News @ M-Media

Tag: LaLiga

  • ဒီပို့တီဗိုနှင့် အက်သလက်တီကိုတို့ ပွဲမတိုင်မီ ရုန်းရင်းဆန်ခတ်မှုကြောင့် ပရိတ်သတ်တစ်ဦး သေဆုံး

    ဒီပို့တီဗိုနှင့် အက်သလက်တီကိုတို့ ပွဲမတိုင်မီ ရုန်းရင်းဆန်ခတ်မှုကြောင့် ပရိတ်သတ်တစ်ဦး သေဆုံး

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    xfan-dies-atletico-madrid-deportivo-la-coruna-1417414886.jpg.pagespeed.ic.q88OWGFS5r
    – တနင်္ဂနွေက ဒီပို့တီဗိုနှင့် အက်သလက်တီကို၏ လာလီဂါပွဲမကစားခင် နှစ်ဖက်ပရိတ်သတ်များ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဒီပို့တီဗို ပရိတ်သတ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် ၎င်းတို့နှစ်သင်း၏ ပွဲစဉ်ကို လာရောက်ကြည့်ရှုကြသော ၂ ဖက်ပရိတ်သတ်များမှာ ပွဲမစမီ ကွင်းပြင်ပ၌ ပြဿနာဖြစ်ခဲ့ကြခြင်းဖြစ်ပြီး အက်သလက်တီကို ပရိတ်သတ်များက အိမ်ကွင်း ဗင်စင်တေးကယ်လ်ဒါရွန် ကွင်းအနီးရှိ မြစ်ထဲသို့ ဒီပို့တီဗို ပရိတ်သတ်တစ်ဦးအား တွန်းချခဲ့သည်။

    ရေထဲပြုတ်ကျသွားခဲ့သည့် အဆိုပါ ပရိတ်သတ်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ရေမွန်းသည့် ဒဏ်ရာကြောင့် သတိပြန်လည်လာခြင်းမရှိဘဲ သေဆုံးသွားခဲ့သည်။

ုထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ချက်ခြင်းပင် လူ ၁၄ ဦးအား ဖမ်းဆီးခဲ့ပြီး အစွန်းရောက်သည့် ဘောလုံးပရိတ်သတ်များ ကွင်းအတွင်းသို့ မ၀င်နိုင်ရန်နှင့် အကြမ်းဖက်မှုများ မပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု စပိန်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ဒီပို့တီဗို ကစားသမားများနှင့် အသင်းဝန်ထမ်းများမှာ သေဆုံးသွားသော အဆိုပါ ပရိတ်သတ်အတွက် ယမန်နေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ၁ မိနစ်ခန့် ငြိမ်သက် ဆုတောင်းခဲ့ကြသည်။

  • လာလီဂါတွင် ဂိုးမိုးခေါင်မှု အတွက် စိတ်ပျက်မိသည်ဟု ဆွာရက်ဇ်ဆို

    လာလီဂါတွင် ဂိုးမိုးခေါင်မှု အတွက် စိတ်ပျက်မိသည်ဟု ဆွာရက်ဇ်ဆို

    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    669891_heroa
    – လာလီဂါတွင် ဂိုးမိုးခေါင်နေမှု အတွက် စိတ်ပျက်မိပြီး မိမိကန်သည့် ဘောလုံးမှာ ဂိုးထဲသို့ မ၀င်ချင်ဟု ဘာစီလိုနာ အသင်း၏ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ယူရို ၈၆ သန်းဖြင့် ပြီးခဲ့သည့်နွေရာသီက ဘာစီလိုနာသို့ ရောက်ရှိ လာခဲ့သည့် ဆွာရက်ဇ်မှာ ပြီခဲ့သည့် ကြာသာပတေးနေ့က APOEL အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် အသင်း အတွက် ပထမဆုံးဂိုး သွင်းပေးနိုင် ခဲ့သော်လည်း လာလီဂါတွင် ၅ ပွဲကစားပြီး ယခုအချိန်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။

    ယမန်နေ့က ကစားခဲ့သော ဗလင်စီယာအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲတွင် ဆွာရက်ဇ်မှာ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ခန့် ရခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။

    `ဒါဟာ ကြောင်တောင်တောင် အခြေအနေပါပဲ။ ဘောလုံးက ဂိုးထဲကို မ၀င်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အမြဲတမ်းကြိုးစားနေပါတယ်´ ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဂိုးမရရှိမှုကြောင့် စိတ်ပျက်နေသော်လည်း မိမိမှာ မက်ဆီ၊ နေးမာတို့နှင့်တွဲ၍ တိုက်စစ်တစ်ခုကို ထူထောင်နိုင်သည်ဟုလည်း ဆွာရက်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။

    `ကွင်းအတွင်းမှာ မက်ဆီ၊ နေးမာနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အမြဲတမ်းတိုးတက်နေပါတယ်။ ဒါပေမယ့် အသင်းကို ကူညီဖို့ အစွမ်းအစပြနိုင်တဲ့ အခြားကစားသမားတွေလည်း ရှိပါတယ်´ ဟု ၎င်းက ဖွင့်ဟခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် ဗလင်စီယာနှင့်ပွဲတွင် ဘာစီလိုနာမှာ ဒုတိယပိုင်းနာကျင်အချိန်ပို နောက်ဆုံးမိနစ်ရောက်မှ ဘက်စကွက်၏ ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဂိုးသွင်းပြီး အောင်ပွဲခံချိန်၌ မက်ဆီမှာ ရေဘူးဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရသည်။

  • ပင်လယ်ကွေ့မွတ်စလင်နိုင်ငံများကို ဆွဲဆောင်ရန် အသင်းတံဆိပ်မှ လက်ဝါးကတ်တိုင်အား ရီးရဲလ် ဖယ်ရှား

    ပင်လယ်ကွေ့မွတ်စလင်နိုင်ငံများကို ဆွဲဆောင်ရန် အသင်းတံဆိပ်မှ လက်ဝါးကတ်တိုင်အား ရီးရဲလ် ဖယ်ရှား

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    madrid-before-after
    စပိန် နာမည်ကျော် ဘောလုံးအသင်း ရီးရဲလ်မက်ဒရစ် ဟာ အဘူဒါဘီ အမျိုးသားဘဏ်နဲ့ အကျိုးအမြတ်များတဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် အသင်းအမှတ် တံဆိပ်ထိပ်က ခရစ်ယျာန် လက်ဝါးကတ်တိုင် သင်္ကေတကို ဖြုတ်ပစ်ခဲ့ပါတယ်။ ဒီရက်သတ္တပတ်အစောပိုင်းမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ကလပ် ဥက္ကဌ ဖလော်ရန်တီနို ပီးရပ်စ် က ဘဏ်က စပွန်ဆာပေးတဲ့ ခရတ်ဒစ်ကတ်ကို ပြသခဲ့ပါတယ်။ အဲ့ဒီကတ်က ရီးရဲလ်မက်ဒရစ် ကလပ်ရဲ့ အသင်းဝင်ကတ် အဖြစ်လည်းကိုယ်စားပြုပါတယ်။ ကတ်ပေါ်က ရီးရဲလ်မက်ဒရစ်  အသင်းရဲ့ တံဆိပ်ဖြစ်တဲ့ တော်ဝင်သရဖူမှာတော့ လက်ဝါးကတ်တိုင် သင်္ကေတ ပါမလာပါဘူး။

    1416936669_extras_noticia_foton_7_0

    ဒါဟာ ပင်လယ်ကွေ့ မွတ်စလင်နိုင်ငံတွေကို ကျေနပ်နှစ်သက်အောင် ပြုလုပ်ပေးတာဖြစ်ပြီး U.A.E နိုင်ငံပြင်ပမှာတော့ အသင်းတံဆိပ်က ပြောင်းလဲခြင်းမရှိပါဘူး။ ရီးရဲလ်မက်ဒရစ်  ဘောလုံးအသင်းဟာ ဥရောပမှာ အကျော်ကြားဆုံး ဘောလုံးကလပ်ထဲက တစ်ခုဖြစ်ပြီး ကြွယ်ဝပြီး နက်ရှိုင်းတဲ့ သမိုင်းအစဉ်အလာရှိခဲ့ပါတယ်။

    ဒီလိုလုပ်ဆောင်မှုတွေဟာ ရီးရဲလ်မက်ဒရစ် အသင်းတစ်ခုထဲတင်မကပါဘူး။ ဘာစီလိုနာ အသင်းဟာလည်း ကာတာလေကြောင်းလိုင်းနဲ့ စပွန်ဆာ စာချုပ်ဆိုခဲ့ပြီး ” ဘာစီလိုနာ အသင်းရဲ့ နယ်မြေ” ဆိုတဲ့ ကြော်ငြာ ရုပ်သံရိုက်ကူးခဲ့ပါသေးတယ်။ ဒါဟာ ရေနံနဲ့ ကြွယ်ဝချမ်းသာတဲ့ ပင်လယ်ကွေ့နိုင်ငံတွေ က အနောက်တိုင်း စီးပွားရေးသမားတွေကို ဇိမ်ခံ လည်ပတ်စရာအဖြစ် လာရောက်အောင်ခေါ်ယူတဲ့ ပုံစံတစ်မျိုးဖြစ်နေပါတယ်။

    Source : WashingtonPost

  • မက်ဆီအား မန်စီးတီး ခေါ်ယူမည့်သတင်း ကောလဟာလဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီပြော

    မက်ဆီအား မန်စီးတီး ခေါ်ယူမည့်သတင်း ကောလဟာလဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီပြော

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    633611_heroa
    – ပြီးခဲ့သည့် တစ်ပတ်ကပင် လာလီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်လာခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအား ခေါ်ယူမည်ဆိုသည့် သတင်းများကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။

    မက်ဆီမှာ ယခုနှစ်ရာသီကုန်တွင် ဘာကာမှ ထွက်ခွာနိုင်သည်ဟု ပြီးခဲ့သည့်တစ်ပတ်က အရိပ်အမြွက် ပြောကြားထားပြီး ဥရောကလပ်အသင်းများကလည်း ပြောင်းရွှေ့ကြေး အမြောက်အများသုံး၍ ခေါ်ယူသွားရန် ဆက်သွယ်နေကြသည်။

    မန်စီးတီးအသင်းမှာ ပြီးခဲ့သည်တစ်ပတ် တနင်္ဂနွေနေ့က အင်္ဂလန်တွင် ကစားခဲ့သည့် အာဂျင်တီးနားနှင့် ပေါ်တူဂီတို့၏ ခြေစမ်းပွဲမတိုင်မီ ၎င်းတို့၏ ပေါင်သန်းချီတန် အကယ်ဒမီသို့ မက်ဆီအား ဖိတ်ခေါ်ခဲ့ပြီးနောက် မက်ဆီအား ခေါ်ယူရန် ကြိုစားမှုတွင် ပါဝင်လာသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    `ကောလဟာလဆိုတာ ကောလဟာလပါပဲ။ သူဟာ ထူးခြားတဲ့အရာတွေကို လုပ်ပြခဲ့ပြီး သူ့လိုအဆင့်မျိုးကို ရောက်နိုင်တဲ့ကစားသမား အနည်းငယ်လောက်ပဲ ရှိပါတယ်။ သူရခဲ့တဲ့ မှတ်တမ်းက သူဟာ ဘာစီလိုနာမှာ ဘယ်လောက် အရေးပါသလဲဆိုတာ ပြနေတာပါပဲ´ ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်မှစတင်ကာ ခြေစွမ်းကျဆင်းခြင်း၊ ပြဿနာအချို့နှင့် ရင်ဆိုင်နေရခြင်း၊ ဘာစီလိုနာမှာလည်း အရှုပ်အထွေးများရှိနေခြင်း စသည်တို့ကြောင့် မက်ဆီ၏အနာဂတ်မှာ မသေချာတော့ဘဲ ရီးယဲလ်အပါအ၀င် အသင်းကြီးများကလည်း ခေါ်ယူရန် ကြိုးစားနေကြသည်။

  • မက်ဆီ ရီးယဲလ်ရောက်တော့မှာလား

    မက်ဆီ ရီးယဲလ်ရောက်တော့မှာလား

    နိုဝင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    626991_heroa
    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ပါက မိမိအနေဖြင့် ခေါ်ယူသွားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    လက်ရှိရာသီ ပြီးဆုံးသွားပါက မိမိတွင်ရှိနေသည့် ရွေးချယ်မှုများအားလုံးကို စဉ်းစားသွားမည်ဟု မက်ဆီက ဖွင့်ပြောခဲ့ပြီးနောက်ပိုင်း မက်ဆီမှာ ဘာစီလိုနာအသင်းမှ ထွက်ခွာရန် စီစဉ်နေသည်ဟု မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်များအတွင်း ဘာစီလိုနာမှ ကစားသမားအချို့ ရီးယဲလ်သို့ ရောက်ရှိသည့် အစဉ်အလာရှိခဲ့ပြီး အန်ဆယ်လော့တီကလည် မက်ဆီအား ခေါ်ယူလိုသည့် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    “ရီးယဲလ်မှာ မက်ဆီအံဝင်နိုင်ပါ့မလားဆိုတော့ အရည်အသွေးပြည့်ဝတဲ့ အသင်းအားလုံးမှာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေအတွက် နေရာရှိပါတယ်” ဟု သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    အကယ်၍ မက်ဆီသာ ရီးယဲလ်သို့ ရောက်လာပါက ၎င်း၏ ပြိုင်ဘက် ရော်နယ်ဒိုနှင့် တွဲကစားရမည့် အလားအလာ ရှိနေသည်။ မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို လေးကြိမ်ရရှိထားပြီး ရော်နယ်ဒိုကလည်း ၂ ကြိမ်ရရှိထားကာ ယခုနှစ် ဇကာတင်စာရင်းတွင်လည်း ၎င်းတို့ နှစ်ဦးစလုံး ပါဝင်နေသည်။ သို့သော်လည်း ရော်နယ်ဒိုက ထိုဆုကို ရရှိရန် ပိုမိုရေပန်းစားနေသည်။