News @ M-Media
Tag: Arsenal
  • အိုဇေးလ် Ballon d’Or ရသည်ကို ကြည့်ချင်သည်ဟု ၀င်းဂါးပြော
    အိုဇေးလ် Ballon d’Or ရသည်ကို ကြည့်ချင်သည်ဟု ၀င်းဂါးပြော
    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media
    misut
    – မိမိအနေဖြင့် တစ်ဦးချင်းဆုများကို အားမပေးသော်လည်း လာမည့်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ကွင်းလယ်လူ မီဆုအိုဇေးလ်ဆွတ်ခူးသည်ကို ကြည့်ချင်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ၂၀၁၅ ခုနှစ်အတွက် Ballon d’Or ဆုကို ယနေ့တွင် ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုနှင့် နေးမာတို့က ဇကာတင်စာရင်းတွင် ရှိနေသည်။ ၀င်းဂါးကမူ မက်ဆီရသင့်သည်ဟုဆိုပြီး လာမည့်နှစ်ဆုအတွက် အိုဇေးလ်ရနိုင်လားဟု မေးမြန်းရာ
    “ရမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကပြောသလိုပဲ ကျွန်တော်ဟာ ဒီဆုတွေကို သိပ်ကြိုက်လှတာ မဟုတ်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ဟာ အသင်းလိုက်ကစားရတဲ့ အားကစားပါ။ တစ်ဦးကောင်း တစ်ယောက်ကောင်း ထွန်းတောက်ဖို့ အားပေးတာကို ကျွန်တော် မနှစ်မြို့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    Ref: Goal
  • အာဆင်နယ်၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ၀င်းဂါးချီးကျူး
    အာဆင်နယ်၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ၀င်းဂါးချီးကျူး
    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    winger
    – နယူးကာဆယ်အား အနိုင်ရရှိခဲ့သည်ပွဲတွင် အသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးပြောဆိုလိုက်သည်။
    စနေနေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် အာဆင်နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး နောက်ခံလူ ကွန်စီယဲလ်နီ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားအား ၂ မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ၀င်းဂါးကမူ အသင်းအတွက် ကျေနပ်နေသည်။
    “ဒီလိုပွဲမျိုးဟာ အသင်းအတွက် စမ်းသပ်မှုတစ်ခုပါပဲ။ တိုက်ပွဲဝင်ရတယ်။ ဂိုးမပေးရအောင်၊ မပြာအောင် ကြိုးစားရပြီး အခွင့်အရေးကို စောင့်ရပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံထက် ကျွန်တော်တို့ရဲ့ ရှုထောင့်ကို ပိုပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာ ဒီလိုပွဲကို အနိုင်ရတာဟာ တော်တော်ကောင်းပါတယ်။ အတွေ့အကြုံတွေ၊ အရည်အသွေးနဲ့ အပြုအမူတွေကြောင့် ကျွန်တော့်မှာ ယုံကြည်ချက်ရှိပါတယ်။ အသင်းဟာ အမြဲတမ်း သြဇာရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထိုပြင် ယခုအာဆင်နယ်အသင်းမှာ အီမရိတ်ကွင်းသို့ ပြောင်းရွှေ့လာပြီးနေက်ပိုင်း အတွေ့အကြုံအများဆုံး အသင်းဖြစ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • အိုဇေးလ်ဒဏ်ရာရမည်ကို ၀င်းဂါး စိုးရိမ်နေ
    အိုဇေးလ်ဒဏ်ရာရမည်ကို ၀င်းဂါး စိုးရိမ်နေ
    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media
    ozil
    – အသင်းကွင်းလယ်ကစားသမားဖြစ်သူ မီဆု အိုဇေးလ်မှာ ဒဏ်ရာရမည့်အန္တရာယ် ရှိနေသော်လည်း ၎င်းအား အနားပေးလိုက်ပါက အသင်းအတွက် ပေးဆပ်မှု များသွားလိမ့်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပုံစံကောင်းပြသနေသည် အာဆင်နယ်တွင် အိုဇေးလ်မှာ အမာခံကစားသမား ဖြစ်နေသည်။ အသင်းရှိ အဓိက ကစားသမားများမှာ ပွဲဆက်များနေမှုကြောင့် ဒဏ်ရာရမည့်အန္တရာယ် ရှိနေပြီး တိုက်စစ်မှူး အလက်ဇစ်ဆန်းချက် ဒဏ်ရာရမည်ဟု စိုးရိမ်ကြောင်း မကြာသေးမီက ၀င်းဂါးမှ ပြောကြားခဲ့ပြီးနောက် အမှန်တကယ်ပင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည်။ ၀င်းဂါးကမူ အိုဇေးလ်အတွက်ပါ စိတ်ပူနေသည်။
    ”အခုအချိန်မှာ သူ(အိုဇေးလ်)ဟာ လေ့ကျင်မှုအများကြီး မလုပ်ပါဘူး။ ပွဲဆက်တွေကြားထဲမှာ သူ့ကို ကျွန်တော်တို့ အများကြီး အနားပေးထားပါတယ်။ နိုင်ငံတကာပွဲသီတင်းပတ်မှာ ကျွန်တော်ဟာ သူ့ကို တစ်ပတ် အားလပ်ရက်ပေးထားပါတယ်။ သူဟာ ပုံမှန်ကြံ့ခိုက်မှုလောက်ပဲလိုတဲ့ ကစားသမားတစ်ဦးပါ။ သူ ကစားချင်နေပါတယ်။ ကစားသမားတွေက ပုံစံမျိုးစုံရှိပါတယ်။ တစ်ခါတစ်ရံမှာ နည်းစနစ်ပိုင်းဆိုင်ရာ အကျွမ်းကျင်ဆုံးကစားသမားတစ်ဦးဟာ ကစားဖို့အတွက် စွမ်အင်အများကြီး မလိုအပ်ပါဘူး။ ဒါဟာ သူတို့အတွက် သဘာဝပါပဲ” ဟု အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
    သို့သော်လည်း ပွဲထွက်ကစားသမားများကို အသင်းမှ ချန်လှပ်ထားခြင်းမှာလည်း လွယ်ကူသောအလုပ်မဟုတ်ဟု ဆိုသည်။
    ”ပရီးမီးယားလိဂ်ဟာ သိပ်ပြီးပြင်းထန်တယ်။ သေရေးရှင်ရေးပွဲတွေမှာ ကစားသမားတွေကို ချန်ထားရင် တစ်ခြား ကစားသမားတွေက သို့လောသို့လောဖြစ်နေမယ်။ ခင်ဗျားကိုတော့ မပြောဘူးပေါ့။ ဒါပေမယ့် ဘာကြောင့် ဒီလိုချန်ထားတာလဲဆိုတာ သူတို့ စဉ်းစားနေလိမ့်မယ်။ ချန်လှပ်ထားခံရတဲ့ကစားသမားကိုယ်တိုင်ကလည်း ဒီလိုပဲ တွေးနေပါလိမ့်မယ်” ဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အိုဇေးလ်နှင့် ပီတာချက်တို့၏ စွမ်းဆောင်ရည်ကို အာဆင်ဝင်းဂါး ချီးကျူး
    အိုဇေးလ်နှင့် ပီတာချက်တို့၏ စွမ်းဆောင်ရည်ကို အာဆင်ဝင်းဂါး ချီးကျူး
    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media
    ars 2
    – အသင်းရှိ ဂျာမနီကွင်းလယ်လူ မီဆုအိုဇေးလ်မှာ အပြစ်ပြောစရာမရှိသည့် ကစားသမားတစ်ဦးဖြစ်ပြီး ဂန္တ၀င်ကစားသမား ဘားကမ့်အား ပြန်မြင်နေရသကဲ့သို့ ဖြစ်သည်ဟု အာဆင်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    Boxing Day က ဆောက်သက်တမ်အသင်းအား ၄ ဂိုးပြတ်ဖြင့် အံ့သြဖွယ်ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်တွင် ကစားခဲ့သည့် ဘုန်းမောက်နှင့်ပွဲတွင် အိုဇေးလ်၏ ခြေစွမ်းပြမှုနှင့်အတူ ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထို ၂ ဂိုးစလုံးကို အိုဇေးလ်က ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး အခြားဖန်တီးမှုများစွာကိုလည်း ပြုလုပ်ခဲ့သည်။ လက်ရှိတွင် အိုဇေးလ်မှာ ပြိုင်ပွဲအားလုံး၌ အသင်းအတွက် ၅ ဂိုး သွင်းယူပေးထားပြီး ပရီးမီးယားလိဂ်တွင် ဖန်တီးမှု ၁၆ ကြိမ်အထိ ရှိထားသည်။
