News @ M-Media

Tag: China

  • ဒေါ်အောင်ဆန်းစုကြည်အား တရားဝင် ခရီးစဉ် ဖိတ်ကြားရန် အချိန်တန်ပြီဟု မြန်မာဆိုင်ရာ တရုတ် သံအမတ်ကြီးပြော

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media
    AunSanSuuKyiMineMar14-621x320

    အတိုက်အခံခေါင်းဆောင်ဖြစ်သူ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားဝင် ခရီးစဉ်ဖိတ်ကြားရန် အချိန်တန်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့်နိုင်ငံရေးအရ သြဇာကြီးနေလျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် လိုပါကြောင်း၊ သို့သော် တရုတ်အစိုးရ၏ ဖိတ်ကြားချက်ရှိမှသာ ဖြစ်နိုင်ကြောင်း ဒေါ်စုကြည်မှ ပြောခဲ့သည်။

    ဒေါ်စုကြည်၏ အတိုက်အခံ အုပ်စုဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းရှိ နိုင်ငံရေး ပါတီအားလုံး ရင်ကြားစေ့ရေးကို ဘေဂျင်းမှ ဆက်လက် တိုက်တွန်းသွားမည်ဟု သံအမတ်ကြီး ယန်ဟောက်လန် Yang Houlan မှ Sunday Morning Post နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားခဲ့သည်။

    “ ဒီရာထူးတာဝန်အပ်နှင်းခံရချိန်ကစပြီး ဒေါ်စုကြည်နဲ့ အကြိမ်ကြိမ် ဆုံတွေ့ဖူးပါတယ်။ မြန်မာပြည်သူတွေအကြား သူမရဲ့ နိုင်ငံတကာ ရပ်တည်မှု နဲ့ ထင်ပေါ် လူကြိုက်များမှုအရ တရုတ်ပြည်ရဲ့ ဖိတ်ကြားမှု ဖြစ်လာရပါပြီ ” ဟု သူက ဆိုသည်။

    တစ်ချိန်က တရုတ်ပြည်ရှိ အစိုးရတွဲဖက် အသင်းအဖွဲ့များ၏ ဖိတ်ကြားမှုများကို ဒေါ်စုကြည်မှ အချိုသတ်ရှောင်လွှဲ ခဲ့ဖူးသည်။

    တရုတ်မီဒီယာတစ်ခုနှင့်အင်တာဗျူးစကားကောက်ကြောင်းအရ ဒေါ်စုကြည်သည် တစ်ချိန်ချိန်တွင်တော့ တရုတ်ပြည်သို့ အလည်အပတ် သွားရောက်လိမ့်မည်ဟု ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှ စ၍ သုံးသပ်မှုများ ရှိခဲ့သည်။

    ယမန်နှစ် ဇန္န၀ါရီလအတွင်း တောင်ကိုးရီးယားခရီးစဉ်၌ သူမအနေနှင့် များမကြာမီ တရုတ်ပြည်သို့ သွားရောက်ရန် မျှော်လင့် ထားကြောင်း ပြောဆိုခဲ့သည်။

    ဒေါ်စုကြည်၏အတိုက်အခံပါတီ နှင့် တရုတ်ပြည်အကြား ဆက်ဆံရေးမှာ ယမန်နှစ်က အထူး တိုးတက်လာသည်။ နှစ်ဖက် စလုံးမှလည်း ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပိုမိုချိတ်ဆက် သွားလိုကြောင်း အသွင်ဆောင်နေလျက်ရှိသည်။

    NLD ပါတီမှ ကိုယ်စားလှယ်လေးဦးကို တရုတ်ပြည်သို့ ယမန်နှစ်က စေလွှတ်ပေးခဲ့သည်။ ယမန်နှစ် ဒီဇင်ဘာလ အတွင်း လတ်တစ်လောစေလွှတ်သော အဖွဲ့အား အတိုက်အခံပါတီ အတွင်းရေးမှူး နှင့် ဒေါ်စုကြည်၏အမာခံ လူယုံတစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းမှ ဦးဆောင်ခဲ့သည်။

