News @ M-Media

Tag: Man City

  • အသင်းဖော်များက မိမိအား တိုးတက်စေသည်ဟု စတာလင်ပြော

    အသင်းဖော်များက မိမိအား တိုးတက်စေသည်ဟု စတာလင်ပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    sterling

    – မန်စီးတီးသို့ ရောက်ရှိလာပြီးနောက် ပြသနိုင်သည့် မိမိ၏ စွမ်းဆောင်ရည်ကို ကျေနပ်မိပြီး မန်စီးတီးရှိ ကစားသမားများကလည်း မိမိအား တိုးတက်စေသည်ဟု ကွင်းလယ်လူ ရဟီမ်းစတာလင်က ပြောကြားလိုက်သည်။

    လီဗာပူးလ်တွင် ခြေစွမ်းပြကာ နာမည်ကျော်လာခဲ့သည့် အင်္ဂလန်ကွင်းလယ်လူ စတာလင်မှာ ပြီးခဲ့သည့်နွေရာသီက မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ၆ ဂိုး သွင်းယူပေးထားနိုင်သည်။ လက်ရှိအချိန်တွင် အင်္ဂလန်အသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲအတွက် စတာလင်က ပြင်ဆင်နေသည်။

    “အသင်းနဲ့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ (အမှတ်ပေးဇယားမှာ) ထိပ်ဆုံးရောက်နေတာကိုလည်း ကျွန်တော် ပျော်ရွင်ပါတယ်။ အရေးပါတဲ့ပွဲအချို့မှာ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်။ ဆက်ပြီး ဒီလိုလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ဟာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့လတွေ ဖြစ်ခဲ့ပြီး အဲဒီအတိုင်း ဆက်သွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ဗင်းဆင့် (ကွန်ပနီ)၊ ဆာဂျီယို (အဂူရို)၊ ဒေးဗစ် (ဆေးလ်ဗား)၊ ဂျိုး(ဟတ်) တို့လို ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းရတဲ့အခါ တိုးတက်အောင် လုပ်နိုင်ပါတယ်” ဟု စတာလင်က ပြောကြားခဲ့သည်။

    Ref: Goal

  • ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော

    ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    morinho

    – ယခုရာသီ ချယ်ဆီးအသင်း၏ ကျရှုံးမှုများအတွက် မော်ရင်ဟိုတွင် အပြစ်မရှိဘဲ မိမိတို့ကစားသမားများကသာ တာဝန်ယူရမည်ဟု နောက်ခံလူ တယ်ရီက ပြောကြားလိုက်သည်။

    ၁၁ ပွဲကစားပြီးချိန်တွင် ၆ ပွဲအထိ ရှုံးထားပြီး ၃ ပွဲသာ အနိုင်ရထားသည့် လက်ရှိချန်ပီယံ ချယ်ဆီးမှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၁၄ မှတ် ကွာဟနေပြီး အဆင့် ၁၅ နေရာတွင် ရှိနေသည်။ ထိုကဲ့သို့ ရလဒ်များ ဆိုးရွားမှုကြောင့် မော်ရင်ဟိုမှာလည်း ဖိအားဒဏ်ကို အလွန်အမင်း ခံစားနေရသည်။

    “ကိုယ်ပိုင်သဘောအရ ပြောရရင် ကျွန်တော်နဲ့ ကစားသမားတွေဟာ လုံလောက်အောက် ခြေစွမ်းမကောင်းခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ဒါဟာ နည်းပြရဲ့တာဝန် မဟုတ်ပါဘူး။ ကစားသမားတွေအားလုံးဟာ နည်းပြကို အပြည့်အ၀ ထောက်ခံတယ်။ ကျွန်တော်တို့ အတူတူရှိနေပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ မော်ရင်ဟိုဟာ ကဏ္ဍပေါင်းစုံနဲ့ပတ်သက်ပြီး ပြိုင်ဘက်ကင်းနည်းပြပါ။ ဒီအခြေအနေကို သူ ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု တယ်ရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • မန်စီးတီးရှိ စီနီယာကစားသမားများကို တိုးယေးချီးကျူး

    မန်စီးတီးရှိ စီနီယာကစားသမားများကို တိုးယေးချီးကျူး

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    toure

    – သက်ကြီးကစားသမား များပြားသည့်အတွက် ဝေဖန်မှုများ ရှိနေသော်လည်း အသင်းရှိ စီနီယာကစားသမားများကို မန်စီးတီးကွင်းလယ်လူ ယာယာတိုးယေးက ချီးကျူးခဲ့ပြီး မိမိတို့အသင်းတွင် ခေါင်းဆောင်နိုင်သူများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီက ချန်ပီယံချယ်ဆီးနောက် ဒုတိယနေရာဖြင့် ရာသီသိမ်းခဲ့ရသည့် မန်စီးတီးရှိ သက်ကြီးကစားသမားများမှာ စွမ်းဆောင်ရည် ကျဆင်းမှုများရှိနေပြီး ထို့ကြောင့်ပင် ဒုတိယရာသီဝက်တွင် ခြေစွမ်းမပြနိုင်ခြင်းဖြစ်သည်ဟု ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။

    “(စီနီယာ ကစားသမားတွေဟာ) အသင်းအတွက် သိပ်ကို အားဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာ အချိန်အတိုင်းအတာတစ်ခုအထိ အတူတကွ ကစားခဲ့ကြတယ်။ တစ်ယောက်အထာကို တစ်ယောက် ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ တူညီတဲ့ပုံစံနဲ့ အလုပ်လုပ်ကြပြီး ဒါက သိပ်ကို အရေးကြီးပါတယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။

    Ref: Goal

  • နေရာပြောင်းကစားရခြင်းက အကျိုးရှိသည်ဟု မန်စီးတီးတိုက်စစ်မှူးဆို

    နေရာပြောင်းကစားရခြင်းက အကျိုးရှိသည်ဟု မန်စီးတီးတိုက်စစ်မှူးဆို

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    de

    – မိမိမှာ အထောင်တိုက်စစ်မှူးအဖြစ် မည်သည့်အခါကမှ မကစားခဲ့ဖူးဘဲ ထိုနေရာတွင် ကစားရခြင်းက မိမိအတွက် အကျိုးရှိစေသည်ဟု မန်စီးတီးတိုက်စစ်မှူး ဒီဘရူနီက ပြောကြားလိုက်သည်။

    တောင်ပံကစားသမား သို့မဟုတ် နံပါတ် ၁၀ နေရာတွင်သာ ပုံမှန်ကစားလေ့ရှိသည့် ဘရူနီမှာ ယနေ့မနက် ဆီးဗီးလားနှင့် ချန်ပီယံလိဂ်ပွဲတွင် အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပြီး နာကျင်အချိန်ပိုတွင် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် ကျွန်တော်ဟာ အထောင်တိုက်စစ်မှူးအဖြစ် များများစားစား မကစားခဲ့ဖူးပါဘူး။ အခုအချိန် ကျွန်တော်တို့မှာ တိုက်စစ်မှူးတွေ အများကြီး ရှိမနေတာကြောင့် နည်းပြက အဲဒီနေရာကို ကစားခိုင်းရင် ကျွန်တော် ကြိုးစားမှာပါ” ဟု ဒီဘရူနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဘရူနီမှာ မန်စီးတီးအတွက် ၇ ပွဲကစားပေးထားပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ကာ နေရာအပြောင်းအလဲလုပ်၍ ကစားရခြင်းက မိမိအတွက် အကျိုးရှိသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • နောက်တစ်ဆင့်တက်ရေး အိမ်ကွင်းမှတ်တမ်း တိုးတက်ရမည်ဟု မန်စီးတီးနည်းပြပြော

    နောက်တစ်ဆင့်တက်ရေး အိမ်ကွင်းမှတ်တမ်း တိုးတက်ရမည်ဟု မန်စီးတီးနည်းပြပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    man

    – ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ကျော်ဖြတ်ချင်ပါက မိမိတို့မှာ အိမ်ကွင်းရလဒ်အား တိုးတက်အောင် ဆောင်ရွက်ရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ၎င်းကိုင်းတွယ်ပြီးနောက်ပိုင်းတွင် မန်စီးတီးမှာ ချန်ပီယံလိဂ် အိမ်ကွင်း စုစုပေါင်း ၉ ပွဲ၌ ၃ ပွဲသာ အနိုင်ရရှိထားပြီး ယခုနှစ် ပထမဆုံး အိမ်ကွင်းပွဲတွင်လည်း ဂျူဗင်တပ်စ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရှိတွင် မန်စီးတီးမှာ အုပ်စု D တွင် ၂ ပွဲကစား ၃ မှတ် ရရှိထားပြီး ယနေ့ညတွင် အမှတ်တူနေသည့် ဆီးဗီးလားနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

    “အချက်အလက်အတိအကျကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မဖြစ်မနေ တိုးတက်ရပါမယ်။ အိမ်ကွင်းမှတ်တမ်းလည်း ကျွန်တော်မသိပါဘူး။ ဒါက ကိန်းဂဏန်း၊ ဒါမှမဟုတ် သမိုင်းတစ်ခုပါပဲ။ ဒါက ကျွန်တော်တို့ ရှုံးနိမ့်အောင်၊ အောင်နိုင်အောင်လည်း မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ လာမယ့်ပွဲအတွက်ပဲ စဉ်းစားရမှာပါ။ အတိတ်ကို မဟုတ်ပါဘူး။ ခြားနားတဲ့အသင်းတစ်သင်းနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal