News @ M-Media

Tag: LaLiga

  • ရော်နယ်ဒို၏ အဆင့်သို့ ရောက်ချင်သည်ဟု ဝေးလ် တိုက်စစ်မှူး ဂါရက်ဘေးလ်ပြော

    ရော်နယ်ဒို၏ အဆင့်သို့ ရောက်ချင်သည်ဟု ဝေးလ် တိုက်စစ်မှူး ဂါရက်ဘေးလ်ပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၄
    M-Media
    456945_heroa
    – အသင်းရှိ ကမ္ဘာ့ အကောင်းဆုံးဆုရှင် ခရစ္စတီယာနိုရော်နယ်ဒိုမှာ အခြားသူများထက် မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး မိမိမှာလည်း ထိုအဆင့်သို့ ရောက်ရှိချင်သည်ဟု ရီးယဲလ်အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးက ပြောကြားလိုက်သည်။

    ယမန်နေ့က ဗယ်လက်ကာနိုအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ဘေးလ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ထိုပွဲမှာ ရီးယဲလ်အတွက် ၈ ပွဲကစားပေးထားသည့် ဘေးလ်အတွက် ၅ ဂိုး မြောက်လည်း ဖြစ်သည်။

    သို့သော်လည်း ၁၆ ပွဲကစားပြီး ၂၂ ဂိုးသွင်းထားနိုင်သည့် ရော်နယ်ဒိုကဲ့သို့ ကမ္ဘာ့ပြိုင်စံရှား ကစားသမားတစ်ဦးဖြစ်လာရန် ဘေးလ်က ဆန္ဒရှိနေသည်။

    “ကျွန်တော်ဟာ တစ်ချိန်လုံး တိုးတက်နေပြီး ရော်နယ်ဒိုလိုအဆင့်ရောက်ဖို့ ကြိုးစားနေပါတယ်။ သူသွင်းခဲ့တဲ့ဂိုးတွေနဲ့ အသင်းအတွက် သူစွမ်းဆောင်ပေးခဲ့တာတွေက အံ့သြလောက်စရာပါပဲ။ ဘယ်သူမှ သူ့လို မရှင်သန်နိုင်ပါဘူး။ အခုအချိန်မှာတော့ သူဟာ အခြားသူတွေထက် နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိနေပါပြီ။ လေ့ကျင့်ကွင်းနဲ့ ပွဲတွေထဲမှာ သူ့ကိုမြင်ရတာဟာ ကျွန်တော့်အနေနဲ့ ဆက်လက်တိုးတက်အောင်လုပ်ဖို့ အားဖြစ်စေပါတယ်။ တစ်နေ့တော့ ကျွန်တော်လည်း အဲဒီနေရာရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဘေးလ်က BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ယမန်နှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုမှာ ယခုနှစ် ဇကာတင်စာရင်းတွင်လည်း ပါဝင်နေပြီး ဆက်လက်ရွေးချယ်ခံရရန် ရေပန်းစားနေသည်။

  • ကွင်းပြင်ပ ပြဿနာများက ဘာစီလိုနာအား ဂုဏ်သိက္ခာ ကျဆင်းစေခဲ့သည်ဟု ဂျိုဟန်ခရိုက်ဖ်ပြော

    ကွင်းပြင်ပ ပြဿနာများက ဘာစီလိုနာအား ဂုဏ်သိက္ခာ ကျဆင်းစေခဲ့သည်ဟု ဂျိုဟန်ခရိုက်ဖ်ပြော

