News @ M-Media
Tag: malaysia
  • မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား
    မလေးရှားရှိ မြန်မာ လုပ်သားတစ်ဦး လစာ မရ၍ သေကြောင်းကြံစည်မှု ဖြစ်ပွား
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media
    myanamr 3
    – မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးမှာ လစာမရ၍ လည်ပင်းကို လှီးဖြတ်ကာ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    မုဒုံမြို့မှ ကျော်လင်းထိုက်ဆိုသူဖြစ်ပြီး Paramount Garden ရှိ ပင်လယ်စာ စားသောက်ဆိုင်တွင် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အလုပ်ဝင်လုပ်ခဲ့သည်ဟု ယုံကြည်ရသည်။ ၎င်းမှာ ပုလင်းကွဲဖြင့် လည်ပင်းအားဖြတ်ကာ သေကြောင်းကြံခဲ့ခြင်းဖြစ်ပြီ အင်္ဂါနေ့ည ၇ နာရီခွဲက Mutiara Damansara အနီးရှိ ရှော့ပင်းမောလ် အနားတွင် ၎င်းအား တွေ့ခဲ့ရခြင်းဖြစ်သည်။
    “အခင်းဖြစ်ပွားချိန်မှာ အဲဒီနားကဖြစ်ပုံရတဲ့ ဆရာဝန်တစ်ယောက်က သူ့ကို သတိပြုမိခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေ အရတော့ လစာမရတဲ့အတွက် အဲဒီကောင်လေးက စိတ်ပျက်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ပတ်တလင်းဂျာယာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ မိုဟာမက် ဇာနည်က ပြောကြားခဲ့သည်။
    ကျော်လင်းထိုက်ကို လက်ရှိအချိန်တွင် ဆွန်ဂိုင်းဘုလို့ ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ လုပ်ကိုင်နေသည့် စားသောက်ဆိုင်အများစုမှာ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည့် စားသောက်ဆိုင်များ ဖြစ်ကြသည်။
    Ref: The Star
  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ သားဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်
    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ သားဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်
    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media
    malay 3
    – မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ သားဖြစ်သူဟာ ပြည်နယ်ဝန်ကြီးချုပ်နေရာကနေ နှုတ်ထွက်သွားခဲ့ပြီး ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က သူနဲ့ ပုခုံးချင်းယှဉ်မယ့် ပြိုင်ဘက်ကို ရှင်းလင်းတာ ဖြစ်မယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ရှုမြင်နေကြပါတယ်။
    ကဒါဟ်ပြည်နယ် ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၁ နှစ်အရွယ် မုခ်ရစ်ဇ် မုခ်ရစ်ဇ်ဖြစ်ပြီး အာဏာရ UMNO ပါတီရဲ့ ဖိအားပေးမှုကြောင့် ယမန်နေ့က ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ မလေးရှားမီဒီယာတွေကဖော်ပြကြပါတယ်။
    မုခ်ရစ်ဇ်ဟာ အနာဂတ် မလေးရှား ၀န်ကြီးချုပ်နေရာအတွက် လျာထားခံရသူတစ်ယောက် ဖြစ်ပေမယ့် ငွေကြေးခြစားမှု ပြဿနာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်နာဂျစ်ကို မဟာသီယာက ဝေဖန်ခဲ့ပြီး ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုခဲ့တာကြောင့် မုခ်ရစ်ဇ်ရဲ့ ၀န်ကြီးချုပ်ဖြစ်ရေး အခွင့်အလမ်းကို ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
    အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ 1Malaysia Development ကနေ ဒေါ်လာ လေးဘီလီယံလောက် ပျောက်ဆုံးခဲ့တယ်လို့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က သတင်းတွေထွက်ပေါ်ခဲ့တဲ့ ပြဿနာအတွက် မလေးရှားအစိုးရဟာ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။
    အဲဒီလုပ်ငန်းကို ၂၀၀၉ ခုနှစ်မှာ နာဂျစ်က တည်ထောင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းမှာ အမေရိကန် ဒေါ်လာ ၆၈၁ သန်းလောက် ရှိနေတဲ့ အထောက်အထားတွေ ထွက်ပေါ်လာပြီးတဲ့နောက် နာဂျစ်ကိုယ်တိုင် ထိုပြဿနာမှာ ပါဝင်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း မဟာသီကတော့ နာဂျစ်ဘ်အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးပြီး အမှုရင်ဆိုင်ဖို့တောင်းဆိုခဲ့ပါတယ်။
    ပြီးခဲ့တဲ့လက မလေးရှား ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက နာဂျစ်အပါ် စွပ်စွဲထားမှုများကို ချေဖျက်ခဲ့ပြီး အဲဒီပိုက်ဆံတွေဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ သီးသန့်အလှူငွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီသတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ နာဂျစ်က ဒုတိယ၀န်ကြီးချုပ်နဲ့ ရှေ့နေချုပ်တို့လို သူ့ကို ဝေဖန်သူတွေကို ထုတ်ပယ်တာမျိုးလုပ်ပြီး ကတ်ဘိနက်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။
    Ref: presstv
  • မလေးရှားဝန်ကြီးချုပ် ဘဏ်စာရင်းမှ ဒေါ်လာ သန်း ၇၀၀ နီးပါးကိစ္စကို ရှေ့နေချုပ်ရှင်းလင်း
    မလေးရှားဝန်ကြီးချုပ် ဘဏ်စာရင်းမှ ဒေါ်လာ သန်း ၇၀၀ နီးပါးကိစ္စကို ရှေ့နေချုပ်ရှင်းလင်း
    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    najib
    M-Media- မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲသို့ ဆော်ဒီမှ ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်း လွှဲပေးမှုမှာမည်သည့်ရာဇ၀တ်မှု၊ ခြစားမှုမှ မမြောက်ဘဲ ဆော်ဒီတော်ဝင်မိသားစုက လက်ဆောင်အဖြစ် ပေးအပ်ခြင်းသာဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု မလေးရှားရှေ့နေချုပ်က ယနေ့တွင် ပြောကြားလိုက်သည်။
    “ဒီငွေတွေဟ လာဘ်ထိုးတဲ့ငွေ ဒါမှမဟုတ် ခြစားတဲ့ငွေပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ တွေ့ရှိချက်အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာ့ကြောင့် ၀န်ကြီးချုပ်နာဂျစ်ကို ဒီငွေပေးလဲဆိုတာ အကြောင်းပြချက်တော့ မပေးခဲ့ပါဘူး။ ဒါဟာ သူနဲ့ ဆော်ဒီတော်ဝင်မိသားစုတို့ကြားက ကိစ္စပါပဲ” ဟု ယနေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက ပြောကြားခဲ့သည်။
    ထို့ပြင် မလေးရှားခြစားမှုတိုက်ဖက်ရေး အေဂျင်စီက ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု ၃ ခုတွင် နာဂျစ်မှာ မည်သည့် ရာဇ၀တ်မှုကိုမှ ကျူးလွန်ခဲ့သည်ကို မတွေ့ရှိရကြောင်း၊ နောက်ထပ် မည်သည့်စုံစမ်းမှုမှ ပြုလုပ်တော့မည်ဟုတ်ကြောင်း ရှေ့နေချုပ်က ထပ်လောင်းပြောကြားခဲ့သည်။
    အသုံးပြုစရာမရှိသောကြောင့် ကန်ဒေါ်လာ သန်း ၆၂၀ ကို နာဂျစ်က ဆော်ဒီနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု အလီက ဆိုသည်။
    နာဂျစ်က အကြီးအကဲဖြစ်တာဝန်ယူထားသည့် နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) တွင် ဒေါ်လာဘီလီယံနှင့်ချီ အကြွေးတင်နေသည့်အချိန် ၎င်း၏ ငွေစာရင်းတွင် ထိုငွေများကို တွေ့ရှိခဲ့ရခြင်းကြောင့် ၀န်ကြီးချုပ်နာဂျစ်မှာ ဝေဖန်မှုများခံခဲ့ရကာ ရာထူးမှ နှုတ်ထွက်ရန်အထိ ဖိအားပေးခြင်း ခံခဲ့ရသည်။
    Ref : Aljazeera
  • အကြမ်းဖက်တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံကို မလေးရှားတွင်ပြုလုပ်
    အကြမ်းဖက်တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံကို မလေးရှားတွင်ပြုလုပ်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    kualalumpur
    – အစွန်းရောက်မှုနှင့် အကြမ်းဖက်တိုက်ဖျက်ရေး နိုင်ငံတကာ ညီလာခံကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ယနေ့မှ စတင်ကာ ကျင်းပပြုလုပ်နေပြီး IS အကြမ်းဖက်အဖွဲ့ကဲ့သို့ လက်နက်ကိုင်အုပ်စုများ၏ ကြီးထွားလာသော ခြိမ်းခြောက်မှုများမှ မလေးရှားပြည်သူများအား ကာကွယ်ပေးရန် မိမိအနေဖြင့် အရာရာတိုင်းကို ဆောင်ရွက်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားလိုက်သည်။
    ညီလာခံအဖွင့်မိန့်ခွန်းတွင် နာဂျစ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေများကို ပြဌာန်းထားသည်ဟုလည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားအပြီး ၁၁ ရက်ကြာတွင် ပေါ်ထွက်လာခဲ့သည့် အဆိုပါ ညီလာခံမှာ ၂ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး အာဆီယံနိုင်ငံမှ ၀န်ကြီးများ၊ မလေးရှား၏ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ ၉ နိုင်ငံဖြစ်သော သြစတေးလျ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ တရုတ်၊ ဆော်ဒီ၊ ယူအေအီး၊ ယူကေနှင့် အမေရိကန်တို့မှ ၀န်ကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။
    ဂျကာတာတိုက်ခိုက်မှုက အရှေ့တောင်အာရှတွင် အကြမ်းဖက်အဖွဲ့၏ အယူအဆများ ပြန့်နှံ့မှု ကြီးထွားလာနေသည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေပြီး မလေးရှား အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ အယွဘ်ခန်း မိုင်ဒင် ပစ်ချေးက မိမိတို့မှာ ဖြစ်လာနိုင်ဖွယ်ရှိသည့် တိုက်ခိုက်မှုတိုင်းကို တားဆီးနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
    “ဘယ်ဥပဒေစိုးမိုးရေးအဖွဲ့ကမှ ဒီလိုတိုက်ခိုက်မှုတွ ဖြစ်မလာဘူးလို့ ရာနှုန်းပြည့် အာမ မခံနိုင်ပါဘူး” ဟု ပစ်ချေးက ဆိုသည်။
    ပြီးခဲ့သည့်ဖေဖော်ဝါရီလကတည်းက အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုပေါင်း ၇ ခုကို ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံရပ်ခြားတွင် IS အဖွဲ့နှင့် သွားရောက်ပူးပေါင်းသူ မလေးရှား နိုင်ငံသားများမှာ ရာကျော်ရှိသည်ဟု ခန့်မှန်းထားပြီး ၇၂ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကာ ၈ ဦးမှာ နိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာခဲ့ကြသည်။
    အစ္စလာမ်နှင့် မပတ်သက်
    “လူရာချီသေတယ်။ တော်တော်များများက ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့တယ်။ ဒါက ဘာအတွက်လဲ။ အစ္စလာမ်အတွက်မဟုတ်ပါဘူ။ အကြမ်းဖက်ဝါဒနဲ့ပတ်သက်တာဆိုလို့ အစ္စလာမ်မှာ ဘာမှမရှိဘူး။ ဒီအုပ်စုတွေက ငြိမ်းချမ်းရေး၊ သည်းခံမှုနဲ့ အပြန်အလှည် နားလည်သဘောပေါက်ဖို့အတွက် သင်ကြားတဲ့ ဘာသာတရားကို စော်ကားနေတဲ့ အုပ်စုတွေပါ။ ‘ငါတို့နာမည်ကို အလွဲသုံးစားမလုပ်နဲ့’ လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတဲ့ မွတ်စလင်အများစုကို အဲဒီ အဖွဲ့တွေက ကြောက်ရွံ့နေကြပါတယ်”
    ထို့ပြင် အကြမ်းဖက်အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး အရေးပါသည့် အစိတ်အပိုင်းမှာ ဘာသာတရားနှင့်ပတ်သက်၍ ရုပ်ဖျက်ပြောဆိုခြင်း၊ လိမ်ညာပြောဆိုခြင်းတို့ကို ရှင်းလင်းဖယ်ရှားခြင်းပင် ဖြစ်သည်ဟု နာဂျစ်က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • IS အဖွဲ့နဲ့ဆက်နွယ်နေတဲ့ စစ်သွေးကြွခုနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ကြောင်း မလေးရှားပြော
    IS အဖွဲ့နဲ့ဆက်နွယ်နေတဲ့ စစ်သွေးကြွခုနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ကြောင်း မလေးရှားပြော
    ဇန်ဝါရီ ၂၅၊ ၂၀၁၆
    M-Media
    – နိုင်ငံတစ်ဝှမ်း သုံးရက်ကြာ စစ်ဆင်ရေးလုပ်ပြီးနောက် IS လျှို့ဝှက်အဖွဲ့ခွဲတစ်ခုရဲ့ အဖွဲ့ဝင် ခုနှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။
    မလေးရှားက အိမ်ရှင်အဖြစ်ပြုလုပ်မယ့် အစွန်းရောက်တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ဖွဲတစ်ခု မကျင်းပခင် အဲဒီစစ်ဆင်ရေးကို ဇန်န၀ါရီ ၂၂ ရက်နေ့က ပြည်နယ် ၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
    သံသယရှိသူတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လူခုနှစ်ယောက်သေဆုံးစေခဲ့တဲ့ ဇန်န၀ါရီ ၁၄ အသေခံဗုံးခွဲမှုတွေကို ပြုလုပ်ဖို့ခိုင်းစေခဲ့တဲ့ စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်သူ ဘာဟ်ရန် နအင်း အပါအ၀င် ဆီးရီးယားအခြေစိုက် IS အဖွဲ့ဝင်တွေထံကနေ မလေးရှားမှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ညွှန်ကြားချက်တွေ ရရှိထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
    မကြာခင်က ဆီးရီးယားမှာ ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုတစ်ခုနဲ့ဆက်နွယ်မှုရှိတဲ့ မလေးရှားနိုင်ငံသား IS စည်းရုံးရေးမှူး မိုဟာမက် ၀မ်ဒီ မိုဟာမက် ဂျေဒီ က ယခုဖမ်းဆီးခံရတဲ့သူတွေကို အမိန့်ပေးညွှန်ကြားနေတာဖြစ်တယ်လို့ ရဲချုပ် ခါလစ်ဒါ အဘူဘာကာရ်က ပြောကြားခဲ့ပါတယ်။
    ခါလစ်ဒ်ရဲ့ ပြောကြားချက်အရ ကွာလာလမ်ပူမှာ အသေခံတိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ ၀န်ခံထွက်ဆိုထားတဲ့ သံသယရှိသူ စစ်သွေးကြွတစ်ဦးကို ဇန်န၀ါရီ ၁၅ ရက်နေ့က ဖမ်းမိရာကနေ ကျန်တဲ့သူတွေကိုပါ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
    သံသယရှိထားသူတွေထဲက တစ်ဦးဟာ ဆီးရီးယားမှာရှိတဲ့ IS တွေနဲ့ ဆက်သွယ်ပြီး မလေးရှားနိုင်ငံသားတွေဆီက ငွေကြေးထောက်ပံ့မှုတွေလုပ်ဖို့ တာဝန်ယူထားတယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ ယင်းငွေတွေကို မလေးရှားမှာပဲ အကြမ်းဖက်မှုတွေလုပ်ဖို့ သုံးစွဲမှာဖြစ်တယ်လို့ ခါလစ်ဒ်က ပြောပါတယ်။
    ဖမ်းဆီးခံရသူတွေအားလုံးဟာ မလေးရှားနိုင်ငံသား အမျိုးသားတွေဖြစ်ပြီး အသက် ၂၆ နဲ့ ၅၀ ကြား ရှိကြပါတယ်။ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေထဲမှာ ကျည်ဆန်တွေ၊ စာရွက်စာတမ်းတွေ၊ IS အလံတွေနဲ့ ၀ါဒမှိုင်းတိုက်တဲ့ ဗီဒီယိုတွေ ပါဝင်ပါတယ်။
    Ref: Reuter