News @ M-Media

Tag: Gaza

  • ဂါဇာဒေသသို့ အကူအညီ ပထမအသုတ်ကို အီရန်ပေးပို့

    ဂါဇာဒေသသို့ အကူအညီ ပထမအသုတ်ကို အီရန်ပေးပို့

    စက်တင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    myriam20121128133552130
    – အစ္စရေး၏ ၂ လနီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဂါဇာကမ်းမြှောင်ဒေသသို့ အီရန် အစ္စလာမ့်မစ်သမ္မတနိုင်ငံတော် ကြက်ခြေနီအဖွဲ့ IRCS မှ အကူအညီ ပထမအသုတ်ကို  ပေးပို့ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဆေးဝါး ၃၅ တန်နှင့် ဆေးကုသရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ တဲများ၊ စောင်များ၊ စည်သွတ်ဗူးများနှင့် အခြားပစ္စည်းများအပါအ၀င် စုစုပေါင်း ၉၅ တန်ကို အီဂျစ်ရှိ ရာဖာနယ်ခြားမှတစ်ဆင့် ဂါဇာကမ်းမြှောင်အတွင်းသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

    အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ်များ ပျက်ဆီးခဲ့ရပြီး ထိုအတွက်လည်း အီရန်က လူနာတင်ယာဉ်များကို ပေးပို့သွားရန်စီစဉ်နေပြီး၊ တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရနေသူများကို ဆေးကုသပေးရန် အဆင်သင့်ရှိနေသည်ဟု IRCS က ပြောကြားခဲ့သည်။
    ဇူလိုင်အစောပိုင်းမှ စတင်ကာ သြဂုတ် နှောင်းပိုင်းအထိ ပြုလုပ်ခဲ့သော အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဗလီဝတ်ကျောင်းတော်များ၊ ဘောလုံးကွင်းများနှင့် ကယ်ဆယ်ရေးစခန်းများမှာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံခဲ့ရပြီး စုစုပေါင်း ပါလက်စတိုင်း ၂၁၄၀ သေဆုံးခဲ့ရသည်။

    Press TV

  • စစ်ဘေးခံ ဂါဇာ ကလေးငယ်များ အတွက် မြန်မာလူငယ်များမှ တီရှပ်ရောင်း ရံပုံငွေရှာပြီး လှူဒါန်း

    စစ်ဘေးခံ ဂါဇာ ကလေးငယ်များ အတွက် မြန်မာလူငယ်များမှ တီရှပ်ရောင်း ရံပုံငွေရှာပြီး လှူဒါန်း

    သြဂုတ် ၂၅ ၊ ၂၀၁၄
    M-Media
    သူရိန်
    10385411_691367340956321_1129017133502816311_n
    Community Learning Center မှ လူငယ်များ၏  ဂါဇာရှိ စစ်ဘေးဒုက္ခသည် ပါလက်စတိုင်း ကလေးငယ်များအတွက် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီအဖြစ် အလှူငွေပေးအပ်ပွဲကို သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်

    အကူအညီပေးရေး လှုပ်ရှားမှုကို Community Learning Center မှ လူငယ်များက ဂါဇာကလေးငယ်များ သေဆုံးနေရမှုနဲ့ပတ်သက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဝါကျွတ် အီးဒ်နေ့ပွဲတော်တွင် အင်္ကျီဆင်တူများ နေတစ်ပိုင်း ဝတ်ဖို့ တိုင်ပင်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ တဦးကပြောပါတယ်။

    အဆိုပါအဖွဲ့ရဲ့ လူငယ်များမှ အင်္ကျီများကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး ရောင်းချကာ ဂါဇာ ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အလှူငွေ ရန်ပုံငွေ မတည်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ပုံငွေ အဖြစ်ရောင်းချခဲ့တဲ့ အင်္ကျီဒီဇိုင်းကို  နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေးအစွဲကင်းပြီး အားလုံးကို ကိုယ်စားပြုတဲ့ စာသားဖြစ်တဲ့ “We stand with the oppressed” ဖိနှိပ်ခံအားလုံးနဲ့ ကျွန်တော်တို့ အတူတကွရှိနေပါတယ်၊ ရပ်တည်ပါတယ် ဆိုတဲ့ စာသားကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဖိနှိပ်ခံဆိုရာမှာ ပဋိပက္ခတွေမှာ မြေဇာပင်ဖြစ်ကြရပြီး ဒုက္ခသည်ဘဝကို ခါးစီးခံနေရတဲ့ ကမ္ဘာပေါ်က အဖိနှိပ်ခံ အားလုံးကို ဆိုလိုကြောင်းလည်း ရှင်းပြထားတာကို တွေ့ရပါတယ်။

    1463018_691370684289320_4950634767695908481_n

    အင်္ကျီ တစ်ထည်ကို ၂၀၀၀ ကျပ်ဖြင့် ပထမဦးစွာ online campaign လုပ်ပြီး ဦးစွာရောင်းချခဲ့ပြီး၊ နိုင်ငံတကာ လူငယ်အထိမ်းအမှတ်နေ့ကျင်းပရာ စိန်ရတု ခန်းမမှာလည်း ရောင်းချခဲ့ကြောင်း ။ မွတ်စလင်မ်များသာမက ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန် နဲ့ ဟိန္ဒူဘာသာဝင် စသည့်ဘာသာပေါင်းစုံမှ စေတနာရှင်များမှ ဝယ်ယူအားပေးခဲ့ပြီး အားပေးစကားများ ပြောခဲ့ကြောင်း သိရပါတယ်။

    စုစုပေါင်း ရံပုံငွေ မြန်မာကျပ်ငွေ ၁၅ သိန်းခန့် (USD 1540)ရရှိခဲ့ကြောင်း  ထိုအလှူငွေများကို ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီများ ပေးနေသော လန်ဒန်အခြေစိုက် MAUK ဌာနချုပ်သို့ ပေးအပ်လှူဒါန်းခဲ့ပြီး MAUK မြန်မာရုံးခွဲမှ တဆင့်လက်ခံပေးခဲ့ကြောင်း။ ထိုသို့လှူဒါန်းရာတွင် တစ်ဦးတစ်ဖွဲ့အနေနှင့် မဟုတ်ဘဲ မြန်မာနိုင်ငံသားများမှ ဂါဇာ ကလေးငယ်များအတွက် အလှူဆိုသည့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းကို သိရှိရပါတယ်။

    အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဘာသာတရားပေါင်းစုံမှ ခေါင်းဆောင်များဖြစ်ကြသည့်  အစ္စလာမ့်ဓမ္မဗိမာန်ဆော်ဩရေးမှူး အလ်ဟဂ်ျ ဦးအေးလွင်၊ ခရစ်ယာန်ဆရာတော် ပရော်ဖက်ဆာ ဒေါက်တာစောလှိုင်ဘွား၊ ဟိန္ဒူ ဓမ္မဆရာကြီး ဆရာဦးစန်းမင်းနိုင် နှင့် လူငယ်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမိုဃ်းသွေး တို့တက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီး လူသားချင်းဆိုင်ရာစာနာထောက်ထားမူနဲ့ပတ်သက်၍ အမှာစကားများနှင့် အားပေးစကားများ ပြောကြားပေးခဲ့ကြောင်းသိရပါတယ်။
    10646627_691370170956038_4503232275737728476_n
    အလှူငွေကို  MAUK(HQ) ကိုယ်စား ရန်ကုန်ရုံးခွဲ ဌာနေကိုယ်စားလှယ် ကိုယ်တိုင်တက်ရောက် မှ တက်ရောက်လက်ခံပေးခဲ့ကြောင်းလည်း သိရပါတယ်။

    ဂါဇာတွင်  အပြစ်မဲ့ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်ဖက်ပစ်မှတ်များကို အစ္စရေး၏ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်မှုအပေါ် ဂျူးများ အပါအဝင် လူမှုရေးလှုပ်ရှားသူများ နိုင်ငံတကာပြည်သူများမှ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဆန့်ကျင်လျက်ရှိပါတယ်။

    10600595_691367700956285_1143721014189159452_n

    Community Learning Center မှ ပရဟိတလူငယ်မောင်မယ်များမှာ လတ်တလောတွင် ပဲခူးရေဘေးအတွက် ဒေသခံ ဗလီဝတ်ကျောင်းတော်မှ တာဝန်ရှိသူများ၊ ရဟန်းသံဃာများ၊ လူမှုရေးတက်ကြွကူညီသူများနှင့် ပူးပေါင်းကာ လူမျိုးဘာသာမခွဲခြားဘဲ စာနာမှုအကူအညီများကို ရေဘေးနေရာများအထိ ကွင်းဆင်း ကူညီပေးလျက်ရှိသည်။

    Ref: Stand With the Oppressed Facebook Page
    ဓါတ်ပုံ- သန့်ဇင်ထွေး

  • ဂါဇာပြည်သူများအား သတ်ဖြတ်မှု ဆန့်ကျင်သော ဒတ်ခ်ျ တစ်ဦး အစ္စရေး ချီးမြှင့်ထားသည့် ဆုတံဆိပ် ပြန်အပ်

    ဂါဇာပြည်သူများအား သတ်ဖြတ်မှု ဆန့်ကျင်သော ဒတ်ခ်ျ တစ်ဦး အစ္စရေး ချီးမြှင့်ထားသည့် ဆုတံဆိပ် ပြန်အပ်

    သြဂုတ် ၁၆ ၊ ၂၀၁၄
    M-Media

    375427_Henk Zanoli– ဂါဇာဒေသအား ကျူးကျော်တိုက်ခိုက်ကာ ပါလက်စတိုင်းပြည်သူများအား အစ္စရေးက သတ်ဖြတ်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးက ပေးအပ်ထေားသော အမြင့်ဆုံး ဆုတံဆိပ်တစ်ခုကို နယ်သာလန်နိုင်ငံသားတစ်ဦးက ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။

    အသက် ၉၁ နှစ်အရွယ် ဟန့်က် ဇာနိုလီဆိုသူဖြစ်ပြီး ဂျူးကလေးငယ်တစ်ဦးကို နာဇီတို့၏ အကျဉ်းစခန်းသို့ မရောက်စေရန် ကယ်ဆယ်ခဲ့သည့်အတွက်ကြောင့် အစ္စရေး၏ အဆိုပါ ဆုတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

    နယ်သာလန်ဆိုင်ရာ အစ္စရေးသံအမတ်ကြီးသို့ ဇာနိုလီက ရေးသားပေးပို့သော စာတွင် မိမိ၏ မိသားစုဝင် ၄ ဦးမှာ နာဇီတို့၏လက်တွင် အသတ်ခံခဲ့ရပြီး၊ ယခုလက်ရှိ မိမိ၏ မိသားစုဝင်များမှာလည်း ဂါဇာတွင် အလားတူ ကံကြမ္မာမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ရေးသားဖော်ပြထားသည်။

    ဇာနိုလီ၏ တူမတစ်ဦးမှာ ပါလက်စတိုင်းအမျိုးသားနှင့် အိမ်ထောင်ကြခဲ့ပြီး အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွင်း အဘွားအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအ၀င် ဇာနိုလီနှင့် ဆွေးမျိုးမကင်းသူ အနည်းဆုံး ၆ ဦးသေဆုံးခဲ့ရသည်။ ထို့ကြောင့် အစ္စရေးက ပေးအပ်ထားသည့် အဆိုပါဆုကို လက်ခံထားရခြင်းမှာ မိသားစုအား စော်ကားခြင်းဖြစ်သည်ဟု ယူဆသောကြောင့် ယခုကဲ့သို့ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဇာနိုလီက ပြောကြားခဲ့သည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇွန်လ ၈ ရက်နေ့မှ စတင်၍ အစ္စရေးတို့က ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ ထောင်နီးပါး သေဆုံးခဲ့သည်။

    Press TV

  • ဂါဇာရှိ စာသင်ကျောင်းများ သြဂုတ်နှောင်းပိုင်းတွင် ပြန်ဖွင့်မည်၊ အပစ်ရပ်ရေး ထပ်မံ၍ ၅ ရက် သက်တမ်းတိုး

    ဂါဇာရှိ စာသင်ကျောင်းများ သြဂုတ်နှောင်းပိုင်းတွင် ပြန်ဖွင့်မည်၊ အပစ်ရပ်ရေး ထပ်မံ၍ ၅ ရက် သက်တမ်းတိုး

    သြဂုတ် ၁၄၊ ၂၀၁၄
    M-Media
    _76504209_76501624
    – အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ များပြားနေသည့် ဂါဇာကမ်းမြှောင်ဒေသတွင် စာသင်ကျောင်းများကို သြဂုတ်လ ၂၄ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဟု ပညာရေးနှင့် အဆင့်မြင့်ပညာ ၀န်ကြီး ခွာလာ အလ်-ရှက်ဆဲလ်ဟီရ်က ပြောကြားခဲ့သည်။

    ဂါဇာနှင့် အနောက်ဘက်ကမ်းခြေတို့ရှိ ပညာရေးနှင့် အဆင့်မြင့်ပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ဗီဒီယိုညီလာခံပြုလုပ်ခဲ့ပြီး၊ ဂါဇာဒေသရှိ ပညာရေးဝန်ထမ်းများအား အကြံဥာဏ်များ ပေးအပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချတ် ချခဲ့ခြင်းဖြစ်သည်ဟု အလ်-ရှက်ဆဲလ်ဟီရ်က ဆိုသည်။ ပညာရေးဝန်ထမ်းများအတွက်မူ ကျောင်းများကို သြဂုတ်လ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

    ကျောင်းဖွင့်ရာသီစတင်ရန်နှင့် အထက်တန်းကျောင်းသားများအတွက် ဒုတိယအကျော့ စာမေးပွဲများပြုလုပ်ရန် အတွက် အစီအစဉ်များကို နည်းပညာနှင့် စီမံခန့်ခွဲရေး ကော်မတီများက ပြလုပ် သွားမည်ဖြစ်ပြီး ရက်အတိအကျကိုမူ မကြာမီ ကြေညာဖွယ်ရှိနေသည်။

    အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့သည့် စာသင်ကျောင်းများအား ပြင်ဆင်မွမ်းမံခြင်း၊ စာရေးကိရိယာပစ္စည်းများ၊ ပြဌာန်းစာအုပ်များ ထောက်ပံ့ခြင်းတို့ကို ၀န်ကြီးဌာနက ပြုလုပ် သွားမည်ဖြစ်ပြီး ကျောင်းသားများ၊ ဆရာများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက် စာရိတ္တပိုင်းဆိုင်ရာ ကူညီမှုများကိုလည်း ဆောင်ရွက် သွားမည်ဟု ပညာရေးဝန်ကြီးက ဆိုသည်။

    ထို့ပြင် စစ်ပွဲကြောင့် စိတ်ဒဏ်ရာရရှိနေသူ ကျောင်းသားများအတွက် အထူးလေ့ကျင့်ထားသည့် ပညာရှင်များက စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပေးအပ် သွားမည်ဖြစ်သည်။ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့် ဂါဇာပြည်သူ သန်းဝက်ခန့်မှာ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရပြီး ၂သိန်းခွဲခန့်မှာ ကုလ၏ စာသင်ကျောင်းများတွင် ခိုလှုံနေရသူများဖြစ်သည်။

    အင်္ဂါနေ့က စတင်ခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း ကိုယ်စားလှယ်များမှာ ကိုင်ရိုတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၅ ရပ်ထပ်မံ၍ အပစ်ရပ်ရေး ယမန်နေ့က သဘောတူညီခဲ့ကြသည်။

    ref_Middle East Monitor

  • ဂါဇာမှ ပါလက်စတိုင်းပြည်သူတို့၏ အသက်ရှူပေါက်များ

    ဂါဇာမှ ပါလက်စတိုင်းပြည်သူတို့၏ အသက်ရှူပေါက်များ

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media
    လေးမောင် ဘာသာပြန်သည်။

    israel-palestine3– ဂါဇာပြည်သူ ၇၀၀၀ နီးပါးမှာ လှိုဏ်ခေါင်းများထဲတွင် အလုပ်လုပ်ရင်း ၎င်းတို့၏ မလုံခြုံသောဘ၀မျာကိုး ကုတ်တွယ်နေကြရလေသည်။ ထိုလှိုဏ်ခေါင်းများမှာ ဂါဇာတောင်ဘက်ပိုင်းမှ အီဂျစ်အထိ သွယ်တန်းထားသော လှိုင်းခေါင်းများဖြစ်၏။ အရေအတွက်အားဖြင့် ၅၀၀ ခန့်ရှိပြီး ဂါဇာပြည်သူတို့၏ စီးပွားရေးအတွက် အရေးပါသည့် အသက်သွေးကြောဖြစ်လေသည်။

    ထိုလှိုဏ်ခေါင်းများမှ ဆောက်လုပ်ရေးပစ္စည်းများ၊ အစားအသောက်များ၊ ဆေးဝါးများ ဥဒဟိုစီးဆင်းနေကြ၏။ ပညာရေး၊ ကျန်းမာရေးအတွက် လိုအပ်နေသော ဂါဇာပြည်သူများမှာလည်း ထိုလှိုဏ်ခေါင်းများကို အသုံးပြုကြရသည်။

    လှိုဏ်းခေါင်းများမှ ဖြစ်ထွန်းသော စီးပွားရေးမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၇၀၀ ခန့်ရှိသည်။ ထိုပမာဏမှာ ၂၀၁၁ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။

    လှိုဏ်ခေါင်းတစ်ခုကို ပိုင်ဆိုင်ခြင်းမှာ အကျိုးအမြတ်များသော စီးပွားရေးဖြစ်၏။ လှိုဏ်ခေါင်းများကို အမှီပြုပြီး သန်းကြွယ် သူဌေးဖြစ်နေကြသူများလည်း ရှိနေသည်။ သို့ရာတွင် လှိုဏ်ခေါင်းများဆောက်လုပ်ခြင်းနှင့် ထိုလှိုဏ်ခေါင်းများအတွင်း အလုပ်လုပ်ရခြင်းမှာ အလွန်ပင် အန္တရာယ်ရှိလေသည်။

    လှိုဏ်ခေါင်းအတွင်း အလုပ်လုပ်ရင်း ၂၀၀၉ ခုနှစ်တွင် ညီဝမ်းကွဲနှင့် အခင်မင်ဆုံး သူငယ်ချင်း ခါလစ်တို့ကို ဆုံးရှုံးခဲ့ရသည့် ဂါဇာမှ မဟ်မူးဒ် ရမ်လာဝီက လှိုဏ်ခေါင်းများအတွင်းသို့ ဘယ်တော့မှ ပြန်မသွားတော့ဟု ကျိန်ဆိုထားလေသည်။

    ၎င်းမှာ အခြားအလုပ်လုပ်ရန် မျှော်လင့်ထားသော်လည်း ယခုအချိန်အထိ ရွေးစရာမရှိသေး။ လှိုင်ခေါင်းအတွင်း သူအလုပ်လုပ်ခဲ့သည့်နေ့ရက်များတွင် ပိတ်မိခြင်း၊ ဗုံးကြဲခံရခြင်းတို့က လွှမ်းမိုးထား၏။ သီတင်းပတ်တိုင်း သေဆုံးမှုများ ရှိနေသည်။

    ဂါဇာလူငယ်တစ်ဦး ရိုက်ကူးထားသည့် “ဂါဇာမှ လှိုဏ်ခေါင်းများ” (The Gaza tunnels) ဗီဒီယိုက ဂါဇာစီးပွားရေး၏ အသက်သွေးကြောဖြစ်သာ မြေအောက်လှိုဏ်ခေါင်းများတွင် အလုပ်လုပ်နေကြသူများ၏ ဘ၀များကို ဖော်ပြနေသည်။ ဂါဇာ လှိုဏ်ခေါင်းများအောက် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်း၊ လူများ သွားလာလှုပ်ရှားနေခြင်းတို့ကို အံ့အားသင့်ဖွယ် တွေ့မြင်နိုင်လေသည်။
    www.colorsmagazine.com
    ဂါဇာဒေသသို့ ဖြတ်သန်းသွားလာခြင်းကို အစ္စရေးတို့က ၂၀၀၇ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် အစားသောက်နှင့် လောင်စာများ ၀င်ရောက်ရန် ခက်ခဲသွား၏။ အခြေခံ ကုန်ပစ္စည်းများကို ရောင်းချခြင်းသည်ပင် ပြည်သူများ အသက်ရှင်နေထိုင်ရေးအတွက်လွယ်ကူသော နည်းလမ်းဖြစ်လာပြီး၊ အချို့အတွက် ကြွယ်ဝရေးလမ်းစဉ် ဖြစ်လာခဲ့သည်။

    ပိတ်ဆို့ခံထားရသည့် ဂါဇာဒေသတွင် အဆိုပါ လှိုဏ်ခေါင်းများက ဂါဇာပြည်သူများ ချောင်လည်စေရန် အဓိက လမ်းကြောင်းများဖြစ်၏။

    The Gaza tunnels ဗီဒီယိုတွင် အစ္စရေး၏ ပိတ်ဆို့ထားမှုကြောင့် ဂါဇာကမ်းမြှောင်ရှိ ပြည်သူများ၏ နေ့စဉ်ဘ၀ ခက်ခဲဆင်းရဲမှုများကို မီးမောင်းထိုးပြထားသည်။ ထိုပိတ်ဆို့မှုက ဂါဇပြည်သူ တစ်သန်းခွဲကျော်ကို ဒုက္ခရောက်စေသည်။

    ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းတို့မှာ ပိတ်ပင်ထားမှုများမှာ ဂါဇာကဲ့သို့ သေးငယ်သောဒေသ အတွက် ဘေး ဒုက္ခဆိုးကြီးဖြစ်ပြီး ဂါဇာပြည်သူတို့၏ နေ့စဉ်ဘ၀ လှုပ်ရှားဆောင်ရွက်မှုများမှာလည်း ရပ်တန့်လုမတတ် ဖြစ်ခဲ့ရသည်။

    အဆိုပါပိတ်ဆို့မှုကို ရင်ဆိုင်နိုင်မည့် နည်းလမ်းများအနက် တစ်ခုတည်းသော နည်းလမ်းမှာ အီဂျစ်-ဂါဇာ နယ်စပ်တစ်လျှောက် လှိုဏ်ခေါင်းများ တူးရေးပင်ဖြစ်သည်။ ထိုလှိုဏ်ခေါင်းများမှ နေ့စဉ်လိုအပ်နေသည့် ကုန်ပစ္စည်းများကို တင်သွင်းကြသည်။

    Gaza_Tunnels_Society_pic_1

    ဒေသ ရှင်သန်ရပ်တည်ရေးအတွက် လှိုဏ်ခေါင်း လုပ်သားများမှာ ၎င်းတို့၏ အသက်ကို ဖက်နဲ့ထုပ်ထားကြရသည်။ ကိုယ့်သေတွင်း ကိုယ်တူးနေသည်ဟု သိနေသော်လည်း ၎င်းတို့မှာ မငြီးမငြူဆောင်ရွက်ကြ၏။

    ထိုကဲ့သို့ အလုပ်မျိုးကို လုပ်ကိုင်ရင်း အလုပ်သမားအများစုမှာ အသက်ဆုံးရှုံးခဲ့ကြရသည်။ လှိုဏ်ခေါင်းပိုင်ရှင်များကတော့ ပိုပိုချမ်းသာလာကြလေသည်။

    ဂါဇာပြည်သူတို့၏ ဒုက္ခသုက္ခကို ထိုလှိုဏ်ခေါင်းများက လွယ်ကူစေသည် ဆိုသည်မှာတော့ သံသယ ဖြစ်ဖွယ်မရှိ။ အထူးသဖြင့် ကျောင်းသားများနှင့် ဂါဇာအပြင်ဘက်သို့ထွက်ကာ အီဂျစ်တွင် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများဖြင့် ဆေးကုသလိုသည့် လူနာများအတွက် ဖြစ်သည်။

    ဆေးဝါး၊ အစားအသောက်၊ ဆောက်လုပ်ရေးပစ္စည်းများကဲ့သို့ ဒေသအတွင်း အဓိက လိုအပ်သည့် ပစ္စည်းများကို တင်သွင်းရန်လည်း ထိုလှိုဏ်ခေါင်းများကို အသုံးပြုကြသည်။

    သို့ရာတွင် အဆိုပါ ကုန်ပစ္စည်းများကို တင်သွင်းရင်း လှိုဏ်ခေါင်းလုပ်သားများ အသက်ပေးခဲ့ရခြင်းများလည်း ရှိနေ၏။ အဆိုပါလုပ်သားများမှာ လှိုဏ်ခေါင်း ပြိုကျခြင်းဒဏ်ကိုလည်း ခံရသည်။ ဂါဇာ၏ အသက်သွေးကြောဖြစ်သော အဆိုပါ လှိုဏ်ခေါင်းများကို ဖျက်တောက်ရန်အတွက် အစ္စရေးစစ်တပ်မှ မကြာခဏဗုံးကြဲမှု ဒဏ်ကိုလည်း ၎င်းတို့က ခံကြရလေသည်။

    666x405.jpg

    ဗီဒီယိုတွင် အဓိကပါဝင်သည့် မဟ်မူးဒ်က ဂါဇာလှိုဏ်ခေါင်းများတွင် အလုပ်လုပ်ခဲ့သည့် ၎င်း၏ ကိုယ်ပိုင်အတွေ့အကြုံကိုအခြေခံက လှိုဏ်ခေါင်း အလုပ်သမားများ၏ အကြောင်းကို ပြောပြသည်။ လှိုဏ်ခေါင်းများတွင် အလုပ်လုပ်ခဲ့သည့် လုပ်သား ၄၀၀ ခန့်မှာ သေကြေခဲ့ရသည်ဟု ၎င်းက ဆိုသည်။ အချို့မှာ မဟ်မူးဒ်၏ မိတ်ဆွေများဖြစ်ကြသည်။

    The Gaza tunnels ဗီဒီယိုတွင် မဟ်မူးဒ်၏ သူငယ်ချင်း ခါလစ်၏ အကြာင်းလည်း ပါဝင်သည်။ ခါလစ်မှာ သူ၏မိသားစုနှင့်အတူ ဂါဇာအလယ်ပိုင်း ဘူရက်ဂ်ျ ဒုက္ခသည်စခန်းတွင် နေထိုင်သည်။

    အိမ်ထောင်ပြုပြီးသောအခါ အကြွေးများတင်လာပြီး ထိုအကြွေးများ ပြန်ဆပ်ရန် ခါလစ်တစ်ယောက် ရုန်းကန်ရတော့သည်။ အစ္စရေးက ပိတ်ဆို့ထားသော ဂါဇာတွင် ခါလစ်မှာ အလုပ်ရှာမရ။ လှိုဏ်ခေါင်းများတွင် အလုပ်လုပ်ခြင်းမှလွဲ၍ ရွေးစရာ မရှိတော့ဟု ခါလစ်က ယုံကြည်လာသည်။ မိသားစုကတော့ အားမပေး၊ ဒီလိုအလုပ်မျိုးမှာ မည်မျှ အန္တရာယ်ကြီးသည်ကို သူတို့က သိကြသည်။ ၎င်းတို့မှန်သည်။ ခါလစ်မှာ လှိုဏ်ခေါင်း ပြိုကျပြီး အသက် ဆုံးရှုံးခဲ့ရသည်။ ဇနီးဖြစ်သူမှာတော့ ကိုယ်ဝန် အရင့်အမာနှင့် လောကအလယ် တစ်ဦးတည်း ကျန်ရစ်ခဲ့လေသည်။

    ခါလစ်ကွယ်လွန်ပြီး မကြာခင်မှာပင် လှိုဏ်ခေါင်းလုပ်သားဘ၀ကို မဟ်မူးဒ်က စွန့်လွှတ်ခဲ့သည်။ သို့ရာတွင် အလုပ်ရရှိရန် အခွင့်အလမ်း နည်းပါးသောကြောင့် လနည်းငယ်အကြာတွင် လှိုဏ်ခေါင်းလုပ်သား ဘ၀ပင် ပြန်လည်ရောက် ရှိခဲ့လေသည်။

    သူငယ်ချင်းဖြစ်သူ ဘာဆင်မ် ခဒရ်နှင့် မဟ်မူးဒ် အလုပ် ပြန်လုပ်သည်။ ဘာဆင်မ်ကိုယ်တိုင် လှိုဏ်ခေါင်းအတွင်း အသက်ပေးခဲ့ရပြန်သည်။ အလောင်းတွေ့ဖို့အတွက် ၈ ရက်ခန့် တူးဖော်ခဲ့ရ၏။ လူမမယ်ကလေးများနှင့် ဘာဆင်မ်၏ မိသားစုကတော့ ခိုကိုးရာ မဲ့ခဲ့ပြန်သည်။

    မကြာသေးမီနှစ်များတွင်း ဂါဇာတွင် အစားအသောက် အ၀တ်အထည်၊ လောင်စာဆီနှင့် ကုန်ပစ္စည်းများ ရှားပါလာသည်။ ဈေးများတွင်လည်း ဘာမှမရှိ။ လမ်းမပေါ်တွင်လည်း လူသူအနည်းငယ်နှင့် ကားအနည်းငယ်သာရှိသည်။

    အလုပ်မရသော ဂါဇာပြည်သူများကတော့ လှိုဏ်ခေါင်းအတွင်း အလုပ်လုပ်ခြင်းသည်သာလျှင် ၎င်းတို့အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရလဒ်က ဂါဇာမှာ “လှိုဏ်ခေါင်များ၏ မြို့တော်” အဖြစ် ပြောင်းလဲ သွားခြင်းပင်ဖြစ်လေသည်။

    အဆိုပါ လှိုဏ်ခေါင်းများကို ဆောက်လုပ်ရန် ၃ လမှ ၅ လအထိ ကြာမြင့်လေသည်။ ဂါဇာတစ်ဝှမ်း လှိုဏ်ခေါင်းများတွင် အလုပ်လုပ်နေသူ ၃ ထောင်ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြသည်။

    အီဂျစ်နှင့် အစ္စရေးတို့မှ ဂါဇာအား ပိတ်ဆို့ထားသည်မှာ ၇ နှစ် နီးပါးရှိလာခဲ့ပြီ။ ပါလက်စတိုင်းပိုင် အဆိုပါဒေသမှာ နိုင်ငံရေး ပြဿနာများ၊ စီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲပင်ရှိလေသည်။ အထူးသဖြင့် အဓိကလှိုဏ်ခေါင်းများအား အီဂျစ်စစ်တပ်က မကြားသေးမီက ဖျက်ဆီးလိုက်ချိန်တွင် ဖြစ်သည်။

    အီဂျစ်၏ ထိုလုပ်ရပ်က ပိတ်ဆို့မှုကြောင် ဂါဇာပြည်သူများ အတိဒုက္ခရောက်နေမှုကို ထပ်ပိုးပေးလိုက်ခြင်းပင်ဖြစ်၏။ ဂါဇာပြည်သူများ ခံစားနေရသည့် ဒုက္ခသုက္ခများကတော့ အိပ်မက်ပင်မက်ကြည့်၍ မရ။ ထိုစိန်ခေါ်မှုများရှိနေသော်လည်း ဂါဇာပြည်သူများမှာ ၎င်းတို့ အသက်ရှင်ရပ်တည်ရန်နှင့် လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံတော် တည်ထောင်ရန် မျှော်လင့်ချက် အတွက် နည်းလမ်းသစ်များကို ရှာဖွေနေမည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။

    Al Jazeera Witness အစီအစဉ်မှ The Gaza tunnels ကို လေးမောင် မြန်မာမှုပြုပါသည်။