News @ M-Media

Tag: Liverpool

  • အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    klopp

    – လိဂ်ဖလားတွင် ဆောက်သက်တမ်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းမှာ မှော်ဆန်သည့် အတွေးအခေါ်ကြောင့် မဟုတ်ဘဲ မိမိတို့၏အလုပ်ကို ကြိုးစားလုပ်နိုင်ခြင်းကြောင့်သာ ဖြစ်ပြီး အသင်းမှာ ဆုဖလားများကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ကွာတားဖိုင်နယ်ပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီဗွတ်က် အိုရီဂီက ဟက်ထရစ်၊ စတားရစ်ခ်ျက ၂ ဂိုးနှင့် ဂျော်ဒန် အိုဘီတို့က ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည့် လီဗာပူးလ်မှာ စတုတ်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    “ကျွန်တော်တို့မှာ မှော်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး။ ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာကြောင့်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဖလားစိန်ခေါ်သူဖြစ်ဖို့အတွက်တော့ ကျွန်တော်တို့အသင်းဟာ အင်အားတောင့်တင်းပါတယ်”

    အခြားကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးအသင်းက ဟားလ်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ အဲဗာတန်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    liver

    – အသင်းသို့ ရောက်ရှိလာသည့် နည်းပြသစ် ဂျာဂန်ကလော့ပ်က မိမိအား ယုံကြည်မှုရှိစေခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ်ကလိုင်းမှာ ပြီးခဲ့သည့် နွေရာသီက ဆောက်သက်တမ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲစလုံးတွင် ပါဝင်ကစားခွင့် ရထားသည်။ ကလိုင်းက မိမိမှာ လီဗာပူးလ်သို့ စရောက်သည့်အချိန်က ခြေစွမ်းအကုန်မထုတ်ခဲ့ဟု ဆိုသည်။

    “အသင်းသစ်ကို ရောက်တဲ့အချိန်မှာ လျှိုထားတတ်ပြီး အန္တရာယ်တွေကို သိပ်ပြီး မရင်ဆိုင်ချင်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော် ပွဲနည်းနည်းကစားထားပြီး စိန်ခေါ်မှုတွေကို ကျွန်တော် ထပ်ပြီး ရင်ဆိုင်နိုင်တော့မှာပါ။ ကျွန်တော် ကွင်းထဲကိုဝင်လာပြီး စွမ်းရည်ပြသနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘောလုံးလွတ်သွားလည်း သူ(ကလော့ပ်)က ယုံကြည်မှု မပျောက်ပါဘူး။ အဲဒါကြောင့် စိုးရိမ်စရာမလိုပါဘူး။ သူက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို ပိုပြီး ယုံကြည်မှုရှိလာအောင် ကြိုးစားပေးခဲ့ပါတယ်” ဟု ကလိုင်းက The Guardian သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • အရှက်တကွဲရှုံးနိမ့်မှုမှ မန်စီးတီး ပြန်လာနိုင်မည်ဟု မီလ်နာပြော

    အရှက်တကွဲရှုံးနိမ့်မှုမှ မန်စီးတီး ပြန်လာနိုင်မည်ဟု မီလ်နာပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    liver

    – မန်စီးတီးမှာ မိမိတို့အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရမှုမှ ပြန်လာနိုင်မည်ဖြစ်ပြီး မိမိတို့အသင်းမှာလည်း ယခုပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း လီဗာပူးလ်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    ၄ ဂိုး ၁ ဂိုးဖြင့် ပွဲပြီးခဲ့သည့် မန်စီးတီး၏ ထိုအရှုံးမှာ အီတီဟတ်ကွင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အိမ်ကွင်း၌ အဆိုးဝါးဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့သည်။ မီလ်နာမှာ မန်စီးတီးကစားသမား ဖြစ်ခဲ့ဖူးပြီး လီဗာပူးလ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ထိုအရှုံးက ၎င်း၏အသင်းဟောင်း ပုံစံကောင်းပြန်ရရန် လှုံ့ဆော်မှုဖြစ်မည်ဟု ၎င်းက ဆိုသည်။

    “သူတို့ဟာ ထိပ်တန်းကစားသမားတွေ ရှိတဲ့အသင်းပါ။ ပြီးတော့ ဒီအရှုံးက သူတို့ကို နာကျင်စေပါလိမ့်မယ်။ သူတို့ထဲက တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူတို့စိတ်ပျက်နေကြတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံကို သူတို့ချီးကျူးခဲ့ကြပြီး သူတို့ အဲဒီထက် ပိုကောင်းကောင်း ကစားနိုင်တယ်ဆိုတာလည်း သူတို့ သိပါတယ်။ သူတို့အတွက် ပွဲကောင်းတွေ ရှေ့မှာရှိနေပြီး ပြန်လာနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု မီလ်နာက ပြောကြားခဲ့သည်။

    ယခုပွဲအရှုံးကြောင့် ထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်စီးတီးမှာ တတိယနေရာအထိ ဆင်းပေးခဲ့ရသည်။

    Ref: Goal

  • အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းမည်ဟု ကလော့ပ်ပြော

    အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းမည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    liver

    – အသင်းနေဖြင့် လာမည့်နှစ်များတွင် အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းသွားရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်ကို ထိန်းထားနိုင်ခြင်းမရှိခဲ့သည့် လီဗာပူးလ်မှာ ပြီးခဲ့သည့်နှစ်က ရဟီမ်းစတာလင်ကို မန်စီးတီးသို့ ပေါင် ၄၉ သန်းဖြင့် လက်လွှတ်ခဲ့ရသည်။ ယခုတစ်ပတ်တွင် စတာလင်မှာ လီဗာပူးလ်အသင်းနှင့် ပြန်လည် တွေ့ဆုံရမည်ဖြစ်သည်။

    “စတာလင်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိပါဘူး။ ဒါပေမယ့် အဲဒါမျိုးနဲ့တူညီတဲ့ ဇာတ်လမ်းမျိုးတွေကိုတော့ ကျွန်တော် ကြားဖူးပါတယ်။ ဘယ်ကစားသမားမှ ထွက်မသွားချင်တဲ့ ကလပ်အသင်းဖြစ်လာအောင် ကျွန်တော် ကြိုးစားချင်ပါတယ်။ ဒါမျိုးကို ကျွန်တော်တို့ လုံးဝ လုပ်ရမယ့်အရာပါ။ ပြီးတော့ လုပ်လို့လည်း ရနိုင်ပါတယ်။ သွားရမယ့်ခရီးက ရှည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စလုပ်ရမှာဖြစ်ပြီး ဖြစ်လည်း ဖြစ်လာနိုင်မှာပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဥရောပပြိုင်ပွဲတွင် တောင့်တင်းသည့်အသင်းဖြင့် ယှဉ်ပြိုင်မည်ဟု ကလော့ပ်ပြော

    ဥရောပပြိုင်ပွဲတွင် တောင့်တင်းသည့်အသင်းဖြင့် ယှဉ်ပြိုင်မည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    klop

    – ယူရိုပါလိဂ်ပြိုင်ပွဲ လူရွေးချယ်မှုနှင့်ပတ်သက်၍ မိမိအနေဖြင့် တောင့်တင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပရီးမီးယားလိဂ် ရလဒ်များနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    နည်းပြဟောင်း ဘန်ဒန်ရော်ဂျာလက်ထက်တွင် ဥရောပပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်ထက် အားနည်းသည့် လူစာရင်းကိုသာ ထုတ်ပြန်လေ့ရှိပြီး ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွင် ကစားသမားများ၏ ကြံ့ခိုင်မှု ထိပ်ဆုံး၌ ရှိနေအောင် ဆောင်ရွက်ခဲ့သည်။

    “ချန်ပီယံလိဂ်ကစားရင် အမြဲတမ်း ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့မှာ ပွဲတွေကို ကစားရမှာပါ။ ရီးယဲလ်လိုအသင်းမျိုးကို ၁၇ နှစ်အရွယ် (အတွေ့အကြုံမရှိတဲ့) ကစားသမားတွေနဲ့ ရင်ဆိုင်မယ်လို့ ဘယ်သူမှ မပြောပါဘူး။ ဒါက သူတို့အတွက်လည်း မျှတမှု မရှိပါဘူး။ အဲဒီလိုကစားရင် ဒီလူငယ်လေးတွေ အတွေ့အကြုံတော့ရမယ်။ ဒါပေမယ့် အဲဒီအတွေ့အကြုံက သူတို့ မရသင့်တဲ့ဟာမျိုးပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal