News @ M-Media

Tag: Chelsea

  • ချယ်ဆီး ကျဆုံးမှုက မိမိ၏ အဖြစ်အပျက်ကို အမှတ်ရစေသည်ဟု ကလော့ပ်ပြော

    ချယ်ဆီး ကျဆုံးမှုက မိမိ၏ အဖြစ်အပျက်ကို အမှတ်ရစေသည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    liver

    – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ချယ်ဆီးအသင်း၏ ကျဆုံးမှုက ပြီးခဲ့သည့်ရာသီ ဒေါ့မွန်အသင်းတွင် မိမိတွေ့ကြုံခဲ့ရသည့် ဒုက္ခသုက္ခကို ပြန်လည်အမှတ်ရစေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က လီဗာပူးလ်အား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချယ်ဆီးမှာ ယခုရာသီ ဆဌမမြောက် အရှုံးကို မြည်းစမ်းရခြင်းလည်း ဖြစ်သည်။ ကလော့ပ်မှာလည်း ပြီခဲ့သည့် ဘောလုံးရာသီက ဒေါ့မွန်တွင် ထိုကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ခဲ့ရဖူးပြီး ရာသီ၏ အချိန်အများစုတွင် တန်းဆင်းဇုန်နား၌ ရုန်းကန်ခဲ့ရကာ အဆင့် ၇ ဖြင့် ရာသီသိမ်းခဲ့သည်။

    “တကယ်ပါ။ ကျွန်တော် သူ့အတွက် ခံစားရပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ သူဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ ဒီအခန်းထဲကလူ တစ်ယောက်မှ သံသယဖြစ်နေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီလိုကျရှုံးမှုမျိုးတွေကို ပြီးခဲ့တဲ့နှစ် ဒေါ့မွန်မှာလည်း ကျွန်တော် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ကောင်းတာတစ်ခုက ဘယ်သူကမှ ကျွန်တော့်ရာထူးအတွက် သံသယမဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဖိအားတွေကို မခံစားခဲ့ရပါဘူး” ဟု ကလော့ပ်က ယမန်နေ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ထုတ်ပယ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟို ပြော

    ထုတ်ပယ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟို ပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    mrh

    – လက်ရှိချန်ပီယံအသင်းအဖြစ် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးအ၀ါးဆုံးအနေအထားကို ရင်ဆိုင်နေရသော်လည်း မိမိအနေဖြင့် အထုတ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟိုက ထပ်မံ ပြောကြားလိုက်ပြီး မိမိ အထုတ်ခံရမလား ဆိုသည်နှင့်ပတ်သက်၍ အဘယ်ကြောင့် လူအများက စိတ်လှုပ်ရှားနေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ချယ်ဆီးမှာ ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ၁၀ ပွဲတွင် တစ်ဝက်တိတိ ရှုံးနိမ့်ထားပြီး အဆင့် ၁၅ အထိ ရောက်ရှိနေကာ ယနေ့တွင် လီဗာပူးလ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ထပ်မံရှုံးနိမ့်ပါက မော်ရင်ဟိုမှာ အသင်းမှ အထုတ်ခံရတော့မည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသည်။

    “ဒါနဲ့ပတ်သက်လို့ ကျွန်တော် ဘယ်လိုမှကို မနေပါဘူး။ အဲဒီအတွက် စဉ်းစားဖို့လည်း ကျွန်တော် အချိန်ကုန်မခံပါဘူး။ ရလဒ်အတွက်ပဲ သောကရောက်တာပါ။ စနေနေ့ပွဲ နိုင်ဖို့အတွက်နဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ဖို့အတွက်သာ သောကဖြစ်နေတာပါ။ ပြီးတော့ အသင်း ပုံမှန်ရှိနေရမယ့် နေရာကို ပြန်ရောက်ဖို့အတွက်လည်း ကျွန်တော် သောကဖြစ်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • လိဂ်ဖလားအရှုံးအတွက် ကစားသမားများဘက်မှ မော်ရင်ဟို ကာကွယ်

    လိဂ်ဖလားအရှုံးအတွက် ကစားသမားများဘက်မှ မော်ရင်ဟို ကာကွယ်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    mrh

    – စတုတ်စီးတီးအား ရှုံးနိမ့်ခဲ့ပြီး လိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ အသင်းသားများအား ကာကွယ်ခဲ့ပြီး မိမိကစားသမားများမှာ ဝေဖန်သူများကို ပြန်လည်တုန့်ပြန်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ချယ်ဆီးမှာ ဦးဆောင်ဂိုးပေးခဲ့ရပြီး နာကျင်အချိန်ပို၌ ရီမီက ချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့သည်။ သို့သော်လည်း ပင်နယ်တီ ကန်သွင်းရာတွင် ကွင်းလယ်လူ ဟဇာ့ဒ်၏ အရေးပါသော နောက်ဆုံးပင်နယ်တီကို စတုတ်ဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ချယ်ဆီးမှာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    “ဒီနေ့ည ကစားသမားတွေ ပြသသွားတဲ့ခြေစွမ်းက ဝေဖန်သူတွေကို ‘ခင်ဗျားတို့ဟာ အရူးတွေ’ လို့ ပြောလိုက်တာပါပဲ။ တစ်ချို့လူတွေ ပြောတာတွေ၊ ရေးတာတွေက ကစားသမားတွေအတွက် တော်တော်လေး မကောင်းပါဘူး။ ဝေဖန်သူတွေက သူတို့ ကစားသမားဘ၀တုန်းက ပုံစံမျိုး ကျွန်တော့်ကစားသမားတွကို ထင်ကြပါတယ်။ ကျွန်တော့်လူတွေက အဲဒီလိုမဟုတ်ပါဘူး။ သူတို့ အရာရာတိုင်းအတွက် ကြိုးစားခဲ့ကြပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပင်နယ်တီမ၀င်ခဲ့သည့် ဟဇာ့ဒ်ကိုလည်း မိမိအနေဖြင့် အပြစ်တင်သွားမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ချန်ပီယံလိဂ်တွင် ပင်နယ်တီမပေးသည့် ဒိုင်လူကြီးကို မော်ရင်ဟို အပြစ်တင်

    ချန်ပီယံလိဂ်တွင် ပင်နယ်တီမပေးသည့် ဒိုင်လူကြီးကို မော်ရင်ဟို အပြစ်တင်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    mrh

    – ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ချယ်ဆီးရရှိမည့် ပင်နယ်တီကို မပေးခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒါမီရ် စကိုမီနာကို မော်ရင်ဟိုက ပြင်တင်ပြောဆိုခဲ့ပြီး ရပ်ဘီကမ္ဘာ့ဖလားပွဲတွင် စကော့တလန်အသင်း ထွက်ခဲ့ရသည့်ဖြစ်ရပ်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

    ယခုတစ်ပတ်တွင် ကစားခဲ့သည့် ရဘ်ဘီပြိုင်ပွဲ၌ စကော့တလန်နှင့် သြစတေးလျတို့၏ ပွဲတွင် ကွင်းလယ်ဒိုင်က မှားယွင်း၍ သြစတေးလျအသင်းကို ပင်နယ်တီ ပေးခဲ့သောကြောင့် စတော့တလန်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ဒိုနမိုကိဗ်အား ဂိုးမရှိ သရေကျခဲ့သည့် ယနေ့မနက် ချန်ပီယံလိဂ်တွင် ပထမပိုင်း၌ ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်မှာ ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပြီး ဒိုင်လူကြီးကမူ ပင်နယ်တီပေးရန် ငြင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကတော့ ပြောစရာမရှိပါဘူး။ ပွဲကို ၇၅ မိနစ်လောက်အထိ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကန်သွင်းချက် တိုင်ထိထွက်ခဲ့တယ်။ ပင်နယ်တီတစ်လုံးလည်း ရသင့်ပါတယ်။ သိပ်ကို ရှင်းလင်းတဲ့ မြင်ကွင်းပါပဲ။ ဒိုင်လူကြီးက မမြင်ဘူးလားဆိုတာ ကျွန်တော် မသိသလို၊ သူမပေးချင်တာလားဆိုတာလည်း ကျွန်တော် မသိပါဘူး။ အမှားတစ်ခုက စတော့တလန် ရပ်ဘီအသင်းကို ပြိုင်ပွဲက ထွက်စေခဲ့ပါတယ်။ အမှားတစ်ခုကပဲ ကျွန်တော်တို့အတွက် ပေးဆပ်မှု ကြီးခဲ့ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ရီးယဲလ်၏ လာဒက်စီမာအတွက် မိမိက ဖောင်ဒေးရှင်းချပေးခဲ့ဟု မော်ရင်ဟိုပြော

    ရီးယဲလ်၏ လာဒက်စီမာအတွက် မိမိက ဖောင်ဒေးရှင်းချပေးခဲ့ဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    mrh

    – အန်ဆယ်လော့တီလက်ထက် ၂၀၁၄ ခုနှစ်က ၁၀ ကြိမ်မြောက် (လာဒက်ဆီမာ) ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့သည့် ရီးယဲလ်အသင်းကို မိမိက ဖောင်ဒေးရှင်း ချပေးခဲ့ခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ပေါ်တို၊ အင်တာတို့နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည့် မော်ရင်ဟိုမှာ ၎င်း၏ သက်တမ်းတွင် ရီးယဲလ်အား ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကိုသာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ရီးယဲလ်အား စွန့်ခွာခဲ့သည်။

    “ကျွန်တော် ရီးယဲလ်ကို စရောက်တုန်းကဆိုရင် သူတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မရောက်တာ ၁၀ နှစ်နီးပါးလောက် ရှိနေတဲ့အချိန်ပါ။ ကျွန်တော်တို့ ၁၆ သင်းအဆင့်မှာ လိုင်ယွန်နဲ့တွေ့တဲ့အခါ အသင်းဟာ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။ ဒီအခက်အခဲကို ကျော်ဖြတ်ခဲ့ပြီး အသင်းကလည်း ပြောင်းလဲသွားတယ်၊ ကစားသမားတွေကလည်း ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ ဗိုလ်စွဲမယ်လို့
    ထင်ခဲ့ပါတယ်။ ဒါပေမယ့် ၃ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်သာ ရောက်ခဲ့ပြီး အခြား အကြောင်းအရင်းတွေကြောင့် ဖိုင်နယ်တော့ မရောက်ခဲ့ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal