News @ M-Media
Tag: EPL 2015-16
  • ယခုနှစ် ပရီးမီးယားလိဂ်မရပါက နောက်ထပ် မျှော်လင့်၍မရတော့ဟု လက်စတာတိုက်စစ်မှူးပြော
    ယခုနှစ် ပရီးမီးယားလိဂ်မရပါက နောက်ထပ် မျှော်လင့်၍မရတော့ဟု လက်စတာတိုက်စစ်မှူးပြော
    ဧပြီး ၂၉၊ ၂၀၁၆
    M-Media
    leis 2
    – လက်စတာအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားကို ယခုနှစ်တွင် မရရှိပါက နောက်ထပ် မည်သည့်အချိန်မှ ရရှိတော့မည်မဟုတ်ဟု PFA တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသည့် တိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။
    ဒုတိယနေရာမှ စပါးအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ကစားမည့် မန်ယူအ
    သင်းနှင့်ပွဲတွင် အနိုင်ရရှိပါက အသင်း၏ ၁၃၂ နှစ်တာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
    အသင်းအတွက် ပရီးမီးယားလိဂ်တွင် ၃၄ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူပေးထားကာ ၁၁ ဂိုး ဖန်တီးပေးထားသည့် မဟ်ရက်ဇ်ကမူ မိမိနှင့် အသင်းဖော်များအနေဖြင့် ယခုအခွင့်အရေးမှာ နောက်ထပ် မည်သည့်အချိန်တွင်မှ ပြန်လာနိုင်မည်မဟုတ်ဆိုသည်ကို သိရှိသည်ဟု ဆိုသည်။
    “ကျွန်တော်တို့မှာ အကောင်ဆုံးကစားသမားတွေ မရှိသလို၊ ဘက်ဂျက်လည်း မတောင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုက အခရာကျခဲ့တာပါ။ ကျွန်တော်တို့ ကံလည်း နည်းနည်းကောင်းခဲ့ပါတယ်။ ဒီနှစ်မှ ဖလားမရရင်တော့ နောက် ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဇန်န၀ါရီလအထိ ဖလားရမယ်လို့ ကျွန်တော်တို့ တွေးတောင်မတွေးခဲ့ပါဘူး။ အဲဒါဟာ ဖြစ်နိုင်ခြေတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခေါင်းထဲကို ၀င်ခွင့်မပြုခဲ့ပါဘူး” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။
    Ref: Goal
  • မဖြစ်နိုင်သည့်ကိစ္စ မရှိဆိုသည်ကို လက်စတာက ပြသတော့မည်ဟု ဒဲလ်ပီယာရိုပြော
    မဖြစ်နိုင်သည့်ကိစ္စ မရှိဆိုသည်ကို လက်စတာက ပြသတော့မည်ဟု ဒဲလ်ပီယာရိုပြော
    ဧပြီ ၂၈၊ ၂၀၁၆
    M-Media
    lec 1
    – ကမ္ဘာပေါ်တွင် မဖြစ်နိုင်သည့်အရာ ဘာမှမရှိသည်ကို ပြသနိုင်ရန်အတွက် လက်စတာစီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးစေချင်သည်ဟု အီတလီ ဂန္တ၀င်ကွင်းလယ်လူဟောင်း အလက်ဇန်ဒရို ဒဲလ်ပီယာရိုက ပြောကြားလိုက်သည်။
    လက်ရှိတွင် ဒုတိယနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင်ကစားမည့် မန်ယူအသင်းနှင့်ပွဲတွင် အနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
    လွန်ခဲ့သည့် ၁၂ လတာအရင်က တန်းမဆင်းရရေး ရုန်းကန်ခဲ့ရသည့် လက်စတာအသင်း၏ ယခုအခြေအနေအတွက် အံ့သြရသူများတွင် ဒဲလ်ပီယာရိုလည်း ပါဝင်ခဲ့သည်။
    “လက်စတာဟာ ပရီးမီးယားလိဂ်ဖလားနဲ့ လုံးဝ နီးစပ်နေပါပြီ။ အားလုံးမျှော်လင့်ထားတဲ့အတိုင်း အဆုံးသတ်မယ်လို့ ကျွန်တော် တကယ့်ကို မျှော်လင့်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ရဲ့ မြေးမြစ်တွေကို ပြောပြလို့ရအောင်ပါ။ ဒါဟာ အားကစားလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့ ပြယုဂ်ပါပဲ” ဟု ဒဲလ်ပီယာရိုက ပြောကြားခဲ့ပြီး တနင်္လာနေ့က စီးရီးအေဖလားကို ၅ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သည့် ၎င်း၏ အသင်းဟောင်း ဂျူဗင်တပ်စ်ကိုလည်း ချီးကျူးခဲ့သည်။
    Ref: Goal
  • ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ် မန်ယူနှင့်ပွဲတွင် လက်စတာဂိုးသွင်းစက် ဗာဒီ မပါနိုင်
    ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ် မန်ယူနှင့်ပွဲတွင် လက်စတာဂိုးသွင်းစက် ဗာဒီ မပါနိုင်
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    vardy
    – ပြီးခဲ့သည့်တစ်ပတ်ကျော်က ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် ကစားသမားတစ်ဦးအနေဖြင့် မသင့်လျော်သည့် အပြုအမူ ပြုလုပ်ခဲ့သည့်အတွက် လက်စတာတိုက်စစ်မှူး ဂျာမီ ဗာဒီမှာ ထပ်တိုး တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ်ဖြစ်သည့် မန်ယူနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟုတ်ဟု သိရသည်။
    ထိုပွဲတွင် နှစ်ဝါတစ်နီဖြင့် ဗာဒီမှာ အထုတ်ခံခဲ့ရပြီး ပြီးခဲ့သည့်ဆွမ်ဆီးနှင့်ပွဲတွင်လည်း ပါဝင်ခွင့်မရရှိခဲ့ပေ။ ထို့ပြင် ကစားသမားတစ်ဦးအနေဖြင့် မသင့်လျော်သည့် ၎င်း၏ အပြုအမူအတွက် စွဲချက်ကို ၎င်းက ၀န်ခံခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်တိုးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဒဏ်ငွေ ပေါင် တစ်သောင်းလည်း ပေးဆောင်ရမည်ဖြစ်သည်။
    ရာသီပြီးဆုံးရန် ၃ ပွဲအလိုတွင် ဒုတိယနေရာမှ စပါးအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ်တွင် အိုးထရက်ဖို့ဒ်၌ မန်ယူအသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မည်ဖြစ်သည်။
    သို့သော်လည်း အသင်းဂိုးသွင်းစက်ဖြစ်ပြီး ယခုရာသီတွင် ၂၃ ဂိုး သွင်းယူပေးထားနိုင်သည့် ဗာဒီမှာ ယခု ထပ်တိုးပွဲပယ်ပြစ်ဒဏ်ကြောင့် ထိုပွဲတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ ဗာဒီမပါဝင်သည့် လက်စတာမှာ ဆွမ်ဆီးအား ၄ ဂိုးပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။
    Ref: Goal
  • ဖလားရဖို့ မျှော်လင့်ချက် နည်းသွားသော်လည်း ဆက်လက် တိုက်ပွဲဝင်မည်ဟု စပါး နည်းပြပြော
    ဖလားရဖို့ မျှော်လင့်ချက် နည်းသွားသော်လည်း ဆက်လက် တိုက်ပွဲဝင်မည်ဟု စပါး နည်းပြပြော
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    spur4
    – ယနေ့မနက်က ၀က်စ်ဘရွန်းအား သရေကျကာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် မှေးမှိန်သွားခဲ့သော်လည်း မိမိတို့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
    ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် မန်ယူနှင့် ကစားရမည့် လက်စတာမှာ အနိုင်ရပါက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ပိုချက်တီနိုကမူ အလျော့မပေးသေးပေ။
    “ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်ရပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ စိတ်မနှစ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ သူတို့ကို အခွင့်အရေးအချို့ ပေးခဲ့ရပါတယ်။ တော်တော် ခက်ခဲတဲ့ပွဲပါ။ သူတို့ တော်တော်ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အနိုင်နဲ့ ထိုက်တန်ခဲ့တာပါ။ အခုအချိaန်မှာ ရှေ့ဆက်ဖို့ တော်တော်ခက်သွားပေမယ့် ယုံကြည်ချက်နဲ့အတူ ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
    Ref: Goal
  • PFA ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လက်စတာတိုက်စစ်မှူး မဟ်ရက်ဇ် ရရှိ
    PFA ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လက်စတာတိုက်စစ်မှူး မဟ်ရက်ဇ် ရရှိ
    ဧပြီ ၂၅၊ ၂၀၁၆
    M-Media
    PFA
    – ဖရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများအဖွဲ့ချုပ် PFA က ရွေးချယ်ချီးမြှင့်သည့် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လက်စတာအသင်း၏ အလ်ဂျီးရီးယားတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ရရှိခဲ့သည်ဟု သိရသည်။
    မဟ်ရက်ဇ်မှာ ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လက်စတာအသင်းတွင် အံ့ဖွယ်ခြေစွမ်းများကို ပြသနေသူဖြစ်ပြီး အသင်းအတွက် ၁၇ ဂိုး သွင်းယူပေထားကာ ၁၁ ကြိမ် ဖန်တီးမှု ပြုလုပ်ထားသည်။ ၎င်း၏ အသင်းဖော် ဂျာမီ ဗာဒီကမူ ဒုတိယနေရာ ရရှိခဲ့ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက တတိယ ချိတ်ခဲ့သည်။
    လက်စတာစီးတီးအသင်းမှ ထိုဆုကို ပထမဆုံး ရရှိခဲ့သူ မဟ်ရက်ဇ်က ၎င်းအနေဖြင့် ပျော်ရွှင်မိသည်ဟု ဆိုသည်။
    “ကျွန်တော်ဟာ ဒီနှစ်တစ်နှစ်လုံးမှာ အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ ရှုမြင်ပြီး ကစားသမားတွေက မဲပေးတာကြောင့် တော်တော်လေးကို ထူးခြားတဲ့ဆုဖြစ်ကာ ကျွန်တော် ပျော်လည်းပျော်ပါတယ်။်ကျွန်တော့်ရဲ့အသင်းဖော်တွေ မရှိဘဲနဲ့ ဒီဆုကို ကျွန်တော် ရမှာမဟုတ်ပါဘူး။ ကွင်းထဲက ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေပါ။ ဒါက ကျွန်တော်တို့ရဲ့ အင်အားပါပဲ” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။
    စပါးကွင်းလယ်လူ ဒီလီ အလီကမူ PFA ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ဗာဒီက ပရီးမီးယားလိဂ်တွင် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် အထူးဆုကို ရရှိခဲ့သည်။ မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်ကမူ Merit Award ဆုကို ရရှိခဲ့သည်။
    Ref: Goal