News @ M-Media
Tag: Arsenal
  • ၀င်းဂါးနှုတ်ထွက်ရန် အာဆင်နယ်ပရိတ်သတ်များ တောင်းဆို
    မတ် ၉၊ ၂၀၁၆
    M-Media
    arsenal
    – ယနေ့မနက်က ကစားခဲ့သည့် အာဆင်နယ်နှင့် ဟားလ်စီးတီးအသင်းတို့၏ FA ဖလားပွဲတွင် အာဆင်နယ်ပရိတ်သတ်များမှာ အာဆင်ဝင်းဂါးအား နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
    ထိုပွဲတွင် အာဆင်နယ်မှာ သက်တောင့်သက်သာကစားကာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း ထိုပွဲမတိုင်ခင် ကစားခဲ့သည့်ပွဲများတွင် အာဆင်နယ်မှာ ရလဒ်များညံ့ဖျင်းခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲတွင် မန်ယူနှင့် ဆွမ်ဆီးတို့ကိုရှုံးကာ စပါးနှင့်သရေကျခဲ့ပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ် ကွာဟသွားပြီဖြစ်သည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင်လည်း ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသည်။
    ထို့ကြောင့် စိတ်ပျက်နေသော ပရိတ်သတ်များမှ ဟားလ်စီးတီးနှင့်ပွဲတွင် “အာဆင်(၀င်းဂါး)ရေ အတိတ်က အမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုကတော့ နှုတ်ဆက်ခွဲခွာဖို့ အချိန်ရောက်ပါပြီ” ဟု အဓိပ္ပါယ်ရသည့် စာတမ်းကို ကိုင်ဆောင်ကာ ၀င်းဂါးအား နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
    အာဆင်နယ်အသင်း၏ ကစားသမားဟောင်းဖြစ်ပြီး လက်ရှိတွင် ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်နေသည့် အီယန်ရွိုက်ကမူ အာဆင်နယ်ပရိတ်သတ်များ၏ ထိုလုပ်ရပ်အတွက် အလွန်စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။ ဟားလ်စီးတီးအား အနိုင်ရခဲ့သည့် အာဆင်နယ်မှာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ၀က်ဖို့ဒ်အသင်းနှင့် FA ဖလား ကွာတားဖိုင်နယ်ကို ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ပရိတ်သတ်များ အဆိုးမြင်မှုက အသင်းယုံကြည်မှုကို ထိခိုက်စေသည်ဟု ၀င်းဂါးပြော
    ပရိတ်သတ်များ အဆိုးမြင်မှုက အသင်းယုံကြည်မှုကို ထိခိုက်စေသည်ဟု ၀င်းဂါးပြော
    မတ် ၇၊ ၂၀၁၆
    M-Media
    winger 4
    – အာဆင်နယ်၏ ရပ်တည်မှုများအတွက် ပရိတ်သတ်များ အဆိုးမြင်ခြင်းက ကစားသမားများ၏ ယုံကြည်မှုကို ထိခိုက်စေသည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    လက်ရှိအချိန်တွင် တတိယနေရာမှ အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ်ကွာဟနေပြီး လက်ကျန် ၉ ပွဲတွင် ခြေချော်၍ မရတော့ပေ။ ယခုတစ်ပတ် စပါးအား နောက်မှလိုက်ကစားကာ သရေရယူနိုင်ခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်ကို ၀င်းဂါးက ကျေနပ်နေပြီး ကစားသမားများ၏ ကြိုးစားအားထုတ်မှုက မထင်မှတ်ထားသည့် အပြောင်းအလဲများ ဖြစ်နိုင်သည်ဟု ဆိုသည်။
    “ပရိတ်သတ်တွေ ပျော်တာကိုပဲ ကျွန်တော် ပိုပြီး လိုလားပါတယ်။ ဒါပေမယ့် ပိုစိုးရိမ်တာက (ပရိတ်သတ်တွေရဲ့ အဆိုးမြင်မှုတွေကြောင့်) ကစားသမားတွေ ယုံကြည်မှု ထိခိုက်မှာကိုပါပဲ။ အသင်းတစ်သင်းအနေနဲ့ ကောင်းကောင်းမွန်မွန် တုန့်ပြန်နိုင်တယ်၊ ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ရလဒ်အတွက် နောင်တရနိုင်သလို နောက်ပွဲကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ပါတယ်။ ဒါ့ကြောင့် ကစာသမားတွေဟာ တောင့်တင်းနေပြီး စိတ်ဓာတ်လည်း တက်ကြွနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal
  • ခက်ခဲသည့်ကာလအတွက် အသင့်ဖြစ်နေသည်ဟု ၀င်းဂါးပြော
    ခက်ခဲသည့်ကာလအတွက် အသင့်ဖြစ်နေသည်ဟု ၀င်းဂါးပြော
    မတ် ၅၊ ၂၀၁၆
    M-Media
    winger 3
