News @ M-Media

Tag: China

  • တောင်တရုတ်ပင်လယ်တွင် လက်နက်ချထားကြောင်း တရုတ်အတည်ပြု၊ တင်းမာမှုမြင့်တက်လာနိုင်

    တောင်တရုတ်ပင်လယ်တွင် လက်နက်ချထားကြောင်း တရုတ်အတည်ပြု၊ တင်းမာမှုမြင့်တက်လာနိုင်

    ဖဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    china 6

    – တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းတွင် လက်နက်များချထားသည်ဆိုသည့် သတင်းအား တရုတ်နိုင်ငံက ယနေ့တွင် အတည်ပြုခဲ့ပြီး၊ မဟာဗျူဟာကျသည့်ဒေသတွင် ထိုသို့ စစ်ရေးပြင်ဆင်မှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်သည်။

    ပါရာဆဲလ်ကျွန်းစုရှိ ကျွန်းတစ်ကျွန်းတွင် တရုတ်က ၈ လုံးပစ်ခတ်နိုင်သည့် ဒုံးကျည်ပစ်စင် ၂ ခုနှင့် ရေဒါစနစ်တစ်ခုတို့ကို ချထားသည်ဟု အမေရိကန်နှင့် ထိုင်ဝမ်တို့က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ပြီးနောက် တရုတ်က ယနေ့တွင် ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ပါရာဆဲလ်ကျွန်းစုကို ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ကြေငြာထားသည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ မိမိတို့မှာ ထိုကျွန်း၌ လက်နက်များကို တပ်ဆင်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟု ကွန်မြူနစ်ပါတီနှင့် နီးစပ်သည့် Global Times သတင်းစာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့် လက်နက်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

    ထို့ပြင် အနောက်တိုင်းမီဒီယာများမှာ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုဆိုသည့် ဓာတ်ပြားဟောင်းကို ပြန်ဖွင့်ခြင်းသာဖြစ်သည်ဟု ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တင်းမာမှုရှိနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်က ဒုံးကျည်များချထား

    တင်းမာမှုရှိနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်က ဒုံးကျည်များချထား

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    china 5

    – တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲ သူတို့ထိန်းချုပ်ထားတဲ့ ကျွန်းစုတွေထဲက တစ်ခုမှာ မြေပြင်မှ ဝေဟင်ပစ် ခေတ်မီ ဒုံးကျည်စနစ်တစ်ခု ဖြန့်ကျက်ထားရှိလိုက်တယ်လို့ ထိုင်ဝမ်နဲ့ အမေရိကန် အရာရှိတွေက ပြောကြားခဲ့ပါတယ်။

    ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဒေးဗစ်လိုက ၀ူဒီကျွန်းပေါ်မှာ ဒုံးကျည်ပစ်စင်တွေ တပ်ဆင်ထားလိုက်တာလို့ ဆိုပါတယ်။ အဲဒီကျွန်းဟာ ပါရာဆဲလ်ကျွန်းစုရဲ့ အစိတ်အပိုင်းဖြစ်ပြီး တရုတ်လက်အောက်မှာ နှစ် ၄၀ ကျော်ထိန်းချုပ်ထားပေမယ့် ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း သူတို့ပိုင်ဆိုင်ကြောင်း တောင်းဆိုထားကြပါတယ်။

    “အကျိုးအမြတ် သက်ဆိုင်တဲ့သူတွေအချင်းချင်း တောင်တရုတ်ပင်လယ်ရဲ့ တည်ငြိမ်အေးချမ်းမှုအတွက် အတူတူအလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်၊ တင်းမာမှုတွေ မြင့်တက်စေမယ့် အပြုအမူတွေကိုလည်း ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ လိုပါတယ်” လို့ လိုက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒုံးကျည်တွေတပ်ဆင်ထားတယ်ဆိုတာ မှန်ကန်ကြောင်း အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတွေကလည်း အတည်ပြုပြောကြားခဲ့ပါတယ်။ ImageSat International ဂြိုဟ်တုကုမ္ပဏီက ပေးပို့တဲ့ ဓာတ်ပုံတွေအရ ဝေဟင်ပစ်ဒုံးကျည်ရှစ်ခုပစ်နိုင်တဲ့ ဒုံးကျည်ပစ်စင်နှစ်ခုနဲ့ ရေဒါစနစ်တစ်ခု ချထားတာကို တွေ့ရှိခဲ့ရပါတယ်။

    အိုဘားမားဟာ အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ညီလာခံတစ်ခုမှာ ဒေသတွင်းတင်းမာမှုတွေလျှော့ချဖို့လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ပေမယ့် တောင်တရုတ်ပင်လယ်နဲ့ပက်သက်ပြီး တရုတ်ကို ဖယ်ထုတ်ထားခဲ့ပြီးနောက်ပိုင်း အခုလို ဒုံးကျည်သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အမေရိကန်ကတော့ ၎င်းတို့အနေနဲ့ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်တို့နဲ့ အပြိုင်တောင်းဆိုမှု တွေရှိထားတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ကင်းလှည့်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arabnews

  • တရုတ်-မြန်မာ ကုန်သွယ်မှု ၁၀ လအတွင်း ဒေါ်လာ ၉ ဘီလီယံကျော်ရှိ

    တရုတ်-မြန်မာ ကုန်သွယ်မှု ၁၀ လအတွင်း ဒေါ်လာ ၉ ဘီလီယံကျော်ရှိ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    china 4

    – ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၁၀ လ (ဧပြီလမှ ဇန်န၀ါရီ) အထိ တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၉.၄ ဘီလီယံရှိခဲ့သည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များမှာ သဘာဝဓာတ်ငွေ့နှင့် လယ်ယာထွက်ကုန်များဖြစ်ပြီး၊ တရုတ်နိုင်ငံမှ အဓိကသွင်းကုန်မှာ စက်မှုထုတ်ကုန်များနှင့် အခြား ကုန်စည်ပစ္စည်းများဖြစ်သည်။ တရားဝင် ကိန်းဂဏန်းများအရ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်မှုတန်ဖိုးမှာ ၁၀ ဘီလီယံကျော်ခဲ့သည်။

    ထိုပမာဏတွင် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့မှုမှာ ကန်ဒေါ်လာ ၄.၆ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းမှုမှာ ဒေါ်လာ ၅.၆ ဘီလီယံ ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း စီမံကိန်း ၁၁၅ ခုတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှု ပ်နှံမှုမှာ ကန်ဒေါ်လာ ၁၅.၄၂ ဘီလီယံရှိပြီး မြန်မာနိုင်ငံအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၂၀.၀၇ ရာခိုင်နှုန်း ရှိခဲ့သည်။

    Ref: Chinadaily

  • တရုတ်နှင့်အငြင်းပွားသည့် ကျွန်းအနီးတွင် F-15 တိုက်လေယာဉ်အစင်း ၄၀ ဂျပန်က ဖြန့်ကျက်ထားပြီ

    တရုတ်နှင့်အငြင်းပွားသည့် ကျွန်းအနီးတွင် F-15 တိုက်လေယာဉ်အစင်း ၄၀ ဂျပန်က ဖြန့်ကျက်ထားပြီ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    japan

    – အရှေ့တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသာ ကျွန်းစုအနီးတွင် တည်ရှိသည့် အိုကီနာဝါကျွန်းတွင် တပ်စွဲထားသော F-15 တိုက်လေယာဉ်တွေကို နှစ်ဆတိုးဖြန့်ကြက်ထားတယ်လို့ ဂျပန်နိုင်ငံ ယမန်နေ့မှာ ကြေငြာလိုက်ပါတယ်။

    ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက Kyushu ကျွန်းမှာ တပ်စွဲထားတဲ့ Tsuiki လေတပ်အခြေစိုက်စခန်းမှာ F-15 ဂျက်လေယာဉ် အစီး ၂၀ လောက်ကို အိုကီနာဝါကျွန်းက နာဟာလေတပ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ထားတယ်လို့ ပြောခဲ့တာပါ။

    “ဒါက နိုင်ငံတော်ကာကွယ်ရေးရဲ့ ရှေ့တန်းစစ်မျက်နှာ ဖြစ်ပါတယ်” လို့ ဂျပန် ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ဂျီ ၀ါကာမီယာက နာဟာအခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ လေတပ် တပ်စိတ်တစ်ခု ဖွဲ့စည်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    အခုဆိုရင် အိုကီနာဝါကျွန်းက နာဟာအခြေစိုက်စခန်းပေါ်မှာ F-15 တိုက်လေယာဉ် စုစုပေါင်း အစင်း ၄၀ လောက် ဖြန့်ကျက်ထားပြီးဖြစ်ပါတယ်။

    ဂျပန်နဲ့ တရုတ်တို့ဟာ အရှေ့တရုတ်ပင်လယ်မှာ ရှိတဲ့ ကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် အားပြိုင်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အဲဒီကျွန်းစုကို ဂျပန်နိုင်ငံက Senkaku ဟု ခေါ်ဆိုပြီး တရုတ်က Diaoyus လို့ခေါ်ပါတယ်။

    တရုတ်ကလည်း ယင်းကျွန်းစုတွေဟာ ၎င်းရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းအဖြစ် ပိုင်ဆိုင်ပြီး ၎င်းရဲ့ အချုပ်အခြာသက်ရောက်မှုအပေါ် အငြင်းပွားစရာမရှိလို့ ဆိုထားပါတယ်။ ဂျပန်အစိုးရက ယင်းကျွန်းစုများကို အီရှီဂါကီကျွန်းရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။

    Ref: Channelnewsasia

  • အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    china 2

    – တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်ထဲမှာ ရေနံတူးစက်တစ်ခုကို တရုတ်ကရွှေ့ပြောင်းနေတယ်လို့ ဗီယက်နမ်ပြောဆိုခဲ့ပြီး အဲဒီနေရာမှာ ရေနံတူးခြင်းကိုရပ်တန့်ကာ ၎င်းယာဉ်အားဖယ်ရှားပေးဖို့ တစ်ပါတည်း တောင်းဆိုလိုက်ပါတယ်။

    Haiyan Shiyou ရေနံတူးစက်ဖြစ်ပြီး အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ ရွှေ့ပြောင်းထားရှိမှုအပေါ် မိမိတို့ကစိုးရိမ်နေတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင်ဘင်က ပြောကြားခဲ့ပါတယ်။

    “တရုတ်အနေနဲ့ အဲ့ဒီပိုင်နက်နယ်မြေကနေ Haiyan Shiyou စက်ကို ဖယ်ရှားပေးဖို့ မည်သည့်တူးဖော်ထုတ်ယူမှုကိုမှဆက်မလုပ်ဖို့ ဗီယက်နမ်က အသိပေးလိုပါတယ်” လို့ လီဟိုင်ဘင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ဗီယက်နမ်အနေနဲ့ နိုင်ငံတကာဥပဒေအရ အဲ့ဒီနယ်မြေရဲ့ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်အားလုံးကို ဆက်လက်ထိန်းသိမ်းသွားပါမယ်”

    ၂၀၁၄ ခုနှစ်က တရုတ်ဟာ ဗီယက်နမ်ကမ်းရိုးတန်းကနေ ရေနံတူးစက်ကို ပြန်လည်ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ယခုတစ်ခါ ထပ်မံရွှေ့ပြောင်းမှုကြောင့် နှစ်နိုင်ငံကြား တင်းမာစေခဲ့ပါတယ်။ ဗီယက်နမ်ထဲမှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ နေရာအနှံ့အပြားဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြမှုထဲမှာ လူငါးယောက်သေဆုံးစေခဲ့ပြီး ဗီယက်နမ်မှာရှိတဲ့ တရုတ်စက်ရုံအမြောက်အများ မီးရှို့ခံရ၊ လုယက်ခံခဲ့ရပါတယ်။

    တရုတ်က တောင်တရုတ်ပင်လယ်ရဲ့ ပိုင်နက်အားလုံးနီးပါးကို အချုပ်အခြာပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆိုပြီး ထိုင်ဝမ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံတို့ကလည်း တစိတ်တပိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ အဆိုပါအငြင်းပွားရေပိုင်နက်ဟာဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝမယ်လို့ ယူဆရပါတယ်။

    Ref: PressTV