News @ M-Media

Tag: China

  • ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ကင်ဂျုံအန် ကတိပြု

    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ကင်ဂျုံအန် ကတိပြု

    မတ် ၂၈၊ ၂၀၁၈
    M-Media

    တရုတ်သမ္မရှီနှင့် ကင်ဂျုံအန်တို့ တွေ့ဆုံမှု

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ဘေဂျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးအတွက် ကတိပြုခဲ့သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာက Xinhu က ယနေ့တွင် ဖော်ပြခဲ့သည်။

    “ကျွန်းဆွယ်အတွင်းမှာ နျူကင်းစင်ရေးဆိုတာ ကျွန်တော်တို့ အမြဲတမ်းရပ်တည်လာခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ပြီး သမ္မတဟောင်း ကင်အီဆွန်၊ အထွေထွေအတွင်းရေးမှူး ကင်ဂျုံအီလ်တို့ရဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ တုန့်ပြန်မှုသာ စေတနာမှန်မယ်ဆိုရင် ကိုရီးယားကျွန်း ဆွယ်မှာ နျူကင်းစင်ရေးကိစ္စဟာ ဖြေရှင်းလို့ရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်” ဟု ကင်ဂျုံအန်က ၎င်း၏ အဘိုးနှင့် ဖခင်ဖြစ်သူတို့ကို ကိုးကား၍ ပြောကြားခဲ့သည်။

    ကင်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံလိုစိတ်ရှိသည်ဟုလည်း ရှီကျင့်ဖျင်ကို ထပ်မံပြောကြားခဲ့ပြီး ထရမ့်နှင့် တွေ့ဆုံမှုကိစ္စအတွက် မြောက်ကိုရီးယား၏ ပထမဆုံး တရားဝင် ပြောကြားမှုလည်း ဖြစ်သည်။

    ကင်ဂျုံအန်မှာ တရုတ်နိုင်ငံသို့ တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့အထိ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့လာရောက်မှုမှာ တရားဝင်မဟုတ်သော လာရောက်မှုဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

    အဆိုပါလည်ပတ်မှုမှာ ၂၀၁၁ ခုနှစ် အာဏာရယူပြီးကတည်းက ကင်ဂျုံအန်၏ ပထမဆုံး နိုင်ငံရပ်ခြားသို့ သွားရောက်မှုဖြစ်ပြီး တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ထိပ်သီးဆွေးနွေးမှုအတွက် ပြင်ဆင်ခြင်းဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

    မြောက်ကိုရီးယားသတင်းဌာန၏ ဖော်ပြမှုတွင် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကင်စင်ရေး၊ မေလတွင် ထရမ့်နှင့်တွေ့ဆုံရေး ကင်ဂျုံအန်၏ ပြောကြားမှုမှာ မပါဝင်ခဲ့ပေ။

    အိမ်ဖြူတော်က တရုတ်အစိုးရမှာ အင်္ဂါနေ့က ၎င်းတို့အား ဆက်သွယ်၍ ကင်ဂျုံအန် တရုတ်နိုင်ငံသို့လာရောက်မှုကို အသိပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • အမေရိကန် စစ်သင်္ဘောဖြတ်ပြီးနောက် တရုတ်က တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်

    အမေရိကန် စစ်သင်္ဘောဖြတ်ပြီးနောက် တရုတ်က တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်

    မတ် ၂၅၊ ၂၀၁၈
    M-Media

    တရုတ် တိုက်လေယာဉ်များ

    – အနာဂတ်တွင် ဖြစ်လာနိုင်သည့် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်ခြမ်းတို့တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟု တရုတ်လေတပ်က ပြောကြားခဲ့သည်။

    “လေတပ်ဟာ အနာဂတ်စစ်ပွဲတွေအတွက် လေ့ကျင့်တာဖြစ်ပြီး၊ တိုက်ပွဲဝင်နိုင်ရေး အပြည့်အစုံ ပြင်ဆင်တာလည်း ဖြစ်ပါတယ်” ဟု ယနေ့တွင် တရုတ်လေတပ်မှ ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    သောကြာနေ့က အမေရိကန် ဖျက်သင်္ဘောတစ်စီးမှာ တောင်တရုတ်ပင်လယ်ရှိ တရုတ်က တည်ဆောက်နေသော ကျွန်းအနီး ရေမိုင် ၁၂ မိုင်အကွာမှ ဖြတ်သန်းသွားခဲ့ပြီး တရုတ်ကမူ ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    အမေရိကန်ဖျက်သင်္ဘောအား မိမိတို့ သင်္ဘောနှစ်စီးက သတိပေးခဲ့ပြီး၊ ‘ဆိုးဆိုးဝါးဝါး ရန်စမှု’ ဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ စစ်ရေးဆောင်ရွက်မှုများက တရုတ်နိုင်ငံ၏ အချုပ်အခြာနှင့် လုံခြုံရေးကို စိန်ခေါ်မှုဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    တရုတ်လေတပ်က H-6K ဗုံးကြဲလေယာဉ်၊ Su-30၊ Su-35 တိုက်လေယာဉ်များအပါအ၀င် မိမိတို့ လေယာဉ်များမှာ တောင်တရုတ်ပင်လယ်တွင် တိုက်ပွဲဝင် ကင်းလှည့်မှု၊ ပစိဖိတ်အနောက်ခြမ်းတွင် လေကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပင်လယ်ပြင်တွင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်စေရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

    ပြီးခဲ့သည့်လတွင် အမေရိကန် အာရှ-ဖစိဖိတ်ရေတပ်မှ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးက တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်ကို လွှမ်းမိုးရန် ရည်ရွယ်နေသောကြောင့် အမေရိကန်မှာ တရုတ်နှင့် ဖြစ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်ထားရမည်ဟု အောက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

    Ref: Press TV

  • တရုတ်ပစ္စည်းများအပေါ် အမေရိကန်က အခွန်ကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲသို့ ဦးတည်

    တရုတ်ပစ္စည်းများအပေါ် အမေရိကန်က အခွန်ကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲသို့ ဦးတည်

    မတ် ၂၃၊ ၂၁၈
    M-Media

    – တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်း ကန်ဒေါ်လာ ဘီလီယံ ၆၀ ဖိုးအတွက် အခွန်ကောက်ခံမယ့် အမိန့်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်လာဖို့ လမ်းစ ဖြစ်ပါတယ်။

    ထရမ့်က ဒီဆောင်ရွက်မှုဟာ အမေရိကန်ရဲ့ နည်းပညာတွေကို တရုတ်က ခိုးယူမှု၊ အမေရိကန်ကုမ္ပဏီတွေကို ဖိအားပေးကာ လက်ပြောင်းရယူမှုတွေအတွက် ပြစ်ဒဏ်ခတ်တာဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုတွေရဲ့ အများအပြားရဲ့ ‘ပထမဆုံး’ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “လက်ရှိ ကျွန်တော်တို့ဟာ အသိပညာပိုင်းဆိုင်ရာ ခိုးယူခံရမှုတွေနဲ့ ကြုံတွေ့နေရပါတယ်”

    အခွန်ကောက်ခံမယ့် ကုန်ပစ္စည်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ၁၅ ရက်အတွင်း ထုတ်ပြန်ဖို့အတွက် ထရမ့်ဟာ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ (USTR) ကို ညွှန်ကြားမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ USTR ဟာ ကန်ဒေါ်လာ ၄၈ ဘီလီယံဖိုးရှိမယ့် ကုန်ပစ္စည်းပေါင်း ၁၃၀၀၀ လောက်ကို စာရင်းပြုစုထားပြီး ဖြစ်ပါတယ်။

    ကန့်သတ်ရမယ့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စာရင်းတွေကိုလည်း ထရမ့်က ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်ထံကနေ တောင်းထားပါတယ်။

    အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးကွာဟမှု ဒေါ်လာ ၃၇၅ ဘီလီယံရှိတာကို ထောက်ပြပြီး ထရမ့်က အမေရိကန်တွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    “ဒါဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ကုန်သွယ်ရေးကွာဟချက်ပါပဲ။ ထိန်းလို့မရပါဘူး”

    တရုတ်က မိမိကိုယ်ကို ကာကွယ်ဖို့အတွက် လိုအပ်တာတွေအားလုံး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပြီး စီးပွားရေးအင်အားကြီးနိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်နိုင်ငံအား ပိုင်းရန်ကြံစည်မှု ကြမ္မာဆိုးနှင့်တွေ့မည်ဟု သမ္မတရှီကျင့်ဖျင် သတိပေး

    တရုတ်နိုင်ငံအား ပိုင်းရန်ကြံစည်မှု ကြမ္မာဆိုးနှင့်တွေ့မည်ဟု သမ္မတရှီကျင့်ဖျင် သတိပေး

    မတ် ၂၀၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံကို ပဲ့ထွက်စေဖို့ ကြိုးပမ်းမှုတွေ အားလုံးကို တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်ပြီး ကမ္ဘာ့အလယ်မှာ ထိုက်တန်တဲ့နေရာတစ်ခု ပြန်ရရေး ‘ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်ဖို့’ အဆင်သင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    သမ္မတအဖြစ် ဒုတိယသက်တမ်း ပြန်လည်တင်မြှောက်ခံရပြီးတဲ့နောက် ဒီကနေ့မှာပြုလုပ်တဲ့ ပြည်သူ့ကွန်ဂရက်မှာ ရှီက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ကမ္ဘာ့စစ်ရေးနဲ့ စီးပွားရေးမှာ ပြိုင်ဘက်ကင်းတဲ့အနေအထား ရောက်စေမယ့် ခေတ်သစ်တစ်ခုကို ပဲ့ကိုင်သွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် တာဝန်ရှိသူတွေ ထိုင်ဝမ်ကျွန်းကို သွားရောက်နိုင်မယ့် ဥပဒေသစ်တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်မှတ်ရေးထိုးခဲ့ပြီး ရှီက မိမိတို့အနေနဲ့ ‘တရုတ်တစ်နိုင်ငံတည်းမူ’ ကို ဆက်လက်ကာကွယ်သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီမူမှာ ထိုင်ဝမ်ကို တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    “တိုင်းပြည်ကိုပိုင်းဖို့ ဆောင်ရွက်မှုတွေ၊ လှည့်ဖျားကြံစည်မှုတွေအားလုံးဟာ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တရုတ်ပြည်သူတွေရဲ့ ရှုတ်ချမှုကိုခံရကာ သမိုင်းက အပြစ်ပေးသွားမှာ ဖြစ်ပါတယ်”

    ဒါပေမယ့် နိုင်ငံရပ်ခြားမှာ သူတို့လုပ်နေတဲ့ စီမံကိန်းတွေဟာ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်းမရှိဘူးလို့ ရှီက ပြောပါတယ်။

    “အခြားသူတွေကို ခြိမ်းခြောက်လေ့ရှိတဲ့သူတွေကသာ အားလုံးကို ခြိမ်းခြောက်မှုအဖြစ် မြင်ကြတာပါ”

    ဒီမိန့်ခွန်းမှာ ရှီက ‘တရုတ်ပြည်ကို သွေးသစ်လောင်းမယ့်’ သူ့ရဲ့အယူအဆကို ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။

    “တရုတ်ပြည်သူတွေဟာ အနိုင်မခံ၊ အရှုံးမပေးဘဲ ကြံ့ကြံ့ခံနိုင်တဲ့ လူမျိုးတွေဖြစ်တယ်။ ရန်သူတွေကို ခါးသီးတဲ့နိဂုံးအထိ ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်မယ့် စိတ်ဓာတ်မျိုးလည်း ကျွန်တော်တို့မှာ ရှိပါတယ်”

    သမ္မတ ရှီကျင့်ဖျင်ဟာ တိုင်းပြည်ကိုအုပ်စိုးနေတဲ့ ကွန်မြူနစ်ပါတီအကြောင်းကိုလည်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

    “ဆိုရှယ်လစ်ဝါဒကသာ တရုတ်ပြည်ကို ကယ်တင်နိုင်မယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သလို၊ ဆက်လက်ပြီး သက်သေပြသွားမှာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ အဓိပတိဖြစ်ပြီး တရုတ်နိုင်ငံကို ကြီးကျယ်တဲ့ အားသစ်လောင်းမှု အောင်မြင်ဖို့အတွက် အခြေခံကျကျ အာမခံနိုင်တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်”

    ၂ ပတ်တာကြာမြင့်မယ့် ပြည်သူ့ကွန်ဂရက်က အသက် ၆၄ နှစ်အရွယ် ရှီကို သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခဲ့ပြီး သမ္မတသက်တမ်း ကန့်သတ်ထားမှုပယ်ဖျက်ရေး ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ကိုလည်း အတည်ပြုခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၂၃ ခုနှစ်မှာ သက်တမ်းပြည့်မယ့်ရှီဟာ ရာထူးမှာ ဆက်ရှိနေမှာ ဖြ
    စ်ပါတယ်။

    ကွန်ဂရက်မိန့်ခွန်းမှာ ရှီက ခြစားမှုကို အမြစ်ဖြတ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “တရုတ်ကွန်မြူနစ်ပါတီဟာ ခြစားမှုကို လုံးဝဥဿုံ အမြစ်ဖြတ်သွားမှာပါ”

    ရှီဟာ မော်ဇီတုံးနောက်ပိုင်း တရုတ်ရဲ့ အာဏာပါဝါအကြီးဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူလည် ဖြစ်ပါတယ်။

    Ref: CNA

  • သမ္မတသက်တမ်း ကန့်သတ်မှုကို တရုတ်က ပယ်ဖျက်ပြီး ရှီကျင့်ဖျင် ရာသက်ပန်သမ္မတ ဖြစ်လာမည်

    သမ္မတသက်တမ်း ကန့်သတ်မှုကို တရုတ်က ပယ်ဖျက်ပြီး ရှီကျင့်ဖျင် ရာသက်ပန်သမ္မတ ဖြစ်လာမည်

    မတ် ၁၁၊ ၂၀၁၈
    M-Media

    – သမ္မတနဲ့ ဒုတိယသမ္မတသက်တမ်း ကန့်သတ်ထားမှုကို တရုတ်လွှတ်တော်က ဒီကနေ့မှာ ပယ်ဖျက်လိုက်ပြီး လက်ရှိသမ္မတ ရှီကျင့်ဖျင် ရာသက်ပန် ရာထူးရယူရေး လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ နှစ်ပတ်လည် အမျိုးသားပြည်သူ့ကွန်ဂရက်အတွင်း စုစုပေါင်းအမတ် ၂၉၆၃ ယောက်မှာ ၂၉၅၈ ဦးက သမ္မတသက်တမ်း ပယ်ဖျက်ရေးကို ထောက်ခံမဲပေးခဲ့တာ ဖြစ်ပါတယ်။ ကြားနေမဲ ၃ မဲ၊ ကန့်ကွက်မဲ ၂ မဲရှိခဲ့တယ်လို့ လွှတ်တော်က ကြေငြာခဲ့ပါတယ်။

    ကွန်မြူနစ်ပါတီကို တည်ထောင်တဲ့ မော်စီတုန်းရဲ့ တစ်ဦးတည်းအုပ်စိုးမှုအတွင်း အခြေအနေ မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ တိန့်ရှောင်ဖိန်က စုဖွဲ့အုပ်စိုးမှုစနစ်ကို ဖန်တီးပေးခဲ့တာပါ။

    ဒါပေမယ့် အခုအတည်ပြုမှုဟာ အရင် တစ်ဦးတည်းအုပ်စိုးမှုစနစ်ကို ပြန်လည်ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

    အသက် ၆၄ နှစ်အရွယ် ရှီကျင့်ဖျင်ဟာ ၂၀၁၂ ခုနှစ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် သမ္မတတာဝန် ရယူခဲ့ပြီးတဲ့နောက်ပိုင်း အာဏာကို စုစည်းလာခဲ့တာ ဖြစ်ပါတယ်။

    တရုတ်သမ္မတတွေဟာ နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းမှာ ရာထူးကနေ ဆင်းပေးရပြီး၊ အခြေခံဥပဒေက အဲဒီကန့်သတ်ချက်ကို ဒီကနေ့မှာ ပယ်ဖျက်လိုက်တာကြောင့် ၂၀၂၃ ခုနှစ်မှာ အနားယူရမယ့် ရှီကျင့်ဖျင်တစ်ယောက် ရာသက်ပန်သမ္မတအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

    သမ္မတသက်တမ်းကန့်သတ်မှုကို ပယ်ဖျက်တာအပြင် ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးသဘောထားကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းတာ၊ တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ကွန်မြူနစ်ပါတီ ပိုမိုပါဝင်နိုင်ရေး လမ်းကြောင်းဖော်ပေးတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဒီကနေ့ လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera