News @ M-Media

Tag: indonesia

  • Air Asia ၏ လိုင်စင်အား ရုပ်သိမ်းနိုင်သည်ဟု အင်ဒိုနီးရှားဆို

    Air Asia ၏ လိုင်စင်အား ရုပ်သိမ်းနိုင်သည်ဟု အင်ဒိုနီးရှားဆို

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media
    611408-6a37d9d4-9219-11e4-a068-35e4e5c4fad4
    – တရားဝင်မဟုတ်သည့် အချိန်ဇယားဖြင့် ပျံသန်းခဲ့သည့် လေယာဉ်အမှတ် QZ 8501 ပျောက်ဆုံးခဲ့ပြီးနောက် Air Asia လေကြာင်းလိုင်း ၏ လိုင်စင်အား ရုပ်သိမ်းသွားနိုင်သည်ဟုအင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးက သတိပေး ပြောဆို လိုက်သည်။

    ယမန်နေ့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုလက်ရှိအချိန်တွင်လည်း ပျောက်ဆုံးသွားခဲ့သည့် အဆိုပါလေယာဉ် ပျံသန်းရာ လမ်းကြောင်းဖြစ်သော ဆူရာဘာယာမှ စင်ကာပူသို့ Air Asia ၏ ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းထားသည်။

    `ချပေးထားတဲ့ ပျံသန်းပါမစ်၊ အချိန်ဇယားတွေကို သူတို့ ချိုးဖောက်ခဲ့ပါတယ်။ ဒါဟာ ပြဿနာပါပဲ´ ဟု လေကြောင်းပို့ဆောင်ရးဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ဂျိုကို မာဂျက်မိုဂျိုက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါလမ်းကြောင်းအတွက် ပျံသန်းခြင်းကို စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည် အထိ ဆိုင်းငံ့ထားမည်ဖြစ်ပြီး အခြားလေကြောင်း လိုင်းများကိုလည်း စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ပျောက်ဆုံးသွားခဲ့သည့် Air Aisa မှ အဆိုပါလေယာဉ်မှာ ထိုနေ့တွင် ပျံသန်းရမည့် လေယာဉ်မဟုတ်ဘဲ၊ လိုအပ်သောခွင့်ပြုချက်မရှိဘဲ မည်ကဲ့သို့ ပျံသန်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၂ ဦးကို တင်ဆောင်သွားခဲ့သည့် အဆိုပါ လေယာဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား ဂျာဗားပင်လယ်ထဲသို့ ပျက်ကျသွားခြင်းဖြစ်ပြီး ယခုအချိန်အထိ ရုပ်အလောင်း ၃၀ ကိုသာ ဆယ်ယူရရှိထားသည်။

    Ref : aljazeera

  • ပျောက်ဆုံး Air Aisa လေယာဉ်မှ ခရီးသည်၏ ပထမဆုံး ဈာပန အခမ်းအနား ကျင်းပ

    ပျောက်ဆုံး Air Aisa လေယာဉ်မှ ခရီးသည်၏ ပထမဆုံး ဈာပန အခမ်းအနား ကျင်းပ

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    1503893_820584651317340_4982769200097546992_n
    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပျောက်ဆုံး သွားခဲ့သည့် Air Asia လေကြောင်းလိုင်းမှ လေယာဉ်အမှတ် QZ8501 တွင် လိုက်ပါသွားခဲ့သည့် ခရီးသည်များမှ ပထမဆုံး ဈာပနကို အင်ဒိုနီးရှား၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆူရာဘာယာမှ ဟာယတ်တီ လတ်ဖီယာ ဟာမီဆိုသည့် အမျိုးသမီး၏ အသုဘ အခမ်းအနားဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို အတည်ပြုခဲ့ပြီးနောက် မိသားစုအား လွှဲပြောင်းပေးအပ်ခဲ့ကာ ဇန်န၀ါရီ ၁ ရက်နေ့ နေ့လည်ပိုင်းက ဆူရာဘာယာတွင် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။

    ဟာမီ၏ အိမ်တွင် ၀တ်ပြုဆုတောင်းခဲ့ကာ အဆိုပါ ဈာပနသို့ လိုက်ပါပို့ဆောင်သူ ရာချီရှိခဲ့သည်။ အင်ဒိုနီးရှား ကယ်ဆယ်ရေး တာဝန်ရှိသူများကမူ အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကိုလည်း မည်သူမည်ဝါဖြစ်ကြောင်း ထပ်မံအတည်ပြုရန် ကြိုးစားနေ သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်များတွင် ယခုအချိန်အထိ လူ ၉ ဦး၏ အလောင်းကိုသာ ဆယ်ယူရရှိသေးပြီး ဆိုးရွားသော ရာသီဥတုကြောင့် ရှာဖွေမှုများ နှောင့်နှေးလျက် ရှိနေသည်။

    အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် အဆိုပါ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းနှင့် ခရီးသည်စုစုပေါင်း ၁၆၂ ဦးပါဝင်ပြီး ၁၅၀ မှာ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြသည်။

    Ref : aljazeera

  • ဘတ်ဂျက် ချွေတာရန် အစည်းအဝေးများတွင် ပြည်တွင်းဖြစ် အစားအသောက်များ အစားထိုးဖို့ အင်ဒိုအစိုးရ အမိန့်ထုတ်

    ဘတ်ဂျက် ချွေတာရန် အစည်းအဝေးများတွင် ပြည်တွင်းဖြစ် အစားအသောက်များ အစားထိုးဖို့ အင်ဒိုအစိုးရ အမိန့်ထုတ်

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media

    33c4faf82d3fd5ca3c11234ca95962b2264ae503-1a7g5c3
    အုပ်ချုပ်မှုယန္တရားတွင် အလွန်အကျွံကုန်ကျမှုများကို ကိုင်တွယ်ရန် အစည်းအဝေးများ၌ ကိန်းခန်းကြီးသည့်နိုင်ငံခြားအစားအသောက်နေရာတွင် ပြည်တွင်းဖြစ် အစားအသောက်များကို အစားထိုးစားသောက်ကြရန်၊ အလွန်အကျူးသုံးစွဲသော ပါတီပွဲလမ်းများ မလုပ်ကြရန် အင်ဒိုနီးရှားအစိုးရသစ်က အာဏာပိုင်များကို အမိန့်ထုတ်ပြန်ခဲ့သည်။

    မျောက်ဥကိတ်များ၊ အသီးအနှံပြုတ်များ၊ သစ်ဥသစ်ဖုများ စသည့် သွားရည်စာများကိုသာ အာဏာပိုင်အစည်းအဝေးများ၌ တည်ခင်းဧည့်ခံရမည်ဖြစ်ပြီး အဆင့်မြင့်အရာရှိတို့၏ ပါတီပွဲများတွင် ဧည့်သည် ၄၀၀ ဦးအထိသာ ဖိတ်ကြားရမည်ဟု ကန့်သတ်လိုက်သည်။

    ပြီးခဲ့သောလတွင် စတင်တာဝန်ထမ်းဆောင်ပြီး သာမန် ဘ၀ကျောထောက်နောက်ခံမှ ရိုးဂုဏ်ဖြင့်ကျော်ကြားသည့် သမ္မတ ဂျိုကိုဝီဒိုဒိုက အာဏာပိုင်လောက သုံးဖြုန်းမှုကို ဇက်သတ်လိုက်ခြင်းအပြင် ပင်မဦးတည်ချက် မပျောက်စေရန် တိုင်းပြည်၏ ရေပေါ်ဆီ ဒီမိုကရေစီအဖြစ်အား  ပြန်လည်လျှော့ချပစ်ခြင်းဖြစ်သည်။

    သူသည် လာမည့်နှစ်အတွက် ခရီးသွားလာမှုနှင့် အစည်းအဝေးဆိုင်ရာ ဘတ်ဂျက်များကိုလည်း ဝေဖန်ထောက်ပြထားပြီးဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်က သားဖြစ်သူ၏ဘွဲ့နှင်းသဘင် အခမ်းအနားတက်ရောက်ရန် စင်္ကာပူသို့ ချွေတာရေးလေယာဉ် ခရီးစဉ်ဖြင့် စံပြသွားရောက်ခဲ့ရာ အွန်လိုင်းပေါ်တွင် အကြီးအကျယ် ချီးမွှမ်းခံခဲ့ရသည်။

    အလဟဿသုံးဖြုန်းမှုမှန်သမျှ ရပ်တန့်ရန် ကြာသပတေးညဥ့်ပိုင်းတွင် အုပ်ချုပ်မှု ယန္တရားပြန်လည်ပြုပြင်ရေးဝန်ကြီး Yuddy Chrisnandi က အာဏာပိုင်များအပေါ် အမိန့်ထုတ်ပြန်ကြေငြာခဲ့သည်။

    13661_351335038374805_8243045404975675204_n
    သားဖြစ်သူသူ ဒီပလိုမာ လက်ခံမည့် အခမ်းအနားသို့ တက်ရောက်ရန် စင်ကာပူသို့သာမာန်လေကြောင်းလိုင်းဖြင့် တိတ်တဆိတ်သွားရောက်ခဲ့သည့် သမ္မတ ဂျိုကိုဝီဒိုဒို နှင့် ဇနီး

    အလွန်အကျူးစားသောက်ကြသော အရာရှိများမှာ ကိုလက်စထရောနှင့် သွေးဖိအားမြင့်မားခြင်း အန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်တွင်းသွားရည်စာများကို အားပေးခြင်းဖြင့် အင်ဒိုနီးရှားတောင်သူလယ်သမားတို့အပေါ် ကူညီရာရောက်ကြောင်း သူက ဆိုသည်။

    အစားအသောက်စည်းမျဉ်းများကို ၀န်ကြီးဌာနနှင့် အစိုးရရုံးအားလုံး၌ ဒီဇင်ဘာလ ၁ ရက်မှစ၍ အသက်ဝင်စေမည်ဟု အဆိုပါဝန်ကြီး ခရစ္စနန္ဒီမှ ပြောကြားသည်။

    လတ်တလောခြစားမှုပုံရိပ်များကို ချေဖျက်ရန်ကြိုးစားနေသည့် စွမ်းအင်ဝန်ကြီးဌာနကလည်း ခွင့်ပြုချက်ရအစားအစာစာရင်းကို ထုတ်ပြန်ကာ ကော်ဖီ၊ လက်ဖက်ရည်နှင့် သောက်သုံးရေများကို အကန့်အသတ်နှင့်သာ သောက်သုံးရန် အမိန့်ထုတ်ပြန်ထားပြီးဖြစ်သည်။

    လာမည့်နှစ်တွင် အသက်ဝင်လာမည်ဖြစ်သော အလဟဿဖြုန်းတီးခြင်းပါတီပွဲများကို တားမြစ်ချက်မှာ ဇိမ်ခံဟော်တယ်များ၌ ကိန်းခန်းကြီးစွာ ပြုလုပ်ဆင်ယင် ဇာချဲ့လေ့ရှိသည့် ထိပ်တန်းအရာရှိတို့အား အဓိကဦးတည်သည်။ ထိုလုပ်ရပ်များမှာ တဖက်စောင်းနင်း ဂုဏ်တင်နေမှုများဟု ခရစ္စနန္ဒီက ဝေဖန်ပြောကြားသည်။

    “မိမိတို့သားသမီး မင်္ဂလာပွဲအတွက် လူထောင်ပေါင်းများစွာကို စီစဉ်ဖိတ်ကြားတဲ့ အစိုးရ အရာရှိတွေကြောင့် ယဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ကုန်တယ်”။

    ထိုအရွေ့များသည် တရုတ်ခေါင်းဆောင် ရှီဂျင်းပင်မှ ၂၀၁၂ ခုနှစ်အာဏာရပြီးနောက် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်နှင့် အလွန်ပင် ဆင်တူလှသည်။ ထိုအစီအစဉ်၌ အစိုးရဂုဏ်ပြုညစာစားပွဲများကို ခမ်းနားကြီးကျယ်စွာမလုပ်ရန် တားမြစ်ချက်လည်း ပါဝင်သည်။

    Ref : AFP

     

  • အင်ဒိုနီးရှားပြည်သူများ ဘာသာတရား၏ သွန်သင်မှုများ ဘက်သို့ ပြန်လှည့်မှု တိုးလာ

    အင်ဒိုနီးရှားပြည်သူများ ဘာသာတရား၏ သွန်သင်မှုများ ဘက်သို့ ပြန်လှည့်မှု တိုးလာ

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    09-11-14_Indonesia-Hijabers-Combat-Westernization
    – ကိုယ်ကျင့်တရားကို ပျက်ပြားစေသည့် အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုကို တွန်းလှန်ရန်နှင့် အစ္စလာမ်၏ တန်ဖိုးများကို ထိန်းသိမ်းရန်အတွက် အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို မွတ်စလင် အမျိုးသမီး စီးပွားရေး ကွန်ယက် တစ်ခုဖြစ်သည့် Hijaber အဖွဲ့က ဦးဆောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ့် အငွေ့အသက်များပါသည့် လူသုံးကုန် ပစ္စည်းများကို သုံးစွဲရန်နှင့် အစ္စလာမ်နှင့် ပတ်သက်သော အခမ်းအနားများကိုလည်း ပြုလုပ်ကျင်းပရန် တိုက်တွန်းခဲ့ကြသည်။

    “အင်ဒိုနီးရှားဟာ သိပ်ပြီး အနောက်တိုင်းဆန်နေတယ်လို့ ကျွန်မထင်ပါတယ်။ အင်ဒိုနီးရှားလူငယ်တွေဟာ သူတို့ရဲ့ အချိန်တွေကို ရှော့ပင်းမောလ်တွေမှာ ကုန်ဆုံးကြပြီး ဘုရားဝတ်ပြုဖို့ မေ့လျော့ နေကြပါတယ်” ဟု Hijaber အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရစ်တီ ရဟ်မာဒီက နိုဝင်ဘာ ၉ ရက်နေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တစ်ချိန်က ဆိုရှယ်ကျသော အမျိုးသမီးဖြစ်ခဲ့သည့် အသက် ၂၀ ကျော်အရွယ် ရဟ်မာဒီမှာ ယခုအချိန်တွင် ဟိဂျဘ်နှင့်အတူ ဂုဏ်သိက္ခာရှိစွာ ၀တ်စားဆင်ယင်ပြီး ၀တ်ပြုချိန်ကို အမှတ်ရစေရန် အတွက် သူမ၏ မိုဘိုင်းဖုန်းအား Alarm အဖြစ်လည်း အသုံးပြုသည်။

    အင်ဒိုနီးရှားတွင် ဟီဂျဘ်ဝတ်ဆင်ခြင်းမှာ ယခုနောက်ပိုင်းတွင် ဖက်ရှင်တစ်ခုကဲ့သို့ ဖြစ်လာပြီး Youtube စာမျက်နှာတွင်လည်း ဟီဂျဘ်အား မည်ကဲ့သို့ စနစ်တကျ ၀တ်ဆင်ရမည်ဆိုသည်ကို အင်ဒိုနီးရှားအမျိုးသမီးများက လက်တွေ့ပြသသော ဗီဒီယိုများကိုလည်း တွေ့ရှိနိုင်သည်။

    အင်ဒိုနီးရှားပြည်သူများမှာ ကိုယ်ကျင့်တရားများ ပျက်ပြားစေသည့် အနောက်တိုင်း ယဉ်ကျေးမှုအား ဖယ်ခွာကာ အစ္စလာမ်၏ သွန်သင်ဆုံးမမှုများ ဘက်သို့ ပြန်လှည့်လာကြသောကြောင့် လွန်ခဲ့သည့် နှစ် အနည်းငယ် အတွင်းမှာပင် အင်ဒိုနီးရှားနိုင်ငံ၌ အစ္စလာမ့် ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာခဲ့ပြီး ဟာလာလ်ဈေးကွက် မှာလည်း ကြီးထွားလာခဲ့သည်။

    ထို့ပြင် အစ္စလာမ့်အငွေ့အသက်များ ပါဝင်သည့် အ၀တ်အထည်များ၊ လက်ဝတ်ရတနာများမှာလည်း ၀ယ်လိုအား မြင့်တက်လာခဲ့သည်။

    “လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကဆိုရင် ကျွန်မရဲ့ လက်ဝတ်ရတနာတွေကို ဘယ်သူမှ မ၀ယ်ချင်ကြပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်အငွေ့အသက်တွေ ပါနေလို့ပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ပြည်တွင်းဖြစ် အစ္စလာမ့် အနုပညာလက်ရာတွေကို ဂုဏ်ယူစွာ ၀ယ်ယူသုံးစွဲကြပါတယ်” ဟု ဂျကာတာမြို့မှ အစ္စလာမ့်အငွေ့အသက်များ ပါဝင်သည့် လက်ဝတ်ရတနာများကို ရောင်းချသူ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ရန်နီဖက်ဘီက ပြောကြားခဲ့သည်။

    အစ္စလာမ့်လူသုံးကုန်ပစ္စည်းများ၏ ၀ယ်လိုအား တိုးတက်လာသည့် အကြောင်းအရင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု နှစ်စဉ် ၆ ရာခိုင်းနှုန်း တိုးတက်နေသော အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အလယ်အလတ်လူတန်းစားများ ၀င်ငွေမြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ဖက်ဘီအပါအ၀င် အင်ဒိုနီးရှားနိုင်ငံသား အများစုက ယုံကြည်နေကြသည်။

    အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၂၃၇ သန်း၏ ၈၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    လေ့လာမှုများအရ အင်ဒိုနီးရှား မွတ်စလင်များမှာ ၎င်းတို့၏ အယူဝါဒကို ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့် ကျင့်သုံးကြသည်ဟု သိရသည်။

    “လူလတ်တန်းစား အသိုင်းအ၀ိုင်းက ဘာသာရေးကိုင်းရှိုင်းတဲ့ လူအများစုဟာ အ၀တ်အစားတွေ၊ ပညာသင်ယူမှုတွေ၊ ၀ယ်ယူသုံးစွဲမှုတွေ ပြီးတော့ သူတို့ရဲ့ လေ့လာဖတ်ရှုတဲ့ စာအုပ်တွေကနေတစ်ဆင့် သူတို့ဟာ ဘာသာရေးကိုင်းရှိုင်းသူတွေဆိုတာကို တခြားသူတွေကို ပြသချင်ကြပါတယ်” ဟု ကန်ဘာရာရှိ သြစတေးလျ အမျိုးသားတက္ကသိုလ်မှ အင်ဒိုနီးရှားရေးရာ ကျွမ်းကျင်သူ ဂါ့ဂ်ျ ဖီယာလီက ပြောကြားခဲ့သည်။

    ref_ OnIslam & News Agencies

  • အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်

    အင်ဒိုနီးရှား၏ ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    Indonesian military troops stand in form
    – နိုင်ငံ၏ကာကွယ်ရေးအင်အား တောင့်တင်းစေရန်အတွက် ကာကွယ်ရေး အသုံးစားရိတ်ကို မြှင့်တင်သွားမည်ဟု အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရာမီဇာဒ့် ရာယာကျူဒူက ပြောကြားလိုက်သည်။

    နိုင်ငံဘက်ဂျက်၏ ၀.၈ ရာခိုင်နှုန်း သုံးစွဲရာမှ ၁.၅ ရာခိုင်နှုန်းအထိ သုံးစွဲသွားမည်ဖြစ်ပြီး လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်းကို အခြားသော အာဆီယံနိုင်ငံများနှင့် တန်းတူဖြစ်စေရန်အတွက် လာမည့်နှစ်များအတွင်း ပြောင်းလဲရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရေမီဇာက ဆိုသည်။

    လက်ရှိသုံးစွဲနေသော ၀.၈ ရာခိုင်နှုန်းမှာ ကန်ဒေါ်လာ ၆.၈၁၅ ဘီလီယံရှိပြီး လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အခြားသော နိုင်ငံများအား အလွန်အမင်း မှီခိုနေရသည်။

    “လက်နက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ ကိုယ့်အားကိုယ်ကိုးဖို့ လိုပါတယ်။ တစ်ခြားတိုင်းပြည်တွေကို မှီခိုမှာ မဟုတ်ပါဘူး” ဟု ရေမီဇာဒ့်က ထည့်သွင်းပြောကြားခဲ့သည်။

    သမ္မတသစ် ဂျိုကို ၀ီဒိုဒိုကမူ ယခင်သမ္မတ ယူဒိုယိုနိုတာဝန်ယူခဲ့သည့် နိုင်ငံအတွင်း လက်နက်ပိုင်းဆိုင်ရာ ခေတ်မီအောင် ဆောင်ရွက်ခြင်းကို မိမိက ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အဓိကစိန်ခေါ်မှုများမှာ အကြမ်းဖက်ဝါဒ၊ လူကုန်ကူးခြင်း၊ ပုန်ကန်ထကြွမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုင်ဂိုဏ်မျာျးြဖစ်သည်။

     

    ref_ ဆင်ဟွာ