အောက်တိုဘာ ၃၊ ၂၀၁၈
M-Media
Tag: Iran
-
နျူပစ္စည်းတွေ သိမ်းထားတယ်လို့ အစ္စရေးကစွပ်စွဲတဲ့ တီဟီရန်က ဂိုထောင်မှာ ဘာတွေရှိလဲ (မြန်မာစာတမ်းထိုး)
-
ကောင်းမြတ်သော အမူအကျင့်များဖြင့်သာ အစ္စလာမ်ကို မြှင့်တင်ရမည်ဟု အီရန်သမ္မတပြော
စက်တင်ဘာ ၂၆၊ ၂၀၁၈
M-Mediaအီရန်သမ္မတ ဟာဆန်ရူဟာနီ – အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သာသနာကို ကိုယ်ကျင့်တရား၊ ယုံကြည်သက်ဝင်မှု၊ ရိုးသားဖြောင့်မတ်မှုတွေနဲ့ မြှင့်တင်ဖို့လိုတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။
ကုလအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်ကိုရောက်ရှိနေတဲ့ ရူဟာနီဟာ အမေရိကန်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ မနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့တာပါ။
“အစ္စလာမ်ဘာသာဝင်တွေ အထူးသဖြင့် လူငယ်တွေကို သွန်သင်ဆုံးမဖို့အတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။ အခုအချိန်မှာ လူငယ်တွေဟာ ရန်သူတွေရဲ့ ၀ါဒဖြန့်မှုနဲ့ ပညာမဲ့အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး သူတို့တွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့တာဝန်ဟာ မျိုးဆက်သစ်တွေကို ကူညီဖို့၊ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြဖို့၊ ကောင်းမြတ်တဲ့စကားတွေ၊ အမူအကျင့်တွေနဲ့ အစ္စလာမ်သာသနာကို မြှင့်တင်ဖို့ ဖြစ်ပါတယ်” လို့ ရူဟာနီက ပြောကြားခဲ့ပါတယ်။
ရူဟာနီက အရှေ့အလယ်ပိုင်းမှာ IS နဲ့ al-Nusra Front တို့ အကြမ်းဖက်အဖွဲ့တွေအပေါ် အောင်မြင်မှုရနေတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဆီးရီးယားဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် ဆီးရီးယားမှာ အခုထက်ပိုပြီး လုံခြုံဖို့လိုတယ်လို့လည်း ဆိုပါတယ်။
IS အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်ရဲ့ ငြိမ်းချမ်းတဲ့ပြယုဂ်ကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်ကောင်တွေ ဖြစ်တယ်လို့လည်း အီရန်သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“IS က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ လူသတ်တာတစ်ခုတည်း မဟုတ်ပါဘူး။ IS အကြမ်းဖက်သမားတွဟာ ဒေသတွင်းက ပြည်သူတွေအပေါ် ဖိနှိပ်ရုံသာမက၊ အစ္စလာမ်သာသနာကို ယုံကြည်သက်ဝင်နေကြသူတွေရဲ့ ယုံကြည်မှုကိုပါ ပျက်ဆီးသွားအောင် လုပ်နေတာပါ”
Ref: Abna24
-
အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်ရှားရန် အီရန်နှင့် ဥရောပတို့ သဘောတူ
စက်တင်ဘာ ၂၅၊ ၂၀၁၈
M-Mediaအီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ် (၀ဲ) နှင့် ဥရောပနိုင်ငံခြားရေးဝန်ကြီး – အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားကာ တရားဝင် ဆက်လက်ကုန်သွယ်နိုင်ဖို့အတွက် ငွေပေးချေမှုစနစ်တစ်ခု ဖော်ဆောင်ရေး အီရန်နဲ့ ဥရောပတို့ မနေ့မှာ သဘောတူခဲ့ကြပါတယ်။
ဥရောပနဲ့ အီရန်တို့ဟာ ရေနံလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေကို ပူပေါင်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မို့ဂ်ဟိရီနီက အခုသဘောတူလိုက်တဲ့ ငွေပေးချေမှု နည်းလမ်းသစ်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
နယူးယောက်မှာလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးအပြီးမှာ ဒီသေဘာတူညီချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က အမေရိကန်၊ ဥရောပတို့အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
ဒါ့ကြောင့် အမေရိကန်ရဲ့ မဟာမိတ် ဥရောပအနေနဲ့ အီရန်နဲ့ စီးပွားရေးဆက်လုပ်ဖို့ အခက်တွေ့ခဲ့ပါတယ်။
ဥရောပသမဂ္ဂ၊ ရုရှားနဲ့ တရုတ်တို့ ပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခု ရရှိခဲ့တဲ့ သဘောတူညီချက်က အီရန်နဲ့လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်တရားဝင်နိုင်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်မှာ ဆက်လက်ရှိနေမှာဖြစ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။
Ref: Aljazeera
-
တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
စက်တင်ဘာ ၂၃၊ ၂၀၁၈
M-Mediaအီရန်စစ်ရေးပြအခမ်းအနားတွင် တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း အီရန်စစ်ရေးပြအခမ်းအနားတွင် ပစ်ခတ်မှုဖြစ်၍ ၂၉ ဦး သေဆုံး
===========
အီရန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မနေ့ကကျင်းပတဲ့ စစ်ရေးပြအခမ်းအနားအတွင်း စစ်ဝတ်စုံဝတ် သေနတ်သမား ၄ ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် စစ်သားတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ စုစုပေါင်း ၂၉ ဦးသေဆုံးကာ ၇၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။ အီရန်တပ်ဖွဲ့တွေရဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း သေနတ်သမား ၃ ဦး နေရာမှာသေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ရရှိတဲ့ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့မဟာမိတ်တွေလက်ချက်ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ဂိုဏ်းအုပ်ဘုန်းကြီးခန့်အပ်ရေး တရုတ်နှင့် ဗာတီကန်တို့ သဘောတူ
============
တရုတ်နိုင်ငံအတွင်းက ခရစ်ယာန်ကက်သလစ်သာသနာအတွက် တရုတ်အစိုးရက ခန့်အပ်ထားတဲ့ ဂိုဏ်အုပ်ဘုန်းတော်ကြီး ၇ ပါးကို ဗာတီကန်က မနေ့မှာ အသိအမှတ်ပြုလိုက်ပြီး ၁၉၅၁ ခုနှစ်က စတင်ခဲ့တဲ့ တရုတ်နဲ့ ဗာတီကန်အကြား ဆက်ဆံရေးတင်းမာမှုဟာ အဆုံးသတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကက်သလစ်ဘာသာဝင် ၁၀ သန်းကနေ ၁၂ သန်းလောက်အထိရှိပြီး တရုတ်အစိုးရက အသိအမှတ်ပြုတဲ့ အသင်းတော်ကို လိုက်နာသူနဲ့ ဗာတီကန်ဖက်ယိမ်းတဲ့ မြေအောက်အသင်းတော်တွေကို လိုက်နာသူဆိုပြီး ကွဲနေကြတာ ဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ကြောင့် အနာဂတ်မှာ ဗာတီကန်နဲ့ တရုတ်တို့အကြား တရားဝင် သံတမန်ဆက်ဆံမှု ဖြစ်လာဖွယ် ရှိနေပါတယ်။မကြာခင်ပြန်လာမည်ဟု မလေးရှား ကြက်တောင်သမား လီချုံဝေပြော
================
နှာခေါင်းကင်ဆာရောဂါကို ခံစားနေရတဲ့ လ မလေးရှား ကမ္ဘာ့ကြက်တောင်ချန်ပီယံဟောင်း လီချုံဝေက သူ့အနေနဲ့ ကွင်းထဲကို မကြာခင်ပြန်လာမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ လီဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး။ မလေးရှားကြက်တောင်အဖွဲ့ချုပ်က လီဟာ နှာခေါင်းကင်ဆာရောဂါ ခံစားနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။ လီရဲ့ ကင်ဆာရောဂါဟာ ကနဦးအဆင့်သာဖြစ်ပြီး လက်ရှိ ဟောင်ကောင်မှာ ကုသမှု ခံယူနေရပါတယ်။အာဖဂန်တွင် မော်တာကျည်ပေါက်ကွဲမှုကြောင့် ကလေး ၈ ဦး သေဆုံး
==============
အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သောကြာနေ့က မော်တာကျည်အဟောင်းတစ်ခုကို ကလေးငယ်တွေ ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် ၈ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါယ်။ သေဆုံးသူတွေထဲကမှာ ၄ ဦးက ညီအစ်ကိုမောင်နှမတွေဖြစ်ကြပြီး အားလုံးဟာ အသက် ၅ နှစ်ကန ၁၂ နှစ်အရွယ်တွေဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တာလီဘန်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဏာပိုင်တွေက ဒီပေါက်ကွဲမှုအတွက် တာလီဘန်ကို အပြစ်တင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အာဖဂန်မှာ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃၁၇၉ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက်ရဲ့ ၃ ပုံတစ်ပုံ ဖြစ်ပါတယ်။Ref: Aljazeera, CNA
-
ဝီဂါမွတ်စလင်များ ဖိနှိပ်ခံရမှုကိစ္စက တရုတ်နှင့်ဆွေးနွေးနေသည်ဟု အီရန်ပြော
စက်တင်ဘာ ၁၇၊ ၂၀၁၈
M-Mediaရှင်ကျန်းပြည်နယ် တစ်နေရာတွင် ကင်းလှည့်နေသည့် တရုတ်ရဲ့များ – ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ဖိနှိပ်နေတယ်ဆိုတဲ့ သတင်းတွေအတွက် မိမိတို့အနေနဲ့ တရုတ်အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစေမီက ပြောကြားလိုက်ပါတယ်။
တရုတ်ဟာ တူရကီစကားပြော ၀ီဂါမွတ်စလင် တစ်သန်းကျော်လောက်ကို အကျဉ်းစခန်းတွေမှာ ပိတ်လှောင်ထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဖွင့်ချခဲ့ပြီးတဲ့နောက် အမေရိကန်အပါအ၀င် ကမ္ဘာတစ်ဝှမ်းက တရုတ်အစိုးရကို ဝေဖန်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ဒီကိစ္စမှာ အီရန်ဟာ နှုတ်ဆိတ်နေတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
ကာစေမီက ပွမ်ပီယိုရဲ့ ဒီပြောကြားမှုကို ပြန်လည်တုန့်ပြန်ခဲ့ပြီး အီရန်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်တွေကို အမြဲတမ်း ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
“တရုတ်အစိုးရနဲ့ ကျွန်တော်တို့အကြား ရှိနေတဲ့ ဆက်ဆံရေးလမ်းကြောင်းကနေ ဒီကိစ္စကို ဆွေးနွေးအဖြေရှာဖို့၊ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူ့(ပွမ်ပီယို)ရဲ့စကားကို ကျွန်တော်တို့ သိပ်ပြီး အဖက်မလုပ်ပါဘူး။ အမေရိကန်က မောက်မာတဲ့ခေါင်းဆောင်တွေရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ စကားတွေနဲ့ သူတို့ရဲ့ရည်ရွယ်ချက်ဟာ အီရန်နိုင်ငံရဲ့ ပုံရိပ်ကို ပျက်ဆီးစေဖို့ပဲ ဖြစ်ပါတယ်”
အီရန်-အာဖဂနစ္စတန်-အိန္ဒိယ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကာစေမီက ဒီလိုအစည်းအဝေးတွေဟာ အမေရိကန်ရဲ့ အနိုင်ကျင့်လိုတဲ့ပေါ်လစီကို ဆန့်ကျင်နေတဲ့ အီရန်အတွက် အပြုသဘောဆောင်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: IRNA