    “မီဆု (အိုဇေးလ်) ဟာ ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ကစားသမားပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အလယ်တန်းကစားသမားသစ်နှစ်ယောက် (ကာလမ်ချိန်ဘာနှင့် အာရွန်ရမ်ဆေး) ရှိနေလို့ပါပဲ။ သူရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ရင့်ကျက်မှုတွေက ခင်ဗျားတို့ရဲ့ စိုးရိမ်မှုတွေကို ချုပ်ငြိမ်းစေနိုင်ပါတယ်။ သူဟာ ခင်ဗျားတို့ကို လုံခြုံမှုနဲ့ ယုံကြည်မှုကိုလည်း ပေးနိုင်ပါတယ်” ဟု ဘုန်းမောက်နှင့်ပွဲအပြီးတွင် ၀င်းဂါးက အိုဇေးလ်အား ချီးကျူးခဲ့သည်။
    ထို့ပြင် ပရီးမီးယားလိဂ်တွင် ဂိုးမပေးရသည့် စံချိန်အားလုံးကို ဘုန်းမောက်နှင့်ပွဲအပြီးတွင် ချိုးဖျက်နိုင်ခဲ့သည့် ဂိုးသမား ပီတာချက်ကိုလည်း ၀င်းဂါးက ချီးကျူးခဲ့သည်။
    “အင်မတန်မှတ်သားလောက်တဲ့ အောင်မြင်မှုမျိုးပါပဲ။ အဲဒီလိုအောင်မြင်မှုရဲ့နောက်ကွယ်မှာ သူဟာ ဘယ်လို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်။ အာရုံစိုက်ခဲ့ရတယ်။ တည်ငြိမ်မှုရှိခဲ့ရတယ်ဆိုတာကို လူတွေက မသိကြပါဘူး။ လူတစ်ဦးတစ်ယောက်အတွက် တည်ငြိမ်မှုရှိဖို့ဆိုတာဟာ အခက်အခဲဆုံးအလုပ် ဖြစ်ပါတယ်”
    Ref: Goal
  • ဆောက်သက်တမ်အရှုံးအတွက် ကစားသမားများအား ၀င်းဂါး ဝေဖန်
    ဆောက်သက်တမ်အရှုံးအတွက် ကစားသမားများအား ၀င်းဂါး ဝေဖန်
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    winger
    – ဆောက်သက်တမ်အား ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ယမန်နေ့ပွဲတွင် မိမိတို့ကစားသမားများမှာ စိတ်နှစ်မြှုပ်ကစားခြင်း မရှိခဲ့ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန်ပြောကြားလိုက်သည်။
    Boxing Day ဖြစ်သော ယမန်နေ့က ကစားခဲ့သည့်ပွဲများတွင် ထိပ်ဆုံးမှ လက်စတာစီးတီးအသင်းမှာ လီဗာပူးလ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး တစ်မှတ်အကွာဖြင့် ဒုတိယနေရာမှ အာဆင်နယ်မှာ ထိုအရှုံးကို အခွင့်ကောင်းမယူနိုင်ခဲ့ပေ။
    “ဒီရလဒ်ကို ကျွန်တော့်စိတ်ထဲမှာ စွဲစွဲလန်းလန်းကြီး မှတ်မထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ စိန်ခေါ်မှုတော်တော်များများကို အရှုံးပေးခဲ့ရပြီး သူတို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ပထမဂိုးကို ကံမကောင်းစွာနဲ့ ပေးလိုက်ရတယ်။ ကွန်စီယဲလ်နီ ပြစ်ဒဏ်ကျူးလွန်ခံလိုက်ရပြီး ပေးလိုက်ရတဲ့ ဒုတိယဂိုးကလည်း ကျွန်တော်တို့အတွက် အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။ ဒိုင်လူကြီးကတော့ ဒါကို မမြင်ခဲ့ပါဘူး” ဟု ဆောက်သက်တမ်နှင့်ပွဲအကြောင်းကို ၀င်းဂါးက ပြောကြားခဲ့ပြီး ကစားသမားများမှာ စိတ်နှစ်မြှုပ်ကစားမှုမရှိဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal