News @ M-Media
Tag: indonesia
  • အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်
    အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်
    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014102707580475152
    – အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒိုမှာ တတ်သိပညာရှင်များ အများစုပါဝင်သည့် ၎င်း၏ ကတ်ဘိနက် အဖွဲ့ကို ယမန်နေ့က ကြေညာခဲ့သည်ဟု သိရသည်။
    ၀ီဒိုဒို၏ အဆိုပါ ကတ်ဘိနက် အဖွဲ့တွင် ၀န်ကြီး ၃၄ ဦး ပါဝင်ပြီး ၁၅ ဦးမှာ ၎င်းအား ထောက်ခံသော နိုင်ငံရေးပါတီများမှဖြစ်ကာ ကျန် ၁၉ ဦးမှာ ယခင်အစိုးရ လက်ထက်တွင် ထမ်းဆောင်ခဲ့ဖူးသော ၀န်ကြီးများနှင့် တတ်သိပညာရှင်များ ဖြစ်ကြသည်။
    ဘဏ္ဍာရေးဝန်ကြီး အဖြစ် ယခင် ဒုတိယ၀န်ကြီး  Bambang Brodjonegoro ကို ခန့်အပ်ခဲ့ပြီး၊ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ကြီး အဖြစ် ယခင်အစိုးရ၏ သတင်း အချက်အလက် ၀န်ကြီးဟောင်း Sofyan Djalil အား ခန့်အပ်ခဲ့သည်။
    နိုင်ငံခြားရေးဝန်ကြီးနေရာကိုမူ ယခင် နယ်သာလန်ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး  Retno Lestary Priansari Marsudi ကို ခန့်အပ်ခဲ့ပြီး ၎င်းမှာ ထိုရာထူးကို တာဝန်ယူသော ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ်လာမည်ဖြစ်သည်။ ၀ီဒိုဒိုကမူ
    “ကျွန်တော်ဟာ ဒီကတ်ဘိနက် ကို အလုပ်လုပ်မယ့် ကတ်ဘိနက် အဖြစ် ကင်ပွန်းတပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
  • အင်ဒိုနီးရှား သမ္မတသစ် ၀ီဒိုဒို ကျမ်းသစ္စာကျိန်ဆို
    အင်ဒိုနီးရှား သမ္မတသစ် ၀ီဒိုဒို ကျမ်းသစ္စာကျိန်ဆို
    Indonesian Presidential swearing in
    သမ္မတသစ် ၀ီဒိုဒို (ညာ)
    အောက်တိုဘာ ၂၀ ၊ ၂၀၁၄
    M-Media
    – အင်ဒိုနီးရှားနိုင်ငံ၏ သာမန်ပြည်သူထဲမှ ပထမဆုံးရွေးကောက်တင်မြှောက်ခံရသော သမ္မသစ် ဂျိုကို ၀ီဒိုဒိုမှာ ယနေ့တွင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟု သိရသည်။
    အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲကို မြို့တော်ဂျကာတာရှိ ပါလီမန်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ တက်ရောက်ခဲ့ကြသည်။
    “ကျွန်တော်တို့တွေ ရင်ချင်းအပ်ပြီး လက်ချင်းတွဲထားကြဖို့ အချိန်ပါပဲ။ ပြီးတော့ အင်ဒိုနီးရှားဟာ နိုင်ငံရေးအချုပ်အချာ၊ စီးပွားရေးလွတ်လပ်မှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားတဲ့လက္ခဏာတွေရှိတဲ့ နိုင်ငံအဖြစ် ရောက်ရှိဖို့၊ နားလည်သဘောပေါက်ဖို့ အချိန်လည်းဖြစ်ပါတယ်” ဟု ၀ီဒိုဒိုက ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြောကြားခဲ့သည်။
    ဂျကာတာမြို့လမ်းပေါ်တွင် ပြည်သူထောင်းပေါင်းများစွာကလည်း ဆိုင်းဘုတ်များ အင်ဒိုနီးရှားအလံများ ကိုင်ဆောင်ကာ အောင်ပွဲခံခဲ့ကြသည်။
    ယခင်က ပရိဘောဂပစ္စည်းများ ရောင်းချသူ အသက် ၅၃ နှစ်အရွယ် ၀ီဒိုဒိုမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်တပ်အသိုင်းအ၀ိုင်းတို့မှမဟုတ်ဘဲ သာမန်ပြည်သူများထဲမှ အင်ဒိုးနီးရှားနိုင်ငံတွင် ပထမဆုံး သမ္မတဖြစ်လာသူလည်းဖြစ်သည်။
    သမ္မတမဖြစ်ခင် ၀ီဒိုဒိုမှာ ဂျကာတာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲအရေအတွက် ၅၃ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။ သမ္မတသစ် ၀ီဒိုဒို ရင်ဆိုင်ရမည့် အဓိကစိန်ခေါ်မှုများမှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် သထေားတင်းမာသော အတိုက်အခံများနှင့် အလုပ်တွဲလုပ်ရေး တို့ဖြစ်သည်။
  • တရုတ်နွယ်ဖွား တစ်ဦး ဂျကာတာ အုပ်ချူပ်ရေးမှူး ဖြစ်လာ
    မေ ၁၉ ၊၂၀၁၄
    ahok18e
    ဂျကာတာ။    ။ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၏ ခေတ္တအုပ်ချုပ်ရေးမှူးအဖြစ် တရုတ်နွယ်ဖွား တစ်ဦးဖြစ်သူ ဘဆူကီတီဂေဟာပါနာမာ က တာဝန်ယူ လိုက်ပြီ ဖြစ်ကြောင်း ဘာဆူကီသည် ကမ္ဘာပေါ်တွင် မွတ်စလင်အများဆုံးနေထိုင်သည့် နိုင်ငံ၏ မြို့တော်အုပ်ချူပ်ရေးမှူးအဖြစ် တာဝန်ယူသည့် ပထမဆုံးသော တရုတ်မျိုးနွယ်တစ်ဦးဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
    ခရယာန်ဘာသာဝင် တစ်ဦးဖြစ်သူ ဘာဆူကီသည် သမ္မတရွေးကောက်ပွဲ ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရာထူးမှ နုတ်ထွက်သွားသူ ဂျိုကိုဝီဒိုဒို၏ ရာထူးနေရာ ဆက်ခံသူဖြစ်သည်။
    အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၉ ရက်တွင် သမ္မတ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ဝီဒိုဒို အောင်ပွဲခံမည်ဟု ရွေးကောက်ပွဲ အကြို စစ်တမ်းများအရ သိရသည်။
    အကယ်၍ သမ္မတရွေးကောက်ပွဲ၌ ဝီဒိုဒို အောင်ပွဲခံပါက ငါးနှစ်သက်တမ်းရှိ ဂျကာတာ အုပ်ချူပ်ရေးမှူးရာထူး၏ လက်ကျန်ကာလ ကုန်ဆုံးချိန်ထိ ဘာဆူကီက တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည် ။
    လူဦးရေ သန်း ၂၄၀ ရှိ အင်ဒိုနီးရှားနိုင်ငံ၌ တရုတ်နွယ်ဖွားဦးရေမှာ လူဦးရေ၏ ၂ ရာခိုင်နှုန်းမျှသာ ရှိသည်။
    ရိုက်တာ
    ၂၀၊၅၊၂၀၁၄ ကြေးမုံ သတင်းစာမှ
    PHOTO: SPH
  • ကုရ်အာန်ကျမ်းတော်မြတ် စုပေါင်း ရွတ်ဖတ်မှု အင်ဒိုမွတ်စလင် သုံးသောင်း ပါဝင် (ဓါတ်ပုံ သတင်း)
    မေ ၅ ၊ ၂၀၁၄
    M-Media
    10341623_712775065430950_4048132848997404626_n
    -၂၀၁၄ ခုနှစ် မေလ(၄) ရက်နေ့က တစ်နေ့လျှင် ကုရ်အာန် ကျမ်းတော်မြတ်၏ အပိုင်းတပိုင်း ရွတ်ဖတ်သည့် အစီအစဉ်ကို အကောင်အထည်ဖေါ်သည့် အနေဖြင့် အင်ဒိုနီးရှား မွတ်စလင် သုံးသောင်းခန့်က ဂျကာတာရှိ Istiqlal ဗလီဝတ်ကျောင်းတော်ကြီးသို့ လာရောက်ကာ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ် သရဇ္ဈာယ်နေကြစဉ်။
    မွတ်စလင်များအနေဖြင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရန်၊ ချစ်မြတ်နိုးရန်နှင့် ကုရ်အာန်က သွန်သင်ထားသည့်အတိုင်း မိမိတို့၏ ဘ၀များကို တည်ဆောက်ရန်အတွက် အားပေးမြှင့်တင်သည့် အနေဖြင့် အဆိုပါအစီအစဉ်အား ကျင်းပ ပြုလုပ်ခြင်းဖြစ်သည်။
    ကုန်အာန်ကျမ်းတော်မြတ်တွင် ကဏ္ဍပေါင်း ၁၁၄ ခုပါဝင်ပြီး၊ ထိုကဏ္ဍများအား အပိုင်း ၃၀ ပိုင်းခြား သတ်မှတ်ထားသည်။
    Press TV
  • အင်ဒိုနီးရှားရွေးကောက်ပွဲတွင် အစ္စလာမ့် အခြေပြု ပါတီများအား ထောက်ခံမှုများလာ
    ဧပြီ ၁၁၊ ၂၀၁၄
    M-Media
    – ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်နေသည့် အထွေထွေရွေးကောက်ပွဲတွင် အစ္စလာမ်အခြေပြုပါတီများမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြည်သူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။
    indonesia-elections
    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိပြုလုပ်နေသာ ရွေးကောက်ပွဲ၌ အစ္စလာမ်အခြေပြုပါတီ ၅ ခု ၀င်ရောက်ယှဉ်ပြိုင်နေသည်ဟု လေ့လာမှုများကဆိုသည်။
    ၁၉၉၈ ခုနှစ် အာဏာရှင်ဆူဟာတို ပြုတ်ကျသွားပြီးနောက် ဟိဂျဘ် ၀တ်ဆင်သည့် အမျိုးသမီးများ များပြားလာခြင်းကဲ့သို့ အစ္စလာမ်၏ လက္ခဏာများ တိုးတက်လာခဲ့သော်လည်း အစ္စလာမ့် အခြေပြု ပါတီများကို ထောက်ခံမှုမှာ လျော့နည်းခဲ့သည်။
    သို့သော်လည်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ထိုအခြေအနေမှာ မထင်မှတ်လောက်အောင် ပြောင်းလဲခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အစ္စလာမ် အခြေပြုပါတီအား ထောက်ခံမှု ၂၆ ရာခိုင်နှုန်းရှိခဲ့ရာမှာ ယခုအချိန်တွင် ၃၂ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်ဟု ကိန်းဂဏန်းနှင် နိုင်ငံတကာရေးရာ လေ့လာမှုအဖွဲ့ CSIS ၏ လျှို့ဝှက် စစ်တမ်းကောက်ယူမှုအရ သိရသည်။
    ထိုကဲ့သို့ ပြောင်းလဲလာခဲ့ခြင်းမှာ ဘာသာရေး မနွယ်သောပါတီများ အထူးသဖြင့် လက်ရှိသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို၏ ဒီမိုကရက်တစ်ပါတီ အာဏာ ရရှိစဉ် ဖြစ်ပွားသည့် အဂတိလိုက်စားမှုများအား ပပျောက်စေရန် လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အစ္စလာမ်အခြေပြုပါတီများအား လူထုထောက်ခံမှုပိုလာခြင်းက အဂတိလိုက်စားသည့် လက်ရှိအာဏာရ ပါတီကို ဒေါသ ထွက်စေနိုင်ကြောင်း လေ့လာသူများက ဆိုသည်။
    – AFP/ir