News @ M-Media

Tag: Liverpool

  • ဘွန်ဒစ်လီဂါကစားသမားများကိုသာ ခေါ်ယူမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ပြော

    ဘွန်ဒစ်လီဂါကစားသမားများကိုသာ ခေါ်ယူမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ပြော

    ဧပြီ ၁၊ ၂၀၁၆
    M-Media

    klop

    – ရာသီကုန်တွင် အသင်း၌ ကစားသမားအားဖြည့်မှုကို ဂျာမန်ဘွန်ဒစ်လီဂါတစ်ခုတည်းမှ ပြုလုပ်မည်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရှာဖွေနေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ကလော့ပ်မှာ ရာသီကုန်တွင် အသင်းအား ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ရန်ရှိနေပြီး ၎င်းကိုင်တွယ်ခဲ့ဖူးသည့် ဒေါ့မွန်နှင့် ကျင်လည်ခဲ့ဖူးသည့် ဘွန်ဒစ်လီဂါတို့မှ ကစားသမားများသာ လီဗာပူးလ်သို့ ရောက်ရှိလာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

    သို့သော်လည်း ကလော့ပ်ကမူ နေရာတိုင်းမှ ကစားသမားများကို ရှာဖွေနေသည်ဟု ဆိုသည်။

    “ဂျာမန်နိုင်ငံသားဖြစ်တာကြောင့်ဆိုတာကို အခြေခံပြီး ကစားသမားတွေကို ခေါ်မှာမဟုတ်ပါဘူး။ ဒါက အဓိပ္ပါယ်မရှိတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ဘွန်ဒစ်လီဂါကနေပဲ ရှာမှာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက လိုက်ရှာနေပါတယ်။ ဒါပေမယ့် ကစားသမားတွေ ဘယ်ကလာလဲဆိုတာထက် အသင်းအတွက် အံဝင်ခွင်ကျဖြစ်မလားဆိုတာက ပိုအရေးကြီးပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်ရှိနေရန် လီဗာပူးလ်နည်းပြ တိုက်တွန်း

    အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်ရှိနေရန် လီဗာပူးလ်နည်းပြ တိုက်တွန်း

    မတ် ၅၊ ၂၀၁၆
    M-Media

    liverpool 1

    – ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရရှိအောင် ကြိုးစားနေသည့် အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်လက်ရှိနေစေရန် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က တိုက်တွန်းပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းမှာ အဆင့် ၄ နေရာနှင့် ၆ မှတ်အကွာဖြင့် အဆင့် ၈ နေရာတွင် ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် နီးစပ်လာခဲ့သည်။ မနက်ဖြန်တွင် လီဗာပူးလ်မှာ နိုဝင်ဘာလအတွင်းက ရှုံးနိမ့်ထားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ကလော့ပ်ကမူ ထိုပွဲအား အနိုင်ရရှိရန် အကြောင်းအရင်းများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “အားကစားမှာ စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ ကျွန်တော်တို့ စိတ်အားထက်သန်မှုရှိဖို့ လိုအပ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့နိုင်ဖို့ အကြောင်းအရင်းတစ်ခု ရှိပါတယ်။ အိမ်ကွင်းမှာ ကျွန်တော်တို့ မရှုံးသင့်ပေမယ့် ကျွန်တော်တို့ရှုံးခဲ့တယ်။ ဒါ့ကြောင့်ပါပဲ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    ထို့ပြင် လီဗာပူးလ်အသင်း ထိပ်ဆုံး ၄ သင်းစာရင်း ၀င်ရန်မှာ မိမိတို့၏ အာရုံစူးစိုက်မှုနှင့် အခြားအသင်းများ၏ ခြေချော်မှုအပေါ်တွင်လည်း မူတည်သည်ဟု ကလော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • မန်စီးတီးအား နိုင်ခဲ့သည့်ပုံစံမှာ မိမိတို့၏ စံပုံစံဖြစ်ရမည်ဟု ကလော့ပ်ပြော

    မန်စီးတီးအား နိုင်ခဲ့သည့်ပုံစံမှာ မိမိတို့၏ စံပုံစံဖြစ်ရမည်ဟု ကလော့ပ်ပြော

    မတ် ၃၊ ၂၀၁၆
    M-Media

    klop 4

    – မန်စီးတီးအသင်းအား မိမိတို့အနိုင်ရခဲ့သည့် ပုံစံကို ရှေ့ဆက်၍ သယ်ဆောင်ရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က လိဂ်ဖလားဗိုလ်လုပွဲတွင် ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအား ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် လီဗာပူးလ်မှာ ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး လာလ်နာ၊ မီလ်နာနှင့် ဖာမီနိုတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ကလော့ပ်ကမူ ထိုပွဲစွမ်းဆောင်ရည်ကို ကျေနပ်နေသည်။

