စက်တင်ဘာ ၂၈ ၊ ၂၀၁၄
M-Media

– အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃ ထောင်ကျော်လာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ယမန်နေ့တွင် ကြေညာခဲ့သည်။
သေဆုံးသူမှာ စက်တင်ဘာ ၂၃ ရက်နေ့အထိ ရရှိသော အချက်အလက်များအရ အနည်းဆုံး ၃၀၉၁ ဦးရှိခဲ့ပြီး ကူးစက်မှုမှာ ၆၅၇၄ ခု ရှိနေသည်ဟု WHO မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖ်ာပြထားသည်။
သေဆုံးသူများတွင် လိုက်ဘေးရီးယားမှ ၁၈၃၀ ဦးဖြင့် အများဆုံးဖြစ်နေကာ အနောက်အာဖရိကရှိ ရောဂါပိုးကူးစက်ခံနေရသည့် အခြားနိုင်ငံများထက် ၃ ဆ ပိုများနေသည်။ ထို့ပြင် ကူးစက်ပြန့်ပွားမှုနှုန်းမှာလည်း အခြားနိုင်ငံများထက် မြင့်မားနေသည်။
အီဘိုလာဗိုင်းရပ်စ်မှာ ယခုနှစ်အစောပိုင်းက ဂီနီနိုင်ငံတွင် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆီရာလီယိုနီ၊ လိုက်ဘေးရီးယား၊ နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံများသို့ ပြန့်နှံ့သွားခဲ့သည်။
သို့သော်လည်း နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံတွင် ရောဂါပိုးအားထိန်းချုပ်နိုင်ခဲ့ပြီဟု WHO က ကြေညာခဲ့သည်။ ထိုရောဂါပိုးမှာ ယခုအတိုင်း ပြန့်နှံ့နေပါက ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ရောဂါပိုးကူးစက်ခံရသူ သန်းချီရှိလာနိုင်သည်ဟု အမေရိကန်ရောဂါဘယ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးစင်တာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။
MSM/MAM/MHB

Leave a Reply
You must be logged in to post a comment.