News @ M-Media

Tag: Iran

  • အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ အီရန်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ အီရန်ခေါင်းဆောင်တစ်ဦး ကွယ်လွန်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    ကွယ်လွန်သွားခဲ့သည့် အိရန်သမ္မတဟောင်း အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ

    – အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး အီရန် အစ္စလာမ့်သမ္မတနိုင်ငံ ထူထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ယမန်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၈၂ နှစ်အရွယ်ရှိ ရက်ဖ်ဆန်ဂျာနီမှာ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အီရန်သမ္မတအဖြစ်လည်း တာဝန်ထမ်းဆာင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော် အကြံပေးကောင်စီဖြစ်သော Expediency Council တွင် ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

    ၎င်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက နှလုံးရောဂါခံစားခဲ့ရပြီနောက် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

    ရက်ဖ်ဆန်ဂျာနီကွယ်လွန်မှုမှာ တိုင်းပြည်အတွင်း ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု အီရန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    ကွယ်လွန်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အီရန်ပြည်သူမျာကလည်း တီဟီရန်မြို့ တက်ဂ်ျရစ်ရှ်ရပ်ကွက်ရှိ ရက်ဖ်ဆန်ဂျာနီ၏ ရုပ်ကလပ်ထားရှိရာ ဆေးရုံအပြင်ဘက်တွင် စုရုံးခဲ့ကြသည်။

    အီရန်နိုင်ငံတောင်ပိုင်း Nough ရွာတွင် ချမ်းသာသော မိသားစုမှ ၁၉၃၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မွေးဖွားလာသည့် အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီမှာ ဘသာရေးဆိုင်ရာ ပညာရပ်ကို နာမည်ကျော် ကွမ်မြို့တွင် သင်ယူခဲ့ပြီး အာဏာရှင် ရှားဘုရင်က ၁၉၆၃ ခုနှစ်တွင် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်ဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီအား ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာခဲ့သည်။

    နောက်ပိုင်းတွင် အဓိပတိ ခိုမေနီ၏ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့ပြီး ခိုမေနီကွယ်လွန်ချိန် ၁၉၈၉ ခုနှစ်အထိ လွှတ်တော်ဥက္ကဌအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ဆောင်ရွက်ခဲ့သည်။

    “လွန်ခဲ့တဲ့ ၅၉ နှစ်အရင်ကတည်းက ကျွန်တော်နဲ့အတူ ရုန်ကန်ခဲ့တဲ့ ရဲဖော်ရဲဖက်တစ်ယောက် ဆုံးရှုံးမှုအတွက် အလွန် ၀မ်းနည်းကြေကွဲရပါတယ်။ ဒီလို ရှည်လျားတဲ့ကာလမှာ ကျွန်တော်တို့အကြား အမြင်တွေ၊ သဘောထားတွေ မတူတာက ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်မှုကို ဖျက်ဆီးလို့ မရခဲ့ပါဘူး” ဟု လက်ရှိ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Aljazeera

  • ရခိုင်ပြဿနာကို ကုလကဖြေရှင်းပေးရန် အီရန်က ကုလအတွင်းရေးမှူးထံ စာပို့တောင်းဆို

    ရခိုင်ပြဿနာကို ကုလကဖြေရှင်းပေးရန် အီရန်က ကုလအတွင်းရေးမှူးထံ စာပို့တောင်းဆို

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    zarif

    – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး နိုင်ငံတကာက ဆောင်ရွက်ပေးရန် တောင်းဆိုသော စာတစ်စောင်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ကုလအတွင်းရေးမှူးချုပ်သစ် အန်တိုနီယို ဂူတာရက်စ်ထံ ပေးပို့ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာများ ဒုက္ခသုက္ခခံစားနေရမှုများမှာ နိုင်ငံတကာ၌ စိုးရိမ်မှုများကို ဖြစ်စေသည်ဟုလည်း ဆိုသည်။

    ထို့ပြင် ၎င်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ အစိုးရ၏ ကာကွယ်စောင့်ရှောက်မှု ရရှိခွင့်တို့ကဲ့သို့ အခြေခံအကျဆုံး အခွင့်အရေးများကို မခံစားရကြောင်း၊ သတ်ဖြတ်ခံရမှု၊ ကြမ်းတမ်းပြီး လူမဆန်သော ဆက်ဆံမှုမျာကို နေ့စဉ်လိုလို ခံစားနေရသည်ဟုလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက စာထဲတွင် ဖော်ပြခဲ့သည်။

    ဇန်န၀ါရီ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ရန်ရှိနေသည့် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေကို ဆွေးနွေးရန် ဇာရစ်ဖ်က ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးက ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံ အစိုးရများ၏ စိုးရိမ်မှု အတိမ်အနက်ကို တွေ့မြင်ရလိမ့်မည်ဟုလည်း ဆိုသည်။

    စစ်အာဏာရှင်လက်ထက်တစ်လျှောက် ဖိနှိပ်ချုပ်ချယ်ခံလာရသည့် ရိုဟင်ဂျာမွတ်စလင်များမှာ ၂၀၁၂ ခုနှစ်မှစ၍ ဗုဒ္ဓဘာသာ အမျိုးသားရေးအစွန်းရောက်များ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံလာခဲ့ရသည်။

    အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်သည့် စစ်ဆင်ရေးတွင် ရိုဟင်ဂျာ ပြည်သူများမှာ တရားလက်လွတ် သတ်ဖြတ်ခံရခြင်း၊ မီးရှို့ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းတို့ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

    အစိုးရက နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်သည့်အဖွဲ့မှာ နိုင်ငံခြားအကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည် ရိုဟင်ဂျာအဖွဲ့ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အရပ်သားမျာအပေါ် ကျူးလွန်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

    သို့သော်လည်း ရိုဟင်ဂျာရွာတစ်ခု၌ ရွာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ကန်ကျောက်သည့် ဗီဒီယိုတစ်ခုမှာ ပြီးခဲ့သည့်သီတင်းပတ်တွင် ထွက်ပေါ်လာခဲ့သည်။

    ဇာရစ်ဖ်ကမူ ‘ရိုဟင်ဂျာမွတ်စလင်များ၏ အခြေခံအခွင့်အရေးများကို စနစ်တကျ ချိုးဖောက်နေခြင်း၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခြင်း၊ ၎င်းတို့နေထိုင်ရာဒေသများမှ နှင်ထုတ်ခြင်း’ စသည်တို့မှာ မြန်မာနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများရှိ တည်ငြိမ်အေးချမ်းရေးတွင် ဆိုးကျိုးများ ရှိလာမည်ဟုလည်း ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ အခွင့်အရေးကို ကာကွယ်ရေး ထိရောက်သည့်ဆောင်ရွက်မှုများကို မြန်မာအစိုးရက အလျင်အမြန်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ အစွန်းရောက်အုပ်စုများက ငြိမ်းချမ်းသော ဗုဒ္ဓသာသနာ၏ ပုံရိပ်အား ညစ်ညမ်းအောင်လုပ်မှုကို ခွင့်ပြုမည်မထင်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူသားချင်းစာနာထောက်ထာမှုဆိုင်ရာ အကူအညီပေးခွင့်အလျင်အမြန်ရရှိရေးအတွက် နိုင်ငံတာအသိုင်းအ၀ိုင်းနှင့် အစ္စလာမ်ကမ္ဘာတို့မှ တောင်းဆိုမှုများအတွက် ဂူတာရက်စ်အနေဖြင့် ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှတစ်ဆင့် မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု မျှောင်လင့်ကြောင်း ဇာရစ်ဖ်က ထိုစာတွင် ထည့်သွင်း ရေသားခဲ့သည်။

    ဖြစ်နိုင်သမျှ နည်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ ပြဿနာကို ဖြေရှင်းရေး လိုအပ်သော ဆောင်ရွက်မှုများကို ကုလအနေဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းလည်း ၀န်ကြီးက ပြောကြားခဲ့သည်။

    ကုလကမူ မိမိတို့၏ အထူးကိုယ်စားလှယ်မှာ မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့တွင် လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်သို့ သွားရောက်ကြည့်ရှုမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Press TV

  • မိုဟာမက် ဘက်ခ်တာရ် (သို့မဟုတ်) အီရန်မှာ နိုင်ငံ့သူရဲကောင်းဖြစ်လာတဲ့ စွန်နီစစ်သားလေး

    မိုဟာမက် ဘက်ခ်တာရ် (သို့မဟုတ်) အီရန်မှာ နိုင်ငံ့သူရဲကောင်းဖြစ်လာတဲ့ စွန်နီစစ်သားလေး

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    iran-1
    မိုဟာမက် ဘက်ခ်တာရ်ကို ဆေးရုံတွင် ပြည်သူများ လာရောက်ကြည့်ရှုနေစဉ်

    – မိုင်းကွင်းမှာ ပိတ်မိနေတဲ့ ခွေးလေးတစ်ကောင်ကိုကယ်ရင်း ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ အီရန်က စွန်နီစစ်သားလေးတစ်ယောက်ဟာ ပြည်သူလူထုရဲ့ ချီးကျူးမှုကို ရရှိခံစားခဲ့ရပြီး နိုင်ငံ့သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။

    အသက် ၁၉ နှစ်အရွယ် မိုဟာမက် ဘက်ခ်တာရ်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့လ အီရန်စစ်စခန်းတစ်ခုမှာ အဲဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း အီရန်ပြည်သူလူထုက ဆိုရှယ်မီဒီယာတွေကနေ သူ့ကို တစ်ခဲနက် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

    အင်မတန် အေးခဲလှတဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သူတာဝန်ကျတဲ့ စစ်စခန်းက လက်နက်တိုက်အနီးမှာရှိတဲ့ မိုင်းကွင်းခြံစည်းရိုး သံဆူးကြိုးမှာ ခွေးလေးတစ်ကောင် ညပ်မိနေတာကို ဘက်ခ်တာရ်တစ်ယောက် တွေ့ခဲ့ပါတယ်။ ဒါ့ကြောင့်သူဟာ အမြန်ပြေးသွားပြီး ဒဏ်ရာကြောင့် စူးစူးဝါးဝါးအော်နေတဲ့ ခွေးလေးကို ကယ်တင်ပေးခဲ့ပါတယ်။

    ဒါပေမယ့် သူကတော့ ကံမကောင်းခဲ့ပါဘူး ခွေးလေး အသက်အန္တရာယ်ကလွတ်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာပဲ အနားက မိုင်းပေါက်ကွဲလို့ ညာဖက်ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။

    iran-3
    ဇာတိမြို့သို့အပြန် ပြည်သူများက ကြိုဆိုနေပုံ

    “အဲဒီနေ့က ကျွန်တော် တာဝန်ကျတဲ့နေရာမှာ ရပ်နေတဲ့အချိန် ခွေးက မပြတ်တမ်းအော်နေတာကို ကြားခဲ့ပါတယ်။ အဲဒါ မိုင်းကွင်းဖြစ်နေပြီး ခွေးဆီကို သွားလို့မရဘူးဆိုတာ ကျွန်တော်သိတယ်ဗျ။ ဒါပေမယ့် နောက်ဆုံး ခြံစည်းရိုးရဲ့တစ်ဖက်မှာ ခြေထောက်တစ်ချောင်းချလိုက်ပါတယ်။ ခွေးလေး လွတ်သွားပြီး ချက်ခြင်းဆိုသလိုပဲ မိုင်းက ပေါက်ကွဲတာပါ” လို့ ဘက်ခ်တာရ်က သူ့ရဲ့အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့ပါတယ်။

    ဆရာဝန်တွေက သူ့ရဲ့ ခြေထောက်ကို ပြန်ဆက်ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

    ဘက်ခ်တာရ် ဆေးကုသမှုခံယူနေတဲ့ နိုင်ငံအနောက်မြောက်ပိုင်း တဘ်ရစ်ဖ်မြို့က ဆေးရုံကို အစိုးရတာဝန်ရှိသူတွေအပါအ၀င် လူထောင်ပေါင်းများစွာလာရောက်ကာ တွေ့ဆုံဂုဏ်ပြုခဲ့ကြပြီး ၎င်းရဲ့ဇာတ်မြို့ မာရီဗန်ကို ပြန်သွားတဲ့အချိန်မှာလည်း သူ့ကို သူရဲကောင်းတစ်ဦးသဖွယ် ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ အီရန်ပြည်သူတစ်ရပ်လုံးဟာ ဘက်ခ်တာရ်ရဲ့ ဓာတ်ပုံနဲ့တကွ ချီးကျူးသြဘာပေးမှုတွေ ပြုလုပ်နေကြပါတယ်။

    “ဒီစစ်သားငယ်လေးရဲ့ သူရသတ္တိအတွက် ကျွန်မ အလေးပြုပါတယ်။ ပြီးတော့ အရှေ့အလယ်ပိုင်းမှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို ကုစားပေးနိုင်မယ့် သူ့လိုလူမျိုး များများစားစားရှိလာဖို့လည်း ဆန္ဒပြုပါတယ်” လို့ Twitter အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးက ရေးသားခဲ့ပါတယ်။

    ဘက်ခ်တာရ်ကို အာမခံကြေပေးဖို့ အလုပ်သစ်တစ်ခုရှာပေးဖို့ တောင်းဆိုနေသူတွေလည်းရှိနေပြီး အီရန် ဒုတိယသမ္မတ မာဆူမေဟ် အဘ်တီကာရ်ကတော့ ဘက်ခ်တာရ်ဟာ ‘အီရန်ပြည်သူတိုင်း ဂုဏ်ယူရမယ့် သားကောင်းတစ်ယောက်’ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    နောက်ပြီးသူဦးဆောင်တဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ EPO မှာ အလုပ်တစ်နေရာပေးဖို့လည်း ကမ်းလှမ်းခဲ့ပြီး ဘက်ခ်တာရ်ကတော့ ဒါဟာ သဘာဝတရားနဲ့ နီးနီးကပ် အလုပ်လုပ်ချင်တဲ့ သူ့ရဲ့ ငယ်ဘ၀အိပ်မက် အမှန်တကယ်ဖြစ်လာတာပဲလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်ဝါဒ ကျဆုံးတော့မည်ဟု အီရန်သမ္မတပြော

    အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်ဝါဒ ကျဆုံးတော့မည်ဟု အီရန်သမ္မတပြော

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    iran-2

    – အရှေ့အလယ်ပိုင်းအတွင် အကြမ်းဖက်ဝါဒမှာ သံခင်တမန်ခင်း အောင်မြင်မှုနှင့် ခုခံတွန်းလှန်မှုတို့ကြောင့် လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့က ရုပ်မြင်သံကြားမှတစ်ဆင့် အီရန်ပြည်သူများသို့ မိန့်ခွန်းတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းကို ခြိမ်းခြောက်နေသော အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေး အရေးပါမှုကိုလည်း အလေးထား ပြောကြားခဲ့သည်။

    ထို့ပြင် အီရန်မှာ အရှေ့အလယ်ပိုင်း ဒေသအတွင်း ခြွင်းချက်မဲ့ လုံခြုံမှုကို ခံစားနေရပြီး နိုင်ငံအနောက်ပိုင်းအပါအ၀င် တစ်နိုင်ငံလုံးတွင် လုံခြုံရေးအဆင့်အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်ထားကြောင်း အီရတ်နှင့် ဆီးရီးယားတို့ကို ဥပမာပေးကာ မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် တောင်းဆိုလာသည့် မည်သည့်နိုင်ငံကိုမဆို ကူညီမှုအား နောက်ဆုတ်သွားမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဒေသတွင်းနိုင်ငံများအား အစိတ်စိတ်အမွှာမွှာဖြစ်ရေး မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို ဆန့်ကျင်သည်ဟုလည်း ရူဟာနီကဆိုပြီး ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများတွင် သံတမန်နည်းလမ်းဖြင့်သာ နောက်ဆုံးအဖြေရမည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားငြိမ်းချမ်းရေး ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့တွင် ဆွေးနွေးပွဲပြုလုပ်ရန် ရှိနေပြီး အဆိုပါဆွေးနွေးပွဲမှာ ဆီးရီးယားပြဿနာအတွက် သံတမန်နည်းကျ အဖြေတစ်ခု ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ရူဟာနီက ထပ်လောင်း ပြောဆိုခဲ့သည်။

    Ref: Press TV

  • အီရန်စစ်တုရင်မယ် ကမ္ဘာ့အကောင်းဆုံး ၃၀ စာရင်းတွင် ပါဝင်လာ

    အီရန်စစ်တုရင်မယ် ကမ္ဘာ့အကောင်းဆုံး ၃၀ စာရင်းတွင် ပါဝင်လာ

    ဇန်န၀ါရီ ၂၊ ၂၀၁၇
    M-Media

    iran

    – အီရန်နိုင်ငံမှ စစ်တုရင်အားကစားမယ် ဆာရာဆာဒတ် ခါဒီမာလ်ရှာရီယာမှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) မှ ဇန်န၀ါရီအတွက် ထုတ်ပြန်သည့် အဆင့်သတ်မှတ်ချက်တွင် ၁၁ ဆင့်အထိ ခုန်တက်ခဲ့ပြီး ကမ္ဘာထိပ်တန်း စစ်တုရင်ကစားသမား ၃၀ စာရင်းတွင် ပါဝင်လာသည်ဟု သိရသည်။

    အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဆာရာဆာဒတ်မှာ ရမှတ် ၂၄၅၂ ဖြင့် အဆင့် ၂၈ သို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူမမှာ ပြီးခဲ့သည့်လက ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် FIDE ၏ အမျိုးသမီး ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲ World Chess Rapid Championships တွင် လက်စွမ်းပြနိုင်ခဲ့ပြီး စတုတ္ထနေရာ ရရှိခဲ့သည်။

    ထို့ပြင် World Chess Blitz Championships ပြိုင်ပွဲတွင်လည်း အဆင့် ၁၈ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အီရန်နိုင်ငံ တီဟီရန်၌ ကျင်းပပြုလုပ်ခဲ့သည့် FIDE ၏ အမျိုးသမီး ဂရင်းပရီ စစ်တုရင်ပြိုင်ပွဲတွင်မူ ဆာရာဆာဒတ်မှာ ဒုတိယ ရရှိခဲ့သည်။

    FIDE ၏ အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အခြားအီရန် စစ်တုရင်အားကစားမယ် ဒေါရ်စာ ဒီရက်ရှာနီက ရမှတ် ၂၃၇၀၊ မီထရာ ဟီဂျာဇီပူရ်က ၂၃၀၇ မှတ်၊ အာတူဆာ ပူရ်ကာရှီယန်က ၂၃၀၃ မှတ် အသီးသီး ရရှိခဲ့သည်။

    Ref: Press TV