News @ M-Media

Tag: EPL 2015-16

  • တန်းဆင်းသွားရသည့်အတွက် ပရိတ်သတ်များကို နယူးကာဆယ် တောင်းပန်

    တန်းဆင်းသွားရသည့်အတွက် ပရိတ်သတ်များကို နယူးကာဆယ် တောင်းပန်

    မေ ၁၂၊ ၂၀၁၆
    M-Media

    new

    – နယူးကာဆယ်အသင်း၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ လီ ချန်လေက အသင်း တန်းဆင်းသွားရခြင်းအတွက် ပရိတ်သတ်များကို တောင်းပန်လိုက်သည်။

    ယနေ့မနက်က ဆန်းဒါးလန်းအသင်းမှာ အဲဗာတန်အား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် နယူးကာဆယ်မှာ နော်ဝစ်ခ်ျ၊ အက်စတွန်ဗီလာတို့နှင့်အတူ တန်းဆင်းသွားရပြီဖြစ်သည်။ ထို့ကြောင့် နည်းပြ ဘင်နီတက်ဇ်၏ အနာဂတ်မှာလည်း မရေရာမသေချာ ဖြစ်လာခဲ့သည်။

    ချန်လေကမူ အသင်းတန်းဆင်းသွားရသည့်အတွက် ကြေကွဲဝမ်းနည်းရသည်ဟု ဆိုသည်။

    “ဒီညမှာတော့ အသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့အတွက် ကျွန်တော်တို့ ကြေကွဲဝမ်နည်းရပါတယ်။ ဒီအသင်းနဲ့ သက်ဆိုင်သူအားလုံးလည်း ဒီလိုပဲခံစားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ စိတ်ပျက်စရာ၊ အောင်မြင်မှုနဲ့ ဝေးကွာနေတာတွေရှိနေပေမယ့် အသင်းကို အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်တွေနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး ရယူမပေးနိုင်တဲ့အတွက် ‘အနူးအညွတ် တောင်းပန်ပါတယ်’ ဆိုတာကလွဲလို့ ကျွန်တော်တို့မှာ ပြောစရာစကား မရှိပါဘူး” ဟု ချန်လေက ပရိတ်သတ်များအား တောင်းပန်ခဲ့သည်။

    Ref : Goal

  • တန်းမဆင်းရခြင်းက ဖလားရသကဲ့သို့ဖြစ်သည်ဟု ဆန်းဒါးလန်းနောက်ခံလူပြော

    တန်းမဆင်းရခြင်းက ဖလားရသကဲ့သို့ဖြစ်သည်ဟု ဆန်းဒါးလန်းနောက်ခံလူပြော

    မေ ၁၂၊ ၂၀၁၆
    M-Media

    sunder

    – မိမိတို့အသင်း ပရီးမီးယားလိဂ်တွင် တင်ကျန်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ဖလား ရရှိသကဲ့သို့ ခံစားရသည်ဟု ဆန်းဒါးလန်းနောက်ခံလူ ဂျန် ကီရ်ခ်ျဟော့ဖ်က ပြောကြားလိုက်သည်။

    တန်းဆင်းဇုန်တွင် တစ်ဝဲလည်လည်ဖြစ်နေသည့် ဆန်းဒါးလန်းမှာ ယနေ့မနက်က ကစားခဲ့သည့် အဲဗာတန်အသင်းနှင့် ပွဲတွင် ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် တန်ကျန်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပြီး ခါးသီးသောပြိုင်ဘက် နယူးကာဆယ်နှင့် နော်ဝစ်ခ်ျတို့မှာမူ အက်စတွန်ဗီလာနှင့်အတူ တန်းဆင်းသွားရပြီဖြစ်သည်။

    ဘိုင်ယန်နှင့်အတူ ဘွန်ဒစ်လီဂါနှင့် ဂျာမန်ရှုံးထွက်ဖလားတို့အား ဆွတ်ခူးခဲ့ဖူးသူ ကီရ်ခ်ျဟော့ဖ်က အသင်း၏ အောင်မြင်မှုကို ချီးကျူးခဲ့သည်။

    “တကယ့်ကို ကောင်းပါတယ်ဗျာ။ ဖလားရသလောက်နီးနီးကို ပျော်ပါတယ်။ မယုံကြည်နိုင်လောက်စရာပါပဲ။ ကျွန်တော်တို့ဟာ အန္တရာယ်တွေ၊ ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်” ဟု ကီရ်ခ်ျဟော့ဖ်က ပြောကြားခဲ့သည်။

    နည်းပြဆမ်အလာဒွိုက်စ်ကမူ ယခုကဲ့သို့ ပရီးမီးယားလိဂ်တွင် ဆက်လက်တင်ကျန်နေခဲ့ခြင်းမှာ ဇန်န၀ါရီလတွင် ရောက်ရှိလာခဲ့သည့် ကစားသမားများကြောင့်ဖြစ်သည်ဟု ဆိုသည်။

    Ref: Goal

  • ရာနီယေးရီကို လက်စတာက သက်တမ်းတိုးမည်

    ရာနီယေးရီကို လက်စတာက သက်တမ်းတိုးမည်

    မေ ၁၁၊ ၂၀၁၆
    M-Media

    leis 2

    – ပရီးမီးယားလိဂ်ဖလားကို အံ့အားသင့်ဖွယ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ကလော်ဒီယို ရာနီယေးရီအား သက်တမ်းထပ်တိုးရန် စီစဉ်နေသည်ဟု လက်စတာအသင်း၏ ဒုတိယဥက္ကဌ Aiyawatt Srivaddhanaprabha က ပြောကြားလိုက်သည်။

    ရာနီယေးရီကို ပြီးခဲ့သည့်နှစ် ဇူလိုင်လက ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လူကြိုက်နည်းခဲ့သော်လည်း ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံး အောင်မြင်မှုရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့မှုကြောင့် လက်ရှိတွင် အသင်း၌ ဘုရင်ဖြစ်လာခဲ့သည်။

    ဒုတိယဥက္ကဌကမူ ရာနီယေးရီအား သက်တမ်းတိုးရန် စီစဉ်နေသည်ဟု ဆိုသည်။

    “ရာသီအဆုံးမှာ ကျွန်တော်တို့ဟာ (ရာနီယေးရီရဲ့ စာချုပ်အကြောင်း) သူနဲ့ ဆွေးနွေးသွားမှာပါ။ ဒါ့ပေမယ့် ဒါဟာ စက်တင်ဘာမတိုင်မီ ဖြစ်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့အလုပ်လုပ်ရတာကို ပျော်တဲ့သူတွေ၊ အစုအဖွဲ့နဲ့ အလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေကို ကျွန်တော် ကြိုက်ပါတယ်” ဟု Aiyawatt Srivaddhanaprabha က ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူနောက်တန်းတွင် တစ်ဦးချင်းစွမ်းရည်ပိုင်း ပြဿနာရှိနေသည်ဟု ဗန်ဂါးလ်ပြော

    မန်ယူနောက်တန်းတွင် တစ်ဦးချင်းစွမ်းရည်ပိုင်း ပြဿနာရှိနေသည်ဟု ဗန်ဂါးလ်ပြော

    မေ ၁၁၊ ၂၀၁၆
    M-Media

    manu

    – ၀က်စ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် မိမိအသင်းခံစစ်၏ တစ်ဦးချင်းစွမ်းရည်များတွင် ပြဿနာရှိနေသည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် မန်ယူမှာ ၁ ဂိုးအရှုံးမှ ပထမပိုင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သော်လည်း နောက်တန်းမှာ ၀က်စ်ဟမ်း ကွင်းလယ်နှင့် တိုက်စစ်ကစားသမားများ၏ တစ်ဦးချင်းစွမ်းရည်များကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးများပြန်ပေးရကာ ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    ထိုအရှုံးကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မရေရာတော့ဘဲ မန်စီးတီး၏ ခြေချော်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။

    “ပွဲမစခင်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ တစ်ဦးချင်းကစားပုံတွေမှာ မသေသပ်တာကြောင့် သူတို့ ဂိုးတွေ သွင်းနိုင်ခဲ့တာပါ။ ကျွန်တော်တို့မှာ တစ်ဦးချင်းစွမ်းရည်နဲ့ပတ်သက်ပြီး အခက်ခဲရှိပါတယ်။ ဂိုးအရှေ့ မီတာ ၆၀ အကွာအဝေးမှာ ကျွန်တော်တို့ ပြစ်ဒဏ်ဘောတွေ တော်တော်များများ ပေးခဲ့ရပါတယ်။ ဒါဟာ ပြဿနာတစ်ခုပါပဲ။ သူတို့က တစ်ဦးချင်းပိုင်း ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး” ဟု ဗန်ဂါလ်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဖေဖော်ဝါရီ အားလပ်ရက်က ချန်ပီယံဖြစ်ရန် အရေးပါခဲ့သည်ဟု လက်စတာတိုက်စစ်မှူး ပြော

    ဖေဖော်ဝါရီ အားလပ်ရက်က ချန်ပီယံဖြစ်ရန် အရေးပါခဲ့သည်ဟု လက်စတာတိုက်စစ်မှူး ပြော

    မေ ၁၀၊ ၂၀၁၆
    M-Media

    vardy

    – လက်စတာစီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရာတွင် နည်းပြရာနီယေးရီက ဖေဖော်ဝါရီလ၌ အသင်းသားများကို အနားပေးခြင်းမှာ အဓိကအကြောင်းအရင်းတစ်ရပ်အဖြစ် ပါဝင်သည်ဟု တိုက်စစ်မှူး ဂျာမီဗာဒီက ပြောကြားလိုက်သည်။

    ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အာဆင်နယ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရာနီယေးရီမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နော်ဝစ်ခ်ျနှင့်ကစားမည့်ပွဲမတိုင်ခင် အသင်းသားများအား အပိုအားလပ်ရက် ပေးခဲ့သည်။ ထိုအဖြစ်အပျက်နောက်ပိုင်း ကစားသည့် ၁၁ ပွဲတွင် လက်စတာမှာ ၈ ပွဲအထိ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

    ဗာဒီကမူ နည်းပြ၏ ထိုလုပ်ရပ်ကို ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ FA ဖလားက ထွက်ခဲ့ရပြီးနောက်ပိုင်း ပုံမှန်ပြန်မဖြစ်ခင်မှာ အရာရာတိုင်းကိုမေ့ပစ်ဖို့၊ အားသစ်လောင်းဖို့ သူ(နည်းပြ) က တစ်ပတ်တာ အားလပ်ရက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်း အားဖြည့်ပြီး တစ်သင်းလုံး ဒူဘိုင်းကို သွားခဲ့ကြပါတယ်။ ဒါ့ကြောင့် အားသစ်တွေပြည့်ပြီး ပြန်လာနိုင်ခဲ့တဲ့ အဲဒီအချိန်က ပရီးမီးယားလိဂ်ဖလား ရရှိဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်”

    Ref: Goal