News @ M-Media

Tag: indonesia

  • ၂။  မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။

    အင်ဒိုနီးရှားနိုင်ငံရေးသမား မီဂါဝတီ ဆက်သျှဝတီ ဆူကာနိုပူထရီသည် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတရာထူး၌ ၂၀၀၁ ဇူလိုင် ၂၃ ရက်မှ ၂၀၀၄ အောက်တိုဘာ ၂၀ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    သူမသည် အင်ဒိုနီးရှား၏ အကြီးမားဆုံးနိုင်ငံရေး ပါတီတစ်ခုဖြစ်သော Indonesian Democratic Party of Struggle ၏ ခေါင်းဆောင်၊ ၎င်းပြင် အင်ဒိုနီးရှား၏ ပထမဆုံးသမ္မတ ဆူကာနို၏ သမီးလည်းဖြစ်သည်။

    မီဂါဝတီမှာ လွတ်လပ်ရေးပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး တစ်ဦးတည်းသော အမျိုးသမီးသမ္မတဖြစ်လာခဲ့ပြီး၊ မွတ်စ်လင်မ် အများစု တိုင်းပြည်အား ရှေ့ဆောင်ရှေ့ရွက်ပြုပေးသည့် စတုတ္ထမြောက် အမျိုးသမီးအဖြစ် စာရင်းဝင်ခဲ့သည်။ အဘ်ဒုရ်ရဟ်မာန်း ၀ါဟစ်အတွက် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၁ ခုနှစ်တွင် အဘ်ဒုရ်ရဟ်မာန်း ရာထူးမှဖယ်ရှားခံရသောအခါ သမ္မတနေရာသို့ သူမ ရောက်လာသည်။ ၂၀၀၄ ခုနှစ်ရွေးကောက်ပွဲ၌ သမ္မတနေရာကို ထပ်မံယှဉ်ပြိုင်အရွေးခံသော်လည်း စူစီလို ဘမ်ဘန်း ယူဒိုးယိုနိုအား ရှုံးနိမ့်သွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သောအခါ ယူဒိုးယိုနိုကို ထပ်မံ ရှုံးနိမ့်ပြန်ပါသည်။

    ဆက်စပ်ခေါင်းစဉ်များ ဖတ်ရန်

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    000_APH2001030540202

    000_APH2001090859158

    000_SAHK981206401620

    000_SAHK990225482130

    000_SAHK991006678710

    000_SAHK991029704510

    000_SAPA990730799840

  • လှေစီးဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှားငါးဖမ်းသမားများ ထပ်မံကယ်တင်

    လှေစီးဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှားငါးဖမ်းသမားများ ထပ်မံကယ်တင်

    မေ ၂၀၊ ၂၀၁၅
    M-Media

    roh

    – ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အကြိမ်ကြိမ်အခါခါ ပင်လယ်ထဲပြန်ပို့ခဲ့သောကြောင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် မာလကာရေလက်ကြားသို့ ရောက်သွားခဲ့သော စက်လှေမှ ဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှား ငါးဖမ်းသမားက ကယ်တင်လိုက်သည်ဟု သိရသည်။

    ယနေ့နံနက် ဒေသစံတော်ချိန် ၂ နာရီခန့်က ကယ်တင်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ဒုက္ခသည်များတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကာ အာချေးအရှေ့ပိုင်းခရိုင်ရှိ ဆင်းပန်း တီဂါ ရွာသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူ ခိုင်ရွလ် နိုဗာက ပြောကြားခဲ့သည်။

    မျက်မြင်သက်သေများက ပြောကြားရာတွင် အဆိုပါ ဒုက္ခသည်များမှာ ကမ်းသို့ ခေါ်ဆောင်လာသည့်အချိန်၌ မျက်ရည်များကျနေကြပြီး၊ အများစုမှာ အားနည်းနေကာ နေမကောင်းဖြစ်နေသည်ဟု ဆိုသည်။

    ဒုက္ခသည်များကမူ ၎င်းတို့၏ စက်လှေကို ထိုင်းရေတပ်က ၃ ကြိမ် ပင်လယ်ထဲသို့ ပြန်ပို့ခဲ့ပြီး မလေးရှားအာဏာပိုင်များက ၂ ကြိမ်ပြန်ပို့ခဲ့သည်ဟု ပြေကြားခဲ့သည်။

    အာချေးပြည်နယ်ရှိ အင်ဒိုနီးရှားငါးဖမ်းသမားများမှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဒုက္ခသည်လှေတစ်စင်းကို ကယ်တင်ခဲ့ပြီး အာချေးပြည်နယ်သို့ ရောက်ရှိနေသည့် လှေစီးဒုက္ခသည်အရေအတွက်မှာ ၁၅၀၀ ခန့် ရှိပြီဖြစ်သည်။

    အဆိုပါ လှေစီးဒုက္ခသည်များမှာ မြန်မာနိုင်ငံတွင် ငြှင်းပမ်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများနှင့် ဆင်းရဲမွဲတေမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာကြသူများဖြစ်သည်။

    အဆိုပါ လှေစီးဒုက္ခသည်များအား ကယ်တင်မှုမပြုသည့်အတွက် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ နိုင်ငံတကာ၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ယနေ့တွင် ထို ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ မလေးရှားတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

    ရိုဟင်ဂျာလှေစီးဒုက္ခသည်များ မြင့်တက်လာသည့်အတွက် အပြစ်တင်ခံနေရသည့် မြန်မာနိုင်ငံကမူ စောစောပိုင်းက ထိုအရေးမှာ မှောင်ခိုလူကုန်ကူးသူများ၏ ပြဿနာဟု ပြောကြားခဲ့သော်လည်း နောင်ပိုင်းတွင် မိမိတို့နိုင်ငံသားဖြစ်သည်ဟု အထောက်အထားပြနိုင်ပါက
    ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း၊ ပယ်လယ်ထဲ ဒုက္ခရောက်နေသည့် မည်သူ့ကိုမဆို လူသားချင်းစားနာထောက်ထားသည့် အကူအညီများ ပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ငါးလုပ်ငန်းတွင် ကျွန်ပြုခံနေရသူများအား အင်ဒိုနီးရှား ပြောင်းရွှေ့ပေးနေ

    ငါးလုပ်ငန်းတွင် ကျွန်ပြုခံနေရသူများအား အင်ဒိုနီးရှား ပြောင်းရွှေ့ပေးနေ

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    0629c3df686b4b4184707e06468156ee_18

    – အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းရွာရှိ ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအား လုံခြုံရေး စိုးရိမ်ရသည့်အတွက်ကြောင့် အခြားကျွန်းသို့ ပို့ဆောင်ပေးနေသည်ဟု အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်သည်။

    အင်ဒိုနီးရှား ရေလုပ်ငန်းအရင်းအမြစ်နှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ စောင့်ကြည့်အဖွဲ့မှ အထွေထွေဒါရိုက်တာဖြစ်သူက စောစောပိုင်းတွင် အယောက် ၂၀ ပါသော မြန်မာအလုပ်သမားအုပ်စုအား ၎င်းတို့လုံခြုံရေးအတွက် ဘန်ဂျီနာရွာမှာ အနီးရှိ တွာလ်ကျွန်းသို့ ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အခြားသူများ ကျွန်းအား စွန့်ခွာရတော့မည်ဆိုသော သတင်းကြောင့် မြန်မာနှင့် ကမ္ဘောဒီယားတို့အပါဝင် ရာနှင့်ချီသော အမျိုးသားများမှာ စုရုံးလာကြပြီး မြေပြင်တွင် ထိုင်နေကြသည်။ တာဝန်ရှိသူ အာဆက်ပ် ဘာရ်ဟန်ဒန်ကမူ တောထဲတွင် ပုန်းနေသူများပါ ထွက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

    “သူတို့အားလုံး ထွက်လာနိုင်ပါတယ်။ တစ်ယောက်မှ မကျန်စေချင်ပါဘူး” ဟု ဘာရ်ဟန်ဒန်က ဆိုသည်။

    ထိုင်းနိုင်ငံသား ငါးဖမ်းလုပ်သားများကမူ အဆိုပါကျွန်းတွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ငါးဖမ်းလှေများ၏ ကပ္ပတိန်အများစုမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။

    ဘန်ဂျီနာကျွန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအကြောင်းကို တစ်နှစ်တာလေ့လာမှုများပြီးနောက် AP သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပြီး အဆိုပါ နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံမှ အများစုဖြစ်သည်။

    “သူတို့ဟာ (မြန်မာနိုင်ငံကနေ) ထိုင်းနိုင်ငံက စားသောက်ဆိုင်တွေမှာ အလုပ်ရမလားဆိုပြီး အလုပ်သွားရှာကြတာပါ။ ဒါပေမယ့် အင်ဒိုနီးရှားကို အပို့ခံလိုက်ရပြီး ဒီမှာပဲ အဆုံးသတ်ခဲ့ပါတယ်” ဟု အလ်ဂျာဇီးရားသတင်းထောက် စတက်ပ် ဗက်ဆန်က သတင်းပေးပို့ခဲ့သည်။

    ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသူများမှာ ထောင်ပေါင်းများစွာရှိနေပြီး နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့ကမူ ဘန်ဂျီနာကျွန်းတစ်ဝိုက်တွင်ပင် ကျွန်ပြုခံနေရသူ ၄၀၀၀ ခန့်ရှိမည်ဟု ဆိုသည်။

    Ref: Aljazeera

  • သြစတေးလျ မူးယစ်မှောင်ခို ၂ ဦးအား ကွပ်မျက်မည့်နေ့ကို အင်ဒိုနီးရှား ရွှေ့ဆိုင်း

    သြစတေးလျ မူးယစ်မှောင်ခို ၂ ဦးအား ကွပ်မျက်မည့်နေ့ကို အင်ဒိုနီးရှား ရွှေ့ဆိုင်း

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    indo

    – သေဒဏ်ကျခံနေရသည့် သြစတေးလျ မူးယစ်မှောင်ခိုသမား ၂ ဦးအား ကွပ်မျက်ခြင်းကို ၁ လ တိတိ နောက်ဆုတ်လိုက်သည်ဟု အင်ဒိုနီးရှား အစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ သြစတေးလျနိုင်ငံသားနှစ်ဦးမှာ ဘာလီရှိ လူ ၉ ဦးပါဝင်သော မူးယစ်မှောင်ခိုအဖွဲ့၏ ခေါင်းဆောင်များဖြစ်ကြသည့် အန်ဒရူးချန်နှင့် မြူရန် ဆူကူမာရန်တို့ဖြစ်ပြီး လာမည့်အသုတ် ကွပ်မျက်မှုတွင် ပါဝင်မည်ဖြစ်သည်။

    သို့သော်လည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့အား ကွပ်မျက်မှုကို ၃ ပတ်မှ ၁ လအထိ ရွှေ့ဆိုင်းလိုင်းခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား ဒုတိယသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဟူစိန်အဘ်ဒူလာက ဆိုသည်။ သြစေတးလျဝန်ကြီးချုပ် တိုနီအက်ဘော့ကမူ ၎င်းတို့နိုင်ငံသား ၂ ဦးအား သေဒဏ်မှ လွငြိမ်းချမ်းသာခွင့်ပေးရန် စောစောပိုင်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ နောက်ဆုတ်ခဲ့ခြင်းလည်းဖြစ်သည်။

    အဆိုပါ အကျဉ်းသားနှစ်ဦးကို ဘာလီအကျဉ်းထောင်မှ လုံခြုံရေး ပိုမိုမြင့်မားသော နူဆာကမ်ဘန်ဂန် ကျွန်းရှိ အကျဉ်းထောင်သို့ ယခုသီတင်းပတ်အတွင်း ပြောင်းရွှေ့ကာ ကွပ်မျက်မည်ဖြစ်ပြီး အင်ဒိုနီးရှား အာဏာပိုင်များကမူ ထောင်မဆံ့ခြင်းအပါအ၀င် အချို့သော အခက်အခဲများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ယခုကွပ်မျက်မည် သြစတေးလျနိုင်ငံသားနှစ်ဦးအတွက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ အင်ဒိုနီးရှားနှင့် သြစတေးလျတို့၏ ဆက်ဆံရေးမှာ ၂၀၁၄ ခုနှစ်က ပေါ်ထွက်လာခဲ့သည့် လျှို့ဝှက်ထောက်လှမ်းရေး အရှုပ်အထွေးနှင့် လူကုန်ကူးမှုများကြောင့် တင်းမာနေခဲ့ပြီး ယခုပြဿနာက ၎င်းတို့၏ ဆက်ဆံရေးကို ပိုမို ဆိုးရွားစေမည်ဖြစ်သည်။

    Ref:channelnewsasia

  • ပျက်ကျသွားသည့်   Air Asia လေယာဉ် စုံစမ်းမှုတွင် လေကြောင်းအရာရှိများ မပါဝင်ရန်   အင်ဒိုအစိုးရ အမိန့်ပေးထား

    ပျက်ကျသွားသည့် Air Asia လေယာဉ် စုံစမ်းမှုတွင် လေကြောင်းအရာရှိများ မပါဝင်ရန် အင်ဒိုအစိုးရ အမိန့်ပေးထား

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

     

    asa 0

    – Air Asia လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် QZ 8501 ၏ ပျက်ကျမှုကို စုံစမ်းစစ်ဆေးမှုအတွင်း လေကြောင်းဆိုင်ရာ အရာရှိများ ပါဝင်ခြင်းမပြုရန် အင်ဒိုနီးရှားအစိုးရက အမိန့်ပေးလိုက်သည်ဟု သိရသည်။

    ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်မှာ ထိုနေ့တွင် ပျံသန်းခွင့် လိုင်စင်မရဘဲ ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများက မည်သည့် အတွက်ကြောင့် ပျံသန်းခွင့်ပေးခဲ့ခြင်းကိုလည်း စံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ၉ ရက်မြောက်လာသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ခရီးသည်စုစုပေါင်း ၃၇ ဦး၏ အလောင်းကိုသာ ရရှိခဲ့ပြီး ကျန်ရှိသည့် ခရီးသည်များနှင့် ပျက်ကျရသည့်အကြောင်းအရင်းကို ဆုံးဖြတ်နိုင်မည့် Black Box ကို ဆက်လက်ရှာဖွေနေမှုမှာ ရာသီဥတုကြောင့် နှောင့်နှေးနေသည်။

    အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနကမူ ဆူရာဘာယာရှိ လေဆိပ်တာဝန်ရှိသူများနှင့် လေကြောင်းလမ်းပြများအား အဆိုပါလေယာဉ် ရှာဖွေရေးနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် အမိန့်ပေးထားသည်။ ထို့ပြင် ပျံသန်းခွင့်ပါမစ်ကို ချိုးဖောက်သည့် အခြား လေကြောင်းလိုင်းများကိုလည်း အရေးယူသွားမည်ဟု ၀န်ကြီး ဂျိုကို မာဂျက်မိုဂျိုက ယမန်နေ့တွင်
    ပြောကြားခဲ့သည်။

    Air Asia ကြောင်းလိုင်းမှာ လက်ရှိအချိန်တွင် ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းခြင်းကို ရပ်ဆိုင်းထားရပြီး၊ ၀န်ကြီး မာဂျက်မိုဂျိုကမူ လိုင်စင်အား ပိတ်သိမ်းနိုင်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။

    ခရီးသည်နှင် လေယာဉ်အမှုထမ်း ၁၆၂ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ် ပျက်ကျမှုမှာ ရာသီဥတုကြောင့်ဟု အကြမ်းဖျဉ်း ယူဆထားသော်လည်း ကျွမ်းကျင်သူများကမူ ထိုနေ့တွင် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသည့် အခြားသောလေယာဉ်များမှာ အဘယ့်ကြောင့် ရာသီဥတုဒဏ် မခံစားရသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူများကမူ Black Box မေတွေ့မချင်း ပျက်ကြရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ဟု ပြောကြားခဲ့သည်။

    Ref : channelnewsasia