News @ M-Media

Tag: Germany Muslim

  • ဂျာမန် ရုပ်မြင်သံကြားမှ မွတ်စ်လင်မ်တို့၏ ၀တ်ပြုမှုကို ပထမဆုံး သမိုင်းဝင်ထုတ်လွှင့်

    ဂျာမန် ရုပ်မြင်သံကြားမှ မွတ်စ်လင်မ်တို့၏ ၀တ်ပြုမှုကို ပထမဆုံး သမိုင်းဝင်ထုတ်လွှင့်

    ဇူလိုင် ၂၁ ၊ ၂၀၁၅
    M-Media
    German TV airs Muslim prayers in historic broadcast
    German TV သည် မြူးနစ်မြို့အနီး ဗလီဝတ်ကျောင်းတော်တစ်လုံးမှ မွတ်စ်လင်မ်တို့၏ ၀ါကျွတ်အထိမ်းအမှတ်ဝတ်ပြုခြင်း တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ် ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်တွင် ကက်သလစ်နှင့် ပရိုတက်စတင့်ခေါင်းဆောင်များ၏ မိန့်ခွန်းများလည်း ပါဝင်သည်။၎င်းမှာ ဂျာမဏီနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးသမိုင်းဝင်ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။

    လွန်ခဲ့သည့်သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၄း၄၅ နာရီတွင် Penzberg ဗလီမှစပြီး ပြည်သူ့ရုပ်မြင်သံကြားပေါ်မှလည်းကောင်း၊ Bayerischen Rundfunk ရေဒီယိုကြေငြာမှုမှလည်းကောင်း Penzberg ဗလီမှ ထုတ်လွှင့်သည်။ ၎င်း၌ ဥပုသ်လကုန်ဆုံးခြင်းနှင့် ၀ါကျွတ်အားလပ်ရက်စတင်ခြင်းဆိုင်ရာ ဓမ္မမိန့်ခွန်းများ ပါဝင်သည်။

    ယင်းဓမ္မမိန့်ခွန်းအား မွတ်စ်လင်မ်များ၊ မွတ်စ်လင်မ် မဟုတ်သူများကို နှစ်ဖက် လူ့အဖွဲ့အစည်းရှိ တူညီသောတန်ဖိုးတို့ပေါ် အခြေပြုရည်ညွှန်း၍ “မွတ်စ်လင်မ်တို့နှင့် ပတ်သက်ပြီး ဂျာမန် လူ့အဖွဲ့အစည်းမှ သဘောထားကြီးရန်၊ ထို့နည်းတူ ဂျာမန် လူ့အဖွဲ့အစည်းနှင့် ပတ်သက်ပြီး မွတ်စ်လင်မ်တို့မှ သဘောထားကြီးရန်” တိုက်တွန်းပြောဆိုသွားသည်။

    IS, ISIL ကဲ့သို့သော အကြမ်းဖက် အုပ်စုများ ထွက်ပေါ်လာခြင်းသည် ဂျာမဏီရှိ မွတ်စလင်မ်များအပေါ် စိတ်ဖိစီးမှုပိုမိုကြီးမား လာစေခဲ့ကြောင်း၊ အီးဒ်နေ့မြတ် အစီအစဉ် ထုတ်လွှင့်ခြင်းက မွတ်စ်လင်မ်တို့၏ စိတ်ခံစားမှုလျော့ပါးစေနိုင်ကြောင်း၊ ဂျာမဏီနှင့် တစ်သားတည်းဖြစ်စေကြောင်း အသက် ၄၃ နှစ်အရွယ် အဆိုပါဓမ္မဆရာမှ ပြောကြားခဲ့သည်။

     

    7bb54a2f1b9a4389adafe76e7652a135_19
    ဂျာမဏီရှိမွတ်စ်လင်မ်များအတွက် သမိုင်းဝင်ခြေလှမ်းသစ် ၀ါကျွတ်အီးဒ် ဆွလာသ်ဝတ်ပြုမှု တိုက်ရိုက်လွှင့် အစီအစဉ်၌ ၀တ်ပြုဦးဆောင်သူနှင့် ဓမ္မမိန့်ခွန်းခြွေသူ ဘင်ဂျမင် အီဒရစ္စ (ဓာတ်ပုံ – Penzberg ဗလီ)

