News @ M-Media

Tag: India

  • အိန္ဒိယတွင် လူအုပ်ဖြင့် ရိုက်နှက်သတ်ဖြတ်မှုကြောင့် တစ်ပတ်အတွင်း လူ ၈ ဦး သေဆုံး

    အိန္ဒိယတွင် လူအုပ်ဖြင့် ရိုက်နှက်သတ်ဖြတ်မှုကြောင့် တစ်ပတ်အတွင်း လူ ၈ ဦး သေဆုံး

    ဇွန် ၁၄၊ ၂၀၁၈
    M-Media

    လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု

    – အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ကောလဟာတွေကြောင့် အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်လို့ သေဆုံးသူဟာ တစ်ပတ်အတွင်း ၈ ဦးအထိ ရှိလာပြီလို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြည်နယ် ၅ ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးသူခိုးတွေဖြစ်တယ်၊ ပစ္စည်းခိုးတယ်၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    မနေ့က မြို့တော် နယူးဒေလီမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အရှက်ရအောင်လုပ်တယ်ဆိုတဲ့စွဲချက်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို သံတုတ်တွေကိုင်ထားတဲ့ အမျိုးသား ၄ ဦးက ရိုက်နှက်သတ်ဖြတ်ခဲ့ကာ ရဲတပ်ဖွဲ့က ၃ ဦးကို ဖမ်းဆီးထားပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ် ဂိုဒ်ဒါခရိုင်မှာလည်း မွတ်စလင်နှစ်ဦးကို နွားခိုးတယ်လို့စွပ်စွဲကာ လူအုပ်က ကားပေါ်ကနေ ဆွဲချပြီးသတ်ဖြတ်မှု မနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ရာဂျစ် ရန်ဂျန်က လေးနဲ့မြှားတွေ ကိုင်ဆောင်ထားတဲ့ လူလေးဦးကို ဖမ်းဆီးထားပြီး၊ အခြားသူတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။

    မနေ့ကတစ်ရက်တည်းမှာပဲ အရှ့ဘန်ဂေါလ်ပြည်နယ်မှာ အိမ်ခြေမဲ့တစ်ဦးကို ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ကာ လူအုပ်က ၀ိုင်းဝန်း ရိုက်နှက် သက်ဖြတ်ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ကလေးတစ်ဦးကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့က အာသံပြည်နယ်မှာ လူငယ်နှစ်ဦးကို ကလေးသူခိုးတွေလို့ စွပ်စွဲကာ လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး၊ မဟာရက်ရှ်ထရာ ပြည်နယ်မှာလည်း အလုပ်သမားနှစ်ဦးဟာ သူခိုးလို့စွပ်စွဲခံရကာ သတ်ဖြတ်ခံခဲ့ရပါတယ်။

    အိန္ဒိယအစိုးရ တာဝန်ရှိသူတွေဟာ ဆိုရှယ်မီဒီယာမှာ ကောလဟာလ ပြန့်နှံ့တဲ့ကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းဖို့အတွက် ရုန်းကန်နေရပါတယ်။ အာသံပြည်နယ်က သတ်ဖြတ်မှုအပြီးမှာ ဒီလို အုပ်စုဖွဲ့ရမ်းကားမှုကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ အိန္ဒိပြည်သူတွေက အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    ကလေးသူခိုးကောလဟာကလည်း အချို့ပြည်နယ်တွေမှာ ပြန့်နှံ့နေပြီး မေလကတည်း အဲဒီကိစ္စကြောင့် အုပ်စုဖွဲ့သတ်ဖြတ်မှု ၆ ခု ဖြစ်ပွားခဲ့ပါတယ်။

    Ref: CNA

  • ကလေးသူခိုး ကောလဟာလကြောင့် အာသံပြည်နယ်တွင် လူငယ်နှစ်ဦး သတ်ဖြတ်ခံရ

    ကလေးသူခိုး ကောလဟာလကြောင့် အာသံပြည်နယ်တွင် လူငယ်နှစ်ဦး သတ်ဖြတ်ခံရ

    ဇွန် ၁၁၊ ၂၀၁၈
    M-Media

    အသတ်ခံရသည့် လူငယ်နှစ်ဦး

    – ကလေးသူခိုးဂိုဏ်းဆိုတဲ့ ကောလာဟာလကြောင့် လူငယ်နှစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှု အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အနည်းဆုံး ၁၈ ဦးကို ဖမ်းဆီးထားပါတယ်။

    ပြည်နယ်မြို့တော် ဂူဝါတီကနေ ကီလိုမီတာ ၂၀၀ လောက်ဝေးတဲ့ တောရွာတစ်ရွာမှာ စနေန့က ဖြစ်ပွားခဲ့တာပါ။

    ကလေးသူခိုးတွေ ရောက်နေတယ်လို့ WhatsApp ကနေ သတင်းပြန့်သွားပြီတဲ့နောက် အဘီဂျစ် နက်သ်နဲ့ နီလွတ်ပါလ် ဒက်စ်ဆိုတဲ့ လူငယ်နှစ်ဦးကို လူ ၂၀၀ လောက်က ၀ိုင်းပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ကလေးသူခိုးဂိုဏ်း ကောလာဟာလကြောင့် အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၁၀ ခုလောက် ဖြစ်ပွားခဲ့ပြီး မေလက အာသံမှာပဲ လူငယ် ၂ ဦး ရိုက်နှက်သတ်ဖြတ် ခံခဲ့ရပါတယ်။

    “ကျူးလွန်သူတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပြီး ၁၈ ဦးကို ဖမ်းဆီးထားပါတယ်။ ဆိုရှယ်မီဒီယာမှာ ကောလဟာလဖြန့်တဲ့လူ တစ်ချို့လည်း ဖမ်းထားပါတယ်” လို့ အာသံရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ကူလဒ်ဟာရ် ဆိုင်ကီယာက ပြောကြားခဲ့ပါတယ်။

    အဲဒီလူငယ်နှစ်ဦးကို ရိုက်နှက်သတ်ဖြတ်တဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။ ဒက်စ်က သူဟာ အာသံသားဖြစ်တယ်လို့ပြောကာ လက်အုပ်ချီပြီး မသတ်ဖို့ အသနားခံနေတာကိုလည်း ဗီဒီယိုမှာတွေ့ရပါတယ်။

    အသက် ၃၀ အရွက် နက်သ်နဲ့ အသက် ၂၉ နှစ်အရွယ် ဒက်စ်တို့ဟာ ပန်ဂျရီ ကရာချီရွာကို စနေနေ့က ကားနဲ့ အလည်အပတ်သွားတဲ့အချိန် ကလေးသူခိုးဆိုပြီး လူအုပ်က လိုက်လံ ရိုက်နှက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒက်စ်ဟာ ဂီတသမားဖြစ်ပြီး နက်သ်ကတော့ ကွန်ပျူတာသမား ဖြစ်ပါတယ်။

    ရွာသားတွေကြားထဲမှာ ကလေးသူခိုးတွေ ရွာထဲဝင်လာပြီး အဲဒီအထဲကတစ်ယာက်ဟာ ဆံရှည်ဖြစ်ကြောင်း Whatapps ကနေတစ်ဆင့် သတင်းပြန့်ခဲ့တာပါ။

    အဲဒီအဖြစ်အပျက်ကို မကျေနပ်တဲ့အတွက် မြို့တော် ဂူဝါတီမှာ မနေ့က ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ သူတို့အနေနဲ့ ဆိုရှယ်မီဒီယာတွေကို စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မွတ်စလင်တစ်ဦးကို ကယ်ခဲ့သည့် အိန္ဒိယရဲ တစ်ဦး ဟိန္ဒူအစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို ခံနေရ

    မွတ်စလင်တစ်ဦးကို ကယ်ခဲ့သည့် အိန္ဒိယရဲ တစ်ဦး ဟိန္ဒူအစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို ခံနေရ

    မေ ၃၀၊ ၂၀၁၈
    M-Media

    ရဲအရာရှိ ဂါဂန်ဒီပ်ဆင်း

    – အုပ်စုဖွဲ့ ရိုက်နှက်ခံနေရတဲ့ မွတ်စလင်တစ်ဦးကို ကယ်ထုတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံမြောက်ပိုင်း အူထရာ့က်ဟန်းပြည်နယ်မှာ သူ့ရဲ့ချစ်သူ ဟိန္ဒူအမျိုးသမီးနဲ့အတူ ဘုရားကျောင်းလိုက်သွားတဲ့ မွတ်စလင်အမျိုးသားတစ်ဦးကို ဟိန္ဒူလူအုပ်စုကြီးက ရိုက်နှက်သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပါ။

    အဲဒီအချိန်မှာ ရဲအရာရှိ ဂါဂန်ဒီပ်ဆင်းက လူအုပ်ထဲတိုးဝင်ကာ မွတ်စလင်အမျိုးသားကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီလုပ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန့်နှံ့ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ ချီးကျူးခဲ့ကြပါတယ်။

    “ကျွန်တော့်တာဝန်ကို ကျွန်တော် ထမ်းဆောင်တာပါ။ ယူနီဖောင်း မ၀တ်ထားရင်တောင် ကျွန်တော် ဒီအလုပ်ကို လုပ်သွားမှာပါ။ အိန္ဒိယနိုင်ငံသားတိုင်းဟာ ဒီလိုပဲ ပြုမူရမှာ ဖြစ်ပါတယ်” လို့ ဆင်းက ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆင်းကို အာဏာရ BJP ပါတီက နိုင်ငံရေးသမားတစ်ချို့ အပါအ၀င် ဟိန္ဒူအစွန်းရောက်တွေက ဝေဖန်ခဲ့ကြပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဆင်းဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အတွက် လက်ရှိမှာ ခွင့်ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • အိန္ဒိယတွင် မိုးကြိုးနှင့် လေပြင်းကြောင့် လူ ၅၀ သေဆုံး

    အိန္ဒိယတွင် မိုးကြိုးနှင့် လေပြင်းကြောင့် လူ ၅၀ သေဆုံး

    မေ ၃၀၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၅၀ လောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဘီဟာရ်ပြည်နယ်က ဒီဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး မိုးကြိုးပစ်မှုကြောင့် သေဆုံးသူဟာ ၂၀ လောက် ရှိခဲ့ပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှာ သေဆုံးသူ ၁၅ ဦး၊ ဂျာ့ခ်ဟန်းပြည်နယ်မှာ သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ အိပ်ပျော်နေတဲ့အချိန်မှာ ဒီလိုခြေအနေမျိုးကို ကြုံတွေ့ခဲ့ရတာပါ။

    လေပြင်းတိုက်ခတ်မှုတွေကြောင့် အိုးအိမ်တွေပျက်ဆီးတာ၊ အဆောက်အဦးပြိုကျတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

    မိုးရာသီ မိုးကြိုးပစ်မှုဟာ အိန္ဒိယမှာ ပုံမှန်လိုလို ဖြစ်ပွားလေ့ရှိပြီး မိုးကြိုးပစ်ခံမှုကြောင့် သေဆုံးသူဟာ ၂၀၀၅ ခုနှစ်ကစလို့ တစ်နှစ်ကို အနည်းဆုံး ၂၀၀၀ လောက် ရှိနေပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်ကလည်း နိုင်ငံမြောက်ပိုင်းမှာ သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref: BBC

  • အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး

    အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး

    မေ ၂၂၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ တောင်ပိုင်းက ကီရာလာပြည်နယ်မှာ လင်းဆွဲတွေကနေတစ်ဆင့်ကူးစစ်တဲ့ နီဖာဟ် ဗိုင်းရပ်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    နီဖာဟ်ဗိုင်းရပ်ဟာ လူနဲ့ တိရစ္ဆာန်တွေ အထူးသဖြင့် ၀က်တွေမှာ အလျင်အမြန် ကူးစက်ပြန့်နှံ့တတ်ပြီး အခုအချိန်အထိ ကာကွယ်ဆေး မရှိသေးပါဘူး။ ကူးစက်သူတွေမှာ သေဆုံးမှုဟာ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။

    ကီရာလာ ကျန်းမာရေးဝန်ကြီး ကေကေ ရှိုင်လာဂျာက ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိလာပြီး ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “နီဖာဟ်ဗိုင်းရပ်စ်ကူးစက်သူ ၁၈ ယောက်ရှိပြီး အဲဒီအထဲက ၁၂ ယောက်ဟာ အခြေအနေ ပြန်ကောင်းသွားပါပြီ။ ၆ ယောက်ကတော့ မကောင်းသေးပါဘူး”

    သေးဆုံးသူတွေထဲမှာ လူနာတွေကို ကုသပေးတဲ့ သူနာပြုတစ်ဦးလည်း ပါဝင်ပါတယ်။ ပြည်နယ်အတွင်းမှာ ဒီကူးစက်မှုကြောင့် ကြောက်လန့်မှုတွေ ရှိနေပြီး အစိုးရက တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နီဖာဟ်ဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ အသက်ရှုရခက်တာ၊ မူးဝေတာ၊ ဦးနှောက်ရောင်ရမ်းတာ၊ စိတ်ကစဥ့်ကလျားဖြစ်တာ၊ ကိုးမားဝင်တာတွေ ဖြစ်ပါတယ်။

    Ref: Aljazeera