    “ကျွန်တော်တို့ဟာ တော်တော်လေး အာရုံစူးစိုက်မှုရှိပြီး ဒါက ကျွန်တော်တို့ရဲ့ စံပုံစံ ဖြစ်ရပါမယ်။ လူတော်တော်များများကတော့ ကျွန်တော်တို့ အမြဲတမ်း ဒီလိုမကစားနိုင်ဘူးလို့ ပြောကြပါလိမ့်မယ်။ စိတ်ဝင်စားစရာမကောင်းဘူးပေါ့။ ဘောလုံးပွဲမှာ ကိုယ်ရဲ့စွမ်းအားကို ချွေတာဖို့ ဖြစ်နိုင်ချေက ဘောလုံးကို ကိုင်ထားနိုင်ဖို့ပါပဲ။ မြန်မြန်၊ အန္တရာယ်ကင်းကင်းနဲ့ ရိုးရိုးရှင်းရှင်း ကစားရင် ကိုယ့်ရဲ့စွမ်းအားကို ချွေတာနိုင်ပါတယ်။ ဒီလိုမျိုးပုံစံကို ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားနိုင်ပါတယ်။ ပထမပိုင်းမှာတော့ ဒီလို မကောင်းခဲ့ပါဘူး။ အမြဲတမ်း ဒီလို ကစားနိုင်ရမယ်ဆိုရင် ကျွန်တော့်အတွေး လွန်နေမလားမသိဘူး။ ဒါပေမယ့် ကောင်လေးတွေအတွက်တော့ ဒါဟာ အရေးကြီးတဲ့ ပြယုဂ်တစ်ခုပါပဲ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ယူရိုပါလိဂ်ရမှ လီဗာပူးလ် အခြေအနေကောင်းမည်ဟု တိုးရေးပြော

    ယူရိုပါလိဂ်ရမှ လီဗာပူးလ် အခြေအနေကောင်းမည်ဟု တိုးရေးပြော

    မတ် ၁၊ ၂၀၁၆
    M-Media

    liverpool

    – လိဂ်ဖလားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ် အောင်မြင်မှုကသာ ယခုနှစ် အသင်း၏ ဂုဏ်သိက္ခာကို ကယ်တင်နိုင်မည်ဟု ယုံကြည်ကြောင်း လီဗာပူးလ်နောက်ခံလူ ကိုလိုတိုးရေးက ပြောကြားလိုက်သည်။

    ပြီးခဲ့စနေနေ့ လိဂ်ဖလားဗိုလ်လုပွဲတွင် ယာဂန်ကလော့ပ်၏ လီဗာပူးလ်မှာ မန်စီးတီးအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ် ဖလားရရန် အကောင်းဆုံးအခြေအနေကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ယူရိုပါလိဂ်တွင်မူ လီဗာပူးလ်မှာ ၁၆ သင်းအဆင့်သို့ တက်ရာက်သွားခဲ့ပြီး မန်ယူနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    “ယူရိုပါလိဂ်ကို ရရှိမှ ဒီရာသီ ကျွန်တော်တို့ရဲ့ အခြေအနေကို ကယ်တင်နိုင်မှာပါ။ ပရီးမီးယားလိဂ်မှာတော့ ကျွန်တော်တို့ မလုပ်နိုင်သေးပါဘူး။ တကယ်တော့ အရှေ့မှာ ကျွန်တော်တို့ ပွဲတွေအများကြီး ကစားဖို့ ရှိနေပါတယ်။ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲတစ်ပွဲလည်း ရှိနေပါတယ်။ ဒီအရှုံး (လိဂ်ဖလားအရှုံး) ကို ချေဖျက်ဖို့လိုပါတယ်။ ပြီးတော့ ရှေ့လာမယ့်ပွဲတွေ ခက်ခဲမှာဖြစ်တဲ့အတွက် အာရုံစိုက်ရပါမယ်” ဟု တိုးရေးက ပြောကြားခဲ့သည်။

    Ref: Goal

  • လိဂ်ဖလားအရှုံးကို တွန်းအားအဖြစ် အသုံးချမည်ဟု လီဗာပူးလ်နည်းပြ ပြော

    လိဂ်ဖလားအရှုံးကို တွန်းအားအဖြစ် အသုံးချမည်ဟု လီဗာပူးလ်နည်းပြ ပြော

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    klop 3

    – လိဂ်ဖလားဗိုလ်လုပွဲ ရှုံးနိမ့်ရခြင်း၏ နာကျင်မှုကို အပြည့်အ၀ခံစားကာ အနာဂတ်အောင်မြင်မှုအတွက် တွန်းအားအဖြစ် အသုံးချသွားမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် မန်စီးတီးနှင့် အဆိုပါဗိုလ်လုပွဲတွင် ဖာနန်ဒင်ဟို၏ အဖွင့်ဂိုးကို ကော်တင်ဟိုက ပြန်လည်ချေပနိုင်ခဲ့သော်လည်း ပင်နယ်တီတွင် လီဗာပူးလ်က ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အသက် ၄၈ နှစ်အရွယ် ကလော့ပ်ကမူ ဒုတိယနေရာသာ ရရှိခဲ့ခြင်းမှာ အရာမရောက်ဟု ပွဲအပြီးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

    “အခုအချိန်မှာတော့ ဘာကိုမှ ကျွန်တော် အကောင်းမမြင်နိုင်ပါဘူး။ ကျွန်တော်လည်း လူသားတစ်ယောက်ပဲလေ။ ဒီလို အရှုံးကြီးရှုံးတာဟာ ကျွန်တော့်အတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်လည်း ကျွန်တော် ဒီလို ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ပြီးတော့ နိုင်လည်း နိုင်ခဲ့ဖူးပါတယ်။ ဘယ်လိုဖြစ်သလဲဆိုတာ ကျွန်တော်သိတယ်။ အခု ကျွန်တော် အိမ်ပြန်၊ တံခါးပိတ်ပြီး ၃ လေးပတ်လောက်အပြင်မထွက်ဘူးလို့ ခင်ဗျားတို့ထင်နေလား။ စိတ်ဓာတ်ကျတာကတော့ ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် အေးဆေးပါ။ အရှုံးကိုခံစားရမယ်။ အမြဲတမ်း ပြန်လည်နိုးထရပါမယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal