News @ M-Media

Tag: China

  • အငြင်းပွားနေသည့် ကျွန်းဆီသို့ ဖိလစ်ပိုင် သင်္ဘောစေလွှတ်မှု တရုတ်သတိပေး

    မတ် ၃၀၊ ၂၀၁၄
    M-Media

    – တောင်ရုတ်ပင်လယ်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နန်ရှာကျွန်းရှိ Ren’ai သန္တာကျောက်တန်းအား ဖိလစ်ပိုင်မှ သိမ်းပိုက်ရန် ကြိုစားမှုကို မည်သည့်အခါမှ လက်မခံဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    china-vs-ph-west-phillipine-sea-carousel-rappler-20143003
    ဖိလစ်ပိုင်နိုင်ငံမှ ဂျာနယ်လစ်များပါဝင်သည့် ထောက်ပံ့ရေးသင်္ဘောတစ်စင်းအား အဆိုပါ သန္တာကျောက်တန်းသို့ ယမန်နေ့က ပို့လွှတ်ခဲ့ပြီးနောက် ထိုလုပ်ရပ်အား တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွန်လီက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

    Ren’ai  သန္တာကျောက်တန်းကို တရားမ၀င်သိမ်းပိုက်ရန် ဖိလစ်ပိုင်၏ ကြိုးစားမှုမှာ တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုကို ဆွပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဟွန်လီက ပြောကြားခဲ့သည်။ သို့သော်လည်း Ren’ai သန္တာကျောက်တန်းအပါအ၀င် နန်ရှာကျွန်းအပေါ် တရုတ်နိုင်ငံက သက်ရောက်သည့် အချုပ်ခြာအာဏာကို ပြောင်းလဲနိုင်မည်မဟုတ်ဘဲ၊ အချုပ်ခြာအာဏာအား တရုတ်နိုင်ငံက ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု ဟွန်လီက ထည့်သွင်းပြော ကြားခဲ့သည်။

    ထို့ပြင် ၂၀၀၂ ခုနှစ်က အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ ချုပ်ဆိုခဲ့သော တောင်တရုတ်ပင်လယ် စီမံခန့်ခွဲမှု ကြေညာချက် DOC ကို ဖိလစ်ပိုင်မှ ချိုးဖောက်ခြင်းကိုလည်း တရုတ်နိုင်ငံက ခွင့်ပြုသွားမည်ဟုတ်ဟု ဆိုသည်။

    တရုတ်နိုင်ငံမှ နန်ရှာကျွန်းဟုခေါ်သည့် စပရက်တလီကျွန်းမှာ တောင်တရုတ်ပင်လယ်အတွင်း တည်ရှိပြီး တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူးနိုင်းတို့က ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော ကျွန်းလည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၉၉ ခုနှစ်တွင် ထိုကျွန်းတို့ စစ်တပ်များစေလွှတ်ခဲ့ပြီး၊ စစ်အင်အားတိုးချဲ့ရေးအတွက် အဆောက်အဦများ ဆောက်လုပ်ရန်လည်း ပစ္စည်းကိရိယာများ ပေးပို့ခဲ့ဖူးသည်။

    ဆင်ဟွာ

  • မြောက်ကိုရီးယား၏ ရန်လိုမှုများ အတွက် တရုတ်သတိပေး

    မြောက်ကိုရီးယား၏ ရန်လိုမှုများ အတွက် တရုတ်သတိပေး

    မတ် ၉၊ ၂၀၁၄
    M-Media

    မြောက်ကိုရီးယား၏ ရန်လိုမှုများအတွက် တရုတ်သတိပေး၊ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ နျူဖျက်သိမ်းရေးဖြစ်သည်ဟုဆို

    – ကိုရီးယားကျွန်းဆွယ်အတွင်း စစ်ပွဲ သို့မဟုတ် ပဋိပက္ခများကို တရုတ်နိုင်ငံအနေဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် နျူလက်နက် စွန့်လွှတ်ရေးက သာလျှင် ငြိမ်းချမ်းရေးရရှိရန် အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံမှ မြောက်ကိုရီယားသို့ သတိပေး ပြောဆိုလိုက်သည်။

    နျူးကလီးယားဗုံး စွန့်လွှတ်ရေးကို ငြင်းဆန်ထားသည့် အတွက် ကုလ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး ဖယ်ကျဉ်ခြင်း ခံထားရသည့် မြောက်ကိုရီးယား နိုင်ငံ အတွက် တရုတ်နိုင်ငံမှာ သံတမန်မန်ရေးနှင့် စီးပွားရေးကို့ အဓိက ထောက်ပံ့ပေးနေသောနိုင်ငံဖြစ်သော်လည်း၊ မြောက်ကိုရီးယားနိုင်ငံဘက်မှ နျူးကလီးယားစမ်းသပ်မှု သုံးခုနှင် ဒုံကျည်များ ပစ်လွှတ် စမ်းသပ်ခြင်းတို့ အပါအ၀င် စစ်ရေးအရ ခြိမ်းခြောက်မှုများ ရှိလာသောကြောင့် မြောက်ကိုရီးယား အပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ သည်းခံမှုမှာ လျော့နည်းလာခဲ့သည်။

    ယခုလ ၇ ရက်နေ့ကလည်း မြောက်ကိုရီးယားမှ ပစ်လွှတ်သော ဒုံးကျည်တစ်စင်းမှာ တရုတ် ခရီးသည်တင်လေယာဉ် တစ်စင်းအနားမှ ဖြတ်သွားပြီး နောက်ပိုင်း တရုတ်နိုင်ငံက မြောက်ကိုရီးယား လုပ်ရပ်အတွက် အလွန်စိုးရိမ်မိသည်ဟု ပြောဆိုခဲ့ကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။

    “ကိုရီးယားကျွန်းဆွယ်ဆိုတာ တရုတ်နိုင်ငံရဲ့ တံခါးတစ်ချပ်ပါ။ ကျွန်တော်တို့မှာ ကန့်သတ်ချက် စည်းမျဉ်းတစ်ခုရှိပြီး အဲဒီစည်းမျဉ်းကတော့ စစ်ပွဲနဲ့ ကိုရီးယားကျွန်းဆွယ် မတည်ငြိမ်မှုကို ခွင့်မပြုဖို့ပါပဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက သတင်းထောက်များအား ယမန်နေ့တွင်ပြောကြားခဲ့သည်။

    ထို့ပြင် အဖွဲ့အားလုံးအနေဖြင့် မိမိတို့၏ အပြုအမူများကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပြီး၊ ကျွန်းဆွယ်အတွင်း စစ်မှန်၏ ရေရှည်ခံသော ငြိမ်းချမ်းရေးရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ နျူကလီးယား ဖျက်သိမ်းရေးသာဖြစ်သည်ဟု ၀မ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Aljazeera

  • တရုတ်နှင့် အငြင်းပွားနေသည့် ရေပိုင်နက် အနီးရှိ ဖိလစ်ပိုင် ရေတပ်စခန်း အဆင့်မြှင့်တင်မည်။

    မတ် ၇ ၊ ၂၀၁၄
    M-Media

    philippine-navy-ship

    – နိုင်ငံ၏ပိုင်နက်အား ကာကွယ်ရန် လိုအပ်သော စစ်သင်္ဘောများကို ၀န်ဆောင်မှုပေးရန် အတွက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်နှင့် မျက်ချင်းဆိုင်တွင်ရှိသော ရေတပ်စခန်းအား အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဟု ဖိလစ်ပိုင်နိုင်ငံ စစ်တပ်မှ ယနေ့တွင် ပြောကြားခဲ့သည်။

    တောင်တရုတ်ပင်လယ် Spratly ကျွန်းစုအနီး Ulugan ပင်လယ်အော်ဆိပ်ကမ်းရှိ ဖိလစ်ပိုင်ရေတပ်စခန်းအတွက် ပီဆို သန်း ၅၀၀ (ကန်ဒေါ်လာ ၁၁.၂ သန်း) ပမာဏ အကုန်ကျခံကာ အဆင့်မြှင့်တင်မှုများ ပြုလုပ် သွားမည်ဟု ရေတပ် ဗိုလ်ချုပ်ကြီး ဂရီဂိုရီ ဖာဘစ်က ဆိုသည်။

    “(ရေတပ်ရဲ့) စွမ်းဆောင်ရည်တွေမြှင့်တင်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ စစ်သင်္ဘောကြီးတွေကို ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် အဲဒီရေတပ် စခန်းကို ကျွန်တော်တို့ ခေတ်မီအောင်လုပ်ဖို့လိုပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ဖွင့်လှစ်ရန်အတွက် သမ္မတ ဘန်အစ်ဂ်နို အကွီနိုမှာ မေလ ၂၀ ရက်နေ့တွင် အဆိုပါ ရေတပ်စခန်းသို့ လာရောက်ရန်ရှိနေသည်ဟု ဖာဘစ်က ပြောကြားခဲ့သည်။

    နိုင်ငံအနောက်ဘက် Palawan ကျွန်းတွင်ရှိနေသည့် ရေတပ်စခန်းမှာ ဖိလစ်ပိုင်အနောက်ဘက် ကျွန်းမကြီးကို စောင့်ကြပ်သည့် ဖိလစ်ပိုင်ရေတပ်၏ ဌာနချုပ်ဖြစ်သည်။ မကြာသေးမီနှစ်များကစ၍ Spratly ကျွန်းစုနှင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေသတော်တော်များများတရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားရာတွင် ဖိလစ်ပိုင်နိုင်ငံမှာ  ပါဝင်နေသည်။

    နိုင်ငံ၏ စစ်လက်နက်ပစ္စည်းများအား အဆင့်မြှင့်တင်ရေး အစီအစဉ်တွင် ရေတပ် သင်္ဘောများ ဖြည့်တင်းခြင်းများလည်း ပါဝင်ခဲ့ပြီး နိုင်ငံ၏ ပိုက်နက်အား ကာကွယ်ရန် ခိုင်မာသော အဟန့်အတားဖြစ်သည်ဟု ဖိလစ်ပိုင်အစိုးရက ဖော်ပြခဲ့သည်။

    လွန်ခဲ့သည့် ၂ နှစ်အတွင်း ဖိလစ်ပိုင်ရေတပ်မှာ ပြင်ဆင်ထားသော အမေရိကန် ဖရီးဂိတ် စစ်သင်္ဘော ၂ နှစ်စင်း ဖြည့်တင်းခဲ့ပြီး၊ ထိုအထဲမှ တစ်စင်းမှာ ယခုလက်ရှိ တောင်တရုတ် ပင်လယ်တွင် ကင်းလှည့်လျက် ရှိနေသည်။ ရေတပ်အနေဖြင့် နိုင်ငံ၏ ရှည်လျားသော ကမ်းရိုးတန်းအား အပြည့်အ၀ ကာကွယ်စောင့်ရှောက်ရန် ကမ်းခြေစောင့်သင်္ဘော အနည်းဆုံး ၆ စီးခန့် လိုအပ်နေသည်ဟု ရေတပ်တာဝန်ရှိ သူတစ်ဦးမှ ဇန်န၀ါရီလတွင် ပြောကြားခဲ့သည်။

    ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုအား ဖိလစ်ပိုင်မှ နောက်ဆုတ်ခဲ့ပြီးနောက် ထိုဒေသအား တရုတ်နိုင်ငံမှ ထိန်းချုပ်ထားခဲ့ပြီး၊ ဖိလစ်ပိုင်အစိုးရက ကုလမှ ကြားဝင်ဆုံးဖြတ်ပေးရန် တောင်းဆိုထားသော်လည်း တရုတ်နိုင်ငံကမူ လက်ခံခဲ့ခြင်းမရှိပေ။

    ဇန်န၀ါရီ ၂၇ ရက်နေ့က ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောအား တရုတ် ကမ်းခြေစောင့် သင်္ဘောက တိုက်ခိုက်ခဲ့ပြီး သင်္ဘောသားများအား မီးသတ်ပိုက်ဖြင့် ထိုးခဲ့မှုကို မကျေနပ်၍ ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် လက ဆန္ဒပြမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။

    တရုတ်နိုင်ငံကမူ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်း အားလုံးနီးပါးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကမ်းရိုးတမ်းများရှိ ရေပိုင်နက် အားလုံးတို့ကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည်။

    AFP/ec

  • စစ်ဘေးရှောင် ကချင် ပြည်သူများသို့ တရုတ်မှ လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးပို့

    စစ်ဘေးရှောင် ကချင် ပြည်သူများသို့ တရုတ်မှ လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးပို့

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    ဘေဂျင်း။    ။ တရုတ်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ အိုးအိမ်မဲ့မိသားစုပေါင်း တစ်သောင်းအတွက် လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့ကို ပေးပို့လိုက်သည်။

    ယူနန်ပြည်နယ်မြို့တော် ခွန်းမင်(ကူမင်း)မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် စတင်ထွက်ခွာလာသည့် ၎င်းထောက်ပံ့ပစ္စည်းများ၌ ဆန်၊ ဟင်းချက်ဆီ၊ ဆား နှင့် အိပ်ယာခင်း ခန်းဆီးများ စသည်တို့ ပါဝင်သည်ဟု ကူညီရေး စီမံချက်ကြီးကြပ်သူနှင့် ကြက်ခြေနီအသင်း အဖွဲ့ဝင် Sun Shuopeng က ကြာသပတေးနေ့က ပြောကြားသည်။

    မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အကူအညီတောင်းခံမှုကိုအပေါ် တရုတ်ပြည်မှပေးပို့လာသော ယင်းထောက်ပံ့ပစ္စည်းတို့မှာ ယခု ရက်သတ္တပတ်အကုန်တွင် ကချင်ပြည်နယ်သို့ ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းဌာနမှ ဆိုသည်။

  • ၀ တပ်ဖွဲ့များကို ရဟတ်ယာဉ်မောင်း သင်တန်းပေးခြင်း သတင်းအပေါ် တရုတ်သံရုံးမှ ငြင်းဆို

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media
    8.-300413-UWSA
    ‘ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် United Wa State Army (UWSA) မှ တပ်ဖွဲ့ဝင်တို့အား တရုတ်ပြည်မှ ရဟတ်ယာဉ်မောင်း သင်တန်းပေးနေသည် ဆိုသည့် သတင်းကို ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ငြင်းဆိုပယ်ချလိုက်သည်။

    ၀ စစ်သည် ၃၀ ဦးကို တရုတ်ပြည်သို့သွားရောက် သင်တန်းတက်ရန် ရွေးချယ်ခဲ့ကြောင်း၊ တရုတ်ပြည်မှ ထိုစစ်တပ်အား ရဟတ်ယာဉ်များ ပေးပို့ထောက်ပံ့ခဲ့သည့် သတင်းများ ရရှိကြောင်း အခြားတိုင်းရင်းသား လက်နက်ကိုင် အုပ်စုဝင်များက ပြီးခဲ့သည့်လတွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။

    ထိုသင်တန်းပေးသည့် သတင်းမှာ လုံးဝ မှန်ကန်မှုမရှိပါ၊ တရုတ် အာဏာပိုင်များ အနေနှင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားမှုရှိပါသည်။ အိမ်နီးချင်းကောင်းဖြစ်သည့်အား  လျော်စွာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထာဝစဉ်အားပေး ထောက်ခံလျက် ရှိပါသည်ဟု တရုတ်သံရုံးမှ ပြန်ကြားရေး အရာရှိ Lei Zhen မှ ပြောဆိုချက်ကို Eleven မီဒီယာမှ ဖော်ပြခဲ့သည်။

    ကိုးကား-Irrawaddynews English Vesion

    ဓါတ်ပုံ- လက်နက်အပြည့်အစုံတပ်ဆင်ထားသော တရုတ်လေတပ်မှ ရဟတ်ယာဉ်တစင်း
    Photo: http://china-defense.blogspot.com