News @ M-Media

Tag: China

  • ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန် ၀န်ထမ်းများအကြား ပစ်ခတ်မှုဖြစ်ပွား

    ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန် ၀န်ထမ်းများအကြား ပစ်ခတ်မှုဖြစ်ပွား

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    china

    – ဖိလစ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော စီဘူးမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့နေ့လည်ပိုင်းက တရုတ်အမျိုးသမီးတစ်ဦးမှာ တရုတ် ကောင်စစ်ရုံးမှ ၀န်ထမ်းနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    ပစ်ခတ်မှုတွင် ကောင်စစ်ဝန် ဗိုလ်ချုပ် ဆွန် ရွန်ဟွာမှာ ဒဏ်ရာရရှိခဲ့သောကြောင့် ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ရပြီး ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သူ တရုတ်အမျိုးသမီးအား ဖမ်းဆီးထားကာ ၎င်း၏ ခင်ပွန်းကိုလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ထိန်းသိမ်းထားသည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပစ်ခတ်သူ အမျိုသမီးမှာ ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်သည်။

    ကျူးလွန်ရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးဘဲ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ဘာသာပြန်များ လိုအပ်နေသည်ဟု ဆိုသည်။ ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းများမှာ စားသောက်ဆိုင်၏ သီးသန့်အခန်းတစ်ခုတွင် ဗိုလ်ချုပ် ဆွန်ရွန်ဟွာ၏ မွေးနေ့ပွဲ ကျင်းပပြုလုပ်နေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဗြိတိန်နှင့် တရုတ်တို့ ကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ဖိုး စာချုပ်များချုပ်မည်

    ဗြိတိန်နှင့် တရုတ်တို့ ကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ဖိုး စာချုပ်များချုပ်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    china

    – ယခုသီတင်းပတ်အတွင်း ဗြိတိန်သို့ လေးရက်တာ သွားရောက်မည့် တရုတ်သမ္မတ ဇီဂျင်ပင်း၏ ခရီးစဉ်အတွင်း စတာလင်ပေါင် ၃၀ ဘီလီယံ (ကန်ဒေါ်လာ ၄၆.၄ ဘီလီယံ) တန်ဖိုးရှိ သဘောတူညီစာချုပ်များကို ချုပ်ဆိုရန် ရှိနေသည်ဟု အင်္ဂလန်အစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံနှင့် ပိုမိုတောင့်တင်းသည့် စီးပွားရေး ဆက်ဆံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေပြီး ဇီဂျင်ပင်း၏ ယခုခရီးစဉ်မှာ မိမိတို့ ဆက်ဆံရေးတွင် “ရွှေခေတ်” ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားခဲ့ကြသည်။

    တရုတ်နှင့် ဗြိတိန်တို့၏ သဘောတူညီဖွယ်ရှိနေသည့် စီးပွားရေးကဏ္ဍများတွင် ကုန်သွယ်မှု၊ စွမ်းအင်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အာကာသလေကြောင်းကဏ္ဍနှင့် ဗြိတိန်တွင် အလုပ်အကိုင် ၃၉၀၀ ဖန်တီးခွင့်လည်း ပါဝင်မည်ဖြစ်သည်။

    ဗြိတိန်နှင့် တရုတ်တို့မှာ ပေါင် ၂၄.၅ ဘီလီယံ တန်ဖိုးရှိ ဗြိတိန်၏ ပထမဆုံး နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ၁၀ စုနှစ်အတွင်း တည်ဆောက်ရေးအတွက် ဆွေးနွေးမှုများ လက်ရှိတွင် ပြုလုပ်နေသည်။

    Ref: Channelnewsasia

  • တရုတ်စီးပွားရေးကော်မရှင် ထိပ်တန်းအရာရှိများ ခြစားမှုဖြင့် စစ်ဆေးခံနေရ

    တရုတ်စီးပွားရေးကော်မရှင် ထိပ်တန်းအရာရှိများ ခြစားမှုဖြင့် စစ်ဆေးခံနေရ

    အောက်တိုဘာ ၁၉၊ ၂၀၁၅

    M-Media

    china

    – တရုတ်နိုင်ငံ၏ စီးပွားရေးကို အဓိက စီမံခန့်ခွဲနေသည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် NDRC မှ တာဝန်ရှိသူ ၃ ဦးကို ခြစားမှုသံသယဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အာဏာရ ကွန်မြူနစ်ပါတီ၏ ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။

    စစ်ဆေးခံနေရသူများမှာ ကော်မရှင်၏ လူမှု ဖွံ့ဖြိုးရေးဌာန အကြီးအကဲ ၀မ်ဝေ၊ အရည်သွေး စစ်ဆေးရေးဌာနမှ သုတေသနပညာရှင်များ ဖြစ်ကြသည့် ရန်ဝေနှင့် ဇူဟေယူတို့ဖြစ်ကြပြီး စည်းကမ်းများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့သည်ဟုဆိုကာ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိချေ။

    NDRC ကလည်း စုံစမ်းစစ်ဆေးမှုကို အတည်ပြုခဲ့ပြီး ပါတီ၏ အမိန့်များကို လိုက်နာကာ ခြစားမှုများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဟု ပြောကြားခဲ့သည်။ တရုတ်သမ္မတ ဇီဂျင်ပင်းမှာ ၂၀၁၂ နှောင်းပိုင်းတွင် ပါတီခေါင်းဆောင်နေရာ ရလာပြီး ၂၀၁၃ ခုနှစ်တွင် အာဏာရပြီးကတည်းက ခြစားမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ပြီး အကြီးတန်းအရာရှိ အများအပြားကို စစ်ဆေးခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

    Ref: Reuters

  • အဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကောင်းချင်သည်ဟု တရုတ်ပြော

    အဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကောင်းချင်သည်ဟု တရုတ်ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    – မိမိတို့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ချင်ပြီး နိုင်ငံခြား တပ်ဖွဲ့များ ဆိုရှယ်မီဒီယာမှ လှုံ့ဆော်မှုအပါအ၀င် ခြိမ်းခြောက်မှုများရှိနေသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့အားလုံးမှာ ကြိုစားဆောင်ရွက်ရန် လိုအပ်သည်ဟု အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ် ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်က ယနေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နှင့် အရှေ့တောင်အရှနိုင်ငံများမှာ တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက်အငြင်းပွားမှုများ ရှိနေပြီး အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် တင်းမာမှုများမှာ ပြီးခဲ့သည့်နှစ်များအတွင်း မြင့်တက်လာခဲ့သည်။

    “အခုအချိန်မှာ ဒေသတွင်းအခြေအနေဟာ ယေဘူယျအားဖြင့်တော့ တည်ငြိမ်နေပါတယ်။ ဒါပေမယ့် သိသာတဲ့ စီးပွားရေးကျဆင်းမှု ဖိအားတွေ ရှိနေပြီး ပုံမှန်မဟုတ်တဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကလည်း တိုးလာပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေကလည်း အင်တာနက်၊ ဆိုရှယ်မီဒီယာနဲ့ အခြားနည်းလမ်းတွေကို သုံးပြီး ဒေသတွင်းက နိုင်ငံတွေနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုတွေလုပ်နေကာ လူမှုလုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်” ဟု ချန်က ပြောကြားခဲ့သည်။

    ထို့ပြင် အာဆီယံနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်ချင်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Channelnewsasia

  • တရုတ်နိုင်ငံမှ ဗောက်စ်ဝဂွန်ကားတစ်ချို့ ပြန်သိမ်းမည်

    တရုတ်နိုင်ငံမှ ဗောက်စ်ဝဂွန်ကားတစ်ချို့ ပြန်သိမ်းမည်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    vw

    – ကားများ၏ ကာဘွန်ထုတ်လွှတ်မှုအား လိမ်ညာခဲ့သည့်အတွက် ပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဂျာမနီမှ ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေးမှာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ရှိသည့် တရုတ်နိုင်ငံမှ ကားပေါင်း ၂၀၀၀ နီးပါးကို ပြန်သိမ်းသွားမည်ဟု ယနေ့တွင် ကြေငြာလိုက်သည်။

    ဗောက်စ်ဝဂွန်မှ ထုတ်လုပ်သည့် ဒီဇယ်ကားများ၏ ကာဗွန်ထုတ်လုပ်မှုကို စမ်းသပ်ရာတွင် ကုမ္ပဏီက ဆော့ဖ်ဝဲတစ်ခုသုံး၍ လိမ်ညာခဲ့ပြီး တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီကလည်း နိုင်ငံအတွင်းသို့ တင်သွင်းသော သို့မဟုတ် နိုင်ငံအတွင်း ထုတ်လုပ်သော ဗောက်စ်ဝဂွန်ကားများတွင် ထိုသို့ လိမ်ညာထားခြင်း ရှိမရှိကို စစ်ဆေးနေသည်။

    တရုတ်နိုင်ငံသို့ ဗောက်စ်ဝဂွန်က ပြီးခဲ့သည့်နှစ်အတွင်း ကားပေါင်း ၃.၆၇ သန်းကို တင်သွင်းခဲ့ပြီး ယခုပြန်သိမ်းမည့် ကားများမှာ ဒီဇယ်ကားများဖြစ်သည်။ ဗောက်စ်ဝဂွန်နှင့် ဖက်စက်လုပ်ကိုင်သည့် တရုတ်နိုင်ငံမှ အဓိက ကုမ္ပဏီကြီး ၂ ခုက ၎င်းတို့၏ ထုတ်လုပ်မှုတွင် ထိုကဲ့သို့ လိမ်ညာထားခြင်းမရှိဟု စောစောပိုင်းက ကြေငြာချက် ထုတ်ပြန်ထားသည်။

    Ref: Channelnewsasia