News @ M-Media

Tag: Israel

  • ဂျေရုစလင်ရှိ ခရစ်ယာန်ဘုကျောင်းတွင် ခရစ်ယာန်များအား စော်ကားထားသည့် စာသားများ တွေ့ရှိ

    ဂျေရုစလင်ရှိ ခရစ်ယာန်ဘုကျောင်းတွင် ခရစ်ယာန်များအား စော်ကားထားသည့် စာသားများ တွေ့ရှိ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media

    j 1

    – ခရစ်ယာန်များအား သတ်ဖြတ်ရန်အတွက် တိုက်တွန်းဆော်သြထားသော ဟီဘရူဘာသာစကားဖြင့် ရေးသားထားသည့်စာကို ဂျေရုစလင် ဇီယွန်တောင်ရှိ အော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းတွင် တနင်္ဂနွေနေ့က တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    ခရစ်တော် နောက်ဆုံးညစာ စားသုံးခဲ့သည့်နေရာဟု ခရစ်ယာန်များက ယုံကြည်ကြသည့် နေရာအနီးတွင် တည်ရှိသော Benedictine ဘုရာကျောင်းတွင်ဖြစ်ပြီး နံရံများနှင့် တံခါးများတွင် ထိုကဲ့သို့ စပရေးအနီရောင်ဖြင့် စော်ကားရေးသားထားခြင်းဖြစ်ကာ “ခရစ်ယာန်များကို ငရဲသို့ပို့” “အစ္စရေးရန်သူ ခရစ်ယာန်လူရိုင်းများကို သတ်ပစ်” စသည့် စာသားများ ပါဝင်သည်။

    ထို့ပြင် ခရစ်တော်အား စော်ကားသည့် စာသားများကိုလည်း ရေးသားခဲ့ကာ ဒေးဗစ်ကြယ်ကိုလည်း ရေးဆွဲခဲ့ကြသည်။ မည်သူက ထိုကဲ့သို့ ဆောင်ရွက်သည်ကို မသိရှိသေးသော်လည်း ယခင်က ထိုကဲ့သို့ လုပ်ရပ်များကို ဆောင်ရွက်ဖူးသည့် ဂျူးအစွန်းရောက်များဖြစ်မည်ဟု ပြောကြားမှုများ ရှိနေသည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ထိုလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ရဲတပ်ဖွဲ့မှာ ထိုကိစ္စအတွက် တာဝန်ရှိသူကို ရှာဖွေရေးဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    ဂျေရုစလင်ရှိ လက်တင်ဂိုဏ်းချုပ်ဘုန်းတော်ကြီးမှထုတ်ပြန်သော ကြေငြာချက်တွင် ဘုရားကျောင်းတည်ရှိရာ Dormition Abbey ပရ၀ုဏ်မှာ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာန်တို့ကြား ဘာသာရေးဆွေးနွေးမှုဆိုင်ရာ ထင်ရှားသည့် နေရာဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ကျူးလွန်သူများမှာ ထိုခြိမ်းခြောက်မှုကို လက်တွေ့လုပ်ရပ်အဖြစ် အကောင်အထည် မဖော်နိုင်ခင် ဖမ်းဆီးရမိမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

    Ref: Jpost

  • ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် အစ္စရေးဝန်ကြီးချုပ်ဇနီး စစ်ဆေးခံနေရ

    ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် အစ္စရေးဝန်ကြီးချုပ်ဇနီး စစ်ဆေးခံနေရ

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    nay

    – အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ဇနီး ဆာရာ နေတန်ယာဟုကို ပြည်သူ့ဘဏ္ဍာများ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း သံသယရှိသဖြင့် ရဲတပ်ဖွဲ့က မေးမြန်းစုံစမ်းခဲ့သည်ဟု သိရသည်။

    ဆာရာမှာ ကြာသပတေးနေ့က တဲလ်အဗီးမြို့ အရှေ့ဘက်ရှိ လုဒ်မြို့မှ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးဌာနသို့ ရောက်ရှိခဲ့ကာ ကမ်းရိုးတမ်းမြို့ဖြစ်သော ဆီစာရီယာတွင်ရှိသည့် ၎င်းတို့ဇနီးမောင်နှံနှစ်ဦး၏ သီးသန့်အိမ်တစ်လုံးကို ထိန်းသိမ်းပြုပြင်ခြင်းနှင့် ပရိဘောဂအသစ်များ ၀ယ်ထည့်ရာတွင် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစား ပြုခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခံခဲ့ရသည်။

    ထို့ပြင် ဆာရာမှာ ဂျေရုဆလင်မြို့ရှိ အစိုးရအိမ်ယာတွင် နေထိုင်စဉ် ကွယ်လွန်သူဖခင်၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အခွန်ငွေများကို ယူသုံးထားသည်ဟု သံသယ၀င်ခံရသူလည်း ဖြစ်သည်။

    နိုင်ငံ၏ တရားဝင် စောင့်ကြည့်ရေးအဖွဲ့တစ်ခုက နေတယာဟု ဇနီးမောင်နှံနှစ်ဦးမှာ ပြည်သူ့ဘဏ္ဍာ အမြောက်အများကို အလွဲသုံးစား ပြုထားသည်ဟု အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်း အစ္စရေးရဲတပ်ဖွဲ့က ယခုကဲ့သို့ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်ကလည်း နေတန်ယာဟုမှာ ကိုင်ယာဟု အမည်ရသည့် ၎င်းမွေးထားသော ခွေး၏ ကုန်ကျစားရိတ်အတွက် ပြည်သူ့ဘဏ္ဍာမှ ကျခံသုံးစွဲရန် တောင်းခံခဲ့သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါခွေးမှာ ဒီဇင်ဘာလအစောပိုင်းက နေတန်ယာဟုပြုလုပ်ခဲ့သည့် ပါတီတစ်ခုတွင် ဧည့်သည်နှစ်ဦးအား ကိုက်ခဲ့သည်။

    နေတန်ယာဟုမှာ ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်သည်ဆိုသည့် စွပ်စွဲမှုများကို မကြာခဏ ခံခဲ့ရသည်။

    Ref: Al-jazeera

  • ဂျူးအစွန်းရောက်များ မီးရှို့၍ သေဆုံးသည့် ပါလက်စတိုင်း ကလေးငယ်၏  ဓာတ်ပုံဖြင့် ဂျူးများ အောင်ပွဲခံ

    ဂျူးအစွန်းရောက်များ မီးရှို့၍ သေဆုံးသည့် ပါလက်စတိုင်း ကလေးငယ်၏ ဓာတ်ပုံဖြင့် ဂျူးများ အောင်ပွဲခံ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    Jewish wedding shows guests celebrating the death of a Palestinian baby
    – ဇူလိုင်လအတွင်းက ဂျူးအစွန်းရောက်တွေရဲ့ မီးရှို့မှုကြောင့် မီးလောင်သေဆုံးသွားခဲ့တဲ့ အသက် ၁၈ လအရွယ် ပါလက်စတိုင်းကလေးငယ် အလီ ဒါဝဘ်ရှားဟ်ရဲ့ ဓာတ်ပုံကို အစ္စရေးက ဂျူးမင်္ဂလာဆောင်တစ်ခုမှာ ဓားနဲ့ထိုးဖောက်ပြီး အောင်ပွဲခံ သီချင်းဆိုနေတဲ့ ဗီဒီယိုဖြစ်ပါတယ်။

    ဒီဗီဒီယိုကို အစ္စရေးရုပ်သံ Channel 10 က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ထုတ်လွှင့်သွားခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာ မင်္ဂလာပွဲတက်ရောက်လာသူတွေဟာ ကခုန်မြူးတူးကာ ဒါဝဘ်ရှားဟ်ရဲ့ ဓာတ်ပုံကို ဓားနဲ့ထိုးဖောက် အောင်ပွဲ ခံနေကြတာကို တွေ့မြင်ခဲ့ကြရပါတယ်။ တစ်ချို့တွေကလည်း ရိုင်ဖယ်တွေ၊ ဓားတွေကိုကိုင်ပြီး သီချင်းတွေဆိုကာ အဲဒီအောင်ပွဲခံမှုမှာ ပါဝင်ခဲ့ကြပါတယ်။

    Channel 10 က အဲဒီဗီဒီယိုကို အစိုးရအဖွဲ့ဆီကနေ ရရှိခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဂျေရုစလင်မှာပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အစ္စရေးအာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပြန့်နှံ့သွားတဲ့ ဒီဗီဒီယိုဟာ ဝေဖန်မှုအများအပြားကို ခံခဲ့ရပြီး၊ နာဇီလက်အောက်မှာ သူမတူတဲ့ နှိပ်စက်ငြှင်းပမ်း သတ်ဖြတ်မှုကို ခံခဲ့ရဖူးတဲ့ ဂျူးတွေရဲ့ စိတ်ဓာတ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေလည်း ဖြစ်လာခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်ဖြစ်ပြီး အစ္စရေးက ပိတ်ဆို့ထားတဲ့ အနောက်ဖက်ကမ်းက ဒူးမားရွာလေးမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဂျူးအစွန်းရောက် အုပ်စုတစ်စုဟာ ပါလက်စတိုင်းနေအိမ်တစ်အိမ်ကို မီးရှို့ခဲ့ပြီး အဲဒီမီရှို့မှုမှာ အသက် ၁၈ လအရွယ် အလီဒါဝဘ်ရှားဟ်က မီးလောင်မှုကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ မိဘနှစ်ဦးကတော့ မီးလောင်ဒဏ်ရာတွေကြောင့် နောက်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြပါတယ်။ အဲဒီ စက်ဆုပ်စရာအဖြစ်အပျက်မှာ ဒါဝဘ်ရှားဟ်မိသားစုက အလီရဲ့ အသက် ၄ နှစ်အရွယ် အစ်ကိုဖြစ်သူတစ်ဦးသာ မီးလောင်ဒဏ်ရာဗရပွနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

    အစ္စရေးအာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်ကို “ဂျူးအစွန်းရောက်ဝါဒ” က ဖြစ်လာတဲ့လုပ်ရပ်လို့ ကင်ပွန်းတပ်ခဲ့ပြီး မီးရှို့သက်ဖြတ်သူတွေကို ဖမ်းဆီးခဲ့ပေမယ့် သက်သေမရှိတဲ့အတွက် တရာစွဲလို့မရဘူးလို့ အစ္စရေးပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ အစ္စရေးအစိုးရက ဂျူးအစွန်းရောက်တွေကို အားပေးနေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

  • ခရစ္စမတ်အားပိတ်ပင်ကာ ခရစ်ယာန်များကို မောင်းထုတ်ရမည်ဟု အစ္စရေးမှ ဂျူးခေါင်းဆောင်တစ်ဦး ပြော

    ခရစ္စမတ်အားပိတ်ပင်ကာ ခရစ်ယာန်များကို မောင်းထုတ်ရမည်ဟု အစ္စရေးမှ ဂျူးခေါင်းဆောင်တစ်ဦး ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    jew

    – အစ္စရေးရှိ လက်ယာစွန်းရောက် ဂျူးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက နိုင်ငံအတွင်း ခရစ္စမတ်ပွဲတော်အား ပိတ်ပင်ရန်နှင့် ခရစ်ယာန်များအား မောင်းထုတ်ရန် တောင်းဆိုခဲ့ပြီး ခရစ်ယာန်ဘာသာဝင်များကို သွေးစုပ်ဖုတ်ကောင်များအဖြစ် ပြောကြားခဲ့သည်။

    ဟီဘရူးဘာသာစကားဖြင့် “မီးတောက်” ဟု အမည်ရသည့် လာဟာဗာအဖွဲ့၏ ခေါင်းဆောင် ဘန်ဇီ ဂေါ့ပ်စတိန်းဆိုသူဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က အော်သိုဒေါ့စ်ဂျူး ၀ဘ်ဆိုက်တစ်ခုဖြစ်သော Kooker တွင် ရေသားခဲ့ခြင်းဖြစ်ကာ ခရစ်ယာန်များမှာ သန့်စင်မှုမရှိဘဲ နိုင်ငံအတွင်းမှ ထွက်သွားရမည်ဟု ဆိုသည်။

    “မြင့်မြတ်သောမြေမှာ ခရစ္စမတ်အတွက် နေရာမရှိပါဘူး။ သူတို့သာသနာပြုလုပ်ငန်းကို အခြေစိုက်ခွင့်ပေးလို့ မရပါဘူး။ ငါတို့ရဲ့ သွေးတွေကို ထပ်ပြီးမစုပ်ခင် ဒီသွေးစုတ်ဖုတ်ကောင်တွေကို ငါတို့မြေကနေ မောင်းထုတ်ပစ်ကြရအောင်” ဟု ဂေါ့ပ်စတိန်း၏ ရေးသားမှုကို ကိုးကား၍ အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့်သြဂုတ်လကလည်း ဂေါ့ပ်စတိန်းမှာ အစ္စရေးရှိ ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့ပစ်ရန် ဆော်သြခဲ့သည်။ ဂေါ့ပ်စတိန်းကမူ ၎င်း၏ပြောကြားမှုအား နားလည်မှုလွဲမှားကာ ဖော်ပြခြင်းဖြစ်ပြီး မိမိမှာ ခရစ်ယာန် သာသနာပြုအုပ်စုများကိုသာ သွေးစုပ်ဖုတ်ကောင်များဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ခရစ်ယာန်အားလုံးကို မရည်ရွယ်ကြောင်း အလ်ဂျာဇီးရား၏ မေးမြန်းမှုကို ဖြေကြားခဲ့ပြီးနောက် ဖုန်းချသွားခဲ့သည်။

    အစ္စရေးလွှတ်တော်မှ အာရပ်အမတ်ဖြစ်သူ အဟ်မဒ်တိုင်ဘီက ဂေါ့ပ်စတိန်း၏ လာဟာဗာ အဖွဲ့ကို ရှုတ်ချခဲ့ပြီး မွတ်စလင်များနှင့် ခရစ်ယာန်များအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများကို ပြုလုပ်နေသည့် အမုန်းအခြေခံအုပ်စုဟု ပြောကြားခဲ့သည်။

    အဆိုပါ ဟာဗာနာအဖွဲ့မှာ ဂျူးများနှင့် အာရပ်များ လက်ထပ်မှုကိုလည်း ဆန့်ကျင်မှုများပြုလုပ်သည်ဟု စွပ်စွဲခံထားရသည်။

    အစ္စရေးအာဏာပိုင်များအနေဖြင့် ဂေါ့ပ်စတိန်း၏ ထိုကဲ့သို့လှုံ့ဆော်မှုအတွက် အရေးယူမည်လားဟု မေးမြန်ရာ တိုင်ဘီက “အစ္စရေးအစိုးရကိုယ်တိုင်က ကြံရာပါပဲ။ ဂေါ့ပ်စတိန်းတို့လို လူမျိုးရေးခွဲခြားသူတွေ၊ အကြမ်းဖက်သမားတွေကို သူတို့က ကူညီနေတာပါ” ဟု ပြောကြားခဲ့သည်။

    အစ္စရေးတရားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုရှေးကိုဟန်အား အလ်ဂျာဇီးရားသတင်းဌာနက မေးမြန်းရာတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး အီမေးလ်ဖြင့် မေးမြန်းမှုကိုလည်း ဖြေကြားခဲ့ခြင်းမရှိပေ။

    Ref: Aljazeera

  • အစ္စရေးက IS ကို ငွေကြေးထောက်ပံ့နေသည်ဟု ဒေါ်နယ်ထရမ့် ပြောပြန်

    အစ္စရေးက IS ကို ငွေကြေးထောက်ပံ့နေသည်ဟု ဒေါ်နယ်ထရမ့် ပြောပြန်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    turmp

    – အမေရိကန် ရီပက်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် အမေရိကန်သူဌေးကြီး ဒေါ်နယ်ထရမ့်က အစ္စရေးမှာ IS အကြမ်းဖက်သမားများအား ငွေကြေးအမြောက်အများပေးပို့ခြင်းဖြင့် ကူညီနေသည်ဟု ပြောကြားလိုက်သည်။

    Morning Joe ဟု အမည်ရသည့် ရုပ်သံအစီအစဉ် အင်တာဗျူးတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်အပြီး နာရီအနည်းငယ်အကြာတွင် အစ္စရေးသို့သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။

    “ကျွန်တော်တို့နိုင်ငံက စစ်ရေးနဲ့ ကာကွယ်မှုပေးထာပြီး ကျွန်တော်တို့နဲ့လက်တွဲအလုပ်လုပ်နေတဲ့ မဟာမိတ်နိုင်ငံထဲက အချို့က ISIS၊ အလ်ကိုင်ဒါနဲ့ အခြားသောအကြမ်းဖက်အဖွဲ့အစည်းတွေကို အလွန်များပြားတဲ့ငွေတွေ ပေးပို့ထောက်ပံ့နေပါတယ်” ဟု ထရမ့်က အင်တာဗျုးတွင် ပြောဆိုခဲ့သည်။

    မည်သူ့ကို ရည်ရွယ်ပြောဆိုသနည်းဟု ထပ်မံမေးမြန်းရာ “ဘယ်သူလဲဆိုတာ ခင်ဗျားတို့သိပါတယ်” ဟုသာ ထရမ့်က ဖြေဆိုခဲ့သည်။

    ၎င်းက မိမိမှာ အစ္စရေးနိုင်ငံသားများနှင့် ဆက်ဆံရေးရှိနေသောကြောင့် IS ကိုထောက်ပံ့ပေးနေသည့် အမေရိကန်မဟာမိတ်နိုင်ငံများကို ထုတ်ဖော်ပြောကြားမှု ပြုမည်မဟုတ်ဟု ဆိုသည်။ သို့သော်လည်း အစ္စရေးနှင့် အခြားနိုင်ငံများက IS အား ထောက်ပံ့ပေးနေသည်များကို လူတိုင်းက သိရှိကြသော်လည်း မည်သူကမှ အစ္စရေးအကြောင်း မပြောကြကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ရှိတယ်ဗျ။ ဒါပေမယ့် ကျွန်တော်ကတော့ ပြောမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူတွေရဲ့ ဆက်ဆံရေးတွေများကြီး ရှိလို့ပါ။ ဒါပေမယ့် ထောက်ပံ့နေတယ်ဗျ။ ခင်ဗျားတို့လည်း ဒါကိုသိပါတယ်။ လူတိုင်းကလည်း ဒါကိုသိပါတယ်။ မပြောကြတာပါ။ ဘယ်သူမှမပြောကြတာပါ”

    ထို့ပြင် အမေရိကန်အစိုးရကလည်း အဆိုပါကိစ္စကို သိနေပြီး ၎င်း၏ ပြောဆိုမှုများ မှန်ကန်ကြောင်းသေချာစေရန် မှတ်တမ်းများ စစ်ဆေးကြည့်နိုင်သည်ဟု ဆိုသည်။

    “ခင်ဗျားတို့လုပ်သင့်တာက မှတ်တမ်းမှတ်ရာတွေကို ပြန်စစ်ဆေးဖို့ပါပဲ၊ ကျွန်တော်တို့အစိုးရက ဒီနိုင်ငံတွေကို သိနေပါတယ်” ဟု ဖော်ညွှန်းခဲ့သည်။ ထရမ့်မှာ အစ္စရေးသို့ သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး “ကျွန်တော် သမ္မတဖြစ်ပြီး တစ်ရက်ရက်မှပဲသွားတော့မယ်” ဟု ပြောကြားခဲ့သည်။

    ထရမ့်၏ မဲဆွယ်စည်းရုံးရေးများသည် စကတည်းကပင် အငြင်းပွားစရာများရှိနေသော်လည်း ၎င်းသည် ရီပက်ဘလီကန် ထိပ်ပိုင်းခေါင်းဆောင်များ၏ ထောက်ခံမှု ၂၇ ရာခိုင်နှုန်းရရှိထားသူ ဖြစ်သည်။

    Ref: Press TV