News @ M-Media

Tag: Arsenal

  • ဘောလုံးလောက တားမြစ်ဆေးပြဿနာအတွက် ၀င်းဂါး သတိပေး

    ဘောလုံးလောက တားမြစ်ဆေးပြဿနာအတွက် ၀င်းဂါး သတိပေး

    နိုဝင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    winger

    – ကမ္ဘာတစ်ဝှမ်းမှ အားကစားသမားများ တားမြစ်ဆေးပြဿနာနှင့် ရင်ဆိုင်နေရချိန်တွင် ဘောလုံးလောကတွင်လည်း တားမြစ်ဆေးပြဿနာနှင့် ရင်ဆိုင်ရနိုင်သည့် စိုးရိမ်မှုများ ရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    စက်တင်ဘာလအတွင်းက ကစားခဲ့သည့် ဒိုင်နမိုဇာဂရဘ်နှင့်ပွဲတွင် အာဆင်နယ်မှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းတွင် ဒိုင်နမိုဇာဂရဘ်မှ နာမည်ကြီးကစားသမား အရီဂျန် အဒီမီမှာ တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိခဲ့ရသည်။

    “ကျွန်တော့်ရဲ့ နည်းပြဘ၀ နှစ် ၃၀ အတွင်းမှာ စွမ်အားတိုးမြှင့်ဆေးတွေ သုံးစွဲတဲ့ ကစားသမားမျိုးကို ကျွန်တော် မသုံးခဲ့ပါဘူး။ ပြီးတော့ ကစားသမားတွေကို သူတို့ရဲ့ စွမ်းဆောင်ရည် တိုးတက်စေဖို့အတွက် အကူအညီဖြစ်စေမယ့် ပစ္စည်းတွေကိုလည်း ဘယ်တုန်းကမှ မပေးခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ မညီတဲ့ အသင်းတော်တော်များများနဲ့လည်း ကျွန်တော် ရင်ဆိုင်ဖူးပါတယ်။ အားကစားရဲ့ အလှတရားကတော့ လူတိုင်း အနိုင်လိုချင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်စွဲသူက
    တစ်ယောက်ပဲရှိပါလိမ့်မယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ဘောလုံးလောကတွင် တားမြစ်ဆေး စစ်ဆေးမှုများနှင့်ပတ်သက်၍ လုံလုံလောက်လောက် ဆောင်ရွက်နိုင်သည်ဟု မထင်ကြောင်း၊ ကမ္ဘာဖလားပြိုင်ပွဲ၌ ကစားသမား ၇၄၀ ရှိရာတွင် မည်သည့်တားမြစ်ဆေး ပြဿနာမှ မရှိခြင်းကို ယုံကြည်ရန် ခက်ခဲကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ်မှ ထုတ်ပါက အင်္ဂလန်တွင် နည်းပြမလုပ်ဟု ၀င်းဂါးပြော

    အာဆင်နယ်မှ ထုတ်ပါက အင်္ဂလန်တွင် နည်းပြမလုပ်ဟု ၀င်းဂါးပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    winger

    – အကယ်၍ မိမိအား အာဆင်နယ်က ထုတ်ပယ်လိုက်ပါက အခြား ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုကို နည်းပြနိုင်မည်မဟုတ်ဘဲ နိုင်ငံခြားသို့ သွားရောက်မည်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ၁၉၉၆ ခုနှစ်ကတည်းက အသင်းအား ကိုင်တွယ်လာခဲ့သည့် ၀င်းဂါးမှာ ၁၉ နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ FA ဖလား ၆ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ ၀င်းဂါး၏ လက်ရှိစာချုပ်မှာ ၂၀၁၇ ခုနှစ်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

    “တကယ်လို့ မနက်ဖြန်မနက် ကျွန်တော့်ကို “ဂွဒ်ဘိုင်ပါပဲ။ အာဆင်နယ်က ခင်ဗျားကို ကျေးဇူးတင်ပါတယ်” လို့ပြောရင် ကျွန်တော်ဟာ နည်းပြအလုပ်ကို ဆက်မလုပ်သွားဘူးလို့ ကတိမပေးနိုင်ပါဘူး။ ဒါပေမယ့် သံယဖြစ်စရာမလိုတာက အင်္ဂလန်မှာ နည်းပြဆက်လုပ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ နောက်ထပ် သေချာတာတစ်ခုက အာဆင်နယ်အပေါ်ထားတဲ့ သံယောဇဉ်ဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်အထိ ဆက်ရှိသွားမှာပါ” ဟု အာဆင်ဝင်ဂါးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်

    ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    winger

    – ယနေ့မနက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲ ကစားပုံအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက အသင်းအား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မိမိ၏ အသင်းကိုပင် မမှတ်မိတော့ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် အုပ်စုပွဲစဉ် ၃ တွင် ဘိုင်ယန်အား အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင် အနိုင်ရရှိခဲ့သည့် အာဆင်နယ်မှာ ယနေ့ အဝေးကွင်းပွဲစဉ်၌ ၅ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် အာဆင်နယ်မှာ ၃ ပွဲအထိ ရှုံးထားပြီး ရမှတ် ၃ မှတ်ဖြင့် အုပ်စု F တွင် အောက်ဆုံးရောက်ရှိနေကာ နောက်တစ်ဆင့်တက်ရေးအတွက် အခွင့်အလမ်း နည်းသွားပြီဖြစ်သည်။

    “ဘိုင်ယန်ကိုတော့ သူတို့ရဲ့ အရည်အသွေးအတွက် ကျွန်တော်တို့ ချီးကျူးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အညှာလွယ်သွားခဲ့တာပါ။ တိုက်စစ်မှာတင်မဟုတ်ဘဲ၊ ခံစစ်မှာလည်း ကျွန်တော်တို့ သိပ်ကို ဆိုးရွားခဲ့ပါတယ်။ ကျွန်တော့်အသင်းကို မှတ်တောင်မမှတ်မိပါဘူး” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အုပ်စုကျွတ်ရေးအတွက်မူ ၀င်းဂါးက “နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့်အရေးကတော့ ရှိနေတုန်းပါပဲ။ အခွင့်အရေးက သိပ်ပြီး သေးငယ်ပါတယ်။ ဒါပေမယ့် အဲဒါက စစ်မှန်တဲ့ အခွင့်အရေးပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဒဏ်ရာပြဿနာကို ကျော်လွှားနိုင်မည်ဟု ၀င်းဂါး ယုံကြည်နေ

    ဒဏ်ရာပြဿနာကို ကျော်လွှားနိုင်မည်ဟု ၀င်းဂါး ယုံကြည်နေ

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    winger

    – အသင်းတွင် ဒဏ်ရာရကစားသမား များပြားနေသော်လည်း အရေးမကြီးဘဲ မိမိအနေဖြင့် ထိုပြဿနာကို ကျော်လွှားနိုင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    စနေနေ့တွင် ဆွမ်ဆီးအသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားရမည့် အာဆင်နယ်တွင် ရမ်ဆေး၊ ၀ီလ်ရှိုင်းယား၊ ၀ဲလ်ဘတ်၊ အာတီတာ၊ အော့စ်ပီနာနှင့် ရိုစစ္စကီးတို့ ဒဏ်ရာရရှိနေပြီး ဗုဒ္ဓဟူးနေ့က ရှက်ဖီးနှင့် လိဂ်ဖလားပွဲတွင် ဝေါလ်ကော့နှင့် ချိန်ဘာလိန်တို့ ဒဏ်ရာရရှိကာ နိုင်ဝင်ဘာအထိ ကစားနိုင်မည် မဟုတ်သောကြောင့် ဒဏ်ရာရနေသည့် အဓိက ကစားမားများမှာ ၈ ဦးအထိ ရှိလာခဲ့သည်။

    “ကျွန်တော်တို့ အဖြေတွေ ရှာသွားမှာဖြစ်ပြီး၊ ကောင်းမွန်တဲ့တစ်ခုကို ရွေးချယ်သွားမှာပါ။ ကျွန်တော့်ရဲ့ ဆေးအဖွဲ့နဲ့ နည်းပြအဖွဲ့ဟာ ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကိုရင်ဆိုင်ဖို့ ကျွန်တော်တို့အားလုံးဟာ တော်တော်လေး စုစုစည်းစည်းရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ် ထိပ်ဆုံးပြန်ရောက်မည်ဟု မည်သူမှ မထင်ကြောင်း ၀င်းဂါးပြော

    အာဆင်နယ် ထိပ်ဆုံးပြန်ရောက်မည်ဟု မည်သူမှ မထင်ကြောင်း ၀င်းဂါးပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    ars

    – အဖွင့်ပွဲ ရှုံးနိမ့်ခဲ့စဉ်ကတည်းက မိမိတို့အသင်းမှာ ထိပ်ဆုံးသို့ ရောက်ရှိမည်ဟု မည်သူမှ မထင်ခဲ့ဘဲ အသင်း၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယမန်နေ့က အဲဗာတန်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်မှာ လက်ရှိအချိန်တွင် ဇယားကို ဦးဆောင်ထားပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် မန်ယူတို့ပွဲတွင် မန်စီးတီး ရှုံးနိမ့်ခဲ့ပါက ဇယားအား ဆက်လက် ဦးဆောင်နိုင်မည်ဖြစ်သည်။

    “ဆက်ပြီး သွားကြရအောင်ပါ။ မိမိကိုယ်ကို နှိမ့်ချမှုနဲ့ ပြင်းပြတဲ့ ဆန္ဒတွေက အသင်းအဖွဲ့အဖြစ် စုစည်းစေခဲ့ပါတယ်။ အီမရိတ်မှာ ကျွန်တော်တို့ ပထမဆုံးပွဲမှာ ရှုံးခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ ဒီညလို ထိပ်ဆုံး ပြန်ရောက်မယ်လို့ ဘယ်သူမှ မပြောကြတော့ပါဘူး။ အင်္ဂါနေ့က (ချန်ပီယံလိဂ်မှာ) သူတို့ရခဲ့တဲ့ နိုင်ပွဲမျိုးက အသင်းရဲ့စိတ်ဓာတ် ဘယ်လောက်မြင့်မားနေလဲဆိုတာကို ပြသနေတာပါပဲ။ ဒါ့ကြောင့်ပဲ ကျွန်တော့်အသင်းအတွက် ကျွန်တော့် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ပြန်လည်အာရုံစိုက်ဖို့ စွမ်းဆောင်ရည်ကို သူတို့ ပြသခဲ့ပါတယ်” ဟု ၀င်းဂါးက ယမန်နေ့ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဂျရူးနှင့် ကွန်စီယဲလ်နီတို့က အာဆင်နယ်အတွက် အနိုင်ဂိုးများ သွင်းပေးခဲ့ကြသည်။

    Ref: Goal