News @ M-Media
Tag: Liverpool
  • အာဆင်နယ်နှင် သရေပွဲက ထိုက်တန်သည်ဟု လီဗာပူးလ်နည်းပြ ပြော
    အာဆင်နယ်နှင် သရေပွဲက ထိုက်တန်သည်ဟု လီဗာပူးလ်နည်းပြ ပြော
    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media
    liver
    – မေ့ရန်ခက်ခဲမည့် အာဆင်နယ်အသင်းနှင့်ပွဲတွင် မိမိတို့၏ သရေတစ်မှတ်မှ ထိုက်တန်ခဲ့သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
    ယနေ့မနက်က အန်ဖီးလ်တွင်ကစားခဲ့သည့် အဆိုပါပဲတွင် လီဗာပူးလ်မှာ မိနစ် ၂၀ အတွင်းမှာပင် ရော်ဘတ်တို့ ဖာမီနို၏ ဂိုးများဖြင့် ၂ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း အာဆင်နယ်အား ၃ ဂိုးပြန်ပေးခဲ့ရသည်။ ထို့နောက် မိနစ် ၉၀ တွင် အလန်၏ ချေပဂိုးကြောင် ၃ ဂိုးစီသရေကျခဲ့ပြီး တစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ ကလော့ပ်ကမူ မိမိတို့အသင်းမှာ ခံစစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။
    “ခံစစ်ကို ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရပါမယ်။ ပြောရတာတော့လွယ်တယ်ဗျ။ လုပ်ရတာ မလွယ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ဆန်းလည်း ဆန်းစစ်သွားမှာပါ။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်ဖို့ လိုပါတယ်” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အတွက် သရေမှာ ထိုက်တန်သည်ဟုလည်း ဆိုသည်။
    “ကံနည်းနည်းကောင်းဖို့ လိုတာပါ။ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ကစားသမားတွေကို ကျွန်တော်တို့ ပြောင်းလဲလိုက်တယ်။ ပြီးတော့ (တတိယဂိုးဟာ) ခရစ်ရှန် (ဘန်တီကီ) ရဲ့ ကောင်းမွန်တဲ့ ဘောလုံးဖန်တီးမှုဖြစ်ခဲ့ပြီး အမှားအယွင်းမရှိတဲ့ ခေါင်းတိုက်အဆုံးသတ်မှုလည်း ဖြစ်ခဲ့ပါတယ်။ သမိုင်းတ်တစ်လျှောက် ဖျော်ဖြေမှု ပေးစွမ်းနိုင်တဲ့ ဒီပွဲမှာ သရေဟာ ကောင်းကောင်းကြီးထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်”
    Ref: Goal
  • အင်္ဂလန်သို့လာချင်သည့် ဂွါဒီယိုလာကို ကလော့ပ်သတိပေး
    အင်္ဂလန်သို့လာချင်သည့် ဂွါဒီယိုလာကို ကလော့ပ်သတိပေး
    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media
    liver
    – အင်္ဂလန်ပရီးမီးယားလိဂ်မှာ ဘောလုံးကို ရူးသွပ်သည့်လိဂ်တစ်ခုဖြစ်ပြီး ဂွါဒီယိုလာအနေဖြင့် ထိုအတွက် ပြင်ဆင်ထားသင့်သည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ်က သတိပေးပြောကြားလိုက်သည်။
    ဂွါဒီယိုလာမှာ ယခုနှစ်ကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာတော့မည်ဖြစ်ပြီး ပရီးမီးယားလိဂ်သို့ လာရောက်ချင်သည်ဟု ဖွင့်ဟထားသည်။ ပရီးမီးယားလိဂ်အသင်းကြီး အများအပြားကလည်း ဂွါဒီယိုလာအား ပစ်မှတ်ထားနေပြီး ထိုအထဲတွင် မန်စီးတီးမှာ ရေပန်းအစားဆုံးဖြစ်နေသည်။ ကလော့ပ်ကမူ ပရီးမီးယားလိဂ် ဓလေ့နှင့်ပတ်သက်၍ သတိပေးခဲ့သည်။
    “(ပရီးမီးယားလိဂ်မှာ) ပွဲအများကြီး ကစားရပြီး၊ ဘောလုံးမှ ဘောလုံး ဖြစ်နေတာပါ။ ရာသီအကြိုပြင်ဆင်မှုမှာ အပြစ်အနာအဆာမရှိဖို့ လိုသလို၊ ရှည်လျားတဲ့ရာသီအတွက်လည်း ပြင်ဆင်ရပါတယ်။ ကျွန်တော်တို့ ဒါကိုသိပါတယ်။ ဒါပေမယ့် ခံစားမှုကတော့ မတူပါဘူး။ ပက်ပ် (ဂွါဒိယိုလာ) ဟာ တော်တော်အတွေ့အကြုံရှိတဲ့သူပါ။ ကစားသမား နည်းနည်းလေးဝယ်ပြီး အသင်းကောင်းတစ်သင်းဖြစ်အောင် လုပ်မယ်ဆိုတာ သေချာပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
    ထို့ပြင် ပရီးမီးယားလိဂ်ကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့သည်။
    “ဒီကအကြောင်းပြောရင်တော့ အကောင်းကြီးပဲဖြစ်မှာပါ။ ကြီးကျယ်တဲ့ တိုင်းပြည်၊ သဘောထားကြီးတဲ့ ပြည်သူတွေရှိတယ်။ အစားအသောက်ကလည်း လူတိုင်းပြောတာထက် ပိုကောင်းပါတယ်။ ရာသီဥတုကတော့ အားလုံး ပြောသလိုပဲ မကောင်းပါဘူး”
    Ref: Goal
  • ၀က်စ်ဟမ်းအရှုံးအတွက် နောက်တန်းကို လီဗာပူးလ်နည်းပြ အပြစ်တင်
    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media
    liver
    – ၀က်စ်ဟမ်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းနောက်တန်း၏ လေးလံနှေးကွေးမှုကို နည်းပြ ယာဂန်ကလော့ပ်က ဝေဖန်ပြောဆိုလိုက်ပြီး ကစားသမားများအနေဖြင့် တာဝန်ကျေပွန်ကြရန် တိုက်တွန်းခဲ့သည်။
    ယမန်နေ့က အဝေးကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်းမရှိဘဲ ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ကလော့ပ်ကမူ ရှုံးနိမ့်မှုအတွက် ဆင်ခြေမပေးလိုဟု ဆိုပြီး နောက်တန်းကိုသာ အပြစ်တင်ခဲ့သည်။
    “ဒါက ဘောလုံးပွဲပါ။ ခံစစ်ဆိုတာလည်း ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုါပဲ။ ကျွန်တော်က နောက်ခံလူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ နောက်တန်းဆိုတာ ပွဲတစ်ပွဲအတွက် သိပ်ကောင်းတဲ့ အစိတ်အပိုင်းပါ။ အမှားဖြစ်သွားရင်လည်း ကိစ္စမရှိပါဘူး အဲဒီအမှားကို ပြန်လည်ဆေးကြောနိုင်ပါတယ်။ ခံစစ်ကောင်းဖို့ကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ပွဲအတွင်း အခွင့်အရေးများရခဲ့သော်လည်း ဂိုးရရှိအောင် သွင်းယူနိုင်ခဲ့ခြင်းမရှိဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဇန်န၀ါရီတွင် လူထပ်မခေါ်ဘဲ ရှိနေသူများကိုသာ နေရာပေးမည်ဟု လီဗာပူးလ်နည်းပြပြော
    ဇန်န၀ါရီတွင် လူထပ်မခေါ်ဘဲ ရှိနေသူများကိုသာ နေရာပေးမည်ဟု လီဗာပူးလ်နည်းပြပြော
    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media
    klop
    – မိမိတို့အသင်းမှာ လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူရန် မလိုအပ်ဘဲ အသင်း၌ ရှိသူများကိုသာ အခွင့်အရေးပေးသွားမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
    ၂၀၁၁ ခုနှစ်တွင် အသင်းရှိ နာမည်ကြီးကစားသမားများဖြစ်သော လူးဝစ်ဆွာရက်ဇ်နှင့် အန်ဒီကာရိုလ်းတို့အား ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရောင်းချခဲ့သည့် လီဗာပူးလ်မှာ ယခုအချိန်တွင် နာမည်ကြီးကစားသမားများကို ၀ယ်ယူရန် ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
    “အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ တကယ်လို့ သူတို့ကို ယုံကြည်ရင် သူတို့ကလည်း ဒီယုံကြည်မှုအကျိုးကို ခံစားရမှာပါ။ တစ်ရက်နှစ်ရက်ကိစ္စမဟုတ်ပါဘူး။ ရေရှည်အတွက်ပါ။ ဒါက ကမ္ဘာကြီးကမြင်နေတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့မှာ ပြဿနာရှိတယ်ဆိုရင် ဒါဟာ အရည်အသွေးပြဿနာမဟုတ်ပါဘူး။ အာရုံစူးစိုက်မှုနဲ့ အခြားပြဿနာတွေပဲဖြစ်မှာပါ” ဟု အသင်းနှင့်ပတ်သက်၍ ကလော့ပ်က ပြောကြားခဲ့သည်။
    ထို့ပြင် အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် ကစားသမားများ၏ ဗီဒီယိုများကို ကြည့်ရှုနေပြီး ယခုဆောင်းရာသီ၊ သို့မဟုတ် နွေရာသီ သို့မဟုတ် မည်သည့်အချိန်၌ ခေါ်ယူမည်ကို မိမိအနေဖြင့် မသိရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    liver
    – နယူးကာဆယ် အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲကို ကြည့်ရခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပြီး မိမိအသင်းမှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။
    နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲအားလုံး ၈ ပွဲတွင် ၇ ပွဲတိတိ အနိုင်ကစားနိုင်ခဲ့သည့် လီဗာပူးလ်မှာ မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၌ အံ့အားသင့်ဖွယ် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။
    “တစ်ယောက်ယောက် စိတ်ပျက်မယ်ဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီရလဒ်အတွက် ရယ်ကောင်း ရယ်ကြပါလိမ့်မယ်။ ဒီပွဲကိုကြည့်တာထက် ဒီတနင်္ဂနွေမှာ လူတွေဟာ တစ်ခုခုလုပ်လိုက်တာကမှ ပိုကောင်းပါဦးမယ်။ ကျွန်တော်တို့ ဒီပွဲကနေ သင်ယူရမှာဖြစ်ပြီး ပြန်လည်း ပြန်လာရပါမယ်။ အသင်းသားတွေဟာ ဒါမျိုး လုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ကလော့ပ်က BBC Sport သို့ ပြောကြားခဲ့သည်။
    Ref: Goal