးကို ရည်ညွှန်း၍ ပီတစ်က Sky Sport သို့ ပြာကြားခဲ့သည်။
    Ref: Goal