    နိုဝင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    414146_heroa
    – ဘာစီလိုနာ၏ ကွင်းပြင်ပ ပြဿနာများက ကွင်းအတွင်းစွမ်းဆောင်ရည်ကိုပါ ထိခိုက်နေပြီး အသင်း၏ ဂုဏ်သိက္ခာမှာလည်း ယခင်ကထက် ကျဆင်းခဲ့ပြီးဟု အသင်း၏ ဂန္တ၀င်ကစားသမားဟောင်း ဂျိုဟန်ခရိုက်ဖ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာမှာ ပြီးခဲ့သည့် လများအတွင်း မက်ဆီ၏ အခွန်လိမ်လည်မှု ပြဿနာ၊ နေးမာ၏ အပြောင်းအရွေ့တွင် ချစားမှုများရှိခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အသင်းဥက္ကဌဟောင်း ရိုဆဲလ် တရားရုံးတက်ရခြင်း၊ လူငယ်ကစားသမားများကို ဥပဒေပ ခေါ်ယူခဲ့သောကြောင့် ၂၀၁၅ ခုနှစ်တွင် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရမှု၊ အသင်းဥက္ကဌဟောင်း ဂျိုးဆက်ပ် လူအစ် နူနက်ဇ် အခွန်လိမ်လည်မှုဖြင့် ထောင်ကျခြင်း စသည့် ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။

    ထို့ကြောင့် အသင်း၏နည်းပြဟောင်းတစ်ဦးလည်းဖြစ်ခဲ့ဖူးသူ ဂျိုဟန်ခရိုက်ဖက်က ဘာစီလိုနာအသင်း၏  ယုတ်လျော့မှုကို တွေ့မြင်ရသည်မှာ ၀မ်းနည်းပက်လက်ဖြစ်ရသည်ဟု ဆိုသည်။

    “ဘာစီလိုနာကို ဒီလိုပုံစံမျိုးနဲ့မြင်ရတာ စိတ်မကောင်းပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ကျွန်တော်တို့ဟာ ဂုဏ်သိက္ခာတွေ ဆုံးရှုံးခဲ့ပါပြီ။ ယူနီဆက်ဖ်ရဲ့ မိတ်ဖက်ဖြစ်ခြင်းနဲ့အတူ ဘာစီလိုနာဟာ အရင်က ကမ္ဘာရဲ့ ရတနာတစ်ပါးဖြစ်ပြီး လူတိုင်းက ဘာကာကို စောင့်ကြည့်ချင်ခဲ့ကြပါတယ်။ ဒီအသင်းကို ချစ်ခင်တဲ့သူမှန်သမျှ အခုဖြစ်နေတာတွေအတွက် မပျော်ရွင်ကြပါဘူး” ဟု ခရိုက်ဖ်က ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ အာဂျင်တိုင်းကွင်လယ်လူ မက်ဆီအပေါ်ဝေဖန်မှုများကိုလည်း ကန့်ကွက်ခဲ့ပြီး မက်ဆီမှာ တစ်ဦးတည်းကစား၍ မရကြောင်း၊ နေးမာ၊ ဆွာရက်ဇ်တို့နှင့်တူ ပေါင်းစပ်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နည်းပြ အန်းရစ်နှင့်ပတ်သက်၍ မိမိတွင် အကြံပြုစရာမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ မပြနိုင်သေးဘဲ ပြီးခဲ့သည့် လာလီဂါ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။

  • ခရစ္စတီယာနို ရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ကျွမ်းကျင်မှု မရှိဟု ကာပယ်လိုဆို

    ခရစ္စတီယာနို ရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ကျွမ်းကျင်မှု မရှိဟု ကာပယ်လိုဆို

    နိုဝင်ဘာ ၁၊ ၂၀၁၄
    M-Media
    532451_heroa
    ယမန်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ခရစ္စတီယာနိုရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ကျွမ်းကျင်မှုမရှိဘဲ အခြားကစားသမားများတွင်မရှိသည့် စွမ်းရည်များမှာ မက်ဆီတွင် ရှိနေသည်ဟု ဂျူဗင်တပ်စ်နည်းပြဟောင်း ကာပယ်လိုက ပြောကြားလိုက်သည်။

    လာလီဂါပြိုင်ဘက်များဖြစ်သည့် ရော်နယ်ဒိုနှင့် မက်ဆီတို့ ၂ ဦးစလုံးမှာ မကြာသေးမီက ဖီဖာမှ ထုတ်ပြန်ခဲ့သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု  Ballon d’Or စကာတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်  Ballon d’Or ဆုရှင် ရော်နယ်ဒိုကသာ ထပ်မံရရှိရန် အလားအလာ ရှိနေသည်။

    ၂၀၀၅ ခုနှစ်တွင် ဘာကာနှင့် ဂျူဗင်တပ်စ်တို့ကစားခဲ့သည့် Gamper Trophy ဖလားပြိုင်ပွဲတွင် မက်ဆီ၏ အရည်အချင်းကို သတိပြုမိခဲ့သည့် ကာပယ်လိုက ရော်နယ်ဒိုမှာ ကြံ့ခိုင်မှုပိုင်းပါဝါ ကောင်းသော်လည်း နည်းစနစ်ကျွမ်းကျင်မှုတွင် မက်ဆီကို မမှီဟု ဆိုသည်။

    “သူတို့နှစ်ယောက်စလုံးဟာ ထူးခြားတဲ့ကစားသမားတွေဖြစ်ကြပေမယ့် ခြားနားမှုတော့ ရှိပါတယ်။ ရော်နယ်ဒိုဟာ ပါဝါကောင်းတဲ့ကစားသမားတစ်ဦး ဖြစ်ပြီး နည်းစနစ်ပိုင်းလည်း ကောင်းပါတယ်။ ဒါပေမယ့် မက်ဆီမှာရှိတဲ့ ကျွမ်းကျင်မှုမျိုးတော့ မရှိပါဘူး” ဟု ကာပယ်လိုက AS သတင်းစာသို့ ပြောကြားခဲ့သည်။

    Gamper Trophy ပွဲတွင် ထိုစဉ်က လူငယ်ကစားသမားဖြစ်သည့် မက်ဆီမှာ ကာနာဗာရိုဦးဆောင်သည့် ဂျူဗင်တပ်စ်နောက်တန်းကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပြီး မက်ဆီအား ဂျူဗင်တပ်စ်သို့ အငှားဖြင့်ခေါ်ယူရန်ပင် စီစဉ်ခဲ့ဖူးကြောင်း ကာပယ်လိုက ထည့်သွင်းပြောကြားခဲ့သည်။

  • ဇီဒိန်းအား စပိန်ဘောလုံး အဖွဲ့ချုပ်က နည်းပြလုပ်ခွင့် ၃ လ ပိတ်

    ဇီဒိန်းအား စပိန်ဘောလုံး အဖွဲ့ချုပ်က နည်းပြလုပ်ခွင့် ၃ လ ပိတ်

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    520581_heroa
    – ရီးယဲလ်မက်ဒရစ် အရန်အသင်းကို နည်းပြနေသည့် ဇီဒိန်းမှာ နည်းပြတစ်ယောက်အတွက် လိုအပ်သော အထောက်အထားများကို မပြသနိုင်မှုကြောင့် နည်းပြအလုပ်မှ ၃ လ ပိတ်ပင် ခံခဲ့ရသည်ဟု သိရသည်။

    အန်ဆယ်လော့တီ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဇီဒိန်းမှာ ပြီးခဲ့သည့်သြဂုတ်လက ရီးယဲလ်အရန်အသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ စပိန်တွင် ထိုရာထူးအား ထမ်းဆောင်ရန်အတွက် Level 3 အဆင့်ရှိ အသိအမှတ်ပြု စာရွက်စာတမ်းများ လိုအပ်သော်လည်း ဇီဒိန်းမှာ Level 2 အဆင့်နှင့်ညီသည့် ယူအီးအက်ဖ်အေ A လိုင်စင်သာ ရရှိထားသည်။

    ထို့ကြောင့် ဇီဒိန်း၏ ရာထူးနှင့် ပတ်သက်၍ တိုင်ကြာမှုများရှိခဲ့ပြီး အရန်အသင်း ပါဝင်ကစားနေသည့် ဆီဂန်ဒါ အမှတ်ပေးပြိုင်ပွဲ တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ၃ လ ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ဇီဒိန်အပြင် ၎င်း၏ လက်ထောက်နည်းပြဖြစ်သူ ဆန်တီယာဂို ဆန်းချက်ဇ်မှာလည်း ၃ လ ပိတ်ပင်ခြင်းခံခဲ့ရပြီး၊ ဇီဒိန်းတွင် အထောက်အထားမခိုင်လုံမှုအား ကာကွယ်ရန် ၎င်း၏ အထောက်အထားများကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။

    ရီးယဲလ်အသင်းကမူ ထိုဆုံးဖြတ်ချက်အား လက်မခံနိုင်ကြောင်း၊ ပြင်သစ်နိုင်ငံ၏ စည်းမျဉ်းအရ ဇီဒိန်းမှာ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နိုင်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “ဒီဆုံးဖြတ်ချက် အဓိပ္ပါယ်မရှိဘူးဆိုတာပြသဖို့ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတာအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

  • ပြီးခဲ့သည့်နှစ် လာလီဂါ အကောင်းဆုံး ဆု ၃ ခုကို ရော်နယ်ဒို ရရှိ

    ပြီးခဲ့သည့်နှစ် လာလီဂါ အကောင်းဆုံး ဆု ၃ ခုကို ရော်နယ်ဒို ရရှိ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    xronaldo-1414474439.jpg.pagespeed.ic.xLwruaHw_5
    – ၂၀၁၃-၂၀၁၄ ဘောလုံရာသီအတွက် လာလီဂါအကောင်းဆုံး ဆုများကို ယမန်နေ့က ပေးအပ်ချီးမြှင့်ခဲ့ရာ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားဆု အပါအ၀င် ဆု ၃ ဆုကို ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ် လာလီဂါတွင် ရီးယဲလ် အတွက် ပွဲပေါင်း ၃၀ ကစားပေးခဲ့ပြီး ၃၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ယခုကဲ့သို့ လာလီဂါ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းမှာ ၂၀၀၈-၀၉ ဘောလုံးရာသီ လာလီဂါသို့ စရောက်ပြီးနောက်ပိုင်း ပထဆုံးအကြိမ် အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    “ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ မိသားစုအားလုံးကို ကျွန်တော် ကျေးဇူးတင်ရပါမယ်။ ကျွန်တော့်ရဲ့ ကစားသမား သက်တမ်းတစ်လျှောက်မှာ ဒါဟာ သိပ်ကို ကောင်းမွန်တဲ့ ကာလပါပဲ။ ကျွန်တော့်အတွက် အရေးကြီးတာက အသင်းလိုက် ဆုရချင်တာပါ။ ဒါပေမယ့် တစ်ယောက်ချင်းစီအတွက် ရတဲ့ဆုကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ ဒီလိုအရည်အချင်းတွေကို ဆက်လက်တိုးတက်အောင်လုပ်ဖို့ ကျွန်တော် နေ့တိုင်းကြိုးစားပါတယ်” ဟု ယမန်နေ့ညက မက်ဒရစ်တွင်ပြုလုပ်သော ဆုပေးပွဲအခမ်းအနားတွင် ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ လာလီဂါ အကောင်းဆုံး ကစားသမားဆုအပြင်၊ အကောင်းဆုံး တိုက်စစ်မှူးဆုနှင့် ပွဲစဉ် ၃၆ ဗလင်စီယာနှင့်ပွဲတွင် သွင်းယူခဲ့သောဂိုးအတွက် အကောင်းဆုံး ဂိုးသွင်းနိုင်မှုဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

    အက်သလက်တီကိုမက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဆီမြွန်နီမှာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပြီး၊ ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာက အကောင်းဆုံး ကွယ်လယ်ကစားသမားဆုကို ရရှိခဲ့ပြီး အကောင်းဆုံးဆု ၁၂ ဆုကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။