News @ M-Media
Tag: China
  • အစ်မချစ်သူအား လုယူ လက်ထပ်ခဲ့ပြီး နောက်တယောက်နှင့် လက်တွဲနိုင်ရန် သတ်ပစ်
    အစ်မချစ်သူအား လုယူ လက်ထပ်ခဲ့ပြီး နောက်တယောက်နှင့် လက်တွဲနိုင်ရန် သတ်ပစ်
    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    Qiao-Li-Tsui
    –  အခြားအမျိုးသားတစ်ဦးနှင် လက်ထပ်နိုင်ရန်အတွက် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ ခင်ပွန်းဖြစ်သူအား ရိုက်သတ်ကာ မသေမရှင် မြေမြှုပ်ခဲ့သည့် ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    နိုင်ငံအရှေ့ပိုင်း ဟွန်ဇူးမြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး Qiao Li Tsui မှာ လွန်ခဲ့သည့် ၂ နှစ်ခန့် အသက် ၃၀ အရွယ် Jian Tsao နှင့်တွေ့ဆုံခဲ့ပြီး ချစ်သူများ ဖြစ်ခဲ့ကြသည်။ Jian Tsao မှာ Qiao ၏ အသက် ၂၇ နှစ်အရွယ် အစ်မဖြစ်သူ Wan Niu နှင့် စေ့စပ်ထားသူဖြစ်သော်လည်း Qiao မှာ Jian အား အစ်မဖြစ်သူကို ထားခဲ့ရန် တိုက်တွန်းခဲ့ပြီးနောက် လွန်ခဲ့သည် ၁ နှစ်က လက်ထပ်ခဲ့ကြသည်။
    လက်ထပ်ပြီး တစ်နှစ်ခန့်အကြာတွင် Qiao မှာ အသက် ၂၇ နှစ်အရွယ် Cai Chen နှင့် အွန်လိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် ချစ်သူများ ဖြစ်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးလက်ထပ်ရန်အတွက် ခင်ပွန်းဖြစ်သူ Jian ကို သတ်ရန် ကြံစည်ခဲ့သည်။
    ထို့နောက် Qiao မှာ ခင်ပွန်းဖြစ်သူအား ပျော်ပွဲစားထွက်ရန်ဟုဆိုကာ တောင်တန်းတစ်ခုပေါ်သို့ ဖျားယောင်းခေါ်ဆောင်သွားပြီး ဓားဖြင့် Jian ရင်ဘတ်အား အချက်ပေါင်းများစွာ ထိုးခဲ့ကာ ခင်ပွန်းဖြစ်သူ သတိလစ်သွားချိန်တွင် ချစ်သူသစ် Cai Chen နှင့်ပေါင်း၍ မြေမြှုပ်ခဲ့ကြသည်။
    သို့သော်လည်း အဆိုပါ စုံတွဲအား ရက်အနည်းငယ်အကြာတွင် ဖမ်းမိခဲ့ပြီး Jian ၏ အလောင်းအား စစ်ဆေးကြည့်ရာတွင် အဆုတ်ထဲ၌ မြေမှုန့်များကို တွေ့ရသောကြောင့် မသေခင် မြေမြှုပ်ခြင်း ခံခဲ့ရသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။
    ၎င်းတို့နှစ်ဦးကိုလည်း တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက Qiao မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကျခံရဖွယ်ရှိနေသည်။
    ref_ Mirror
  • တရုတ်နိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၀က်ကိုက်ခံရ၍ သေဆုံး
    တရုတ်နိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၀က်ကိုက်ခံရ၍ သေဆုံး
    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    1415884658050_wps_24_Pic_shows_Locals_cut_the_
    – ၀က်ခြံနားသွားသည့် ကလေးငယ်တစ်ဦးအား ကလေးမွေးထားသည့် ၀က်မက ကိုက်သတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့အား စားသောက်ခဲ့သည့် အဖြစ်အပျက်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    နိုင်ငံအရှေ့ပိုင်း ဂျီယန်ဆူပြည်နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှေ့ရှိ ဥယျာဉ်တွင် ကစားနေသည့် ကီကီအမည်ရ အဆိုပါ ကလေးငယ်မှာ ၀က်ခြံသို့ သွားရောက်ရာမှ သားပေါက်ထားသည့် ၀က်မက ၎င်း၏ ကလေးများအား ကာကွယ်သည့်အနေဖြင့် ကီကီအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    အခင်းဖြစ်ပွားချိန်တွင် မိဘနှစ်ဦးစလုံးမှာ အိမ်အတွင်းသို့ ၀င်သွားချိန်ဖြစ်ပြီး ကလေးငယ်၏ အော်သံကြားသည့်အတွက်ကြောင့် ထွက်ကြည့်ခဲ့ရာ ၀က်မမှာ ကလေးငယ်၏ မျက်နှာအား ကိုဖြတ် စားသောက်နေသည်ကို တွေ့ခဲ့ရသည်။
    “ကျွန်တော်တို့ အိမ်ထဲဝင်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ အော်သံကြားခဲ့ရတာပါ။ ကျွန်တော်တို့ထွက်လာတော့ ၀က်မက မီတာ ၈၀ အကွာမှာရှိနေပြီး ကီကီရဲ့ ဦးခေါင်းကို ကိုက်ဖြတ်နေပါတယ်” ဟု အသက် ၂၅ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဆန်ဆိုင်က ပြောကြားခဲ့သည်။
    ထို့နောက် ရွာသားများရောက်ရှိလာကာ အဆိုပါဝက်မအား သတ်ဖြတ်ကြည့်ရှုခဲ့ရာ ဗိုက်ထဲတွင် ကလေးငယ်၏ ဦးခေါင်းအစိတ်အပိုင်းကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။
    “၀က်မတွေဟာ သွန်သင်ရ လွယ်ကူပေမယ့် ဇီးရှိတဲ့ အကောင်တွေနဲ့ သားပေါက်စ အကောင်တွေဟာ ရန်လိုတတ်ကြပါတယ်။ သူတို့နားကို ကပ်တဲ့ဟာမှန်သမျှ သူတို့ရဲ့ သားသမီးတွေကို ရန်မူမယ်လို့ပဲ ထင်ကြပါတယ်။ လယ်သမားတွေအနေနဲ့ သူတို့ရဲ့ ၀က်တွေကို ၀က်ခြံထဲမှာပဲထားဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
    ref_ Daily Mail
  • အနောက် အာဖရိကမှ ပြန်လာသည့် ကျန်းမာရေး ဝန်ထမ်းများကို သီးခြား ခွဲထားမည်ဟု တရုတ်အစိုးရ ပြော
    အနောက် အာဖရိကမှ ပြန်လာသည့် ကျန်းမာရေး ဝန်ထမ်းများကို သီးခြား ခွဲထားမည်ဟု တရုတ်အစိုးရ ပြော
    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    361952_img650x420_img650x420_crop
    – အနောက်အာဖရိကတွင် အီဘိုလာကူးစက်နေသူများအား ကုသပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ နိုင်ငံ အတွင်းသို့ ရောက်လာပါက ရောဂါ လက္ခဏာပြနိုင်သောကာလ ကျော်လွန်သည် အထိ သီးခြားခွဲထားမည်ဟု တရုတ်ကျန်းမာရေး ၀န်ကြီးဌာန လက်ထောက်ဒါရိုက်တာ ဟီကွင်ဟာက ပြောကြားလိုက်သည်။
    တရုတ်နိုင်ငံသို့ ပြန်လာသည့် ကျန်းမာရေး ၀န်ထမ်းများအနေဖြင့် စောင့်ကြည့်ကာလသို့ ရောက်မီ စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် ခံယူရမည်ဖြစ်ပြီး၊ နောက်ပိုင်း တွင် ရောဂါလက္ခဏာပြနိုင်သည့်ကာလဖြစ်သော ၂၁ ရက်အထိ သီးသန့်ခွဲထားကာ ကျန်းမာရေးဌာနက စောင့်ကြည့်လေ့လာသွားမည် ဖြစ်သည်။
    သို့သော်လည်း အဆိုပါ ကျန်းမာရေး ၀န်ထမ်းများအား အိမ်တွင် သီးသန့်ထားမည်လား၊ သို့မဟုတ် ဆေးရုံများရှိ သီးသန့်အခန်းများတွင် ထားမည်လားဆိုသည်ကို ကွင်ဟာက ပြောကြားခဲ့ခြင်းမရှိဘဲ ရောဂါ လက္ခဏာပြသူများကို အီဘိုလာအတွက် အထူးပြင်ဆင်ထားသော ဆေးရုံများသို့ ပို့ဆောင် သွားမည်ဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။
    ယခုနှစ်အစောပိုင်းက စတင်ခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကြောင့် သေဆုံးမှုအရေအတွက်မှာ ၅၀၀၀ နီးပါး ရှိလာပြီဖြစ်ပြီး လက်ရှိကူးစက်နေသူမှာ ၁၃၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပြီး သေဆုံးသူနှင့် ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ထိုထက်ပို၍ များပြားနိုင်သည်ဟုလည်း ပြောကြားထားသည်။
    တရုတ်နိုင်ငံမှာ အီဘိုလာ ပြန့်နှံ့ရာ ဒေသများသို့ ကျန်းမာရေး ၀န်ထမ်း ၃၀ ကို စေလွှတ်ထားပြီး လာမည့်သီတင်းပတ်များတွင်လည်း ရာနှင့်ချီ၍ စေလွှတ်ရန် စီစဉ်ထားသည်။ ထို့ပြင် လိုက်ဘေးရီးယားနိုင်ငံ၌ ကုတင် ၁၀၀ ဆန့် အီဘိုလာကုသရေးစင်တာ တစ်ခု တည်ဆောက်ရန်အတွက်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မှ တပ်ဖွဲ့ဝင်များကို စေလွှတ်ထားသည်။
    ref_ AFP/ir
  • အမျိုးသမီးလူသေ အလောင်း တူးဖော်ရောင်းချသည့် ဂိုဏ်း တရုတ်နိုင်ငံတွင် ဖမ်းမိ
    အမျိုးသမီးလူသေ အလောင်း တူးဖော်ရောင်းချသည့် ဂိုဏ်း တရုတ်နိုင်ငံတွင် ဖမ်းမိ
    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    1414757592060_wps_44_Pic_shows_The_place_where
    – ရှေးခေတ် ဓလေ့ထုံးစံကို လိုက်နာရန်အတွက် လူသေအလောင်းများနှင့် လက်ထပ်သော မိသားစုထံသို့ လောလော လတ်လတ်မြှုပ်ထားသည့် အလောင်းများကို တူးဖော်ရောင်းချသည့် ဂိုဏ်း တစ်ခုကို တရုတ်နိုင်ငံ၌ ဖမ်းမိခဲ့သည်ဟု သိရသည်။
    ရှန်ဒုန်ပြည်နယ် ဟီဇီမြို့တွင် ဆိုင်ကယ် ခိုးယူသူ အသက် ၃၄ နှစ်အရွယ် ၀မ်ဆူဆိုသူအား ဖမ်းဆီး စစ်ဆေးခဲ့ရာမှ ထိုကဲ့သို့ လူသေအလောင်းများ တူးဖော်ရောင်းချသည့် ဂိုဏ်အား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
    ထို့နောက် ရဲတပ်ဖွဲ့မှ ဆက်စပ်ဖမ်းဆီးခဲ့ရာ အလောင်းတူဖော်ရောင်းချသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ အခြားသောအလောင်းများကိုလည်း တူးဖော်ရောင်းချမှုများ ရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။
    တရုတ်နိုင်ငံတွင် သေဆုံးသွားသူများနှင့် လက်ထပ်ခြင်းမှာ ရှေးရိုးရာ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီး မိသားစုအတွင်း ကံကောင်းစေရန်လည်းကောင်း၊ အိမ်ထောင်မပြုဘဲ သေဆုံးသွားခဲ့သည့် အမျိုးသားများအနေဖြင့် နောင်ဘ၀တွင် အိမ်ထောင်ကျစေရန် လည်းကောင်း၊ ကျန်သည့် ညီ၊ ညီမများအား အိမ်ထောင်ပြုနိုင်ရန်အတွက်အိမ်ထောင်မပြုရသေးသည့် အစ်ကိုအား အိမ်ထောင်ချပေးရာတွင်လည်းကောင်း အဆိုပါ ဓလေ့ထုံးတမ်းကို အသုံးပြကြသည်။
    ထိုကဲ့သို့ အမျိုးသမီးအလောင်းများအား ၀ယ်ရာတွင် လတ်ဆတ်သောအလောင်းများအတွက် ဈေးပိုပေးရလေ့ရှိသည်ဟုလည်း သိရသည်။
    သို့သော်လည်း ၁၉၄၉ ခု တရုတ်ကွန်မြူနစ်ပါတီ စတင်အာဏာရလာသည့် အချိန်မှစ၍ တရုတ်နိုင်ငံတွင် ရှေးရိုးရာ ဓလေ့ထုံးတမ်းအများအပြားကို ပယ်ဖျက်ခဲ့ပြီး ထိုပယ်ဖျက်မှုတွင် လူသေများနှင့် လက်ထပ်ခြင်းလည်းပါဝင်သည်။ ယခုလက်ရှိတွင် ထိုဓလေ့ထုံးတမ်းအား ကျင့်သုံးမှုမှာ တရားမ၀င်ဟု သတ်မှတ်ထားပြီး သေဆုံးသူအမျိုးသမီး၏ အလောင်းအား ခိုးယူပါက ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်မည့် ဥပေဒတစ်ခုကိုလည်း ပြဌာန်းထားသည်။
    သို့သော်လည်း ထိုဓလေ့ထုံးတမ်းအားကျင့်သုံးမှုများရှိနေပြီး ယခင်ကလည်း ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်မှုများလည်းရှိခဲ့သည်။
    ref_ Daily Mail
  • တရုတ်နိုင်ငံ တွင် ကျောင်းသား ၂၀၀၀ ကျော် စာမေးပွဲ၌ ရေဒီယိုလှိုင်းသုံး၍ စာခိုးချစဉ် ဖမ်းမိ
    တရုတ်နိုင်ငံ တွင် ကျောင်းသား ၂၀၀၀ ကျော် စာမေးပွဲ၌ ရေဒီယိုလှိုင်းသုံး၍ စာခိုးချစဉ် ဖမ်းမိ
    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    141028131118-china-exam-security-story-top
    – တရုတ်နိုင်ငံ ပြည်နယ်တစ်ခုရှိ ဆေးဘက်ဆိုင်ရာ စာမေးပွဲတွင် ကျောင်းသား ၂၀၀၀ ကျော်မှာ ရေဒီယိုလှိုင်းသုံး၍ ပြင်ပ အကူအညီ ရယူကာ စာမေးပွဲဖြေဆိုခဲ့ကြပြီး၊ ထိုလုပ်ရပ်အား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
    နိုင်ငံမြောက်ပိုင်း ဇီယန်ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာ စာမေးပွဲ၌  နေရာ ၇ ခုတွင် ပုံမှန်မဟုတ်သည့် ရေဒီယိုလှိုင်းများမှ တစ်ဆင့် ကြိုးမဲ့နားကြပ်များ၊ လျှပ်စစ် ခဲဖျက်များ တပ်ဆင် အသုံးပြုထားသော ကျောင်းသားများထံသို့ အဖြေများပေးပို့နေသည်ဟို စာမေးပွဲ အခန်းစောင့်များက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
    ထိုစနစ်ကို ဆောင်ရွက်သူများမှာ စာမွေးပွဲ အခန်းအတွင်းသို့ အယောင်ဆောင် ကိုယ်စားလှယ် တစ်ဦးကို စေလွှတ်ခဲ့ကာ မေးခွန်းများကို ရယူခဲ့ပြီးနောက် ကျောင်းသား ၂၄၄၀ ဦးထံသို့ အဖြေများကို ပေးပို့ခြင်းဖြစ်သည်။ ထိုစနစ်အား အသုံးပြုနိုင်ရန် အတွက်ကျောင်းသား တစ်ဦးလျှင် ဒေါ်လာ ၃၃၀ ခန့် ပေးရသည်ဟု ဆိုသည်။
    အဆိုပါ စာမေးပွဲတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ပါဝင်ပြီး၊ ဘေဂျင်း အခြေစိုက် ပညာရေး အကြံပေးတစ်ဦးကမူ တရုတ်ပညာရေးစနစ်တွင် စာမေးပွဲဖြေဆိုခြင်း စနစ်ကို ထားရှိခြင်းက လိမ်လည်ဖြေဆိုသည့် ယဉ်ကျေးမှုကို ဖြစ်ထွန်းစေခြင်းသာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
    ထို့ပြင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများတွင် ခိုးချနိုင်သည့် ပစ္စည်းများ စာမေးပွဲအခန်း အတွင်းသို့ မပါလာစေရန်အတွက် တာဝန်ရှိသူများက အဆင့်မြင့် ရှာဖွေနည်းများကို အသုံးပြု၍ ရှာဖွေမှုများကို ပြုလုပ်ပြီး စာမေးပွဲခန်း လုံခြုံရေးမှာ လေဆိပ် လုံခြုံရေးထက်ပင် ပိုမိုတင်းကြပ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ref_ CNN