News @ M-Media

Tag: Arsenal

  • တိုက်စစ်မှူးသစ် မခေါ်ယူခဲ့သည့်လုပ်ရပ်က မှန်ကန်သည်ဟု ၀င်းဂါးပြော

    တိုက်စစ်မှူးသစ် မခေါ်ယူခဲ့သည့်လုပ်ရပ်က မှန်ကန်သည်ဟု ၀င်းဂါးပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့တွင် ကမ္ဘာ့အဆင့် တိုက်စစ်မှူး ၄ ဦး ရှိနေပြီး ပြီးခဲ့သည့်နွေရာသီက တိုက်စစ်မှူးသစ်တစ်ဦး မခေါ်ယူခဲ့သည့် လုပ်ရပ်မှာ မှန်ကန်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာမှာ ယခုနှစ်ဘောလုံးရာသီအစက အာဆင်နယ်သို့ ရောက်ရှိမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပြီး အပြောင်းအရွှေ့မှာ အမှန်တကယ် ဖြစ်မလာခဲ့ပေ။

    “ပရိတ်သတ်တွေရဲ့စိတ်ပျက်မှုကို ကျွန်တော်နားမလည်ပါဘူး။ ကျွန်တော်တို့မှာ ဂျရူးရှိတယ်။ သီယို ဝေါလ်ကော့လည်း ရှိပါတယ်။ သူတို့ဟာ ကမ္ဘာ့အဆင့်ကစားသမားတွေလို့ ကျွန်တော် ယုံကြည်ပါတယ်။ အလက်ဇစ်ဆန်းချက်ဇ်နဲ့ ၀ဲလ်ဘတ်တို့ကလည်း ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေပါပဲ။ အဲဒီကစားသမားတွေတိုးတက်ဖို့ ငွေကြေးအမြောက်အများ သုံးစွဲရပါတယ်။ ဂျရူးမှာလည်း ယုံကြည်မှုရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အကြိမ်တော်တော်များများ ပြောခဲ့ပါတယ်။ ဒီနေရာမှာကစားရတာ သူလည်းကျေနပ်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် ၀င်းဂါးမှာ ၂၀၁၅ ခုနှစ်၏ ပထဆုံးနေ့တွင် ဆောက်သက်တမ်အား ၂ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့မှုက အသင်းအတွက် အလှည့်အပြောင်း ဖြစ်ခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အာဆင်နယ်မှာ ထိုပွဲနောက်ပိုင်းတွင် ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ၅ ပွဲသာရှုံးနိမ့်ထားသည်။

    Ref: Goal

  • အာဆင်နယ်မှာ ပရီးမီးယားလိဂ်ကိုရရှိနိုင်သည့် အခွင့်အရေး ရှိနေပြီဟု ၀င်းဂါးပြော

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်ကိုရရှိနိုင်သည့် အခွင့်အရေး ရှိနေပြီဟု ၀င်းဂါးပြော

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့အသင်းမှာ ရင့်ကျက်လာခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားရရှိရန် အခွင့်အရေးရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့မနက်က အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်မှာ ဝေါလ်ကော့နှင့် ဂျရူးတို့၏ ဂိုးများဖြင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ ထိပ်ဆုံးမှ လက်စတာနှင့် ၂ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး တတိယနေရာမှ မန်စီးတီးအား ၄ မှတ် ဖြတ်ထားနိုင်သည်။

    “ကျွန်တော်တို့ ပျော်ရွှင်မှုနဲ့ အဆုံးသတ်ခဲ့တဲ့ပွဲပါပဲ။ ဒါပေမယ့် တော်တော်လေး ခက်ခဲခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစေခဲ့ပါတယ်။ ပွဲတိုင်းမှာ ကျွန်တော်တို့ ဒီလိုမျိုး တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အရင်ကထက် ရင့်ကျက်လာခဲ့ပြီး ဒါကို ဖိအားတွေရှိတဲ့ ပွဲတွေမှာ ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်း ရည်မှန်းချက်ကြီးပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ အရမ်းကိုခက်ခဲတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တော်တော်ကို နိုးနိုးကြားကြားနဲ့ ရှိနေတာပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ်ဖလားရရန် အကောင်းဆုံးအခွင့်အရေးမှာ ယခုနှစ်ဖြစ်သည်ဟု ဆိုးလ်ကမ်းဘဲလ်ပြော

    အာဆင်နယ်ဖလားရရန် အကောင်းဆုံးအခွင့်အရေးမှာ ယခုနှစ်ဖြစ်သည်ဟု ဆိုးလ်ကမ်းဘဲလ်ပြော

    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    cambell

    – ယခုရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ရရှိရန် အကောင်းဆုံးအခွင့်အရေးဖြစ်နေပြီး မလုပ်နိုင်ပါက နောက်ထပ်ရရှိရန် ခက်ခဲလိမ့်မည်ဟု နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်က ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ၂၀၀၁-၀၂ ရာသီက ပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်ခဲ့ပြီးနောက်ပိုင်း ထပ်မံရရှိခြင်း မရှိတော့ပေ။ လက်ရှိအချိတွင် အကောင်းဆုံးပုံစံကို ပြသနေပြီး လက်စတာစီးတီး၏အောက် ဒုတိယနေရာတွင် ရှိနေသည်။ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည့် ကမ်းဘဲလ်က အာဆင်နယ်၏ ဖလားရနိုင်ခြေအတွက် ခန့်မှန်းရန် တွန့်ဆုတ်နေသည်။

