News @ M-Media

နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်

ဧပြီ ၂၁၊ ၂၀၁၆
M-Media

china missile

– တစ်ကမ္ဘာလုံးက မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်သစ်တစ်မျိုးကို တရုတ်နိုင်ငံက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Dongfeng-41 (DF-41) လို့အမည်ရတဲ့ အဲဒီဒုံးကျည်ဟာ သူ့ရဲ့ အဝေးဆုံးရောက်ရှိနိုင်တဲ့ အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၁၂၀၀၀ ကို ရောက်ရှိဖို့ မိနစ် ၃၀ သာ ကြာမြင့်ပြီး ကမ္ဘာပေါ်က နျူပိုင်ဆိုင်တဲ့ မည်သည့်နိုင်ငံကိုမဆို အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ဂြိုဟ်တုခြေရာခံစနစ်ကနေ ဖမ်းယူနိုင်ခဲ့တယ်လို့ Washington Free Beacon သတင်းဌာနက ဖော်ပြခဲ့ပေမယ့် စမ်းသပ်ပစ်လွှတ်တဲ့ နေရာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေကတော့ အဆိုပါ DF-41 ဒုံးကျည်ဟာ တန် ၈၀ လေးတဲ့အပြင် အဆင့်သုံးဆင့်ပါတဲ့ အခဲလောင်စာသုံးထားပြီး နျူထိပ်ဖူး ၆ ခုကနေ ၁၀ ခုအထိ သယ်ဆောင်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီဖျက်အားပြင်းဒုံးကျည်ကို ဧပြီ ၁၃ ရက်နေ့က စမ်းသပ်ခဲ့တာဖြစ်ပြီး တရုတ်ကလည်း ဒီဒုံးကျည်စမ်းသပ်တာဟုတ်မှန်ကြောင်း ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

Ref: RT

Comments

Leave a Reply