ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
M-Media
– မိမိအနေဖြင့် လိဂ်ဖလားကို ရရှိရန်အတွက် လောဘတကြီးဖြစ်နေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
လီဗာပူးလ်မှာ ယနေ့တွင် မန်စီးတီးအသင်းနှင့် လိဂ်ဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မန်စီးတီးမှာ ယခုတစ်ပတ်အတွင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုင်နမိုကိဗ်အသင်းအား အနိုင်ရရှိထားသည်။ လီဗာပူးလ်အား ကိုင်တွယ်မှု ၅ လတာ ကြာမြင်ခဲ့သည့် ကလော့ပ်ကမူ အသင်းအတွက် ပထမဆုံး ဖလားကို ရယူပေးရန် မျှော်လင့်နေသည်။
“မန်စီးတီးဟာ တစ်ခုခုဖြစ်အောင် လုပ်မှာဖြစ်ပြီး၊ မန်နျူယဲလ် ပယ်လီဂရီနီကလည်း တစ်ခုခုလုပ်ပြနိုင်ပါတယ်။ ဘောလုံးလောကဆိုတာ ဒါပါပဲ။ ဘာမှ ကံသေကံမပြောလို့မရပါဘူး။ ဒါကို လက်ခံရပါမယ်။ မန်စီးတီးဟာ အချိန်ကောင်းကို ရောက်နေပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်က လောဘကြီးပါတယ်။ လိဂ်ဖလားကို ကျွန်တော် ရယူချင်ပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal