News @ M-Media

Tag: Israel

  • အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေး ရဲတပ်ဖွဲ့ အကြမ်းဖက်စီးနင်း

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media

    209788
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ် ကျောင်းတော်အား အစ္စရေးရဲတပ်ဖွဲ့က ယမန်နေ့တွင် အကြမ်းဖက်ဝင်ရောက် စီးနင်းမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

    အစ္စရေးက မတရား သိမ်းပိုက်ထားသည့် အရှေ့ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်တွင် ယမန်နေ့ နေ့လည် ၀တ်ပြုမှုအပြီး မီးခိုးဗုံးများ အသုံးပြုကာ အစ္စရေးရဲများက ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုရန် လာရောက်ကြသူ ပါလက်စတိုင်းများကလည်း ခဲများဖြင့် ပြန်လည် ပစ်ပေါက်ခဲ့ကြသည်။ ထို့ပြင် “အို- အက်ဆာ၊ အသင့်အတွက် ငါတို့၏ အသက်နှင့်သွေးကို ပေးဆပ်မည်” ဟု ပါလက်စတိုင်းပြည်သူများက ကြွေးကျော်ခဲ့ကြသည်။

    ဗလီဝတ်ကျောင်းတော်၏ ပရုဏ်ဝုဏ်အတွင်းထဲသို့ပင် ၀င်ရောက်ခဲ့သည့် အဆိုပါ အကြမ်းဖက်စီးနင်းမှုမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ပါလက်စတိုင်း တစ်ဦး ဒဏ်ရာရခဲ့ကာ ၇ ဦးအား အစ္စရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

    အစ္စလာမ်ဘာသာဝင်တို့မှ ထူးမြတ်သောဌာနများအဖြစ် သတ်မှတ်ထားသည့် နေရာများတွင် အပါဝင်ဖြစ်သော အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ထိုကဲ့သို့ အကြမ်းဖက်စီးနင်းမှုများပြုလုပ်ခြင်းကို ထိုဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော် မိုဟာမက် ဟူစိန်က ရှုတ်ချပြောဆိုခဲ့သည်။

    “ဒါဟာ ထင်ရှားတဲ့ အကြမ်းဖက်မှုမျိုးဖြစ်ပြီး ဘာသာတရားအားလုံးက ဆန့်ကျင်တဲ့ ကိစ္စတစ်ခုပါ။ ပြီးတော့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းလည်းဖြစ်ပါတယ်” ဟု ဆရာတော် ဟူစိန်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအကြမ်းဖက် လုပ်ရပ်အတွက် အစ္စရေးအစိုးရတွင်တာဝန်ရှိကြောင်း၊ ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအတွက် အစ္စရေး အစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    သို့သော်လည်း ဗလီဝတ် ကျောင်းတော် အပြင်ဘက်ရှိ ရဲစခန်းသို့ ပါလက်စတိုင်းများက ခဲဖြင့် ပစ်ပေါက်သောကြောင့် ၎င်းတို့အနေဖြင့် ၀င်ရောက်စီးနင်း ရခြင်းဖြစ်သည်ဟု အစ္စရေးရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖီးလ်က ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ကာကွယ်ပြောကြားခဲ့သည်။

    Ref:Agencies
    (MaanImages/file)

  • အစ္စရေး၏ စစ်မှူ မထမ်းမနေရ ဥပဒေအား အော်သိုဒေါ့စ်ဂျူးများ ကန့်ကွက်

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    201427028221734_20
    – စစ်တပ်ထဲသို့ မ၀င်မနေရ ဥပဒေပြဌာန်းမှုကို ဆန့်ကျင်သောအနေဖြင့် အစ္စရေးရှိ အော်သိုဒေါ့စ်ဂျူးများက လမ်မများကို ပိတ်ကာ ဆန္ဒပြခဲ့ကြပြီး၊ အစ္စရေး ရဲတပ်ဖွဲ့ကလည်း မီးခိုးဗုံးများကို အသုံးပြုကာ ပြည်လည် တုံ့ပြန်ခဲ့သည်ဟု သိရသည်။

    ဘာသာရေး ယုံကြည်မှုအရ စစ်မှုထမ်းခြင်းမရှိသော အော်သိုဒေါ့စ်ဂျူးများ၏ ဘာသာရေးကျောင်းများရှိ ကျောင်းသားများအား စစ်ထဲသို့ မ၀င်မနေရဟု တရားရုံးချုပ်မှ ဥပဒေပြဌာန်းပြီးနောက် ဖေဖော်ဝါရီ ၆ ရက် (ယမန်နေ့) တွင် အော်သိုဒေါ့စ်ဂျူးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်မှာ လောကီရေးကို အလေးပေးသော လူများစု ဂျူးများနှင့် ဘာသာရေးကို အလေထားသော လူနည်းစု ဂျူးများအကြား နက်ရှိုင်းသော ကွဲလွဲချက်လည်း ဖြစ်လာခဲ့သည်။

    အရွယ်ရောက်ပြီးသော အစ္စရေးနိုင်ငံသား အမျိုးသားတိုင်း စစ်တပ်ထဲသို့ အနည်းဆုံး ၄ နှစ် ၀င်ရောက်အမှုထမ်းရန် ဥပဒေပြဌာန်းထေားပြီး ယခင်က အော်သိုဒေါ့စ်ဂျူးများမှာ ၎င်းတို့၏ ဘာသာရေးယုံကြည်ချက်အရ ထိုဥပေဒအား ကင်းလွတ်ခွင့်ရခဲ့သည်။

    သို့သော်လည်း ပြီးခဲ့နှစ်ရွေးကောက်ပြီးနောက်ပိုင်း တက်လာသည့် အစိုးရသစ်က ရှိနေသည့် စစ်မှူထမ်းဥပေဒအား ပြင်ဆင်ခဲ့ပြီး နိုင်ငံသားတိုင်း စစ်မှူထမ်းရမည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    အော်သိုဒေါ့စ်ဂျူးများကမူ ထိုဥပဒေအား လက်ခံခြင်းမရှိဘဲ ထိုကဲ့သို့ ပြုလုပ်ပါက ၎င်းတို့၏ လူငယ်များအနေဖြင့် လောကီရေးကို ပိုမိုအားစိုက်လာပြီး ဘာသာရေးအလေးထားမှုကို ပျက်စီးသွားစေနိုင်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးနိုင်ငံ၏ ၈ သန်းသော လူဦးရေ၏ ၈ ရာခိုင်နှုန်းမှာ အော်သိုဒေါ့စ်ဂျူးများ ဖြစ်ကြပြီး၊ ဘာသာရေးကိုင်းရှိုင်းကြသူများဖြစ်ကြကာ လောကီရေးများတွင် ၀င်ရောက်ဆောင်ရွက်ခြင်းမရှိကြချေ။

  • အစ္စရေး လုပ်ငန်းကုမ္ပဏီ နှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုကို နော်ဝေရှိ ကမ္ဘာ့ အကြီးဆုံးငွေကြေး ရံပုံငွေ အဖွဲ မှ အမည်ပျက်စာရင်းသွင်း

    ဖေဖော်ဝါရိ ၂၊ ၂၀၁၄
    M-Media

    0
    နော်ဝေနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးငွေကြေးရံပုံငွေအဖွဲ့မှ အစ္စရေးလုပ်ငန်းစုနှစ်ခုအား အမည်ပျက် စာရင်းသွင်းလိုက်သည်။ ၄င်းတို့က East al-Quds ခေါ် ဂျေရုစလင်အတွင်း တရားမ၀င် အခြေချသူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းကြောင့် ဖြစ်၏။

    နော်ဝေ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကြာသပတေးနေ့တွင် ဆုံးဖြတ်ချက်ကို ကြေငြာပြီး ၄င်းတို့အား အမည်နှင့်တစ်ကွ ဖော်ပြခဲ့သည်။ အဆိုပါကုမ္ပဏီများမှာ အစ္စရေး အမျိုးသားပိုင် မြေယာရောင်းဝယ်လုပ်ငန်းစုဖြစ်သော Africa Israel Investments နှင့် ၎င်း၏ လက်အောက်ခံဆောက်လုပ်ရေး လုပ်ငန်း Danya Cerbus တို့ဖြစ်ကြသည်။

    သိမ်းယူထားသော East al-Quds တွင် တရားမ၀င်အခြေချသူများအတွက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းမှာ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်သောကြောင့် ငွေကြေး ရံပုံငွေအဖွဲ့ကြီးက ယင်းလုပ်ငန်းစုတို့အား ပြစ်တင်ရှုတ်ချခဲ့သည်။

    ယင်းလုပ်ငန်းစုများအတွင်း ရင်းနှီးမြှုပ်နှံမှုကို နော်ဝေ အစိုးရပင်စင်ရံပုံငွေ အဖွဲ့အစည်းမှ ယမန်နှစ် သြဂုတ်လ၌ ပြန်လည်သုံးသပ်ရာမှ ယခုအခါ သုံးနှစ်ပိတ်ပင်လိုက်သည်။

    ၎င်းသည် တရားမ၀င်အခြေချသူများကို ငွေကြေးထောက်ပံ့နေသော အစ္စရေးပိုင် ဘဏ်သုံးခုမှ ခွဲဝေရောင်းချနေကြောင်း နယ်သာလန်၏ အကြီးဆုံး ပင်စင်ပစ္စည်းပိုင်ဆိုင်မှုစီမံသူများမှ ပြောဆိုပြီး ရက်သတ္တပတ်များစွာအကြာတွင် ထိုကြေငြာချက် ထွက်ရှိလာသည်။

    ဒီဇင်ဘာလက ရိုမေးနီးယားကလည်း သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းခြေဒေသ၌ အစ္စရေးတို့၏ တရားမ၀င်အခြေချမှု အတွက် အလုပ်လုပ်ကိုင်ပေးခြင်း မပြုရန် မိမိ၏နိုင်ငံသားများအား တားမြစ်ခဲ့သည်။

    သိမ်းပိုက်ခံ ပါလက်စတိုင်း ပိုင်နက်အတွင်း အစ္စရေးတို့၏ အင်အားသုံး ၀င်ရောက်အခြေချမှု နှင့် နယ်ချဲ့မှုများမှာ အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမ၀င်ချေ။

    မကြာသေးမီက အခြေစိုက်တည်ဆောက်ရေးလုပ်ငန်းသစ်များကို မထုတ်ပြန်ရန် ဥရောပသမဂ္ဂသည် တဲလ် အဗစ်သို့ ပြောကြားပြီး၊ နယ်ချဲ့အခြေချနေမှုသည် ပါလက်စတိုင်း အာဏာပိုင်နှင့် အစ္စရေးတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အား အကြီးအကျယ် ထိခိုက်နစ်နာအောင် တွန်းပို့ခြင်း ဖြစ်ကြောင်း သတိပေးခဲ့သည်။

    ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အစ္စရေးအစိုးရမှ အခြေစိုက်ရပ်ဝန်းအတွင်း အဆောက်အဦးသစ်များဆောက်လုပ်သည်ကို သိရလေတိုင်း ပြစ်တင်ရှုတ်ချလေ့ရှိသည်။ သို့သော် ပြစ်တင်မှုများက နိုင်ငံရေးအရ အသံထွက်ရုံမျှသာဖြစ်ပြီး ၎င်းအပေါ် အစ္စရေးအစိုးရသည် မည်သည့်အခါမျှ ကရုမစိုက်ခဲ့ပေ။

    ၁၉၆၇ ခုနှစ်တွင် ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်းခြေဒေသ နှင့် အရှေ့ဂျေရုဆလင်အား အစ္စရေးတို့မှ ကျူးကျော် သိမ်းပိုက်ခဲ့စဉ်က စ၍ ၀င်ရောက် အခြေချသည့်နေရာပေါင်း ၁၂၀ အထက်တွင် အစ္စရေးလူမျိုး သန်းတစ်ဝက်ကျော် နေထိုင်နေကြသည်။

    ထိုဒေသများမှာ ၁၉၆၇ ခုနှစ်စစ်ပွဲကျမှ အစ္စရေးတို့၏သိမ်းပိုက်မှုကို ခံရသည့်အတွက် သိမ်းပိုက်ခံနယ်မြေများအပေါ် အခိုင်အမာတည်ဆောက်ခြင်းကို တားမြစ်ထားသော ဂျီနီဗာပဋိညာဉ်အရ ကုလသမဂ္ဂ နှင့် နိုင်ငံအများစုက အစ္စရေးတို့၏ ကျူးကျော်အခြေချမှုကို တရားမ၀င်လုပ်ရပ်အဖြစ် သတ်မှတ်ကြပါသည်။
    Ref: Presstv

  • ပါလက်စတိုင်း အိမ်ရာများ အစ္စရေး ဖျက်ဆီးမှု ကုလ ရှုတ်ချ

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media

    348670_Palestine-home-demolition

    ဖေဖော်ဝါရီ၊ ၁။ ။ ပါလက်စတိုင်းပိုင်အနောက်ဘက်ကမ်းခြေ ဂျော်ဒန်တောင်ကြားရှိ ပါလက်စတိုင်းရွာ တစ်ရွာအား အစ္စရေးကဖျက်ဆီးခဲ့မှုနှင့် ပက်သက်၍ ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချခဲ့သည်ဟု သိရသည်။

    ဇန်န၀ါရီ ၃၀ ရက်နေ့ (ကြာသာပတေးနေ့) က ပြုလုပ်ခဲ့သော ထိုဖျက်ဆီးမှုတွင် ပါလက်စတိုင်းတို့၏ အိမ်ခြေ ၃၆ လုံးဆုံးရှုံးခဲ့ရပြီး ကလေးငယ် ၃၆ ဦးအပါအ၀င် စုစုပေါင်း ၆၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုကိစ္စနှင့် ပက်သက်၍ အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဂျိမ်းစ်ရော်လေးက ယမန်နေ့က ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး အနောက်ဘက် ကမ်းခြေတွင် ပြုလုပ်နေသည့် အစ္စရေး၏ အဆိုပါ လုပ်ရပ်များအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

    “ဂျော်ဒန်တောင်ကြား တစ်လျှောက်မှာ ဖြစ်ပွားနေသော ပါလက်စတိုင်းတို့၏ အိမ်ရာများ ဖယ်ရှားခြင်း၊ သိမ်းပိုက်ခြင်းများအတွက် မိမိအနေဖြင့် အလွန်စိုးရိမ်မိပါသည်။ ထိုဒေသတွင် အိမ်ရာများ ဖျက်ဆီးမှုများမှာ လွန်ခဲ့သည့် နှစ်က နှစ်ဆခန့်မြင့်တက်လာခဲ့သည်။ ထိုကိစ္စရပ်များသည် ပါလက်စတိုင်းတို့၏ နေထိုင်ခွင့်နှင့် အခြေခံ လိုအပ်ချက်များကို ပိတ်ပင်ထားခြင်းသာမက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်ပေသည်” ဟု ထိုကြေညာချက်တွင် ရော်လေးက ပြောကြားခဲ့သည်။

    အစ္စရေးက မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တွင် ခွင့်ပြုချက်မရှိဘဲ တည်ဆောက် ထားသည်ဟု အကြောင်းပြကာ အစ္စရေးက ပါလက်စတိုင်းတို့၏ အိမ်ရာများအား ဖျက်ဆီးမှုကြောင့် ၂၀၁၃ ခုနှစ်တွင် ပါလက်စတိုင်းပြည်သူ ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံးခန်းက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအရေး တက်ကြွ လှုပ်ရှားသူများကမူ ထိုကဲ့သို့ ဖျက်ဆီးခြင်းမှာ ပါလက်နယ်မြေများအတွင်း ဂျူးအခြေချအိမ်ရာများ တည်ဆောက်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Press TV

  • လေဖြတ်ပြိး ကိုးမားဝင်ကာ (၈) နှစ်ခန့် သတိလစ် နေသူ အစ္စရေး ၀န်ကြီးချုပ်ဟောင်း ရှာရွန် ကွယ်လွန်

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media
    Ariel-Sharon-di15700
    – နှစ်ပေါင်းများစွာ ကိုးမားရောဂါခံစားနေရသည့် အစ္စရေးဝန်ကြီးချုပ်ဟောင်း အေရီယဲလ် ရှာရွန်မှာ ယမန်နေ့က တဲလ်အဗီးမြို့စွန်ရှိ ဆေးရုံတစ်ရုံတွင် ကွယ်လွန်သွားခဲ့သည်ဟုသိရသည်။

    အသက် ၈၅ အရွယ်ရှိပြီဖြစ်သည့် ရှာရွန်မှာ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက လေဖြတ်ခဲ့ပြီးနောက် ၂၀၀၆ ဇန်န၀ါရီလတွင် ဦးနှောက်အတွင်း သွေးယိုနေကြောင်းတွေရှိခဲ့ရပြီး ထိုအချိန်မှစ၍ သတိလစ်မေ့မြောမှု ကိုးမားရောဂါကို ခံစားနေခဲ့ရသူဖြစ်သည်။ လွန်ခဲ့သည့် တစ်ပါတ်ခန့်ကစတင်က ရောဂါအခြေအနေမှာ ပိုမိုဆိုးရွာလာခဲ့ပြီးနောက် ယမန်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

    ရှာရွန်မှာ အစ္စရေးနိုင်ငံ၏ အကျော်ကြားဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ပြီး အစ္စရေး၏ အဓိကစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်သည်။ လက်ဘနွန်နိုင်ငံကို ကျူးကျော်ပြီး ၁၉၈၂ ခုနှစ်တွင် ဘေရွတ်ရှိ ဆာဘရာနှင့် ရှာတီလာ ဒုက္ခသည် စခန်းများရှိ ခရစ်ယာန်ပြည်သူ့စစ်များနှင့် ပါလက်စတိုင်း ဒုက္ခသည် အမျိုးသမီးနှင့် ကေလးပါမကျန် သတ်ဖြတ်ရန် အမိန့်ပေးခဲ့သူဖြစ်သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင် ဂါဇာ ကမ်းမြှောင်ဒေသအား သိမ်းပိုက်ရန် စီစဉ်ခဲ့သူဖြစ်ပြီး ပါလက်စတိုင်း နယ်မြေများအတွင်း ဂျူးအခြေချအိမ်ရာများ၊ အစ္စရေးနယ်စပ်တစ်လျှောက် နံရံကြီးများကို တည်ဆောက်ရန် ဦးဆောင်ခဲ့သူလည်းဖြစ်သည်။ ပါလက်စတိုင်းနယ်မြေများအတွင်း ပါလက်စတိုင်းတို့၏ အိမ်ရာများကို ဖြိုချဖျက်ဆီးရန်သူ၏ အကြံအစည်ကြောင့် အစ္စရေးနိုင်ငံရေးလောကတွင် ရှာရွန်အား ဘူဒိုဇာဟု လူသိများသည်။

    အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အချို့က ရှာရွန်သေဆုံးမှုအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး၊ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများကမူ အရေးယူခြင်းမခံဘဲ သေဆုံးသွားသော စစ်ရာဇ၀တ်ကောင်အဖြစ် ဖော်ပြခဲ့ကြသည်။ ၂၀၀၁ ခုနှစ်က အစ္စရေးဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဇီယွန်ဝါဒီ ရှာရွန်၏ ဈာပနကို မနက်ဖြန်တွင် ကျင်းပရန် အစ္စရေးအစိုးရက စီစဉ်ထားသည်။

    Ref: aljazeera