    “သူတို့ရမယ်ဆိုရင်တော့ ကျွန်တော်ပျော်တာပေါ့ဗျာ။ ဒါပေမယ့် တစ်ပေးဖို့တော့ သိပ်စောနေပါသေးတယ်။ တကယ်လို့များ သူတို့ဖလားရမယ့်အခွင့်အရေး ရှိမယ်ဆိုရင် ဒီနှစ်ပဲဖြစ်ပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် အခွင့်အရေးတွေက တံခါးလာခေါက်တတ်ပြီး သူတို့က ဖမ်းဆုပ်ရမှာပါ။ သူတို့ ဖလားရမယ့် အကောင်းဆုံးအခွင့်အရေးကတော့ ဒီနှစ်ပါပဲ” ဟု ကမ်းဘဲလ်က 888sport.com သို့ ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ ယခုတစ်ပတ်တွင် အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သည့် မန်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • ကစားသမားဖြည့်တင်းရန် တွန့်ဆုတ်နေသည်ဟူသော ဝေဖန်မှုများကို ၀င်းဂါး ပြက်ရယ်ပြု

    ကစားသမားဖြည့်တင်းရန် တွန့်ဆုတ်နေသည်ဟူသော ဝေဖန်မှုများကို ၀င်းဂါး ပြက်ရယ်ပြု

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    winger

    – ဒဏ်ရာအနာတရများနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်မှာ လာမည့် ဇန်န၀ါရီတွင် အင်အားဖြည့်တင်းဖွယ်မရှိဟု ပြောကြားနေမှုများအား နည်းပြ အာဆင်ဝင်းဂါးက ပြက်ရယ်ပြုလိုက်ပြီး မိမိအနေဖြင့် ငွေကြေးသုံးစွဲခြင်းကို ကြိုက်နှစ်သက်သည်ဟု ပြောကြားလိုက်သည်။

    လက်ရှိအချိန်တွင် အာဆင်နယ်၏ အဓိက ကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၀င်းဂါးမှာ အသင်းအား အင်အားဖြည့်တင်းရန်အတွက် တွန့်ဆုတ်မှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

    “ကျွန်တော့်မိတ်ဆွေတွေကတော့ ဒီလိုမထင်ပါဘူး။ တစ်ည ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ပြီး ကျွန်တော် ငွေသုံးတာ ကြိုက်တယ်ဆိုတာကို မြင်ရစေမယ်” ဟု ထိုဝေဖန်မှုများနှင့် ပတ်သက်၍ ၀င်းဂါးက တုန့်ပြန်ပြောဆိုလိုက်သည်။

    အာဆင်နယ်မှာ လက်ရှိအချိန်တွင် ၀ီလီယံ ကာဗာလ်ဟိုနှင့် လာစ် ဘန်ဒါတို့ကဲ့သို့ ကစားသမားများ အပါအ၀င် နောက်ခံလူများကို ဆက်သွယ်နေကာ ဇန်ဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ကြိုးစားနေသည်။

    Ref: Goal

  • ပင်နယ်တီမ၀င်သည့် ကာဇိုလာကို အပြစ်မတင်ဟု ၀င်းဂါးပြော

    ပင်နယ်တီမ၀င်သည့် ကာဇိုလာကို အပြစ်မတင်ဟု ၀င်းဂါးပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    arsen

    – ယမန်နေ့က ၀က်စ်ဘရွန်းနှင့်ပွဲတွင် အသင်းအတွက် အရေးပါသည့် ပင်နယ်တီကို လွဲချော်ခဲ့သော ကာဇိုလာအား မိမိအနေဖြင့် အပြစ်တင်သွားမည် မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချေပဂိုး တစ်ဂိုးရရန် လိုအပ်နေချိန်တွင် အာဆင်နယ်မှာ ပင်နယ်တီရခဲ့ပြီး ကာဇိုလာက ကန်သွင်းခဲ့ရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။

    “ကျွန်တော် ပင်နယ်တီအနည်းငယ်ကို မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ သူ့ကို (ကာဇိုလာကို) စကားပြောလို့ရပြီး သူကလည်း အရမ်း စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒီအတွက်တော့ သူ့ကို အပြစ်တင်ဖို့ ခက်ပါတယ်။ ပင်နယ်တီမ၀င်တာက ကျွန်တော်တို့အတွက် တော်တော် ဆိုးရွားပါတယ်။ ရလဒ်က ပွဲအခြေအနေကို ရောင်ပြန်ဟပ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကစားပုံကောင်းပြီးမှ အမှတ်ရအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ဒီအခြေအနေကိုတော့ ကျွန်တော်တို့ လက်ခံရမှာဖြစ်ပြီး နောက်ပွဲမှာ ပြန်လာနိုင်အောင် လုပ်ရပါလိမ့်မယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal