News @ M-Media
Tag: Arsenal
  • အိုဇေးလ်မှာ ရွှေခေတ်ရောက်နေပြီဟု ၀င်းဂါးပြော
    အိုဇေးလ်မှာ ရွှေခေတ်ရောက်နေပြီဟု ၀င်းဂါးပြော
    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media
    ozil
    – အသင်းအတွက် ခြေစွမ်းကောင်းများကို ပြသနေသည့် ကွင်းလယ်လူ မီဆု အိုဇေးလ်မှာ ဘောလုံးသမားတစ်ယောက်၏ ရွှေရောင်ခေတ်ကာလသို့ ရောက်ရှိနေပြီး ပိုမိုရင့်ကျက်လာသည်ဟု အာဆင်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ၂၀၁၃ ခုနှစ်က ရီးယဲလ်မှ အာဆင်နယ်သို့ အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သည့် အိုဇေးလ်မှာ ပြီးခဲ့သည့်ရာသီတွင် အံ့သြဖွယ်ခြေစွမ်းများကို ပြသကာ ယခုနှစ်တွင်လည်း ၁၂ ပွဲကစားပြီးချိန်တွင် ၆ ဂိုးရရှိအောင် ဖန်တီးပေးပို့မှု ပြုလုပ်ထားသည်။ ထို့ပြင် ၎င်းကိုယ်တိုင်လည်း ၂ ဂိုး သွင်းယူပေးထားသည်။
    “ပါရမီရှိတယ်။ ပါးလည်းပါးနပ်တယ်။ သူဟာ အင်မတန့်အင်မတန်ကို ပြည့်စုံတဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ လေးစားထိုက်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူ့ကို ခင်ဗျား ဘာပြောလဲ၊ အဲဒီအတိုင်း သူ ခင်ဗျားအတွက် လုပ်ပေးပါတယ်။ သူ့ရဲ့ပါရမီကတော့ ချွင်းချက်မဲ့ပြီး၊ အင်မတန်လည်း ထူးခြားပါတယ်”
    Ref: Goal
  • ဘိုင်ယန်ကို နိုင်ခြင်းက အသင်းအား ပိုမိုတောင့်တင်းစေခဲ့ဟု ၀င်းဂါးပြော
    ဘိုင်ယန်ကို နိုင်ခြင်းက အသင်းအား ပိုမိုတောင့်တင်းစေခဲ့ဟု ၀င်းဂါးပြော
    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media
    are
    – ချန်ပီယံလိဂ်တွင် ပြိုင်ဘက်ကောင်းဖြစ်သော ဘိုင်ယန်မြူးနစ်အသင်းအား အနိုင်ရရှိခြင်းက မိမိတို့အသင်း၏ အင်အားကို ပိုမိုတောင့်တင်းစေခဲ့သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ၂ ခုစလုံးကို ရှုံးနိမ့်ထားခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်က အီမရိတ်၌ ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဂျရူးနှင့် အိုဇေးလ်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုံး ၃ မှတ်ရရှိကာ နောက်တစ်ဆင့်တက်ရေးအတွက် မျှော်လင့်ချက် ရှင်သန်လာခဲ့ပြီဖြစ်သည်။
    “နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ အင်မတန်တောင့်တင်းတဲ့အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ Clean Sheet ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အသင်းဟာ အာရုံစူးစိုက်မှုရှိပြီး သွက်သွက်လက်လက်လည်း ရှိခဲ့ပါတယ်။ ဒီညမှာတော့ ကျွန်တော်တို့ လိုအပ်နေတာကို ရယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကိုလည်း ပိုမိုခိုင်မာစေခဲ့ပါတယ်။ တိုက်စစ်နဲ့ ခံစစ်မှာ မျှမျှတတဖြစ်ခဲ့တာလည်း ကျွန်တော်တို့အတွက် အရေးပါ ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင်
    ပြောကြားခဲ့သည်။
    Ref: Goal
  • အာဆင်နယ်အတွက် ဖလားယူပေးနိုင်စွမ်း ရှိနေသည်ဟု ၀င်းဂါးပြော
    အာဆင်နယ်အတွက် ဖလားယူပေးနိုင်စွမ်း ရှိနေသည်ဟု ၀င်းဂါးပြော
    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media
    arsenal
    – ၁၉ နှစ်တာ ကြာမြင့်ခဲ့ပြီးနောက် အသင်းအား ပရီးမီးယားလိဂ် ဖလားဆီသို့ ပို့ဆောင်ပေးရန်အတွက် မိမိတွင် ယခင်ကထက် ပိုမိုလှုံ့ဆော်မှု ရှိနေပြီး ချန်ပီယံဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဆဲဟုလည်း အာဆင်နယ်နည်းပြ ဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    “ကျွန်တော်တို့ ချန်ပီယံဖြစ်ပါ့မလား- ဆိုပြီး ခင်ဗျားမေးချင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းပေါ် ပြန်ရောက်နေပြီး အခွင့်အရေးကောင်းလည်း ရှိနေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ အခွင့်ရေးဖန်တီးဖို့၊ အခွင့်အရေးကို ခွင့်ပြုဖို့ တစ်ပွဲစီရဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေအတွက် တိုက်ပွဲဝင်နိုင်တဲ့ အလားအလာ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ရလဒ်တွေက အတည်ပြုနေပါတယ်”
    ထို့ပြင် မိမိမှာ အသင်းအတွက် ဆုဖလားများ ပိုမိုရယူပေးနိုင်ရန်အတွက် အနည်းဆုံး ယခုစာချုပ်အကုန်အထိ ဆက်ရှိနေည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ရန် ၀င်းဂါးယုံကြည်နေဆဲ
    ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ရန် ၀င်းဂါးယုံကြည်နေဆဲ
    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media
    winger
    – ရာသီအစ မတည်ငြိမ်မှုများနှင့် ကြုံတွေ့ရသော်လည်း အာဆင်နယ်အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု နည်းပြအာဆင်ဝင်းဂါးက ယုံကြည်နေသည်။
    အာဆင်နယ်မှာ မနက်ဖြန်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်ယူနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၀င်းဂါးကမူ မိမိတို့ နှစ်သင်းကြားရှိ အမှတ်ကွာဟမှုက ယခုကဲ့သို့ ရာသီအစပိုင်း တွေ့ဆုံမှုတွင် အကျိုးသက်ရောက်မှု မရှိနိုင်ဟု ဆိုသည်။
    “ကျွန်တော်တို့ဟာ မန်ယူနဲ့ ၃ မှတ်ကွာနေတယ်။ သူတို့ကို အိမ်ကွင်းမှာကစားရမယ်။ ပရီးမီးယားလိဂ်ကို မရနိုင်ပါဘူးလို့ ကျွန်တော်ပြောရင် ခင်ဗျားဘာပြောမလဲ။ ခင်ဗျား ကျွန်တော့်ကို ဗျင်းမှာပေါ့။ ကျွန်တော်တို့ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲ ကစားမယ်။ ပြီးခဲ့တဲ့ပွဲမှာ လက်စတာကို ၅ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့နိုင်တယ်။ လုံးဝ ကျသွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ လိဂ်မှာ ၃၊ ၄ ပွဲလောက် ကျွန်တော်တို့ ကောင်းခဲ့ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal
  • ချန်ပီယံလိဂ်အရှုံးအတွက် အာဆင်ဝင်းဂါးကို အီယန်ရွိုက်အပြစ်တင်
    ချန်ပီယံလိဂ်အရှုံးအတွက် အာဆင်ဝင်းဂါးကို အီယန်ရွိုက်အပြစ်တင်
    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media
    arse
    – ယနေ့မနက်က အိုလံပီယာကော့စ်နှင့်ပွဲတွင် အာဆင်နယ်အသင်း၏ ဂိုးနေရာ၌ အရန်ကစားသမား ဒေးဗစ်အော့စ်ပီနာအား ထည့်သွင်းခဲ့ခြင်းမှာ အာဆင်ဝင်းဂါး၏ မဟာအမှားဟု ဂန္တ၀င်ကစားသမားဟောင်း အီယန် ရွိုက်က ဝေဖန်ပြောကြားလိုက်သည်။
    အီမရိတ်၌ ကစားခဲ့သည့် ထိုပွဲတွင် အာဆင်နယ်က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ပေးရသည့်ုဒုတိယဂိုးမှာ အော့စ်ပီနာမသေသပ်၍ ပေးခဲ့ရခြင်းဖြစ်သည်။ ထိုပွဲအရှုံးကြောင့် ၂ ပွဲကစား ၂ ပွဲစလုံးရှုံးနိမ့်ကာ အာဆင်နယ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် ရုန်းကန်ရတော့မည်ဖြစ်သည်။
    “ပွဲအစကတည်းက အော့စ်ပီနာအတွက် ကျွန်တော် စိုးရိမ်ခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ခံအလယ်လူနှစ်ယောက်က ရှိသင့်တဲ့ ယုံကြည်မှုမျိုးမှ မရှိတာ။ ကျွန်တော့်အတွက်တော့ သူဟာ တစ်ခုခုကို တွေးနေသလိုပါပဲ။ အနိုင်ကစားရမယ့်ပွဲမှာ အမြဲတမ်းမကစားရတဲ့ အော့စ်ပီနာကို ဘယ်လိုထည့်လို့ရမှာလဲ။ ဒီအတွက် နည်းပြကို မေးခွန်းထုတ်ရပါမယ်။ ဒါဟာ မဟာအမှားလို့
    ကျွန်တော်ထင်ပါတယ်” ဟု ရွိုက်က ပြောကြားခဲ့သည်။
    Ref: Goal