News @ M-Media

Tag: China

  • စပရက်တလေ ကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော မောင်းခြင်းမှာ ရန်စခြင်းဟု တရုတ်ပြော

    စပရက်တလေ ကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော မောင်းခြင်းမှာ ရန်စခြင်းဟု တရုတ်ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    china

    – တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေသာ စပရက်တလေကျွန်းစုတွင် တရုတ်က ဆောက်လုပ်နေသည့် ကျွန်းတု၏ အလွန်နီးကပ်သည့် နေရာမှ အမေရိကန်ရေတပ် သင်္ဘောတစ်စီး ယနေ့မနက်စောစောပိုင်းက ဖြတ်သန်းသွားခဲ့ပြီး တရုတ်နိုင်ငံကမူ အမေရိကန်၏ ထိုလုပ်ရပ်က မိမိတို့အား ရန်စခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပဲ့ထိန်းဒုံးဖျက် USS Lassen စစ်သင်္ဘောဖြစ်ပြီး အိမ်ဖြူတော်က ထိုကဲ့သို့ ဖြတ်သန်းသွားရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကမူ အဆိုပါ အမေရိကန် စစ်သင်္ဘောအနေဖြင့် ကျွန်းစုမှ ၁၂ မိုင်ဇုန်အတွင်း ၀င်ရောက်ခဲ့ခြင်း ရှိ၊ မရှိကို အတည်ပြုရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

    “တကယ်အမှန်ဆိုရင်တော့ အမေရိကန်အနေနဲ့ အလုပ်မလုပ်ခင် ကြိုစဉ်းစားဖို့ ကျွန်တော်တို့ အကြံပေးလိုပါတယ်။ နမော်နမဲ့ ဒါမှမဟုတ် ဘာမဟုတ်တာအတွက် ပြဿနာရှာတာမျိုး မလုပ်ပါနဲ့”

    Ref: Aljazeera

  • တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပမည်

    တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပမည်

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    china

    – ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။

    ရက်အတိအကျကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဂျပန်မီဒီယာများကမူ နိုဝင်ဘာ ၁ ရက်နေ့တွင် ဆိုးလ်မြို့၌ ကျင်းပရန်ရှိနေသည်ဟု ဖော်ပြခဲ့ကာ တရုတ်ဝန်ကြီးချုပ် လီ ကီကွီယန်း တက်ရောက်မည်ဟု ဆိုသည်။ တောင်ကိုရီးယား သမ္မတ ပက်ဂျုံဟေးကလည်း သူမအနေဖြင့် အောက်တိုဘာ ၃၁ ရက်နေ့တွင် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့ ၃ နိုင်ငံ၏ ၃ ရက်တာကြာမြင့်မည့် အဆိုပါ ထိပ်သီးအစည်းဝေးမှာ ဂျပန်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ဖော်ဆောင်ရန်အတွက် အတားအဆီးများကို ဖယ်ရှားရာတွင် အကူအညီ ဖြစ်စေလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တရုတ်သမ္မ၏ ဗြိတိန်ခရီးစဉ် ပြီးဆုံး

    တရုတ်သမ္မ၏ ဗြိတိန်ခရီးစဉ် ပြီးဆုံး

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    china

    – တရုတ်သမ္မတ ဇီဂျင်ပင်း၏ ၄ ရက်တာ ဗြိတိန်ခရီးစဉ်မှာ ယမန်နေ့တွင် ပြီးဆုံးခဲ့ပြီး နှစ်နိုင်ငံ သဘောတူစာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့ကာ ဗြိတိန်ကိုလည်း ဥရောပသမဂ္ဂမှ မထွက်ရန် ဇီက တိုက်တွန်းခဲ့သည်။

    ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကာ ကုန်သွယ်ရေး စာချုပ်များအပါအ၀င် မိမိတို့နှစ်နိုင်ငံအကြား ကန်ဒေါ်လာ ၆၁.၆ ဘီလီယံဖိုး သဘောတူညီချက်များ ရရှိခဲ့သည်ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။

    မန်ယူပရိတ်သတ်ဖြစ်သော်လည်း ဇီဂျင်ပင်းမှာ မန်စီးတီးကွင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး မန်စီးတီးတိုက်စစ်မှူး အဂူရို၊ ဒေးဗစ်ကင်မရွန်းတို့နှင့် Selfie တွဲရိုက်ခဲ့သည်။ ထို့ပြင် ဗြိတိန်ဘောလုံးပြတိုက်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ သည်။ ဇီဂျင်ပင်း၏ အဆိုပါခရီးစဉ်အတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုအချို့ ရှိခဲ့သည်။

    Ref: Channelnewsasia

  • တရုတ်ဗဟိုဘဏ် အတိုးနှုန်းများ ထပ်မံလျော့ချ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    china

    – နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုကို ရပ်တန့်စေရန် ဆောင်ရွက်မှုအဖြစ် တရုတ်ဗဟိုဘဏ်မှာ ယနေ့တွင် အတိုးနှုန်းကို ၂၅ ပွိုင့် လျော့ချခဲ့ပြီး ယခုနှစ်အတွင်း ၆ ကြိမ်မြောက် လျော့ချမှုလည်းဖြစ်သည်။

    ထို့ကြောင့် တရုတ်ပြည်သူ့ဘဏ်၏ တစ်နှစ်တာ ချေးငွေ အတိုးနှုန်းမှာ ၄.၃၅ ရာခိုင်နှုန်းသာ ရှိတော့ပြီး အောက်တိုဘာ ၂၄ ရက်နေ့မှစတင်၍ အကြုံးဝင်မည်ဖြစ်သည်။ အပ်ငွေအတွက် အတိုးကိုလည်း ၂၅ ပွိုင့်အထိ ချခဲ့ပြီး ၁.၅ ရာခိုင်နှုန်းသာ ရရှိတော့မည်ဖြစ်သည်။

    ၂၀၀၈-၂၀၀၉ ကမ္ဘာ့ဘဏ္ဍာရေးကပ်ဘေး ဖြစ်ပြီးကတည်းက တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း ၎င်းတို့၏ တင်းကျပ်သော စီးပွားရေးပေါ်လစီများကို လျော့ချပေးခဲ့ပြီး၊ ၀ယ်လိုအား နည်းလာခြင်းနှင့် စက်မှုထုတ်ကုန်များ အဆမတန် များလာခြင်းကြောင့် စီးပွားရေးတွင် ထိခိုက်မှုကို လျော့ချရန်အတွက် ပေါ်လစီရေးဆွဲသူများကလည်း နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။

    Ref: Channelnewsasia

  • တရုတ်ကွန်မြူနစ်ပါတီက ထူးခြားသည့် စည်းကမ်းများထုတ်

    တရုတ်ကွန်မြူနစ်ပါတီက ထူးခြားသည့် စည်းကမ်းများထုတ်

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    china

    – ပါတီဝင်များအနေဖြင့် အစားကျူးခြင်း၊ အရက်သောက်ခြင်း၊ အိမ်ထောင်ဖက်မှလွဲ၍ အပြင်တွင် လိင်ဆက်ဆံခြင်းနှင့် ဂေါက်သီးရိုက်ကစားခြင်းတို့ မပြုလုပ်ရန် တရုတ်ကွန်မြူနီပါတီက အမိန့်ထုတ်လိုက်သည်ဟု နိုင်ငံပိုင် Xhinhua သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    ထိုတားမြစ်ချက်များကို ပါတီဝင်များ လိုက်နာရမည့် “ကျင့်ဝတ်စည်းကမ်းများ” အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဝေဖန်သူများကမူ ပါတီအတွင်း သမ္မတ ဇီဂျင်ပင်းအား ဆန့်ကျင်သူများကို နှိပ်ကွပ်ရန် ပစ်မှတ်ထားသည့် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်ကွန်မြူနစ် ပါတီဝင်များအနေဖြင့် အငယ်အနှောင်းများထားခြင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်ခြင်းများ မပြုလုပ်ရန် သတ်မှတ်ထားပြီး ဖြစ်သော်လည်း လိင်ပိုင်းဆိုင်ရာ ယခုကန့်သတ်မှုအသစ်က ပို၍ တင်းကျပ်သည်ဟု Xinhua က ဆိုသည်။

    ချမ်းသာကြွယ်ဝသည့် အရာရှိအချို့ အပြင်းပြေပြုလုပ်သည့် ဂေါက်သီးရိုက်ကစားခြင်း၊ အစားကျူးခြင်းနှင့် အရက်သောက်ခြင်းတို့ကို ပါတီ၏ စည်းမျဉ်းအား ချိုးဖောက်ခြင်းဖြစ်သည်ဟု သတ်မှတ်မှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

    ထိုစည်မျဉ်းဥပဒေများမှာ ၈၈ သန်းသော ကွန်မြူနစ်ပါတီဝင် တစ်ဦးချင်းစီအပေါ် ပြဌာန်းခြင်းဖြစ်ပြီး ပါတီအတွင်း အပေါင်းအသင်းဖွဲ့ခြင်းနှင့် ဆွေမျိုးကောင်းစားရေးဝါဒကိုလည်း ပိတ်ပင်ခဲ့သည်။

    ၂၀၁၂ ခုနှစ်တွင် ပါတီခေါင်းဆောင်ပိုင်းသို့ ရောက်ရှိလာပြီးနောက်တွင် ဇီဂျင်ပင်းမှာ ခြစားမှုများကို ပြင်းပြင်းထန်ထန် ကိုယ်တွယ်ခဲ့သောကြောင့် ထောင်နှင့်ချီသော အရာရှိများမှာ အာဏာ လက်လွတ် ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဝေဖန်သူများကမူ ဇီမှာ ယခုစည်းကမ်းများကို အသုံးပြုကာ ပါတီအတွင်း ၎င်းအား ဆန့်ကျင်သူများကို ဖယ်ရှားရန် ရည်ရွယ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera