News @ M-Media

Tag: China

  • တရုတ်တွင် မူကြိုကျောင်းကာ ရေလှောင်ကန်တွင်းထိုးကျ ကလေး ၈ ဦး အပါအဝင် ၁၁ ဥိး သေဆုံး

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media
    China school minivan accident kills eight children
    – တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် မူကြိုကျောင်းမှ ကျောင်းကားတစ်စီး ရေလှောင်ကန်အတွင်းသို့ ထိုးကျမှုကြောင့် ကလေးငယ်များအပါအ၀င် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ချန်ရှာမြို့အနီးရှိ မူကြိုးကျောင်းတစ်ကျောင်းမှဖြစ်ပြီး ကလေးငယ်များအား အိမ်ပြန်ပို့စဉ် ယမန်နေ့က ရေလှောင်ကန်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ ကလေးငယ် ၈ ဦး ဆရာနှစ်ဦးနှင့် ယာဉ်မောင်း ၁ ဦးတို့ဖြစ်ကြပြီး ၎င်းတို့၏ အလောင်းများကို ယနေ့နံနက်ပိုင်းက ဆယ်ယူရရှိခဲ့သည်။

    ကျောင်းကားများ ဘေးအန္တရာယ်ကင်းရှင်းရေ လျော့ရဲ့လာမှုပြဿနာကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းကပင် တရုတ်နိုင်ငံ၌ရင်ဆိုင်နေခဲ့ရသည်။

    ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဂန်ဇူးပြည်နယ်ရှိ ကိုယ်ပိုင် မူကြိုတစ်ခုမှ ထိုင်ခုံ ၉ ခုသာပါသော ကျောင်းကားမှာ လူ ၆၄ ဦးကို တင်ဆောင်ပြီး ကျောက်မီးသွေးတင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့သောကြောင့် လူကြီး ၂ ဦးနှင့် ကလေး ၂၀ ဦး သေဆုံးခဲ့ကာ ကလေးငယ် ၄၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် မူကြိုပိုင်ရှင်အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ၀တ္တရားပျက်ကွက်မှုနှင့် မူကြိုကျောင်းကား ပြင်ဆင် မွမ်းမံထားသည့် ပြဿနာကို မဖြေရှင်းနိုင်မှုကြောင့် အကြီးတန်း ယာဉ်ထိန်းအရာရှိတစ်ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကာ အခြားအရာရှိတစ်ဦးကိုမူ တာဝန်ထမ်းဆောင်ခွင့် ၃ နှစ် ပိတ်ပင်ခဲ့သည်။

    Ref: CNA

  • ဂျပန်၏ အတိတ်က ကျူးကျော်ခဲ့မှုအား တရုတ်သမ္မတ ဝေဖန်တိုက်ခိုက်

    ဂျပန်၏ အတိတ်က ကျူးကျော်ခဲ့မှုအား တရုတ်သမ္မတ ဝေဖန်တိုက်ခိုက်

    ဇူလိုင် ၆ ၊ ၂၀၁၄
    M-Media
    China attacks Japan for 'barbarous' past
    – တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့အား ဂျပန်က စစ်ရေးဖြင့် ကျူးကျော်ခဲ့သည့် အတိတ်သမိုင်းကို တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ဇီကျင်ပင်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်ဟု သိရသည်။

    ၂ ရက်ကြာ အလည်အပတ် ရောက်ရှိနေသည့် ဇီက ဆိုးလ်အမျိုးသား တက္ကသိုလ်၌ ယနေ့ ပြုလုပ်သည့် မိန့်ခွန်းတွင် ထိုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ဇီမှာ တောင်ကိုရီးယာနိုင်ငံပြီးနောက် မဟာမိတ် မြောက်ကိုရီးယားသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။

    “၂၀ ရာစုရဲ့ ပထမ နှစ် ၅၀ မှာ ဂျပန်စစ်ဝါဒီတွေက တရုတ်နဲ့ တောင်ကိုရီးယားတို့အပေါ် ပြင်းထန်တဲ့ စစ်ပွဲတွေဆင်နွှဲခဲ့ပါတယ်။ ကိုရီးယား တစ်နိုင်ငံလုံးနဲ့ တရုတ်ပြည်မကြီးရဲ့ ထက်ဝက်လောက်ကိုပါ” ဟု ဇီကဆိုသည်။

    မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ကိစ္စနှင့် ပတ်သက်၍မူ နျူကင်းစင်သော ကိုရီးယားကျွန်းဆွယ်ဖြစ်လာရေး လိုအပ်သည်ဟုသာ ပြောကြားခဲ့သည်။

    တရုတ်နှင့် ကိုရီးယား ကျွန်းဆွယ်တို့ကို ဂျပန်က ၂၀ ရာစုအစောပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး၊ ယခုလက်ရှိတွင်လည်း တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့မှာ နိုင်ငံရေးနှင့် ပိုက်နက်ဆိုင်ရာ အငြင်းပွားမှုများရှိနေသည်။

    Ref: Al Jazeera and agencies

  • တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးကို လာဘ်စားမှုနှင့် ပတ်သက်၍ စစ်ဆေးနေ

    ဇွန်လ ၁၅ ရက် ၊ ၂၀၁၄
    M-Media
    2014614143137341734_20
    – ချစားမှုနှင့် ပတ်သက်၍ သံသယရှိသူ အကြီးတန်း နိုင်ငံရေးသမားတစ်ဦးအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တရုတ် အာဏာပိုင်များက ကြေညာ လိုက်သည်။

    တရုတ်နိုင်ငံရေးကွန်ဆာဗေးတစ်ညီလာခံ CPPCC ၏ ဒုတိယဥက္ကဌဖြစ်သူ ဆူရုံ ဆိုသူဖြစ်ပြီး ကွန်မြူနစ်ပါတီ၏ စည်းမျဉ်းများနှင့် နိုင်ငံဥပဒေကို ချိုးဖောက်သည်ဟု ယုံကြည်ရသောကြောင့် စုံစမ်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကွန်မြူနစ်ပါတီ ဗဟိုကော်မရှင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော ကြေညာချက်၌ ဖော်ပြထားသည်။

    နိုင်ငံဥပဒေချိုးဖောက်သည်ဟု ဆိုခြင်းမှာ ချစားမှုကိုရည်ညွှန်းခြင်းဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ဆူမှာ ရှန်ဇီ၊ ဂန်ဆူနှင့် ကွင်းဟိုင် ပြည်နယ် ပါတီခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ပြီးခဲ့သည့်နှစ်က ပါတီ၏ ထိပ်တန်းခေါင်းဆောင်နေရာသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။

    CPPCC မှာ တရုတ်နိုင်ငံရေး နယ်ပယ်တွင် ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး တစ်နှစ်လျှင် တစ်ကြိမ် အစည်းအဝေးများပြုလုပ်ကာ နိုင်ငံ၏ လူမှုရေးနှင့် စီပွားရေးပေါ်လစီများကို ချမှတ်ဆောင်ရွက်နေသည်။ ဆူမှာ ချစားမှုများကို တိုက်ဖျက်မည်ဟု ကတိပေးခဲ့သည့် သမ္မတစ် ဇီဂျင်ပင်းလက်ထက် ပထမဆုံး စစ်ဆေးခြင်းခံရသည့် အကြီးတန်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

    Ref: Agencies

  • တရုတ် အနောက်တောင်ပိုင်းတွင် မိုင်းတွင်းပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၂၂ ဦးသေဆုံး

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    126576701_14018461410211n
    – တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ယမန်နေ့ ညနေပိုင်းက ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    Chongqing ပြည်နယ် ယန်ရှိတိုင်း ခရိုင်တွင် ဒေသစံတော်ချိန် ညနေ ၅ ၄၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပေါက်ကွဲသည့်အချိန်တွင် မိုင်းလုပ်သား ၂၈ ဦး ရှိနေပြီး ၆ ဦးကို ကယ်ဆယ်ရေးသမားများက ကယ်တင်နိုင်ခဲ့ကာ ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    ထိုမိုင်းတွင်မှာ Chongqing ပြည်နယ်တွင် အကြီးဆုံး ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီဖြစ်သည့် အစိုးရပိုင် Nantong Mining Co., Ltd မှ ပိုင်ဆိုင်သော မိုင်းတွင်းဖြစ်သည်။

    တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းမှု အစီအမံများ အားနည်းသောကြောင့် မိုင်းတွင်းပေါက်ကွဲ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၃ ခုနှစ်အတွင်း မိုင်းတွင်း ပေါက်ကွဲ၊ ပြိုကျမှုကြောင့် သေဆုံးသူဦးရေမှာ ၁၀၄၉ ဦးရှိသည်။

    ဆင်ဟွာ

  • အာရှပစိဖိတ်ဒေသ အမေရိကန်၏ ရပ်တည်ချက်မှာ ဗိုလ်ကျမှုသာဖြစ်သည်ဟု တရုတ်ဆို

    ဇွန် ၁ ၊ ၂၀၁၄
    M-Media
    2014617280422734_20
    – အာရှပစိဖိတ်ဒေသရှိ အငြင်းပွားမှုများတွင် အမေရိကန်၏ ရပ်တည်ချက်က ဗိုလ်ကျစိုးမိုးမှု၊ ခြိမ်းခြောက်မှုဖြင့် ပြည့်နှက်နေသည်ဟု တရုတ် စစ်တပ်မှ အကြီးတန်း အရာရှိ ၀မ် ဂွမ်ဇွန်းက ယနေ့တွင် ပြောကြားလိုက်သည်။

    စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် Shangri-La Dialouge တွင် မိန့်ခွန်းပြောကြားပြီးနောက် သတင်းထောက်များအား ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုမှတ်ချက်မှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချက်ဟေဂယ်က ဒေသတွင်းနှင့် နိုင်ငံတကာ အမိန့်ကို နိုင်ငံများက စိန်ခေါ်ရန်ကြိုးစားသည့်အခါ အမေရိကန်မှာ အခြားနည်းလမ်းကို ရှာဖွေမည် မဟုတ် (စစ်တိုက်မည်)ဟု ပြောကြားမှုကို တုန့်ပြန်ပြောဆိုခြင်းလည်းဖြစ်သည်။

    ဟေဂယ်၏ အဆိုပါပြောစကားက အာရှပစိဖိတ်ဒေသအတွင်း ပြဿနာများဖြစ်ပွားရန် ရည်ရွယ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မဟာမိတ် တပ်များ စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်သည်ဟု ဂွမ်ဇွန်းက ထည့်သွင်းပြောကြားခဲ့သည်။ ဟေဂယ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုမှာ ဒေသအတွင်း မတည်မငြိမ်ဖြစ်စေပြီး အာရှ၏ နှစ်ရှည်တိုးတက်မှုကိုလည်း ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    တရုတ်သမ္မတ ဇီဂျင်ပင်းကမူ တရုတ်အနေဖြင့် ရန်စသော လုပ်ရပ်ကို လုပ်မည်မဟုတ်ဘဲ အခြားနိုင်ငံများက ပြုလုပ်လျှင်လည်း တရုတ်နိုင်ငံက ပြန်လည် တုံ့ပြန်သွားမည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။

    ref:aljazeera