News @ M-Media

Tag: IS

  • IS ကို ပြင်သစ်က ဗုံးသွားကြဲ

    IS ကို ပြင်သစ်က ဗုံးသွားကြဲ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    france

     

    – ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၂ ရက်အကြာ ယမန်နေ့တွင် ပြင်သစ်က ဆီးရီးယားနိုင်ငံရှိ IS အဖွဲ့၏ ခြေကုပ်မြို့ဖြစ်သော ရက်ကာမြို့အား တိုက်လေယာဉ်များဖြင့် ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    IS ၏ ပစ်မှတ်များကို ဗုံးအလုံးပေါင်း ၂၀ ကြဲချခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် IS ၏ ဌာနချုပ်၊ စစ်သားစုဆောင်းရေးစင်တာ၊ လက်နက်သိုလှောင်ရေးစင်တာနှင့် လေ့ကျင့်ရေးစင်တာတို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ပြင်သစ်သမ္မ ဖရန်ကိုအစ် ဟော်လန်ဒေးကမူ လူ ၁၂၉ ဦး သေဆုံးခဲ့သည့် ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုအား စစ်ပွဲသဏ္ဍာန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုပြီး ထိုအတွက် မညှာမတာ တုန့်ပြန်သွားမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • အကြမ်းဖက်မှုအတွက် Double Standard နဲ့ တုန့်ပြန်မှုကို မီးမောင်းထိုးပြလိုက်တဲ့ ဂျိုလီ

    အကြမ်းဖက်မှုအတွက် Double Standard နဲ့ တုန့်ပြန်မှုကို မီးမောင်းထိုးပြလိုက်တဲ့ ဂျိုလီ

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    jolie

    – အောက်တိုဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းဟာ ကမ္ဘာတစ်ဝှမ်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပြီး လူတိုင်းက စုပ်တစ်သပ်သပ်နဲ့ မကျေမနပ် ဖြစ်ခဲ့ရပါတယ်။

    အသေခံဗုံးခွဲမှု၊ သေနတ်နဲ့ပစ်ခတ်မှုတွေ အပါအ၀င် မြို့တွင်းက နေရာ ၅ ခုလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့ကြပြီး ရာနဲ့ချီတဲ့ပြည်သူတွေလည်း ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီလုပ်ရပ်အတွက် IS က သူတို့လက်ချက်လို့ တာဝန်ယူခဲ့ပါတယ်။

    အနောက်တိုင်း မီဒီယာတွေကလည်း ပဲရစ်တိုက်ခိုက်မှုကို ဇောင်းပေးဖော်ပြခဲ့သလို ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း ၀မ်းနည်းကြောင်း၊ ကြေကွဲကြောင်းတွေ ပြောကြားခဲ့ကာ ပြင်သစ်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို အလျင်အမြန်ပဲ ဖော်ပြခဲ့ကြပါတယ်။

    ပဲရစ်တိုက်ခိုက်မှုမဖြစ်မီ တစ်ရက်အလို နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က လူစည်ကားရာ အရပ်တစ်ခုမှာ IS က ပြုလုပ်တဲ့ အသေခံဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ဘနွန်ပြည်သူ ၄၃ ဦးသေဆုံးခဲ့ကာ လူအများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒါပေမယ့် လက်ဘနွန်က အကြမ်းဖက်တိုက်ခိုက်မှုကိစ္စကိုတော့ အနောက်တိုင်းမီဒီယာတွေက သတင်းအဖြစ်သာ ဖော်ပြခဲ့ကြသလို၊ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း မဆိုင်သလိုသာ နေခဲ့ကြပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုခြင်း၊ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးမှုခြင်း တူပေမယ့် မီဒီယာတွေရဲ့ double standard နဲ့ ဖော်ပြပုံ၊ လူတွေရဲ့ double standard တုန့်ပြန်ပုံတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။

    ကမ္ဘာကျော် ဟော်လီးဝုဒ် ရုပ်ရှင်မင်းသမီးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ အိန်ဂျလီနာဂျိုလီကလည်း သူ့ရဲ့ Facebook စာမျက်နှာကနေ ဒီ တရားမမျှတမှုကို အတိအလင်းပဲ ထောက်ပြခဲ့ပါတယ်။

    “ပဲရစ်ကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းက ပြောနေကြတဲ့အချိန်၊ မနေ့က လက်ဘနွန်မှာ ISIS က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ အကြောင်းကိုတော့ ဘယ်သူမှ မဟကြပါဘူး။ ကျွန်မကတော့ နှစ်နိုင်ငံစလုံးအတွက် ဆုတောင်းပေးပါတယ်” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

    IS ကတော့ ပြင်သစ်ဟာ သူတို့ကိုတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့အတွက် လက်စားချေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်မွတ်စလင်တွေအပါအ၀င်၊ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

    မမှန်ကန်တဲ့ ထောက်လှမ်းရေးသတင်းနဲ့ အီရတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်၊ အာဆတ်အစိုးရ ပြုတ်ကျရေး ဆီးရီးယား သူပုန်တွေကို လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်ခိုင်းခဲ့တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်တွေကနေ ပေါ်ထွက်လာတဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့ ဒဏ်ကို တစ်ကယ်တမ်း ခါးစီးခံနေရတဲ့သူတွေကတော့ အရှေ့အလယ်ပိုင်းက ပြည်သူတွေဖြစ်ပါတယ်။

    အဲဒီအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နေ့စဉ်နဲ့အမျှ အရှေ့အလယ်ပိုင်းက ပြည်သူတွေဟာ အသက်တွေ ဆုံးရှုံးနေရပြီး ဒီအဖွဲ့ကို စွမ်းစွမ်းတမံ ရှေ့ဆုံးက တွန်းလှန်တိုက်ခိုက်နေသူတွေကလည်း အရှေ့အလယ်ပိုင်းက ပြည်သူတွေသာ ဖြစ်ပါတယ်။

  • IS ကို ထောက်လှမ်းရေး သတင်းပါ အမေရိကန်က ပေးဟု အီရတ် လက်နက်ကိုင် အဖွဲ့ပြော

    IS ကို ထောက်လှမ်းရေး သတင်းပါ အမေရိကန်က ပေးဟု အီရတ် လက်နက်ကိုင် အဖွဲ့ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    is

    – မိမိတို့ ဖမ်းဆီးထားသော IS အဖွဲ့မှ ခေါင်းဆောင်များက ၎င်းတို့မှာ အမေရိကန်ထံမှ ကူညီပံ့ပိုးမှုများနှင့် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ ရရှိသည်ဟု ထုတ်ဖော်ဝန်ခံထားကြောင်း အီရတ်ရှိ Hezbollah Battalions အဖွဲ့က ပြောကြားလိုက်သည်။

    “မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ IS တပ်မှူးတွေရဲ့ ၀န်ခံမှုအရ အမေရိကန်ရဲ့ သူတို့အဖွဲ့အပေါ် ထောက်ပံ့မှုဟာ အကန့်အသတ်မရှိဘဲ လိုအပ်တာတွေ ပံ့ပိုးပေးမှုတွေအထိ ကျယ်ပြန့်တယ်လို့ သိရပါတယ်” ဟု Hezbollah Battalions အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျာဖာရ် အလ်-ဟူစိန်နီက ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ အီရတ်စစ်သားများ၏ တပ်စွဲရာနေရာများနှင့် ပစ်မှတ်များကိုပါ IS သို့ ထောက်လှမ်းရေးသတင်းများ ပေးပို့သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Hezbollah Battalions အဖွဲ့မှာ အီရတ်စစ်ပွဲမဖြစ်ခင် ၄ လအရင်က ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အီရတ်စစ်ပွဲ၌ အမေရိကန်နှင့် မဟာမိတ်တပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ လက်ရှိတွင်မူ အီရတ်ရှိ IS အဖွဲ့များကို တိုက်ခိုက်နေသည်။

    Ref: Globalresearch

  • IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    IS ခေါင်းဆောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု အီရတ်ပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    iraq

    – IS အဖွဲ့ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီ လိုက်ပါလာသည့် ယာဉ်တန်းကို မိမိတို့လေတပ်က တိုက်ခိုက်ခဲ့သည်ဟု အီရတ်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်ပြီး ဘဂ္ဂဒါဒီ၏ ကံကြမ္မာကို မသိရသေးဟု ဆိုသည်။

    ကာရ်ဘာလာဒေသတွင် အကြီးတန်း IS ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်ရန် သွားရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးလုပ်မည့် နေရာကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ IS ခေါင်းဆောင် အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လတို့တွင် ဘဂ္ဂဒါဒီမှာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သည်ဟု အီရတ်စစ်တပ်က ၂ ကြိမ်တိုင်တိုင် ကြေငြာခဲ့ဖူးသည်။ သို့သော်လည်း ထိုသတင်း ထွက်ပေါ်လာပြီး ရက်အနည်းငယ်ကြာတိုင်း ဘဂ္ဂဒါဒီ၏ အသံဖိုင်များ အွန်လိုင်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာတတ်သည်။

    Ref: CNN

  • IS က တိုယိုတာကားများ အသုံးပြုမှု အမေရိကန် စစ်ဆေးနေ

    IS က တိုယိုတာကားများ အသုံးပြုမှု အမေရိကန် စစ်ဆေးနေ

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    is

    – အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် IS တပ်ဖွဲ့ထံသို့ တိုယိုတာကားများ မည်ကဲ့သို့ ရောက်ရှိသည်ဆိုသည်နှင့် ပတ်သက်၍ အမေရိကန်ငွေတိုက်ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တိုယာတာမှ ယနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

    ထိုစစ်ဆေးမှုတွင် မိမိတို့ကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်နေပြီး မိမိတို့မှာ နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆုံးဖြတ်ထားပြီး တစ်ဆင့်ဖြန့်ချီသူများကလည်း လိုက်နာရန် လိုအပ်ကြောင်း၊ အရှေ့အလယ်ပိုင်းသို့ ငွေကြေးနှင့် ကုန်ပစ္စည်းများ စီးဆင်းမှုအတွက် အမေရိကန် ငွေတိုက်ဌာန၏ စုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း တိုယာတာမှ ပြောရေးဆိုခွင့်ရှိသူ အဒ် လူးဝစ်က ပြောကြားခဲ့သည်။

    IS မှာ ၎င်းတို့၏ စစ်ရေးလုပ်ငန်းများအတွက် တိုယိုတာကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး လူးဝစ်ကမူ မိမိတို့မှာ အားလုံးကိုလိုက်၍ ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNN