စက်တင်ဘာ ၃ ၊ ၂၀၁၄
M-Media
– အစ္စရေး၏ ၂ လနီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဂါဇာကမ်းမြှောင်ဒေသသို့ အီရန် အစ္စလာမ့်မစ်သမ္မတနိုင်ငံတော် ကြက်ခြေနီအဖွဲ့ IRCS မှ အကူအညီ ပထမအသုတ်ကို ပေးပို့ခဲ့သည်ဟု သိရသည်။
ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဆေးဝါး ၃၅ တန်နှင့် ဆေးကုသရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ တဲများ၊ စောင်များ၊ စည်သွတ်ဗူးများနှင့် အခြားပစ္စည်းများအပါအ၀င် စုစုပေါင်း ၉၅ တန်ကို အီဂျစ်ရှိ ရာဖာနယ်ခြားမှတစ်ဆင့် ဂါဇာကမ်းမြှောင်အတွင်းသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ်များ ပျက်ဆီးခဲ့ရပြီး ထိုအတွက်လည်း အီရန်က လူနာတင်ယာဉ်များကို ပေးပို့သွားရန်စီစဉ်နေပြီး၊ တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရနေသူများကို ဆေးကုသပေးရန် အဆင်သင့်ရှိနေသည်ဟု IRCS က ပြောကြားခဲ့သည်။
ဇူလိုင်အစောပိုင်းမှ စတင်ကာ သြဂုတ် နှောင်းပိုင်းအထိ ပြုလုပ်ခဲ့သော အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဗလီဝတ်ကျောင်းတော်များ၊ ဘောလုံးကွင်းများနှင့် ကယ်ဆယ်ရေးစခန်းများမှာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံခဲ့ရပြီး စုစုပေါင်း ပါလက်စတိုင်း ၂၁၄၀ သေဆုံးခဲ့ရသည်။
Press TV
Leave a Reply
You must be logged in to post a comment.