    – ဒုတိယနေရာမှ စပါးအသင်းနှင့် ယနေ့တွင် ကစားရမည့် မိမိတို့အသင်းမှာ ခက်ခဲသည့်ကာလအတွက် အဆင်သင့်ဖြစ်နေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ကွာဟနေပြီး ယနေ့တွေ့ဆုံမည့် စပါးအသင်းနှင့်ပွဲမှာ အမှတ်ကွာဟမှု ကျဉ်းမြောင်းရေးအတွက် အဓိကကြသည့်ပွဲ ဖြစ်နေသည်။ ၀င်းဂါးကမူ မိမိတို့မှာ လက်ရှိအချိန်တွင် ရာသီ၏ အရေးပါသော အစိတ်အပိုင်းသို့ ရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    “သူတို့ (စပါး) ဟာ တိုးတက်လာခဲ့တယ်။ ပြီးခဲ့တဲ့ ၁၀ ပွဲမှာ ဒီပွဲဟာ ခက်ခဲမယ့်အချိန်ပါ။ ဒါ့ကြောင့် လူတိုင်းက ဒီပွဲကိုတော်တော်လေး စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျွန်တော်တို့ဟာ သိသိသာသာ တည်ငြိမ်ခဲ့ပါတယ်။ (စပါးရဲ့အထက်မှာ) ကျွန်တော်တို့ ရာသီကို အဆုံးသတ်ချင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲဟာ တော်တော်လေး အရေးပါပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal
  • အာဆင်နယ်၏ လတ်တလောရလဒ်များအတွက် စိုးရိမ်မိသည်ဟု ၀င်းဂါးဝန်ခံ
    အာဆင်နယ်၏ လတ်တလောရလဒ်များအတွက် စိုးရိမ်မိသည်ဟု ၀င်းဂါးဝန်ခံ
    မတ် ၃၊ ၂၀၁၆
    M-Media
    winger
    – ဆွမ်းဆီးအား ရှုံးနိမ့်ခဲ့ပြီးနောက် မိမိအနေဖြင့် အသင်း၏ ရလဒ်ကျဆင်းမှုများအတွက် စိုးရိမ်မိသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ၀န်ခံပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ တွင် အာဆင်နယ်မှာ အိမ်ကွင်း၌ ဆွမ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်မှုလည်း ဖြစ်သည်။ ထို့ကြောင့် ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ကွာဟသွားပြီဖြစ်သည်။
    “(ဆွမ်ဆီးကိုရှုံးတာဟာ) ကံမကောင်းစွာနဲ့ ရှုံးခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အခွင့်အရေးအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ အဆုံးသတ်ပိုင်းမှာ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး။ သူတို့ တစ်ပွဲလုံးမှာ ဂိုးပေါက်ကို ၂ ကြိမ်ကန်သွင်းနိုင်ပြီး ၂ ဂိုး ရခဲ့ပါတယ်။ စိတ်ပျက်စရာ ရလဒ်ဖြစ်ပြီး ကစားသမားတွေကလည်း တော်တော်လေး စိတ်ဓာတ်ကျနေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ရလဒ်တွေအတွက် စိုးရိမ်မိပါတယ်။ ၃ ပွဲဆက်ရှုံးခဲ့တယ်။ အသင်းအတွက် သိပ်ခက်ခဲတဲ့အချိန်ပါ။ ကျွန်တော်တို့ ပြန်လာရမှာဖြစ်ပြီး ကောင်းကောင်းနဲ့ ဟာကွက်မရှိ ကစားရပါလိမ့်မယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ စနေနေ့တွင် ဒုတိယနေရာမှ စပါးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော
    ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော
    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media
    winger 3
    – ဖလား ၃ လုံးအောင်ပွဲ ရရှိချင်ပါက အသင်းမှာ တည်ငြိမ်ရမည်ဖြစ်ပြီး၊ ရာသီကုန်အထိ ယခုခြေစွမ်းမျိုး ဆက်ရှိနေရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ပရီးမီးယားလိဂ်တွင် တတိယနေရာ၌ ရှိနေပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၃ မှတ်သာ ကွာဟသည်။ FA ဖလားတွင်လည်း ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ ရောက်ရှိနေသည်။ ၀င်းဂါးကမူ အသင်းမှာ ယခုနှစ်အတွင်း ဖလား ၃ လုံးအား စိန်ခေါ်နိုင်ရန် လုံးလောက်သည့် အခြေအနေမျိုး ရှိနေပြီး ထိပ်ဆုံးခြေစွမ်းတွင် တည်ငြိမ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
    “ပြိုင်ပွဲ ၃ ခုမှာ ကစားနေရတာဟာ သိပ်တော့ မလွယ်ပါဘူး။ ဖလား ၃ လုံးစလုံးရနိုင်လားလို့ ခင်ဗျားမေးလာရင်တော့ နည်းနည်း မတူဘူးပေါ့လေ။ လွန်လွန်ကျွံကျွံပြောရရင်တော့ ဖလား ၃ လုံး ရနိုင်ပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာမျိုး မရှိဖို့နဲ့ ခြေစွမ်းကောင်းတွေကို အဆက်မပြတ် ပြနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ်လိုမျိုး၊ ဘာစီလိုနာလိုမျိုး အသင်းတိုင်းရဲ့အထက်မှာ ရှိရမှာပေါ့လေ။ ခက်တော့ခက်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal