News @ M-Media

Tag: Gaza

  • ဂါဇာ ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၅၄၀၀ ကျော် ထောက်ပံ့မည်ဟု ကမ္ဘာ့နိုင်ငံများ ကတိပြု

    ဂါဇာ ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၅၄၀၀ ကျော် ထောက်ပံ့မည်ဟု ကမ္ဘာ့နိုင်ငံများ ကတိပြု

    အောက်တိုဘာ ၁၄ ၊ ၂၀၁၄
    M-Media
    _78161872_f4d242f7-f2fd-4510-b3f2-c93ee3745b0d
    – ဂါဇာဒေကသ ပြန်လည်ထူထောင်ရေး အီဂျစ်၌ ကျင်းပခဲ့သော ညီလာခံ၌ ကမ္ဘာ့နိုင်ငံများက ထောက်ပံ့ငွေ ကန်ဒေါ်လာ သန်း ၅ ထောင်ကျော် ထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု သိရသည်။

    ကိုင်ရိုတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံကို အီဂျစ်နှင့် နော်ဝေနိုင်ငံတို့က ပူးတွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီလာခံမစတင်မီ ပါလက်စတိုင်းနိုင်ငံက ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် စာမျက်နှာ ၇၆ မျက်နှာပါသည့် အစီအစဉ်တစ်ခုကို တင်ပြခဲ့သည်။

    “ညီလာခံကို တက်ရောက်လာသူတွေ ကတိပြုခဲ့တဲ့ ပမာဏက ကန်ဒေါ်လာ သန်းထောင်ပေါင်း ၅.၄ သန်း ရှိခဲ့ပါတယ်” ဟု ညီလာခံအဆုံး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော်ဂီ ဘရန်ဒီက ပြောကြားခဲ့သည်။

    အဆိုပါ ညီလာခံတွင် အီဂျစ်နိုင်ငံက ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ သန်း ၁ ထောင်လှူဒါန်းမည်ဟု ကတိပြုခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အမေရိကန်အနေဖြင့် ဒေါ်လာ ၂၁၂ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် ဥရောပ သမဂ္ဂမှ ဒေါ်လာ သန်း ၅၇၀၊ ဂျာမနီမှ  ၆၃ သန်း၊ နော်ဝေမှ ၁၃ သန်း ထောက်ပံ့ရန် အသီးသီး ကတိပြုခဲ့ကြသည်။

    ထိုညီလာခံကို တက်ရောက်လာခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ဂါဇာဒေသ၏ အခြေအနေမှာ ပေါက်ကွဲလုမတတ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ဟားမက်စ်အဖွဲ့က ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ အစ္စရေးက ဂါဇာကမ်းမြှောင်အား ဇွန်လအစောပိုင်းမှစတင်ကာ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ကာ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများအပါအ၀င် အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြား ပျက်ဆီးခဲ့သည်။

    ref_ Agencies
  • ဂါဇာပြည်သူ ၉၅ ရာခိုင်နှုန်း သောက်သုံးရေ မရ

    ဂါဇာပြည်သူ ၉၅ ရာခိုင်နှုန်း သောက်သုံးရေ မရ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    698e741a6930882d64827e426fd48b8b– ဂါဇာပြည်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရပြီး ဂါဇာရှိ ရေ ၉၅ ရာခိုင်နှုန်းမှာ သောက်သုံး၍မရဟု ဂါဇာဒေသ ပိတ်ဆို့မှု ဆန့်ကျင်ရေး ကော်မတီမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် ဂါဇာပြည်သူများမှာ ယခင်ကတည်းက အခက်အခဲများကို ကြုံတွေနေရခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူများ၏ အခြေအနေများမှာ ပိုမို ဆိုးရွားခဲ့သည်။

    “(အစ္စရေးတဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့်) အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေတဲ့ ဂါဇာပြည်သူတွဟာ ဆိုးရွားတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပါတယ်။ အဓိကအဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေးပေးဝေရေးစက်ရုံနဲ့၊ ရေဆိုးသန့်ရှင်းရေးစနစ်တွေ အဖြိုခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ သူတို့ဘ၀ရပ်တည်ဖို့အတွက် ခြေခံလိုအပ်ချက်တွေ ဆုံးရှုံးသွားခဲ့ပါတယ်” ဟု ကော်မတီအကြီးအကဲ ခိုဒရီကဆိုသည်။

    ဂါဇာပြည်သူများ၏ အလုပ်လက်မဲ့နှုန်းမှာ မြင့်တက်လာက အလုပ်ရှိသူများ၏ ပျမ်းမျှ ၀င်ငွေမှာလည်း တစ်နေ့လျှင် ၂ ဒေါ်လာအောက်သာရှိသည်။ ထို့ပြင် ရေဆိုး သန့်ရှင်းရေးစနစ် ဖျက်ဆီးခံခဲ့ရခြင်းကြောင့် မိလ္လာရေဆိုး လီတာ သန်း ၄၀ မှာ နေ့စဉ်ပင်လယ်ထဲသို့ စီးဝင်ခဲ့နေပြီး ပင်လယ်ရေ၏ ၉၅ ရာခိုင်နှုန်းမှာ သောက်သုံး၍မရပေ။
    “ယေဘုယျအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းအပါအ၀င် အသက်ရှင်နေထိုင်ရေးကဏ္ဍအားလုံးမှာ ထိခိုက်မှုတွေရှိနေပါတယ်။ အစ္စရေးရဲ့ ဒုံးကျည်ထိတဲ့ လယ်ယာမြေတွေဟာလည်း ဒုံးကျည်ကထွက်တဲ့ အဆိပ်အကြောင့် ညစ်ညမ်းနေပါတယ်” ဟု ခိုဒရီကဆိုပြီး ဂါဇာပြည်သူများ၏ ဘ၀များကို ကယ်တင်ရန်အလို့ငှာ မြန်ဆန်သည့် အဖြေများကို ရှာဖွေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာရပ်အဖွဲ့များကို တိုက်တွန်းခဲ့သည်။

    ref_ MiddleEastMonitor

  • ဂါဇာကမ်းမြှောင် အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် သဘောတူညီချက် ရရှိ

    ဂါဇာကမ်းမြှောင် အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် သဘောတူညီချက် ရရှိ

    စက်တင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    2014916235337446734_20
    – အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် ပျက်ဆီး သွားခဲ့သည့် ဂါဇာ ကမ်းမြှောင်ဒေသတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် အတွက် ကုလသမဂ္ဂ၊ အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်များ သဘောတူညီချက် ရခဲ့သည်ဟု အရှေ့အလယပိုင်းဒေသ ကုလသမဂ္ဂ ကိုယ်စားလှယ် ရောဘတ် ဆာရီက ပြောကြားလိုက်သည်။

    ကုလမှ စပွန်ဆာပေးသည့် အဆိုပါ ပြန်လည်တည်ဆောက်ရေး သဘောတူညီချက်ကို ယမန်နေ့က ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ သဘောတူညီချက်မှာ ယာယီသာဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများကို အလျင်အမြန် အကောင်ထည်ဖော်ရေးအတွက် ဆာရီက တိုက်တွန်းပြောကြားခဲ့သည်။

    “အစ္စရေးရဲ့ ပိတ်ဆို့မှုတွေအားလုံး ဖယ်ရှားရေး အရေးကြီးတဲ့ ခြေလှမ်းအဖြစ်၊ ပြီးတော့ ဂါဇာပြည်သူတွေရဲ့ မျှော်လင့်ချက် အလင်းတန်းအဖြစ် (ဆောက်လုပ်ရေးလုပ်ငန်းတွေကို) နှောင့်နှေးကြန့်ကြာမှုမရှိဘဲနဲပဲ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရပါမယ်” ဟု ဆာရီက ပြောကြားခဲ့သည်။

    ကမ္ဘာ့ဘဏ်ကလည်း အစ္စရေး၏ ကျူးကျော်တိုခိုက်မှုများပြီးနောက် ပါလက်စတိုင်းပြည်သူများ၏ ဆိုးရွားသော စီပွားရေး အခြေအနေကို ဖော်ပြထားသော အစီရင်ခံစာတစ်စောင်ကို မကြာမီရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။

    ကုလမှ ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် အဆိုပါ သဘောတူညီမှာ ဂါဇာကမ်းမြှောင်ဒေသအတွင်း လိုအပ်သောဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရနိုင်ရန်ဖြစ်ပြီး၊ ပုဂ္ဂလိက အခန်းကဏ္ဍပါဝင်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါလက်စတိုင်း အာဏာပိုင်များအား အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ခွင့်တို့ကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများအား အရပ်ဘက်မှလွဲ၍ အခြားသော ကဏ္ဍများတွင် သုံးစွဲခြင်းမရှိစေရန် ကုလက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆာရီက ထပ်လောင်းပြောကြားခဲ့သည်။

    ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဗလီဝတ်ကျောင်းတော်များ၊ ဘောလုံးကွင်းများ၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးစင်တာ စသည့် အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၂၁၀၀ သေဆုံးခဲ့ရပြီး အဆောက်အဦးများစွာလည်း ပြိုကျပျက်ဆီးခဲ့ရသည်။

    Al Jazeera

  • ဂါဇာပြည်သူများ အတွက် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားပေးပို့

    ဂါဇာပြည်သူများ အတွက် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားပေးပို့

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    Plane-of-aid-to-Palestine-525x297
    – အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသော ဂါဇာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီ ဒုတိယအသုတ်ကို ဗင်နီဇွဲလားနိုင်ငံက ပေးပို့ခဲ့သည်ဟု သိရသည်။

    အစားသောက်များ၊ ဆေးဝါးများ ပါဝင်ပြီး ၅၅ တန်ရှိသည့် အဆိုပါ အကူအညီများကို တင်ဆောင်သော လေယာဉ်မှာ ကြာသာပတေးန့တွင် ဗင်နီဇွဲလားမှ ထွက်ခွာခဲ့ပြီး ယမန်နေ့က အီဂျစ်နိုင်ငံသို့ ရောက်ရရှိခဲ့သည်။ ထို့မှတစ်ဆင့် ဂါဇာကမ်းမြှောင်ဒေသသို့ ပေးပို့သွားမည်ဖြစ်သည်။

    ဗင်နီဇွဲလားဆိုင်ရာ ပါလက်စတိုင်း သံမတ်ကမူ ဗင်နီဇွဲလားမှ အကူအညီ တတိယအသုတ်ကို လာမည့် သီတင်းပတ်တွင် ပေးပို့သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။ အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပြည်သူများ ကူညီထောက်ပံ့ရန် သမ္မတ မာဒူရို အပါအ၀င် ဗင်နီဇွဲလား ခေါင်းဆောင်ပိုင်းက ပြည်သူများအား တောင်းဆိုထားသည်။

    ဘရာဇီးလ်၊ ဗင်နီဇွဲလားအပါအ၀င် လက်တင်အမေရိက နိုင်ငံများမှာ ပါလက်စတိုင်းပြည်သူများဘက်မှ အပြည့်အ၀ရပ်တည်ပေးခဲ့ပြီး ပါလက်စတိုင်းပိုင်နက်အား ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးနှင့် သံတမန်အဆက်အသွယ်ဖြတ်ခြင်း၊ သံအမတ်များပြန်လည်ခေါ်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    ref_The Middle East Monitor

  • ဂါဇာဒေသခံ ၂၅၀၀ ယခုနှစ် ဟဂ်ျခရီးသွားမည်

    ဂါဇာဒေသခံ ၂၅၀၀ ယခုနှစ် ဟဂ်ျခရီးသွားမည်

    စက်တင်ဘာ ၄၊ ၂၀၁၄
    M-Media
    2,500 Gazans to perform Hajj pilgrimage this year
    ယခုနှစ် ဟဂ်ျခရီးစဉ်သွားရောက်မည့် ပါလက်စတိုင်းလူမျိုး စုစုပေါင်း (၆၂၈၀) ဦး ရှိမည်ဟု ဂါဇာမြို့တော် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပါလက်စတိုင်း သာသနာရေးရာ ဒုဝန်ကြီး ဟတ်စာန်း အလ် စိုင်ဖီမှ ပြောကြားသည်။

    ၎င်းတို့အနက် ဂါဇာဒေသခံ (၂၅၀၀)ဦး ပါဝင်မည်ဖြစ်ပြီး (၅၀၀)ဦးကို ဆော်ဒီအစိုးရမှ ခရီးစားရိတ်ထောက်ပံ့မည်ဖြစ်ကြောင်း အာဏာပိုင်တစ်ဦးက ဆိုသည်။

    သာသနာရေးရာ ဒုဝန်ကြီး၏အဆိုအရ ဂါဇာမှ ဟဂ်ျခရီးသည် ပထမအုပ်စုသည် စက်တင်ဘာ (၁၉)ရက်တွင် ပိတ်ဆို့ဝိုင်းရံခံထားရသည့် ကမ်းခြေမှ မက္ကဟ်နှင့် မဒီနဟ်သို့ တူရူ ခရီးနှင်ကြမည်ဖြစ်ကြောင်း၊ ခရီးသည်တစ်ထောင်အား ဆော်ဒီအစိုးရမှ ခရီးစားရိတ်စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ရာဖာဟ် နယ်စပ်လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ဆော်ဒီအာရေဗျသို့ ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

    ရွေးချယ်ခံသမ္မတ မုဟမ္မဒ် မူရ်စီအား စစ်တပ်မှဖြုတ်ချခဲ့သည့် ယမန်နှစ်ကတည်းက အီဂျစ်သည် နယ်စပ်ဖြတ်ကျော်မှုကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

    Ref : World Bulletin