    အီးဒ်နေ့မတိုင်မီ နှစ်ပတ် အလိုက ဂျာမဏီဝန်ကြီးချုပ် အင်ဂျလာ မာကေးလ်သည် ရမဿွာန်လ၏ ၀ါဖြေပွဲတစ်ခုသို့တက်ရောက်ခဲ့ပြီး ဂျာမဏီ အစိုးရ အကြီးအကဲများ အနက် ပထမဦးဆုံး ယင်းသို့ဆောင်ရွက်သူဖြစ်ခဲ့သည်။ ၎င်း၌ သူမက “အစ္စလာမ်ဟာ ဂျာမဏီရဲ့ တစ်သားတည်း အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    Bavarian မြို့ငယ်လေးရှိ Penzberg ဗလီ၌ ၀တ်ပြုသူဦးရေ အနည်းဆုံး တစ်ထောင်ကျော်ရှိမည်ဟု ခန့်မှန်းရပြီး နိုင်ငံအနှံ့မှ လူများစွာတို့က လာရောက် စုရုံးဝတ်ပြုခဲ့ကြသည်။ ထိုဗလီ၏ အတွင်းဝတ်ပြု ခန်းမဆောင်သည် ဂျာမဏီရှိ အစ္စလာမ့်ဝတ်ပြုနေရာများ အနက် အကျော်ကြားဆုံးတစ်ခု ဖြစ်ကာ ၀တ်ပြုသူဦးရေ ၃၀၀ မှ ၄၀၀ အထိ ၀င်ဆန့်သည်။ အဆိုပါလူဦးရေအတွက် အခြားသော ဗလီဝတ်ကျောင်းခန်းမများကိုပါ အသုံးပြုခဲ့ရသည်ဟုဆိုသည်။

    2123_l

    ၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့သော ကုဗပုံဗလီဝတ်ကျောင်းတော်။ ၎င်း၌ အရဗီ လက်ရေးပုံဟန်ရှိ သံမဏိ အမိုးအကာအုပ် မျှော်စင်နှင့် တကွ ခေတ်ပြိုင် အနုသုခုမ လက်ရာဆန်း တစ်ရပ်အဖြစ်တွေ့ရသည်။

    ဂျာမဏီတွင် မွတ်စ်လင်မ်ပေါင်း လေးသန်းခန့်နေထိုင်လျက်ရှိသည်။ ၎င်းတို့အနက် ၂၀၁၄ ခုနှစ်မှတ်တမ်းအရ လူဦးရေ နှစ်သိန်းကျော်မှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ခိုလှုံဝင်ရောက်လာသူအများစု ဖြစ်သည်။

    ဂျာမဏီတွင် ဒုက္ခသည်ဦးရေ လျှောက်ထား/လက်ခံခြင်း မြင့်မားလာမှုနှင့်အတူ ဥရောပသား မဟုတ်သော ရွှေ့ပြောင်းဝင်ရောက် သူတို့အပေါ် ပစ်မှတ်ထားသည့် လူမျိုးခြားကြောက်ရောဂါလည်း ကြီးမားလာခဲ့ရာ ဒုက္ခသည်အိမ်ရာများကို လက်ျာစွန်းရောက် အုပ်စုများ၏တိုက်ခိုက်မှုပေါင်း ၁၅၀ ကြိမ် ဖြစ်ပွားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင်  “အနောက်တိုင်း၌အစ္စလာမ့်လွှမ်းမိုးမှုဆန့်ကျင်ရေး မျိုးချစ်ဥရောပသားများ” Patriotic Europeans Against the Islamisation of the West (PEGIDA)အမည်ရှိ အောက်ခြေဆင့် လှုပ်ရှားမှုအဖွဲ့မှု ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ၀န်ကြီးချုပ် မာကေးလ်က လူမျိုးစွဲအရူး(racist) ဟု သမုတ်ခဲ့သည်။

    မိမိ၏သောကြာနေ့ဓမ္မသဘင်မိန့်ခွန်း၌ ဒုက္ခသည်များကို ကရုစိုက်ပေးဖို့၊ လူ့အဖွဲ့အစည်းအတွင်း ၀င်ဆန့်ခွင့်ပေးဖို့ ဂျာမန်တို့အား နှိုးဆော် သွားမည်ဟု အိဒ်ရစ္စက အလ်ဂျဇီးရားသို့ ပြောကြားခဲ့သည်။

    Ref : Al Jazeera

  • ဂျာမနီ အစိုးရက တည်ခင်းပြုလုပ်တဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲ ၀န်ကြီးချုပ်မာကဲလ် တက်ရောက်

    ဂျာမနီ အစိုးရက တည်ခင်းပြုလုပ်တဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲ ၀န်ကြီးချုပ်မာကဲလ် တက်ရောက်

    ဇူလိုင် ၃၊ ၂၀၁၅
    M-Media

    germany

    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန် ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ဂျာမနီအစိုးရမှ ကြီးမှူး ကျင်းပသော အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲတွင် ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ် ပထမဆုံး အကြိမ် တက်ရောက်ခဲ့ပြီး အစ္စလာမ် သာသနာမှာ ဂျာမနီ၏ အစိတ်အပိုင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။
    .
    ဘာလင်ရှိ နိုင်ငံခြားရေး ၀န်ကြီးရုံး၏ ဧည့်ဂေဟာတွင် အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရအကြီးတန်း တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံရေးနှင့် လူမှုရေးလောကမှ ထင်ရှားကျော်ကြား သူများ တက်ရောက်ခဲ့ကြသည်။
    .
    “အစ္စလာမ်ဟာ ဂျာမနီနဲ့ သက်ဆိုင်ပြီး ဒီအတိုင်းပဲ ဆက်ရှိသွားမှာပါ” ဟု ၀န်ကြီးချုပ် မာကဲလ်က အဆိုပါ အစ်ဖ်သာရ် ၀ါဖြေပွဲ ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    .
    ဂျာမနီအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဆေးဘာ့တ်ကမူ ၀န်ကြီးချုပ်မှာ အစ်ဖ်သာရ် ၀ါဖြေပွဲအား နှစ်စဉ်နှစ်တိုင်း တက်ရောက်သွားရန် အစီအစဉ်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    .
    မာကဲလ်က မွတ်စလင်များ ဥပုသ်သီလဆောက်တည်ကြသော ရမ်ဇာန်ဥပုသ်မှာ မွတ်စလင်များ ၎င်းတို့၏ဘ၀များကို ပြန်လည်သုံးသပ်စစ်ဆေးရန် အချိန်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဂျာမနီရှိ မွတ်စလင် အများစုမှာ ဥပဒေကို လေးစား လိုက်နာသည့် နိုင်ငံသားများ ဖြစ်ကြသည် ဟု ပြောကြားခဲ့သည်။
    .
    နိုင်ငံရပ်ခြားမှ မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ဂျာမနီနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဗလီဝတ်ကျောင်းတော်များမှာ ပစ်မှတ်ထားခြင်း ခံလာရသည်။ ပြီးခဲ့သည့်လများ အတွင်း PEGIDA ဟုခေါ်သည့် အဖွဲ့တစ်ခုက မွတ်စလင်ဆန့်ကျင်ရေး ချီတက် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
    .
    သို့သော်လည်း မာကဲလ်က အခြားသောသူ၏ လုပ်ရပ်များ အတွက်ကြောင့် မွတ်စလင်များ အပေါ် သံသယရှိခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ကို ပြုလုပ်သည်မှာ မှန်ကန်မှု မရှိဟု ပြောကြားခဲ့ကာ ဂျာမနီမှာ ခွဲခြားမှု မရှိဘဲ မတူညီသော ဘာသာတရားများ စုစည်းရာ ရိပ်မြုံ တစ်ခုဖြစ်ပြီး ၀တ်ပြုရာနေရာများအား အကြမ်းဖက်ဖျက်ဆီးခြင်းကိုလည်း ရှုတ်ချခဲ့သည်။
    .
    ဂျာမနီမွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှုများကို လက်ခံမည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
    .
    “အမုန်းတရား၊ လူမျိုးရေးခွဲခြားမှုနဲ့ အစွန်းရောက်မှုတွေအတွက် ဒီတိုင်းပြည်မှာ နေရာ မရှိပါဘူး။ ကျွန်မတို့ တိုင်းပြည်ဟာ ဒီမိုကရေစီ၊ သည်းခံမှုနဲ့ ကမ္ဘာကြီးအတွက် ပွင့်ပွင့်လင်းလင်း ရှိမှုကို အခြေခံတဲ့ တိုင်းပြည်ပါပဲ”
    .
    ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၄ သန်းနီးပါးရှိပြီး မြို့တော် ဘာလင်တွင်ပင် ၂၂၀၀၀၀ ခန့်ရှိနေသည်။
    .
    “ကျွန်မတို့တိုင်းပြည်မှာ မွတ်စလင်လေးသန်းလောက် နေထိုင်နေကြပြီး အစ္စလာမ့် ဓမ္မသင်ခန်းစာတွေကိုလည်း စာသင်ကျောင်းတွေမှာ သင်ပေးနေပါတယ်”
    .
    Ref: Onislam

  • မွတ်စလင်စစ်သားများအတွက် ရှေ့ဆောင်အီမာမ်တစ်ပါး ထားပေးရန် ဂျာမန်စစ်တပ် စီစဉ်နေ

    မွတ်စလင်စစ်သားများအတွက် ရှေ့ဆောင်အီမာမ်တစ်ပါး ထားပေးရန် ဂျာမန်စစ်တပ် စီစဉ်နေ

    မေ ၂၄၊ ၂၀၁၅
    M-Media

    german

    – ဂျာမနီစစ်တပ်တွင် မြင့်တက်လာသော မွတ်စလင်စစ်သားများ၏ ဘာသာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပထမဆုံး ရှေ့ဆောင်အီမာမ်တစ်ပါးကို ခန့်အပ်ရန် တာဝန်ရှိသူများက စီစဉ်နေသည်ဟု သိရသည်။

    “အစ္စလာမ်ဟာ ဂျာမနီမှာ တတိယအကြီးဆုံးဘာသာတရားပါ။ ကျွန်တော်တို့ရဲ့ မွတ်စလင်စစ်သားတွေအတွက် ကိုယ်ပိုင်ရှေ့ဆောင်အီမာမ်တစ်ပါး ထားပေးရမလားဆိုတာနဲ့ပတ်သက်ပြီး ဆန်းစစ်နေပါတယ်” ဟု ဂျာမနီစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ လွန်ဒက်စ်ဝါရ်က Bild သတင်းစာသို့ ပြောကြားခဲ့သည်။

    ယခုလအစောပိုင်းကလည်း ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ၀တ်ပြုဆောင်များကို နိုင်ငံအနောက်ပိုင်း ကော့ဘ်လန့်ဇ်မြို့ရှိ စစ်တပ်များတွင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များမှစ၍ ဂျာမနီစစ်တပ်အတွင်းရှိ စစ်သားများကို ခရစ်ယာန်ကက်သလစ်နှင့် ခရစ်ယာန် ပရိုတက်စတင့် အသင်းတော်များက ဘာသာရေးလမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့သည်။ ဂျာမနီစစ်တပ်တွင် ယခုအခါ မွတ်စလင်စစ်သား ၁၆၀၀ ၀န်းကျင်ခန့် ရှိနေသည်။

    မြို့တော်ဘာလင်တွင်ပင် အစ္စလာမ်ဘာသာဝင် ၂၂၀၀၀၀ ခန့် ရှိပြီး တစ်နိုင်ငံလုံးတွင် အစ္စလာမ်ဘာာသာကို သက်ဝင်ယုံကြည်သူ ၄ သန်းနီးပါးရှိနေကာ ဥရောပတွင် ဒုတိယမြောက် အစ္စလာမ်ဘာသာဝင်ဦးရေ အများဆုံးတိုင်းပြည်ဖြစ်သည်။

    Ref: Onislam

  • ဂျာမနီမှ နာမည်ကြီး အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်းက ၎င်းတို့၏လုပ်ရပ်များအတွက် မွတ်စလင်များကို ပြန်လည်တောင်းပန်

    ဂျာမနီမှ နာမည်ကြီး အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်းက ၎င်းတို့၏လုပ်ရပ်များအတွက် မွတ်စလင်များကို ပြန်လည်တောင်းပန်

    မေ ၁၊ ၂၀၁၅
    M-Meida

    germany

    – ပြီးခဲ့သည့်လများအတွင်း ဂျာမနီနိုင်ငံတစ်ဝှမ်းနှင့် ဥရောပတို့တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ဂျာမနီအရှေ့ပိုင်း ဒရက်စ်ဒန်မြို့အခြေစိုက် အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ Pegida မှ ခေါင်းဆောင်ဟောင်းဖြစ်သူ ကက်သရင်း အော်တဲလ်က ၎င်းတို့၏ အမုန်းတရား ဖြန့်ဖြူးခဲ့မှုအတွက် မွတ်စလင်များကို တောင်းပန်လိုက်သည်။

    “Pegida လှုပ်ရှားမှုမှာ ဆက်ရှိနေတဲ့သူတွေအားလုံး သိထားဖို့လိုတာက သူတို့ဟာ မှားယွင်းတဲ့ အကြောင်းအရာ ကိစ္စတစ်ခုကို ဖြန့်ဖြူးနေတယ်ဆိုတာပါပဲ။ ဥရောပနဲ့ ဂျာမနီက ကျွန်မတို့ ပြဿနာတွေအတွက် ခိုလှုံဝင်ရောက်လာသူတွေက အပြစ်တင်ခံရတယ်။ ဒါပေမယ့် သူတို့ဟာ ပြဿနာရဲ့ အခြေခံအကြောင်းအရင်း မဟုတ်ပါဘူး။ ပြောင်းရွှေ့အခြေချလာသူတွေနဲ့ မွတ်စလင်တွေအားလုံး၊ အဲဒီအထဲက ငြိမ်းချမ်းစွာနေသူတွေ၊ ဂျာမနီလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်သူတွေ၊ ကျွန်မတို့ရဲ့ယဉ်ကျေးမှုနဲ့ ဥပဒေတွေကို လေးစားသူတွေကို
    ကျွန်မ တောင်းပန်ပါတယ်။ ဒီလိုနေသူတွေက အများစုဖြစ်ကြပြီး ဂျာမန်တွေက ဒါကို ကျော်ကြည့်ကြပါတယ်” ဟု ကက်သရင်း အော်တဲလ်က အွန်လိုင်းတွင် လွှင့်တင်ခဲ့သည့် ဗီဒီယို၌ ပြောကြားခဲ့ပြီး ၀ါရှင်တန်ပို့စ်က အဆိုပါ ဗီဒီယိုအား ကိုးကားဖော်ပြခဲ့သည်။

    Pegida ၏ ခေါင်းဆောင်ဖြစ်သူ လုဇ် ဘခ်ျမန်းမှာ ဆိုရှယ်မီဒီယာတွင် ဟစ်တလာ၏ဓာတ်ပုံ တင်သောကြောင့် ဝေဖန်မှုများ ခံရပြီး အဖွဲ့မှ နှုတ်ထွက်သွားခဲ့သည့်အချိန်တွင် ကက်သရင်းက အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော်လည်း ကက်သရင်းမှာ ပြီးခဲ့သည့် ဇန်န၀ါရီတွင် ရုတ်တရက်နှုတ်ထွက်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ လှုပ်ရှားမှုမှာလည်း ထိုအချိန်မှစ၍ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

    “ကျွန်မတို့လုပ်ခဲ့တဲ့ အမုန်းတရားလှုပ်ရှားမှုအတွက် ကျွန်မဟာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ အဲဒီအတွက် ကျွန်မ တောင်းပန်ပြီး၊ ကျွန်မလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အဲဒီတင်းမာမှုတွေကို ဖြေရှင်းရာမှာ ကူညီဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ကက်သရင်းက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက အဆိုပါ Pegida အဖွဲ့မှာ ဂျာမနီနိုင်ငံတစ်ဝှမ်း အပတ်စဉ် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုများကို ပြုလုပ်ခဲ့ပြီး လူထောင်နှင့်ချီ၍ ပါဝင်ခဲ့သည်။

    ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါလ်တာ စတိုင်မီယာက Pegida ၏ နိုင်ငံခြားသားမုန်း ကြွေးကြော်သံများ၊ လူမျိုးရေးခွဲခြားမှု ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များက နိုင်ငံရပ်ခြားတွင် ဂျာမနီ၏ ပုံရိပ်ကို ပျက်ဆီးစေသည်ဟု ပြောကြားခဲ့သည်။ ထိုအဖွဲ့၏ ကျွေးကြော်မှုတွင် ၁၉၂၂ ခုနှစ်က ဟစ်တလာတို့၏ ကြွေးကြော်သံများလည်း ပါဝင်သည်။

    ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်ကလည်း မွတ်စလင်များကို ထောက်ခံအားပေးသည့်အနေဖြင့် ပြီးခဲ့သည့် နှစ်ပတ်က ဘာလင်၌ ကျင်းပခဲ့သော သည်ခံမှုရှိရေး စုပေါင်း ဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး မြင့်တက်လာသည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် လက်ယာစွန်းရောက် Pegida ၏ လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။

    ၂၀၁၄ ဒီဇင်ဘာလက ပြောကြားခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင်လည်း မာကဲလ်က ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအား ကူညီရန် ဂျာမန်ပြည်သူများအား တိုက်တွန်းခဲ့ပြီး၊ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရှုတ်ချကာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း အမုန်းတရားများဖြင့် ပြည့်နှက်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တွေ့ဆုံဆွေးနွေးရေး

    ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သတင်းစကားအသစ်ကို ဖြန့်ဝေသည့်အနေဖြင့် ကက်သရင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးမှု အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကသာ တင်ကူးမှန်းဆ ပြောဆိုချက်တွေကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ”

    ထို့ပြင် မိမိအနေဖြင့် အစ္စလာမ်အား မည်သည့်အခါမှ တိုက်ခိုက်တော့မည်မဟုတ်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “လူတွေနဲ့ဆက်သွယ်ဖို့ တစ်ယောက်ယောက်လိုပါတယ်” ဟုဆိုကာ မိမိမှာ ထိုသူမျိုးဖြစ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ယခုအချိန်အထိ ကမ္ဘာကြီး ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက် ထောက်ခံမှုရရှိရန် သူမအနေဖြင့် မဆောင်ရွက်နိုင်ဟုလည်း ဆိုသည်။

    “ကျွန်မတို့ဟာ ပြိုင်ဘက်တွေကို နှုတ်နဲ့သာ တိုက်ခိုက်နေကြတာပါ”

    အဆိုပါ စကားများက ယခုနှစ်အစောပိုင်း သူမအား အင်တာဗျူးပြုလုပ်စဉ်က စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဇန်န၀ါရီက CNN နှင့် အင်တာဗျူးတွင် ကက်သရင်းက အစ္စလာမ်ဆန့်ကျင်ရေး မှတ်ချက်များကို ဖြေကြားခဲ့သည်။ Pegida ၏ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးကလည်း The Guardian နှင့် အင်တာဗျူးတွင် ခိုလှုံလာသူများက ဈေးကြီးသည့် မိုဘိုင်းဖုန်းများကို ကိုင်နိုင်ပြီး မိမိမှာ ထိုကဲ့သို့ မကိုင်နိုင်ဟု ပြစ်တင် ပြောကြားခဲ့သည်။

    မွတ်စလင်များနှင့်ပတ်သက်၍ ကက်သရင်း၏ ယခုကဲ့သို့ အမြင်ပြောင်းသွားခြင်းက ၎င်းအား ထောက်ခံအားပေးသူများကို အံအားသင့်စေခဲ့သည်။

    “သူများကို မဝေဖန်ခင်အရင် ခြေတစ်လှမ်းဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်ကြည့်ရပါမယ်။ တစ်ဦးတစ်ယောက်ဟာ အခြားတစ်ဦးတစ်ယောက်ကို ပြောင်းလဲဖို့ ခွင့်ပေးရပါမယ်။ အခြားသူတွေကလည်း ဒီလိုပဲ သွားရပါမယ်။ ရန်သူတွေ ဖန်တီးတာမျိုးကို ရပ်တန့်ဖို့လိုပါပြီ” ဟု ကက်သရင်းက ထည့်သွင်းပြောကြားခဲ့သည်။

    ကက်သရင်းမှာ အစ္စလာမ်၊ ဂျာမနီတွင် ပြောင်းရွှေ့အခြေချသူများနှင့် ခိုလှုံလာသူများနှင့် ပတ်သက်၍ လုံလောက်စွာ ဝေဖန်မှုမရှိဟု ယခင်က မီဒီယာမျာကို ပြစ်တင်ခဲ့သော်လည်း ယခုဗီဒီယိုတွင် သူမက အဓိက မီဒီယာများက မွတ်စလင်များနှင့် အစ္စလာမ်သာသာတို့အား ဆိုးဆိုးဝါးဝါး ဝေဖန်မှုများကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး မီဒီယာများမှာ မွတ်စလင်များကို ဓားစာခံအဖြစ် ပြုလုပ်နေကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Onislam

  • ဂျာမနီရှိ ကျောင်းများတွင် အစ္စလာမ့်ရေးရာ သင်ကြားမှု အစိုးရ၏ ထောက်ပံ့မှုဖြင့် စမည်

    ဂျာမနီရှိ ကျောင်းများတွင် အစ္စလာမ့်ရေးရာ သင်ကြားမှု အစိုးရ၏ ထောက်ပံ့မှုဖြင့် စမည်

    ဧပြီ ၂၅၊ ၂၀၁၅

    M-Media

    germany

    – အစွန်းရောက်ဝါဒအား တွန်းလှန်ရေး ဆောင်ရွက်ချက်အဖြစ် ဂျာမနီရှိကျောင်းများတွင် အစ္စလာမ့်သင်ခန်းစာများကို အစိုးရ၏ ထောက်ပံ့မှုဖြင့် သင်ကြားသွားမည်ဟု သိရသည်။

    “အစ္စလာမ်အယူဝါဒ၊ အစ္စလာမ့်ဒဿနနဲ့ စိတ်ပညာ၊ ပြီးတော့ ဟောပြောရေးသားခြင်း၊ ဆွေးနွေးခြင်းနဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေဟာ အစွန်းရောက်ဝါဒအဆိပ်ကို ဖြေဖို့ ဖြေဆေးပါပဲ” ဟု ဖရန့်ဖက်တက္ကသိုလ်မှ ဟာရွန် ဘီဟာရ်က ပြောကြားခဲ့သည်။

    ဘီဟာရ်မှာ ဟက်ဆန်မြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အစ္စလာမ့်ရေးရာများကို သင်ကြားပို့ချရန် တာဝန်ယူထားသူဖြစ်ပြီး၊ အစ္စလာမ်ရေးရာ သင်ခန်းစာများက ဂျာမနီရှိကျောင်းများတွင် အရေးပါလာမည်ဟု ယုံကြည်နေသည်။

    ပြီးခဲ့တဲ့နှစ်များတွင် ဂျာမနီအစိုးရက နိုင်ငံတစ်ဝှမ်းရှိ နာမည်အကြီးဆုံး တက္ကသိုလ်များတွင် အစ္စလာမ်ဘာသာရေးစင်တာ ၄ ခု ဖွင့်လှစ်ရန်အတွက် ယူရို သန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များတွင် အစ္စလာမ့်ရေးရာ သင်ကြားမှု၏ အရေးပါမှုမှာ အကြမ်းဖက်အဖွဲ့အစည်းများက အစ္စလာမ့်အမည်နာမကိုသုံး၍ ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်လာခဲ့ပြီးနောက် အရှိန်မြင့်လာခဲ့သည်။

    ဥရောပမှ လူငယ်များမှာ IS အဖွဲ့သို့ သွားရောက်ဆက်သွယ်မှုများရှိနေပြီး စာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများကို သင်ကြားပေးခြင်းမှာ ထိုကဲ့သို ယူဆချက်အမှားများကို ဖယ်ရှားရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ဂျာမနီမှာ ပြင်သစ်ပြီးလျှင် ဥရောပ၌ ဒုတိယအကြီးဆုံး မွတ်စလင်လူ့အဖွဲ့အစည်းရှိသည့် နိုင်ငံလည်းဖြစ်သည်။

    Ref: Onislam