News @ M-Media

Tag: Chelsea

  • ချယ်ဆီးမှာ အလယ်အလတ်အဆင့်သာ ရသော်လည်း မိမိ အထုတ်မခံရဟု မော်ရင်ဟိုပြော

    ချယ်ဆီးမှာ အလယ်အလတ်အဆင့်သာ ရသော်လည်း မိမိ အထုတ်မခံရဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    mrh

    – ယခုနှစ်ရာသီသိမ်းချိန်တွင် ချယ်ဆီးမှာ ဇယားအလယ်၌သာရှိ သော်လည်း မိမိအနေဖြင့် အသင်းမှ ထုတ်ပယ်ခံရမည် မဟုတ်ဟု နည်းပြမော်ရင်ဟိုက ပြောကြားလိုက်သည်။

    လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ ရာသီအစတွင် ဆိုးရွားသည့်အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး ၈ ပွဲကစား ၈ မှတ်သာရရှိထားကာ အဆင့် ၁၆ နေရာတွင် ရှိနေသည်။ မော်ရင်ဟိုမှာလည်း ဖိအားဒဏ်ကို ခံစားနေရပြီး ၎င်း ပထမအကြိမ် နည်းပြစဉ် ၂၀၀၆-၀၇ ခုနှစ်က အခြေအနေမျိုးဖြစ်နေကာ ထိုအချိန်က ကဲ့သို့ပင် ထုတ်ပယ်ခံရမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

    “အဲဒီတုန်းကနဲ့ ကွဲပြားခြားနားမှုတွေ တော်တော်လေး ရှိနေပါတယ်။ အခုမှ ခြားနာတာမျိုး မဟုတ်ပါဘူး။ ကျွန်တော် ၂၀၁၃ ခုနှစ် ပြန်ရောက်တဲ့အချိန်၊ ပိုင်ရှင်၊ ဘုတ်အဖွဲ့တွေနဲ့ စပြီးစကားပြောတဲ့ အချိန်ကတည်းကပါပဲ။ (လွန်ခဲ့သည့်နှစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သော ပွဲအပြီး) ကျွန်တော်ဟာ အသင်းပိုင်ရှင်နဲ့ ညစာစားခဲ့ပါတယ်။ အထုတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး မရှိဘူးဆိုတာ ကျွန်တော် သိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ချယ်ဆီးသို့ပြန်ရောက်မှုအတွက် နောင်တမရဟု မော်ရင်ဟိုပြော

    ချယ်ဆီးသို့ပြန်ရောက်မှုအတွက် နောင်တမရဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    morinho

    – ရာသီအစ ဆိုးရွားသောရလဒ်များနှင့် ရင်ဆိုင်နေရကာ ဖိအားဒဏ်ကို အလွန်အမင်းခံစားနေရသော်လည်း မိမိအနေဖြင့် ချယ်ဆီးသို့ ပြန်လည်လာရောက်မှုအတွက် နောင်တမရဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ၂၀၀၄ ခုနှစ်မှာ ၂၀၀၇ ခုနှစ်အထိ အင်တာ၊ ရီးယဲလ်တို့နှင့် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ခဲ့သည့် မော်ရင်ဟိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ချယ်ဆီးသို့ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင်မူ စိတ်ပျက်ဖွယ်ရလဒ်များနှင့် ကြုံတွေ့နေရပြီး မော်ရင်ဟိုမှာလည်း ဖိအားများအောက် ရောက်နေသည်။

    “ချယ်ဆီးကို ပြန်လာတဲ့အတွက် ကျွန်တော် နောင်တမရပါဘူး။ ကျွန်တော်ပြန်လာပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ စူပါလူစာရင်းကတော့ အဆုံးသတ်သွာခဲ့ပါတယ်။ ဖရန့်လမ်းပတ်ဟာ မျိုးဆက်ကောင်းတစ်ခုကို ကိုယ်စားပြုခဲ့တယ်။ သူမရှိဘဲလည်း ကျွန်တော်တို့ ကြီးမားတဲ့ အောင်မြင်မှု ရခဲ့ပါတယ်။ ဘောလုံးမျိုးဆက်က အဆုံးသတ်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အောင်မြင်မှု ပိုလိုချင်ပါတယ်။ ကျွန်တော် ခေါင်းရှောင်သွားမှာ မဟုတ်ပါဘူး။ အချိန်ကောင်းတွေ လာတော့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်ဟာ ဆက်လက် ကြိုးစားသွားပြီး၊ တိုက်ပွဲဝင်သွားမှာပါ။ ပြီးတော့ ရလဒ်ကောင်းတွေကိုလည်း စောင့်သွားမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ဖာဂူဆန်အနားမယူခင် မိမိနှင့် ဆွေးနွေးခဲ့ဖူးသည်ဟု မော်ရင်ဟိုပြော

    ဖာဂူဆန်အနားမယူခင် မိမိနှင့် ဆွေးနွေးခဲ့ဖူးသည်ဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    mrh

    – မန်ယူမှ ဖာဂူဆန် အနားယူမည့်အကြောင်း တရားဝင် ထုတ်ဖော်မပြောကြားခင် မိမိနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မိမိအနေဖြင့် မန်ယူထက် ချယ်ဆီးကိုသာ ရွေးချယ်လိုခဲ့ကြောင်း မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ရီးယဲလ်မှ ထွက်လာခဲ့သည့် မော်ရင်ဟိုမှာ မန်ယူမှ ဖာဂူဆန်ထွက်သွားပြီး တစ်လအကြာ ၂၀၁၃ ခုနှစ်ဇွန်လက ချယ်ဆီးသင်းနှင့် ၄ နှစ်စာချုပ်ချုပ်ကာ ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်ကမူ မိမိအား ၎င်း၏နေရာအတွက် အစားထိုးနိုင်မည့်သူအဖြစ် ယူဆသော်လည်း မိမိက ချယ်ဆီးကိုသာလျှင် သွားချင်ကြောင်း ဖာဂူဆန်ကိုယ်တိုင် သိနေသည်ဟု မော်ရင်ဟိုက ဆိုသည်။

    “ကမ္ဘာပေါ်က နည်းပြတိုင်းဟာ မန်ယူကို အသင်းကြီးတစ်သင်းလို့ မြင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချယ်ဆီးကိုသာ နည်းပြချင်တာပါ။ ကျွန်တော်တို့ ဒီကိစ္စကို အကျေအလည် မဆွေးနွေးခဲ့ကြပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့ကြပြီး ကျွန်တော်နဲ့ ပတ်သက်ပြီးတော့လည်း သူ(ဖာဂူဆန်)က တော်တော် များများသိနေသလို၊ ရီးယဲလ်ကို စွန့်ခွာပြီး ချယ်ဆီးကို လာချင်တယ်ဆိုတာလည်း သူသိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းအနားယူတော့မည်ဆိုသည့် လျှို့ဝှက်ချက်ကို ဖာဂူဆန်က မိမိအား ပြောပြခဲ့ကြောင်း၊ မိမိအနေဖြင့် ကြောက်ရွံ့မိခဲ့ပြီး မီဒီယာတွင် တရားဝင်ဖွင့်ပြောမှ စိတ်သက်သာရာရခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    mrh

    – အသင်းက ထုတ်ပယ်ရန် အစီအစဉ်မရှိသော်လည်း ကစားသမားများထံမှ ယုံကြည်မှု ဆုံးရှုံးသွားပါက မိမိအနေဖြင့် ထွက်ခွာသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲမှာ ယခုနှစ် ပရီးမီးယားလိဂ်၌ ချယ်ဆီး၏ စတုတ္ထမြောက် ရှုံးပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၁၆ သို့ ရောက်ရှိနေသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ထိုရလဒ်များအတွက် အလွန်အမင်း စိတ်ပျက်နေသော်လည်း မော်ရင်ဟိုအား ထုတ်ပယ်ရန် အလားအလာမရှိပေ။

    “ကစားသမားတွေဆီကို ဒဲ့သွားလိုက်ပါ။ တကယ်လို့များ သူတို့က ကျွန်တော့်ကို မယုံကြည်တော့ဘူးလို့ ပြောလာရင် ကျွန်တော်တစ်ခုတည်းသော လုပ်ရမှာက နှုတ်ထွက်ဖို့ပါပဲ။ ကစားသမားတွေကိုမေးပါ။ အလိမ်အညာသတင်းတွေနောက်ကို မလိုက်ပါနဲ့။ ကစားသမားက သူ့သူငယ်ချင်းကိုပြောတယ်။ သူ့သူငယ်ချင်းက အေးဂျင့်ကိုပြောမယ်။ ကျွန်တော်က သူ့ကစားသမားကိုမသုံးလို့ အေးဂျင့်က စိတ်မချမ်းမသာဖြစ်တယ်။ ဒါမျိုးတွေပေါ့” ဟု ၎င်း၏ ရာထူးနေရာနှင့်ပတ်သက်၍ မော်ရင်ဟိုက ဆောက်သက်တမ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဆောက်သက်တမ်ပွဲတွင် လူစားဝင်မာတစ်ကို ချက်ခြင်းပြန်ထုတ်မှု မော်ရင်ဟိုဖြေရှင်း

    ဆောက်သက်တမ်ပွဲတွင် လူစားဝင်မာတစ်ကို ချက်ခြင်းပြန်ထုတ်မှု မော်ရင်ဟိုဖြေရှင်း

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    chel

    – ယမန်နေ့က ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သောပွဲတွင် ကွင်းလယ်လူမာတစ် လူစားဝင်ကစားခဲ့ပြီးနောက် ချက်ခြင်း ပြန်လည်လူစားလဲခဲ့ခြင်းမှာ ၎င်းအား အရှက်ရအောင် ပြုလုပ်ခြင်းမဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ၀ီလီယံ၏ ဖရီးကစ်ဖြင့် ဦးဆောင်ဂိုးရခဲ့သည့် ချယ်ဆီးမှာ ၃ ဂိုးပြန်ပေးခဲ့ရကာ မော်ရင်ဟိုလက်ထက် အိမ်ကွင်း၌ ၃ ဂိုးပေး ရှုံးနိမ့်ရသည့် ပထမဆုံးပွဲလည်း ဖြစ်ခဲ့သည်။ ၁ ဂိုးစီသရေကျနေပြီးနောက် မာတစ်မှာ ဒုတိယပိုင်းတွင် ရာမီးရက်စ်အစား ၀င်ရောက်လာခဲ့ကာ ဆောက်သက်တမ်မှ ဂရာဇီယာနိုပီလီက ဒုတိယဂိုး သွင်းယူခဲ့ပြီးနောက် မော်ရင်ဟိုမှာ မာတစ်ကို ရီမီနှင့် ချက်ခြင်းဆိုသလိုပင် လူစားလဲခဲ့သည်။

    “ဒါဟာ အရှက်ရအောင်လုပ်တာ မဟုတ်ပါဘူး။ ဘောလုံးမှာရော၊ ကျွန်တော့်ဘ၀မှာပါ ဒီလိုမျိုး ဘယ်သူ့ကိုမှ မလုပ်ခဲ့ပါဘူး။ ကစားသမားတွေနဲ့ ဆက်ဆံရတယ်ဆိုတာက မလွယ်ပါဘူး။ သူတို့ကို ကျွန်တော်ချစ်တယ်။ ယုံတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့အထဲက တစ်ချို့က ခက်ခဲတဲ့အချိန် ရောက်နေပါတယ်။ မာတစ်ဟာ အဲဒီထဲက တစ်ယောက်ပါ။ သူ ကောင်းကောင်း မကစားနိုင်ပါဘူး။ ခံစစ်ကိုလည်း ကောင်းကောင်းမကူနိုင်ပါဘူး။ သူဟာ အမှားတွေလုပ်နေပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကိုလည်း မချနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ရာမီးရက်စ်မှာ အ၀ါကဒ်ထိထားသောကြောင့် မာတစ်နှင့် လူစားလဲခဲ့ခြင်းဖြစ်ပြီး၊ ဂိုးပေးလိုက်ရပြီးနောက် တိုက်စစ်မှူးနောက်တစ်ဦး ထည့်ချင်သောကြောင့် မာတစ်ကို ထုတ်လိုက်ရခြင်းဖြစ်ပြီး အရှက်ခွဲခြင်းမဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal