News @ M-Media

Tag: Arsenal

  • FA ဖလားတွင် ချန်ပီယံရှစ်အသင်းများအား အထင်သေးမှုကို စွန့်လွှတ်ရတော့မည်ဟု ၀င်းဂါးပြော

    FA ဖလားတွင် ချန်ပီယံရှစ်အသင်းများအား အထင်သေးမှုကို စွန့်လွှတ်ရတော့မည်ဟု ၀င်းဂါးပြော

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    winger 2

    – FA ဖလားပြိုင်ပွဲ၌ ချန်ပီယံရှစ်အသင်းများနှင့် တွေ့ဆုံရာတွင် လူငယ်ကစားသမားဖြင့် ကျော်ဖြတ်နိုင်သည်ဟူသော အယူအဆကို ပရီးမီးယားလိဂ်အသင်းများက စွန့်လွှတ်ရတော့မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ စနေနေ့တွင် ချန်ပီယံရှစ်ကလပ် ဘန်လေနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၀င်းဂါးကမူ မိမိမှာ အတွေ့အကြုံရှိကစားသမားများကို ထည့်သွင်းအသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် FA ဖလားရရှိထားသည့် အာဆင်နယ်မှာ FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲများတွင် လူငယ်များကိုသာ အဓိကအသုံးပြုခဲ့သော်လည်း ယခုတွင်မူ ၀င်းဂါးက ၎င်း၏ အယူအဆကို ပြောင်းလဲခဲ့သည်။

    “တော်တော်လေး တောင့်တင်းတဲ့အသင်းနဲ့ ကျွန်တော် ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ချယ်ဆီးကို ရှုံးနိမ့်ခဲ့တာကြောင့် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှု မကျဆင်းသွားဖို့ အရေးကြီးပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ တစ်ခု သင်ယူခဲ့ရပါတယ်။ ဒါကတော့ လိဂ်ဖလားမှာ ရှက်ဖီးလ်ဝင်းစ်ဒေးနဲ့ ကစားပြီး ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့တာပါ။ အဲဒီကနေ ကျွန်တော်တို့ သန်ခန်းစာရခဲ့တယ်ဆိုတာ ပြသရပါမယ်။ ဒုတိယတစ်ခုကတော့ FA ဖလားမှာ ကျွန်တော်တို့ အမှားမခံချင်တာပါပဲ။ အိမ်ကွင်းမှာ ချန်ပီယံရှစ်အသင်းနဲ့ ကစားရတဲ့အခါ အခွင့်အရေးကို လက်လွှတ်မခံချင်ပါဘူး။ ချ န်ပီယံရှစ်အသင်းတွေကို လူငယ်တွေသုံးပြီး ကြက်ကန်းတိုး အနိုင်ရဖို့ မရှိတော့ပါဘူး။ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • ပရီးမီးယားလိဂ်မရပါက ၀င်းဂါး အာဆင်နယ်မှ နှုတ်ထွက်သင့်ဟု ပရိတ်သတ်အများစု ယူဆ

    ပရီးမီးယားလိဂ်မရပါက ၀င်းဂါး အာဆင်နယ်မှ နှုတ်ထွက်သင့်ဟု ပရိတ်သတ်အများစု ယူဆ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    winger

    – ယခုနှစ်ပရီးမီးယားလိဂ်ဖလားအား အာဆင်နယ်အသင်း မရရှိပါက ၀င်းဂါးမှာ နှုတ်ထွက်သင့်သည်ဟု ပရိတ်သတ်အများစုက ယူဆနေကြကြောင်း နာမည်ကျော် ဘောလုံး ၀ဘ်ဆိုက်တစ်ခုဖြစ်သည့် Goal ၏ စစ်တမ်းကောက်ယူမှု အရ သိရသည်။

    ယခုတစ်ပတ်တွင် ချယ်ဆီးကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ဦးဆောင်သူ လက်စတာနှင့် ၃ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပြီး ထိုအရှုံးက ပရီးမီးယားလိဂ်ဖလားကို မျှော်မှန်းနေသည့် အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

    အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား မရရှိမှုမှာ ၁၂ နှစ်တာ ကြာမြင့်နေပြီဖြစ်ပြီး အခွင့်အရေးကောင်းများရှိနေသည့် ယခုနှစ်တွင် အရမယူနိုင်ပါက သက်တော်ရှည်နည်းပြ ၀င်းဂါးမှာ ရာထူးမှနှုတ်ထွက်သင့်သည့်ဟု Goal ၏ စစ်တမ်းကောက်ူမှုတွင်ပါဝင်ခဲ့သည့် ၆၆ ရာခိုင်နှုန်းက မှတ်ချက်ပြုခဲ့ကြသည်။

