News @ M-Media

Tag: Ebola

  • အီဘိုလာ သံသယကြောင့် လိုက်ဘေးရီးယား လက်ထောက် ကျန်းမာရေး ၀န်ကြီးကို ထိန်းသိမ်း

    အီဘိုလာ သံသယကြောင့် လိုက်ဘေးရီးယား လက်ထောက် ကျန်းမာရေး ၀န်ကြီးကို ထိန်းသိမ်း

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    2014928182352690734_20
    – အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု သံသယကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးနှင့် ၎င်း၏ ၀န်ထမ်းများအား ထိန်းသိမ်းထားလိုက်ပြီဟု လိုက်ဘေးရီးယား အာဏာပိုင်များက ယမန်နေ့တွင် ကြေညာခဲ့သည်။

    အီဘိုလာကူးစက်ခံနေရသူများအား ကျန်းမာရေး ကူညီမှုများကိုပေးအပ်နေသည့် လက်ထောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဘားနိုက်စ် ဒန်နှင့် အဖွဲ့ဖြစ်ပြီး ဘားနိုက်စ်၏ လက်ထောက်တစ်ဦးမှာ အီဘိုလာကြောင့် ကြာသာပေးတေးနေ့က သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ထိန်းသိမ်းကာ သီးသန့်ခွဲထားခြင်းဖြစ်သည်။

    ၎င်းတို့အား ရောဂါပိုးရှင်သန်ဖောက်ဖွာသည့်ကာလ ၂၁ ရက်အထိ ထိန်းသိမ်း စောင့်ကြည့်သွားမည် ဖြစ်သည်။

    အီဘိုလာကူးစက်ပြန့်ပွားနေသည့် အနောက်အာဖရိက ၄ နိုင်ငံတွင် လိုက်ဘေးရီးယားမှာ အပြင်းထန်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ကုလ၏ စနေနေ့က ထုတ်ပြန်သော စာရင်းများအရ လိုက်ဘေးရီးယားတွင် အီဘိုလာကူးစက်ခံရသူ ၃၄၅၈ ဦးတွင် ၁၈၃၀ သေဆုံးခဲ့သည်ဟု သိရသည်။

    လိုက်ဘေးရီးယားတွင် ကျန်းမာရေး ၀န်ထမ်းများမှာ ကာကွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပြည့်ဝစွာ မရရှိဘဲ အီဘိုလာကူးစက်နေသည့်နိုင်ငံများ၌ ကျန်းမာရေးဝန်ထမ်း ၂၁၁ ဦး သေဆုံးခဲ့ရာတွင် လိုက်ဘေးရီးယားမှ ၈၉ ဦးအထိ ပါဝင်သည်။

    Agencies

  • အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ

    အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    1407502809087_wps_1_epa0434563
    – အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃ ထောင်ကျော်လာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ယမန်နေ့တွင် ကြေညာခဲ့သည်။

    သေဆုံးသူမှာ စက်တင်ဘာ ၂၃ ရက်နေ့အထိ ရရှိသော အချက်အလက်များအရ အနည်းဆုံး ၃၀၉၁ ဦးရှိခဲ့ပြီး ကူးစက်မှုမှာ ၆၅၇၄ ခု ရှိနေသည်ဟု  WHO မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖ်ာပြထားသည်။

    သေဆုံးသူများတွင် လိုက်ဘေးရီးယားမှ ၁၈၃၀ ဦးဖြင့် အများဆုံးဖြစ်နေကာ အနောက်အာဖရိကရှိ ရောဂါပိုးကူးစက်ခံနေရသည့် အခြားနိုင်ငံများထက် ၃ ဆ ပိုများနေသည်။ ထို့ပြင် ကူးစက်ပြန့်ပွားမှုနှုန်းမှာလည်း အခြားနိုင်ငံများထက် မြင့်မားနေသည်။

    အီဘိုလာဗိုင်းရပ်စ်မှာ ယခုနှစ်အစောပိုင်းက ဂီနီနိုင်ငံတွင် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆီရာလီယိုနီ၊ လိုက်ဘေးရီးယား၊ နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံများသို့ ပြန့်နှံ့သွားခဲ့သည်။

    သို့သော်လည်း နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံတွင် ရောဂါပိုးအားထိန်းချုပ်နိုင်ခဲ့ပြီဟု WHO က ကြေညာခဲ့သည်။ ထိုရောဂါပိုးမှာ ယခုအတိုင်း ပြန့်နှံ့နေပါက ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ရောဂါပိုးကူးစက်ခံရသူ သန်းချီရှိလာနိုင်သည်ဟု အမေရိကန်ရောဂါဘယ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးစင်တာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    MSM/MAM/MHB

  • ၂၀၁၅ နှစ်ဆန်းတွင် အီဘိုလာ ကူးစက်သူ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဟု CDC ခန့်မှန်း

    ၂၀၁၅ နှစ်ဆန်းတွင် အီဘိုလာ ကူးစက်သူ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဟု CDC ခန့်မှန်း

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Liberia Battles Spreading Ebola Epidemic
    – ယခုလက်ရှိ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူများနှင့် ပြန့်နှံ့မှုများကို အခြေခံကာ လေ့လာမှုအရ အီဘိုလာကူးစက်ခံရသူမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီအကုန်တွင် ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေး စင်တာ CDC က ထုတ်ပြန်လိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် CDC က ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါပိုး ကူးစက်ခံရသူမှာ ၅၈၀၀ ဟု သိရသော်လည်း ဆေးရုံများသို့ မလာရောက်သေးသည့် ကူးစက်ခံရသူများမှာ ၂.၅ ဆ၊ အရေအတွက် ၂၀၀၀၀ ခန့်ရှိသည်ဟုလည်း အဆိုပါအစီရင်ခံစာက ဆိုသည်။

    ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူများထံမှ ကူးစက်ပြန့်ပွားနိုင်မှုကို တွက်ချက်ခဲ့ရာ လာမည့်လေးလအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၅၅၀၀၀၀ မှ ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု CDC က သတိပေးခဲ့သည်။

    ဗိုင်းရပ်စ်ပြန့်နှံ့မှု အဆိုးဝါးဆုံးဖြစ်နေသည့် အနောက်အာဖရိကနိုင်ငံအချို့တွင် ရောဂါအား ထိန်းချုပ်ရေး တင်းကြပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်။ ဆီရာလီယိုနီ နိုင်ငံကမူ ပြီးခဲ့သည့် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ နိုင်ငံတစ်ဝှမ်း အိမ်ပြင်မထွက်ရ အမိန့် ထုတ်ခဲ့ကာ အီဘိုလာ ကူးစက်ခံရသူများကို ရှာဖွေခဲ့ပြီး ၁၃၀ ကျော်တွေ့ရှိခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ ဆောင်ရွက်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မူ ဆီနီဂေါနှင့် နိုက်ဂျီးရီးယားတို့တွင် အီဘိုလာအား ထိန်းချုပ်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့သည်။

    ref_ Agencies
  • အီဘိုလာ ကိစ္စ တာဝန်မကျေသော အစိုးရတာဝန်ရှိသူ ၁၀ ဦးအား လိုက်ဘေးရီးယား ထုတ်ပယ်

    အီဘိုလာ ကိစ္စ တာဝန်မကျေသော အစိုးရတာဝန်ရှိသူ ၁၀ ဦးအား လိုက်ဘေးရီးယား ထုတ်ပယ်

    စက်တင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    201491420378953734_20
    – တိုင်းပြည်အတွင်း အီဘိုလာဗိုင်းရပ်စ်ပိုး ဆိုးရွားစွာ ပြန်နှံ့နေသော်လည်း လိုအပ်သည်များကို ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံပြင်ပသို့ သွားရောက်နေသည့် အစိုးရ အရာရှိ ၁၀ ဦးကို လိုက်ဘေးရီးယားသမ္မတက ရာထူးမှထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ထုတ်ပယ်လိုက်သူများတွင် လက်ထောက်ဝန်ကြီး ၆ ဦး၊ ဒုတိယ၀န်ကြီး ၂ ဦးနှင့်  ကော်မရှင်နာ ၂ ဦးတို့ဖြစ်ကြပြီး အကြောင်းပြချက်မရှိဘဲ နိုင်ငံပြင်ပသို့ သွားရောက်နေသောကြောင့် သမ္မတ အဲလင် ဂျွန်ဆင် ဆာရ်လီဖ်က စနေနေ့နှောင်းပိုင်းတွင် ရာထူးမှထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု သမ္မတရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၎င်းတို့အား နိုင်ငံအတွင်းသို့ပြန်လာရန် သြဂုတ်လကတည်းက ပြောကြားခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိပေ။ လိုက်ဘေးရီးယားနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပြန့်နှံ့မှုမှာ ပြင်းထန်စွာဖြစ်ပွားနေပြီး စုစုပေါင်း ရောဂါပိုးကူးစက်မှု ၂၀၈၁ ခုရှိကာ ၁၁၃၇ ဦးသေဆုံးခဲ့သည်။

    လိုက်ဘေးရီးယားနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်သူများ၏ ထက်ဝက်ခန့်မှာ သေဆုံးခဲ့ပြီး၊ ပြန့်နှံ့မှုမှာလည်း အဆပေါင်းများစွာ တိုးပွားမည်ဟု WHO က သတိပေးပြောကြားထားသည်။

    ref_Agencies

  • အီဘိုလာ ကုပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ လစာမရ၍ ဆန္ဒပြ

    အီဘိုလာ ကုပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများ လစာမရ၍ ဆန္ဒပြ

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media

    20149135447724734_20
    Kenema ဆေးရုံ

    – အစိုးရမှ လုပ်ခလစာမပေးချေမှုကို မကျေနပ်သောကြောင့် ဆီရာလီယွန် နိုင်ငံရှိ  အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေ ရသူများအား ဆေးကုသမှု များပြုလုပ်နေသည့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    Kenema အစိုးရဆေးရုံတွင် ယမန်နေ့ကပြုလုပ်သော အဆိုပါ ဆန္ဒပြမှုအတွင်း ကျန်းမာရေးဝန်ထမ်းပေါင်း ၈၀ နီးပါး ပါဝင်ခဲ့ပြီး ဆေရုံးဝင်ပေါက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

    “ပြီးခဲ့တဲ့တစ်လလောက်ကစပြီး ဒီမှာ ကျွန်တော် အလုပ်လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ပတ်မှာ ကျွန်တော်တို့ တစ်ပြားမှ မရပါဘူး။ အန္တရာယ်ကြားထဲမှာ လုပ်နေရတဲ့ ကျွန်တော်တို့အတွက် လုပ်ခလစာ ထိုက်ထိုက်တန်တန် မရမချင်း ကျွန်တော်တို့ အလုပ်မဆင်းပါဘူး” ဟု အဆိုပါ ဆေးရုံမှ ဆရာဝန် အူမာရူက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် အဆိုပါ ဆေးရုံရှိ ကျန်းမာရေးလုပ်သားများမှာ အလုပ်လုပ်ရသည့် အခြေအနေများ ဆိုးရွားလာခြင်း၊ ကျန်းမာရေးလုပ်သားများအတွင်း အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်မှု မြင့်တက်လာခြင်း၊ မိမိတို့ရင်ဆိုင်နေရသည့် အန္တရာယ်နှင့် ထိုက်တန်သည့် လစာမရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသေးသည်။

    Kenema ဆေးရုံမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့် ပတ်သက်၍ သင့်လျော်သော ပစ္စည်းကိရိယာများ တပ်ဆင်ထားသည့် နိုင်ငံ၏ တစ်ခုတည်းသော ဆေးရုံဖြစ်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်နေသူများအား အများဆုံးကုသနေသည့် ဆေးရုံလည်းဖြစ်သည်။ ထို့ပြင် အီဘိုလာ ဗိုင်းရပ်စ်ပိုး အများဆုံး ကူးစက်ခံရသည့် နေရာဖြစ်သောကြောင့် ကျန်းမာရေးဝန်ထမ်းအချို့မှာ ထိုဆေးရုံမှ ထွက်ပြေးမှုများလည်း ရှိခဲ့သည်။

    ref_aljazeera