    “ အနေအထားအသစ်တွေအောက်မှာ ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်ချက်တွေ ဆက်လက်တိုးမြှင့်သွားနိုင်မယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေနဲ့ပတ်သက်လို့ သူတို့ဖက်က သုံးသပ်ချက်အမြင်တွေကိုလည်း ကျွန်တော်တို့ဖက်က စိတ်ဝင်တစား ကြား သိလိုပါတယ် ” ဟု သံအမတ်ယန် က ပြောပါသည်။

    စစ်တပ်၏နှောင်ကြိုးကြီးမားလှသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကျော်လွှားကာ လာမည့်နှစ်တွင် NLD မှ မဲပြတ်နိုင်လိမ့်မည်ဟု တွက်ဆထားကြသည်။

    သမ္မတဦးသိန်းစိန်ကလည်း ဒေါ်စုကြည်အား ရည်ညွှန်းလျက် မိမိသည် မည်သည့်နိုင်ငံသားကို မဆို နိုင်ငံ့ ဦးသျှောင်ဖြစ်စေမည့် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသည်ဟု ပြောဆိုခဲ့ပြီးလည်း ဖြစ်ပေသည်။

    ဓါတ်ပုံ အညွန်း- ၂၀၁၃ ခုနှစ်အတွင်း လက်ပတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သော ဒေါ်အောင်ဆန်းစုကြည် စီမံကိန်း နယ်မြေ တနေရာတွင် တွေ့ရစဉ်

    Photo- AP

    Ref: South China Morning Post

  • မွေးကင်းစကလေးများ ခိုးယူရောင်းစားသည့် ဆရာဝန် တစ်ဦးအား တရုတ်တရားရုံးမှ သေဒဏ်ချမှတ်

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media
    Zhang, an obstetrician involved in baby trafficking, stands trial in Weinan Intermediate People's Court
    – မွေးကင်းစကလေးငယ်များအား ရောင်းစားခဲ့သော နိုင်ငံတောင်အနောက်မြောက်ပိုင်း ဆေးရုံတစ်ရုံရှိ ဆရာဝန်တစ်ဦးအား တရုတ်အစိုးရက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    Zhang Shuxia ဟု အမည်ရသည့်အဆိုပါ ဆရာဝန်မှာ နိုင်ငံအနောက်မြောက်ပိုင်း ဖူပင်းကောင်တီရှိ သားဖွားနှင့်ကလေးစောင့်ရှောက်မှု ဆေးရုံမှ သားဖွာဆရာဝန်တစ်ဦးဖြစ်ပြီး မွေးကင်းစ ကလေးငယ် ၇ ဦးအား ရောင်းစားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ထို့ကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    Zhang မှာ ကလေးမွေးဖွားပြီးနောက် မိဘများအား ၎င်းတို့၏ကလေးငယ်မှာ ရောဂါရှိနေကြောင်း၊ သို့မဟုတ် သေဆုံးသွားကြောင်း လိမ်လည်ပြောဆိုကာ မွေးကင်းစကလေးငယ်များအား ရယူခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က အမွှားမွေးဖွားသည့် မိဘအား ၎င်းတို့ကလေးငယ်တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးမှာလည်း ခြေနှင့် လက်တို့တွင်ရောဂါများရှိနေကြောင်း လိမ်လည်ရောင်းစားခဲ့ပြီး ထိုထဲမှ ကလေးငယ်တစ်ဦးအား ရေမြောင်းထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ရသည်။ မွေးကင်းစကလေးငယ်တစ်ဦးအတွက် ယွမ် ၂၀၀၀၀(ကန်ဒေါ်လာ ၃၃၁၀)ရရှိပြီး၊ ယောက်ျားလေးအတွက် ယွမ် ၄၇၀၀၀(ဒေါ်လာ ၇၈၀၀)ရရှိသည်ဟု Zhang က ထွက်ဆိုခဲ့သည်။

    ယမန်နှစ် ဇူလိုင်လက မိခင်တစ်ဦးမှ ၎င်း၏ကလေးငယ်နှင့် ပက်သက်၍ မသင်္ကာသောကြောင့် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ရာမှ Zhang ၏လုပ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကလေးငယ်များခိုးယူရောင်းစားခြင်း၏ ပုံမှန်ပြစ်ဒဏ်မှာ တစ်သက်တစ်ကျွန်းဖြစ်သော်လည်း Zhang အား တရားရုံးမှ ဆေးကုသခွင့် ၂ နှစ် ပိတ်ပင်ခြင်းနှင့်အတူ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ Zhang ခိုးယူရောင်းစားခဲ့သည့် ကလးငယ်တစ်ချို့အား ရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေနိုင်ခဲ့ကာ မိဘများလက်သို့ ပေးအပ်နိုင်ခဲ့သည်။

    Ref: aljazeera

  • တရုတ်နိုင်ငံ တောင်ပိုင်းရှိ တိဘက်မြို့ဟောင်း တစ်ခု မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီး

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    20141122438723734_20

    တရုတ်နိုင်ငံအနောက် တောင်ဘက် ဒီကွင်ပြည်နယ် ရှန်ဂရီလာကောင်တီရှိ  ရှေးဟောင်း သမိုင်းဝင် တီဘက်မြို့ဟောင်း တစ်ခုမှာ ယမန်နေ့က မီးလောင်ခဲ့မှုကြောင့် လုံးဝ ပျက်ဆီးသွား ခဲ့သည်ဟု သိရသည်။

    အဆိုပါမြို့ဟောင်းရှိ ဒူကီဇွန် ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းမြို့၏ ကျဉ်းမြောင်းသော လမ်းများကြောင့် မီးသတ်ကားများမှာ ၀င်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ၊ မီးလောင်မှုမျာ ၁၀ နာရီ နီးပါးကြာမြင့်ခဲ့သည်။

    နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါမြို့တွင် ရှေးဟောင်း အဆောက်အဦးများနှင့် တိဘက်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများဖြင့် ထုံမွှမ်ထားသော လှပသည့် မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ အလွန်စိတ်ဝင်စားသော မြို့လည်းဖြစ်သည်။

    မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို သိရှိရခြင်း မရှိသေးဘဲ မည်သည့် အကြောင်းကြောင့် မီးလောင်ခဲ့သည်ကိုလည်း စုံစမ်း စစ်ဆေးနေကြောင်း၊ ထိုမြို့ အတွင်းရှိ တည်းခိုခန်း တစ်ခုမှ မတော်တဆ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: aljazeera

  • အငြင်းပွား ရေပိုင်နက် ငါးဖမ်းသင်္ဘောဝင်ခွင့် ကန့်သတ်သည့် တရုတ် ပေါ်လစီ အမေရိကန် ဝေဖန်

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ် ရေပိုင်နက်အတွင် ငါးဖမ်းသင်္ဘောများ ၀င်ရောက်မှုကို ကန့်သတ်သည့် တရုတ်နိုင်ငံ၏ ပေါ်လစီအား အမေရိကန်က ဝေဖန်

    201419235520214734_20

    – တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ရေပိုင်နက်အတွင်း နိုင်ငံခြား ငါးဖမ်းသင်္ဘောမျာ ၀င်ရောက်မှုအား ကန့်သတ်ခဲ့သည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အား အန္တရာယ်ရှိသော လုပ်ရပ်တစ်ခုဖြစ်သည်ဟု အမေရိကန်နိုင်ငံက ပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၁ ရက်နေ့မှ စ၍ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူးနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ပိုင်ဆိုင်သည်ဟု ပြောဆိုထားသည့် အဆိုပါရေ ပိုင်နက်အတွင်း နိုင်ငံခြား ငါးဖမ်းသင်္ဘောများ ၀င်ရောက်ပါက တရုတ်နိုင်ငံ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး ထိုရေပိုက်နက်အတွင်း တရုတ်နိုင်ငံ၏ ဥပဒေသာ အာဏာတည်မည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုကဲ့သို့ သတ်မှတ်ခဲ့မှုမှာ နိုင်ငံတကာ ဥပဒေနှင့် မညီညွတ်ဘဲ၊ ဒေသအတွင်း တင်းမာမှုများ မြင့်တက်လာစေနိုင်ကြောင်းနှင့် သံတမန်ရေးရာ အရ ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို ထိခိုက်နိုင်ကြောင်း အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန် ပီတာစာကီက ယမန်နေ့တွင် ပြေကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အရှေ့တရုတ်ပင်လယ်တွင် လေကြောင်းကောကွယ်ရေးဇုံတစ်ခု သတ်မှတ်ခဲ့ပြီး ထိုကာကွယ်ရေး ဇုန်အတွင်း ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေပိုင်နက်အစိတ်အပိုင်းတစ်ချို့ ပါဝင်ခဲ့သောကြောင့် အမေရိကန်က သတိပေးမှုပြုလုပ်ခဲ့သေးသည်။

    Ref: aljazeera

  • တရုတ်အတွက် သူလျှိုလုပ်ပေးသော လေတပ် အရာရှိဟောင်းအား ထိုင်ဝမ် တရားရုံး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media

    taiwan
    – တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့သည့် လေတပ်အရာရှိဟောင်းတစ်ဦးအား ထိုင်ဝမ်တရားရုံးမှ ယနေ့တွင် ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။

    လေတပ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ယွမ်ရှောက်ဖန်အား ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း စစ်တပ်၏ ထိပ်တန်းလျှို့ဝှက် ချက်များ တရုတ်နိုင်ငံသို့ ပေါက်ကြားစေခဲ့မှုနှင့် ပတ်သက်ပြီး အမှု ၁၂ ခုဖြင့် တရားစွဲဆိုခဲ့ကာ စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ယွမ်မှာ ထိုလျှို့ဝှက်ချက်များအား လုပ်ဖော်ကိုင်ဖက် တရုတ်သူလျှိုတစ်ဦးဖြစ်သူ ချန်ဝန်ဂျန်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ချန်ဝန်ဂျန်မှာ ဘေဂျင်းသို့ အလုပ် ကိစ္စဖြင့် သွားရောက်စဉ် တရုတ်အစိုးရ၏  မဲဆွယ်မှုကြောင့် တရုတ်သူလျှို တစ်ဦး ဖြစ်လာခဲ့ပြီး ၎င်းကိုလည်း နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်ဟု အဆိုပါ တရားရုံးက ပြောကြားခဲ့သည်။

    ထို့ပြင် သူလျှို လုပ်ငန်းမှ ယွမ်ရှောက်ဖန် ရရှိခဲ့သည့် အခကြေးငွေဖြစ်သည့် ကန်ဒေါ်လာ ၂ သိန်း ၆ သောင်းကိုလည်း ဒဏ်ကြေး အဖြစ်သတ်မှတ်ခဲ့သည်။ လက်အောက်ခံ အရာရှိနှစ်ဦးကို သူလျှိုလုပ်ရန် ဆွဲဆောင်ရာမှ ထိုင်ဝမ်အစိုးရက ၎င်းတို့လုပ်ရပ်အား သိရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက ထိုင်ဝမ်ရဲတပ်ဖွဲ့မှ ၎င်းတို့နှစ်ဦးအား ဖမ်းဆီးထားခြင်းဖြစ်သည်။

    ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ပြီးဆုံးပြီးနောက် နှစ်နိုင်ငံ သီးခြားစီဖြစ်လာကတည်းက တရုတ်နှင့် ထိုင်ဝမ်တို့မှာ အပြန်အလှန် လျို့ဝှက်ထောက်လှမ်းမှုများကို ပြုလုပ်ခဲ့ကြသည်။