    အာဆင်နယ်မှာ စနေနေ့တွင် FA ဖလားပွဲအဖြစ် ဘန်လေနှင့် အိမ်ကွင်းတွင် ကစးရမည်ဖြစ်ပြီး၊ ထို့နောက် Boxing Day က ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ဆန်းဒါးလန်း၊ ကစားရခက်သည့် ဘုန်းမောက်၊ ဦးဆောင်သူ လက်စတာတို့နှင့် ပရီးမီးယားလိဂ်တွင် ဆက်တိုက် တွေ့ဆုံရမည်ဖြစ်သည်။

    Ref : Goal

  • အာဆင်နယ်မှထွက်ခွာရန် မစဉ်းစားဟု တိုက်စစ်မှူးဆန်းချက်ဇ်ပြော

    အာဆင်နယ်မှထွက်ခွာရန် မစဉ်းစားဟု တိုက်စစ်မှူးဆန်းချက်ဇ်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media

    arsenal

    – မိမိအနေဖြင့် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ရရှိရေးကိုသာ အာရုံစိုက်ထားပြီး လက်ရှိအချိန်တွင် အသင်းမှထွက်ခွာရန် ဆန္ဒမရှိဟု ချီလီတိုက်စစ်မှူး အလက်ဇစ် ဆန်းချက်ဇ်က ပြောကြားလိုက်သည်။

    တံကောက်ကြောဒဏ်ရာကြောင့် ၂ လခန့် အနားယူနေရသည့် ဆန်းချက်ဇ်မှာ ယနေ့ည ချယ်ဆီးအသင်းနှင့် ကစားမည့် လန်ဒန်ဒါဘီပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ရသည်။ ရည်မှန်းချက်ကြီးသည့် ဆန်းချက်ဇ်မှာ အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ၎င်းကမူ ထိုသတင်းကို ငြင်းဆိုခဲ့သည်။

    “အာဆင်နယ်မှာ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ အသင်းကထွက်ဖို့ မစဉ်းစားသေးပါဘူး။ ဒီက ပရိတ်သတ်တွေ၊ ကစားသမားတွေနဲ့ အသင်းအကြားမှာ စည်းလုံးညီညွတ်မှုဟာ ကြီးမားပါတယ်။ ပြီးတော့ အားပေးသူတွေကလည်း လက်ဖျားခါလောက်စရာပါပဲ။ အရှုံးကို အတူတူ ခံစားကြသလို အောင်မြင်မှုကိုလည်း အတူတကွ စံစားကြပါတယ်။ ဒီနှစ်မှာတော့ ပရီးမီးယားလိဂ် ဆုဖလားအတွက် အဓိက စိန်ခေါ်သူဖြစ်ကြောင်း ကျွန်တော်တို့ ပြသနေပါတယ်။ ဒီအချိန်မှာ ချန်ပီယံဖြစ်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကတော့ သံသယဖြစ်စရာ မလိုပါဘူး” ဟု ဆန်းချက်ဇ်က ပြောကြားခဲ့သည်။

    ဆန်းချက်ဇ်မှာ အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရရှိပါက အမှတ်တရ ဆေးမင်ကြောင်ထိုးသွားမည်ဟုလည်း စောစောပိုင်းက ပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ်မှာ စိတ်ဓာတ်အခိုင်မာဆုံးဖြစ်နေသည်ဟု ဝေါလ်ကော့ပြော

    အာဆင်နယ်မှာ စိတ်ဓာတ်အခိုင်မာဆုံးဖြစ်နေသည်ဟု ဝေါလ်ကော့ပြော

    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media

    arsenal

    – မိမိ၏ ၁၀ နှစ်တာ ကစားသမားသက်တမ်းတွင် အာဆင်နယ်အသင်း၏ ယခုအချိန်ရှိနေသည့် စိတ်ဓာတ်ခိုင်မာမှုမျိုး မည်သည့်အချိန်ကမှ မတွေ့ဘူးခဲ့ဟု တိုက်စစ်မှူး ဝေါလ်ကော့က ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ၎င်းတို့ နောက်ဆုံးပရီးမီးယားလိဂ်ကို ရရှိခဲ့သည် ၂၀၀၄ နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယာလိဂ်ဖလားကို ဗိုလ်စွဲရန် ယခုနှစ်တွင် အကောင်းဆုံးအနေအထား ဖြစ်နေသည်။ ဆောက်သက်တမ်အသင်းမှ အသက် ၁၆ နှစ်အရွယ် ၂၀၀၆ ခုနှစ်က ပြောင်းရွှေ့လာခဲ့သည့် ဝေါလ်ကော့ကမူ အသင်း၏ စိတ်ဓာတ်ခိုင်မာမှုကို ဖွင့်ဟခဲ့သည်။

    “အ၀တ်လဲခန်းထဲက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ကျွန်တော်မြင်လာရသမျှမှာ အကောင်းဆုံးပါပဲ။ ပီတာချက်ရောက်လာတာဟာ ဒီစိတ်ဓာတ်ခိုင်မာမှုကို တိုးတက်စေခဲ့ပါတယ်” ဟု ဝေါလ်ကော့က အာဆင်နယ်အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဂိုးသမားပီတာချက်ကိုလည်း ဝေါလ်ကော့က ချီးကျူးပြောဆိုခဲ့သည်။

    “အခုအချိန်ဟာ အကောင်းဆုံအချိန်ဖြစ်နေတယ်။ ငါတို့ကွင်းမှာ ဘယ်သူမှ အနိုင်ယူလို့မရဘူးလို့ ပြောပြီး သူက လူတိုင်းကို ခေါင်းမော့စေခဲ့ပါတယ်”

    Ref: Goal

  • စတုတ်နှင့် မိမိတို့အကြား တင်းမာမှုမှာ စပါးထက်ပိုဆိုးသည်ဟု ၀င်းဂါးပြော

    စတုတ်နှင့် မိမိတို့အကြား တင်းမာမှုမှာ စပါးထက်ပိုဆိုးသည်ဟု ၀င်းဂါးပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    arsen

    – စတုတ်အသင်းနှင့် မိမိတို့ကြား တင်းမာမှုမှာ ခါးသီးသော မြို့ခံပြိုင်ဘက် စပါးအသင်းထက်ပင် ပို၍ပြင်းထန်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြေကြားလိုက်သည်။

    ၂၀၁၀ ခုနှစ်တွင် စတုတ်ကစားသမား ရိုင်ယန် ရှောခရော့စ်၏ ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး ခြေထောက်ကျိုးသွားခဲ့ပြီးနောက် ၎င်းတို့နှစ်သင်းအကြား တင်းမာမှု စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ခံလူ ခရော့စ်နှင့် ၎င်း၏တွဲဘက် ရောဘတ်ဟုသ်တို့၏ ဖြတ်ထုတ်မှုများကို ၀င်းဂါးက ရဘ်ဘီကစားနည်းထက် ပိုမိုကြမ်းတမ်းသည်ဟု ဝေဖန်ခဲ့ပြီး စတုတ်ပရိတ်သတ်များ အာဆင်နယ်အပေါ် မလိုလားမှုမှာ မြင့်တက်လာခဲ့သည်။

    “ဟုတ်ပါတယ်။ စတုတ်ပရိတ်သတ်တွေက အာဆင်နယ်အပေါ် ဘာ့ကြောင့် ဒီလောက် မနှစ်မြို့ဖြစ်နေရလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ကို ခင်ဗျားတို့သွားမေးသင့်တယ်။ ကျွန်တော်က သူတို့ကို ဘာမှလုပ်ထားတာ မရှိပါဘူး။ စပါးထက်တောင် ပိုပြီး ဆိုးဝါးပါတယ်။ အဓိကကိစ္စကတော့ ရမ်ဆေးကိစ္စ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီကနေ စခဲ့တာပါပဲ” ဟို ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က စတုတ်အား အာဆင်နယ်က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲပြီးနောက် အာဆင်နယ်ပရိတ်သတ် အနည်းငယ်မှာ စတုတ်စီးတီးအား ရန်စသည့်စကားများကို ဟစ်အော်ခဲ့ဖူးသည်။ အာဆယ်နယ်မှာ ယနေ့တွင် စတုတ်စီးတီးအသင်း၏ ကွင်းတွင် သွားရောက်၍ ပရီးမီးယားလိဂ်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Goal