News @ M-Media

Tag: EPL 2015-16

  • အသင်းအပေါ် မျှော်လင့်ချက်ဆက်ထားရန် ပရိတ်သတ်များကို လက်စတာနည်းပြ တိုက်တွန်း

    အသင်းအပေါ် မျှော်လင့်ချက်ဆက်ထားရန် ပရိတ်သတ်များကို လက်စတာနည်းပြ တိုက်တွန်း

    မေ ၈၊ ၂၀၁၆
    M-Media

    rnr

    – ပရီးမီးယားလိဂ်သမိုင်းတွင် အထူးခြားဆုံးအနေအထားဖြင့် ချန်ပီယံဖြစ်ခဲ့ပြီးနောက် အသင်းအပေါ် မျှော်လင့်ချက်များ ဆက်လက်ထားရှိရန် လက်စတာနည်းပြ ရာနီယေးရီက ပရိတ်သတ်များကို တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံအဖြစ် သေချာခဲ့သည့် လက်စတာမှာ ယမန်နေ့ အဲဗာတန်အား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ ထိုအောင်ပွဲမှာ အသင်းအတွက်လည်း သမိုင်းတွင်သည့် အောင်ပွဲဖြစ်ခဲ့သည်။ ရာနီယေးရီကမူ ပရိတ်သတ်များကို ချီးကျူးခဲ့သည်။

    “ပရိတ်သတ်တွေဟာ တစ်ရာသီလုံး ကျွန်တော်တို့နောက်မှာ တွန်းအားအဖြစ် ရှိနေခဲ့တာပါ။ ဒါဟာ အံ့သြမှင်သက်စရာပါပဲ။ ကျွန်တော် အပြင်ပန်းမှာ တည်ငြိမ်အောင် ကြိုးစားပေမယ့် စိတ်ထဲမှာတော့ အင်မတန် ပျော်နေပါတယ်။ ကျွန်တော့်ရဲ့ အသွေးအသားတွေက မယုံနိုင်လောက်စရာ ဖြစ်နေပါတယ်။ ကျွန်တော့်အသက် မငယ်တော့တာကြောင့် ဒီအောင်ပွဲဟာ ကျွန်တော့်အတွက် တော်တော်လေး မယုံကြည်နိုင်စရာကောင်းတဲ့ အချိန်ပါ။ ကျွန်တော်တို့ အခု နောက်ထပ် စမ်းသပ်မှုတစ်ခု ရှိနေပါပြီ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် ပရိသတ်များအနေဖြင့် အသင်းအပေါ် မျှော်လင့်ချက် ဆက်ထားရန်လည်း တိုက်တွန်းခဲ့သည်။

    “အခြေခံကတော့ ခိုင်သွားပါပြီ။ အခုအချိန်မှာ နောက်တစ်ဆင့် ထပ်တက်ဖို့ အရေးကြီးနေပါတယ်။ ဖြည်းဖြည်း ဖြည်းဖြည်းပေါ့ဗျာ။ လာမယ့်ရာသီဟာ ခြားနားတဲ့ရာသီတစ်ခု ဖြစ်မှာပါ။ ဒါပေမယ့် ပရိတ်သတ်တွေအနေနဲ့ အိပ်မက်တွေ မက်နေကြပါတယ်။ ဆက်မက်ကြပါဗျာ”

    Ref: epl.com

  • လက်ကျန်ပွဲများ ရှုံး၍မရဟု ဗန်ဂါးလ်ပြော

    လက်ကျန်ပွဲများ ရှုံး၍မရဟု ဗန်ဂါးလ်ပြော

    မေ ၇၊ ၂၀၁၆
    M-Media

    van gal

    – ရာသီပြီးဆုံးကာနီး ယခုအချိန်တွင် မိမိတို့အသင်းအနေဖြင့် နောက်ထပ်ရှုံးပွဲကို လက်ခံ၍မရတော့ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ရာသီတစ်လျှောက်လုံး ရုန်းကန်ခဲ့ရသည့် မန်ယူမှာ လက်ရှိအချိန်တွင် FA ဖလား ဖိုင်နယ်သို့ ရောက်ရှိနေကာ ခရစ္စတယ်ပဲလေ့စ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ်တွင် စတုတ္ထနေရာမှ မန်စီးတီးနှင့် တစ်ပွဲလျော့ ၄ မှတ်အကွာဖြင့် ပဉ္စမနေရာတွင် ရှိနေသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက် ရှိနေသေးသည်။

    ထို့ကြောင့် ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲကို မန်ယူအသင်းအနေဖြင့် အမှားခံ၍ မရဘဲ ဗန်ဂါးကလည်း အရှုံးနှင့်ကြုံတွေ့ပါက ပြန်လည်၍ ကုစားနိုင်မည်မဟုတ်ဟု ဆိုသည်။

    “အားကစားမှာ အရှုံး၊ အနိုင်ဆိုတာ ရှိစမြဲပါ။ ဒါက လက်ခံရခက်တဲ့ အမှန်တရားပါပဲ။ လက်ကျန် ပွဲတိုင်းကို ကျွန်တော်တို့ နိုင်ရပါမယ်။ ကျွန်တော်တို့အသင်းက လူတိုင်းမှာရှိနေတဲ့ ဖိအားက ကြီးပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်သာမကဘဲ FA ဖလားကိုလည်း ကျွန်တော် ရချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ FA ဖလားဟာ အင်္ဂလန်မှာ အရေးပါတဲ့ ဖလားမို့လို့ပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ယနေ့ပွဲမနိုင်ပါက ကစားသမားများကို အဆုံးစီရင်မည်ဟု လက်စတာနည်းပြ အရွှန်းဖောက်

    ယနေ့ပွဲမနိုင်ပါက ကစားသမားများကို အဆုံးစီရင်မည်ဟု လက်စတာနည်းပြ အရွှန်းဖောက်

    မေ ၇၊ ၂၀၁၆
    M-Media

    leis

    – ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ကာ သမိုင်းဝင်အောင်ပွဲ ရရှိထားသော်လည်း ယနေ့ပွဲတွင် ခြေစွမ်းမပြနိုင်ပါက ကစားသမားများအား အသက်သေသည်အထိ ရိုက်နှက်သွားမည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက အရွှန်းဖောက်ပြောကြားလိုက်သည်။

    လက်စတာမှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံဖြစ်ထားပြီး ယနေ့ အိမ်ကွင်းတွင် အဲဗာတန်နှင့် ကစားမည့်ပွဲပြီးနောက် ပရီးမီးယားလိဂ်ဖလားကို လက်ဝယ်ရရှိမည်ဖြစ်သည်။ ရာနီယေးရီကမူ အသင်းသားများအနေဖြင့် ထိုပွဲတွင် ပုံမှန်ခြေစွမ်းကောင်းကို ပြသနိုင်ရန် မျှော်လင့်ထားသည်။

    “(ခြေစွမ်းပြနိုင်ဘူးဆိုရင်) ကျွန်တော့်လက်နဲ့ သူတို့ကို မသေမချင်း ထုထောင်းမယ်။ လည်ပင်းလည်း ညှစ်မှာပါ။ ကျွန်တော်တို့ရဲ့အလုပ်က ကစားဖို့ပါ။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်မှာဖြစ်ပြီး အဲဗာတန်ကလည်း ကျွန်တော်တို့ကို နိုင်ချင်မှာပါ။ ဆုလာဘ်အနေနဲ့ ကစားသမားတွေကို အားလပ်ရပ်အပို ကျွန်တော် ပေးထားတယ်။ ဒါပေမယ့် လေ့ကျင့်ကွင်းမှာတော့ သူတို့ ကောင်းနေတုန်းဆိုတာ ကျွန်တော် တွေ့ခဲ့ရပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • လက်စတာထက် ရှုံးပွဲမရှိဗိုလ်စွဲနိုင်ခဲ့သည့် အာဆင်နယ်အား ချီးကျူးသင့်သည်ဟု နောက်ခံလူဟောင်း ပြော

    လက်စတာထက် ရှုံးပွဲမရှိဗိုလ်စွဲနိုင်ခဲ့သည့် အာဆင်နယ်အား ချီးကျူးသင့်သည်ဟု နောက်ခံလူဟောင်း ပြော

    မေ ၅၊ ၂၀၁၆
    M-Media

    arse

    – သမိုင်းဝင် အောင်ပွဲရရှိခဲ့သည့် လက်စတာစီးတီးအသင်းထက် ရှုံးပွဲမရှိ ဖလားရဖူးသော အာဆင်နယ်အား ပို၍ ချီးကျူးသင့်ပြီး ၀င်းဂါးမှာလည်း ဝေဖန်မှုနှင့် မထိုက်တန်ဟု အာဆင်နယ် နောက်ခံလူဟောင်း လော့ရင့်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ချန်ပီယံ ချယ်ဆီး၊ အသင်းကြီးများဖြစ်ကြသော မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်တို့မှာ ခြေချော်နေသည့်အချိန်တွင် ရာသီအစ ပုံစံကောင်းများ ပြသနိုင်ခဲ့သည့် အာဆင်နယ်က ပရီးမီးယာယးလိဂ်ဖလားကို ရရှိမည်ဟု ရေပန်းစားခဲ့သော်လည်း ထင်သလို ဖြစ်မလာခဲ့ဘဲ လက်စတာက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

    အာဆင်နယ်တွင်ကစားစဉ် နည်းပြ၀င်းဂါးက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည့် လော့ရင်ကမူ လက်စတာကို ချီးကျူးခဲ့ပြီး အာဆင်နယ်ကို ကာကွယ်ပြောဆိုခဲ့သည်။

    “လက်စတာလုပ်နိုင်ခဲ့တဲ့အရာက တစ်မူထူးခြားတဲ့ အရာပါပဲ။ ရာသီအစမှာ ဒီလိုအောင်မြင်မှုမျိုး ရမယ်ဆိုတာ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပါဘူး။ အသင်းသားတိုင်းရဲ့ အလွန်အမင်း ကြိုးပမ်းအားထုတ်မှု၊ စုစည်းမှုနဲ့ ယုံကြည်ချက်ခိုင်မာမှုတို့ကို အခြေခံပြီး ဒီလိုအောင်မြင်ခဲ့တာပါ။ ဒါဟာ သူတို့အတွက် မယုံကြည်နိုင်လောက်စရာဖြစ်ပြီး ဘောလုံးလောကအတွက်လည်း ကောင်းမွန်ပါတယ်။ လက်စတာက မယုံနိုင်စရာကို လုပ်ပြခဲ့ပေမယ့် တစ်ရာသီလုံး ရှုံးပွဲမရှိဘူးဆိုတာက ပိုပြီး ထူးခြားပါတယ်။ ဒီနှစ်ခုကို ကျွန်တော်တို့ နှိုင်းယှဉ်လို့မရပါဘူး။ ကျွန်တော့်ကိုမေးမယ်ဆိုရင် ရှုံးပွဲမရှိတဲ့ ဘောလုံးရာသီက ပိုပြီး ကြီးကျယ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းက ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့မှုကို ရည်ညွှန်း၍ လော့ရင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • လက်စတာစီးတီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီ

    လက်စတာစီးတီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီ

    မေ ၃၊ ၂၀၁၆
    M-Media

    les 5

    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် ဒီနေ့မနက်မှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်ဆီးတို့ရဲ့ပွဲမှာ ၂ ဂိုးစီ သရေကျသွားခဲ့တာကြောင့် ကစားဖို့ ၂ ပွဲကျန်နေသေးတဲ့အချိန် ဒုတိယနေရာက စပါးကို ၇ မှတ် ဖြတ်ထားနိုင်တဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။

    စနေနေ့ပွဲမှာ လက်စတာက မန်ယူကို သရေကျသွားတဲ့အတွက် အမှတ်ကွာဟမှုကို လျော့ချဖို့ ကြိုးစားခဲ့တဲ့ စပါးတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပထပိုင်းသွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချယ်ဆီးက ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာကြောင့် သရေတစ်မှတ်သာ ရခဲ့ပြီး ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။

    လက်စတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ အချိန်ကတည်းက ပရီးမီးယားလိဂ်ကို တောက်လျှောက်ဦးဆောင်ကာ အခုလို ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အသင်းရဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

    နည်းပြ ရာနီယေးရီကတော့ ဒီလိုအောင်ပွဲရဖို့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

    “ကျွန်တော့်သက် ၆၄ နှစ်ရှိပါပြီ။ ဒီလိုအောင်ပွဲရဖို့ အကြာကြီး တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အပြုသဘောဘက်ကပဲ ကြည့်ခဲ့ပြီး အသင်းအပေါ်မှာလည်း အကောင်းမြင်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ အမှတ်ပေးဖလား အရယူနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော်သိခဲ့ပါတယ်။ လက်ရှိ ကျွန်တော်ဟာ ဂရိလက်ရွေးစဉ်အသင်းက အထုတ်ခံလိုက်ရတဲ့ ကျွန်တော်ပါပဲ” လို့ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာ ရာနီယေးရီက ပြောကြားခဲ့ပါတယ်။

    လက်စတာဟာ ပရီးမီးယားလိဂ်ဖလားကို အခုတစ်ပတ် စနေနေ့မှာကစားမယ့် အဲဗာတန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ကိုင်မြှောက်ရမှာပါ။

    အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့အပြင် လက်စတာတိုက်စစ်မှူး ဗာဒီဟာ လိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး စံချိန်ရှင်ဖြစ်ခဲ့သလို ဘောလုံးအားကစား ကလောင်ရှင်များအသင်း FWA က ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

    အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရီယာ့ဒ် မဟ်ရက်ဇ်ကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း PFA က ပေးအပ်တဲ့အကောင်းဆုံး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ပါတယ်။

    Ref: premierleague.com, Goal