News @ M-Media

Tag: Man City

  • မန်စီးတီးမှာ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည်ဟု ပယ်လီဂရီနီပြော

    မန်စီးတီးမှာ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည်ဟု ပယ်လီဂရီနီပြော

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    mancity

    – မိမိတို့အသင်းမှာ ဘောလုံးလောကမှ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည့် အနေအထားမျိုး ရှိသည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာတို့အား ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းထွက်ပေါ်နေသည်။

    “ဘောလုံးလောကမှာ အရေးပါဆုံးဖြစ်ချင်ရင် ဒါမှမဟုတ် အရေးပါဆုံးတွေထဲက တစ်သင်း ဖြစ်ချင်ရင် အသင်းကို အကောင်းဆုံးကစားသမားတွေ ခေါ်ယူနိုင်ရပါမယ်။ ကျွန်တော်တို့ဟာ ဒါမျိုးလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီလိုကြိုးစားနေတဲ့အသင်းတွေ ၅ သင်း ၆ သင်းလောက်ရှိတာကြောင့် သိပ်တော့မလွယ်ပါဘူး။ ဒါက အလုပ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စတိုင်ပေါ်မှာ မူတည်ပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • မန်စီးတီးကို ပိုင်ဆိုင်သူများတွင် တရုတ်ကုမ္ပဏီ ပါဝင်လာ

    မန်စီးတီးကို ပိုင်ဆိုင်သူများတွင် တရုတ်ကုမ္ပဏီ ပါဝင်လာ

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    city

    – မန်စီးတီးအသင်းအား ပိုင်ဆိုင်သော City Football Group (CFG) က မိမိတို့မှာ တရုတ်ကုမ္ပဏီအုပ်စုတစ်ခု၏ ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး ရင်းနှီးမြှုပ်နှံမှုကို သဘောတူညီခဲ့သည်ဟု ကြေငြာခဲ့သည်။

    အဆိုပါ တရုတ်ကုမ္ပဏီမှာ မီဒီယာ၊ အင်တာတိန်းမန့်၊ အားကစားနှင့် အင်တာနက်လုပ်ငန်းများကို လုပ်ဆောင်နေသည့် CMC Holdings and CITIC Capital ကုမ္ပဏီဖြစ်ပြီး ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြောင့် CFG ၏ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်မည်ဖြစ်သည်။

    မန်စီးတီးအသင်းကို ၂၀၀၈ ခုနှစ်တွင် ရှိခ်မန်ဆူရ် ဘင် ဇေအဒ် အလ် နဟ်ယန်က ပေါင်း သန်း ၂၁၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တရုတ်ကုမ္ပဏီမှ ပါဝင်လာခြင်းကြောင့် ၎င်းမှာ အဘူဒါဘီယူနိုက်တက် အုပ်စုမှတစ်ဆင့် တစ်ဦးတည်းသော ရှယ်ယာပိုင်ရှင် မဟုတ်တော့ပေ။

    CMC ဥက္ကဌ ရူဂန်လီမှာ City Football Group ဘုတ်အဖွဲ့၏ အဖွဲ့ ၀င်တစ်ဦးဖြစ်လာခဲ့ပြီး ဘုတ်အဖွဲ့ဝင်မှာလည်း ၇ ဦးအထိ ရှိလာပြီဖြစ်သည်။ City Football Group မှာ မန်စီးတီးအသင်းနှင့်အတူ အမေရိကန်မေဂျာလိဂ်မှ နယူးယောက်စီးတီး၊ သြစတေးလျ အေ-လိဂ်မှ မဲလ်ဘုန်းစီးတီးအသင်းတို့ကိုလည်း ပူးတွဲပိုင်ဆိုင်ပြီး ဂျပန်လိဂ် ယိုကိုဟားမားအသင်းတွင်လည်း ရှယ်ယာ ပါဝင်ထားသည်။

    Ref: Goal

  • ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု သတင်းများထွက်ပေါ်

    ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု သတင်းများထွက်ပေါ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်နည်းပြ ဂွါဒီယိုလာမှာ အသင်းနှင့် သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီး ရာသီကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ဂွါဒီယိုလာမှာ ပြီးခဲ့သည့်လများအတွင်း မန်စီးတီးအသင်းနှင့် ဆက်သွယ်မှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် အသင်းပြောင်းတော့မည်ဟု ဂွာဒီယိုလာက ဆုံဖြတ်ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ မန်စီးတီး အသင်းပိုင်ရှင်များကမူ မန်နျူယဲလ် ပယ်လီဂရီနီအား ဇန်န၀ါရီတွင် ထုတ်ပယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    ဂွါဒီယိုလာ၏ ဘိုင်ယန်နည်းပြနေရာအား ဆက်ခံရန်အတွက် ချယ်ဆီးနှင့် ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ရေပန်းစားနေသည်။

    Ref: Goal

  • ဒဏ်ရာရသော်လည်း ကစားအားလျော့မည်မဟုတ်ဟု အဂူရိုပြော

    ဒဏ်ရာရသော်လည်း ကစားအားလျော့မည်မဟုတ်ဟု အဂူရိုပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    man

    – အကင်းမသေသေးသော ဒဏ်ရာအားများ ပျောက်ကင်းရန်အတွက် မိမိ၏ ကစားပုံကို ပြောင်းလဲသွားမည်မဟုတ်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။

    အဂူရိုမှာ မန်စီးတီးသို့ ရောက်ရှိလာကတည်းက ဒူးနှင့် တံကောက်ကြောဒဏ်များကြောင့် ရာသီတိုင်းတွင် အနားယူရလေ့ရှိသည်။ သို့သော်လည်း အဂူရိုကမူ မိမိ၏ အင်တိုက်အားတိုက်ကစားပုံကို လျော့သွားမည်မဟုတ်ဟု ဆိုသည်။

    “တွန်းတွန်းတိုက်တိုက် ကစားပုံကို ကြည့်ပြီးတော့ တိုင်းတာလို့ မရပါဘူး။ ကျွန်တော်ဟာ အမြဲတမ်း အမြင့်ဆုံး အင်အားနဲ့ပဲ ကစားပါတယ်။ အခြားနည်းလမ်းနဲ့ကစားဖို့ ကျွန်တော် မစဉ်းစားဖူးပါဘူး။ တစ်ခါတစ်ရံမှာ ကံမကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဆုံးစွန်ဆုံး ဆုလာဘ်က အကောင်းဆုံးပေးဆပ်မှ ရတာပါ။ ဒဏ်ရာရတာကတော့ ကျွန်တော့အတွက် ရှက်စရာပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ကြွက်သားဒဏ်ရာ မရတာ တစ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် ဖြစ်ရင်လည်းဖြစ်ပါစေ ကျွန်တော်တို့ရဲ့ ကစားအားကိုတော့ မလျော့ပါဘူး” ဟု အဂူရိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အရှက်တကွဲရှုံးနိမ့်မှုမှ မန်စီးတီး ပြန်လာနိုင်မည်ဟု မီလ်နာပြော

    အရှက်တကွဲရှုံးနိမ့်မှုမှ မန်စီးတီး ပြန်လာနိုင်မည်ဟု မီလ်နာပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    liver

    – မန်စီးတီးမှာ မိမိတို့အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရမှုမှ ပြန်လာနိုင်မည်ဖြစ်ပြီး မိမိတို့အသင်းမှာလည်း ယခုပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း လီဗာပူးလ်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    ၄ ဂိုး ၁ ဂိုးဖြင့် ပွဲပြီးခဲ့သည့် မန်စီးတီး၏ ထိုအရှုံးမှာ အီတီဟတ်ကွင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အိမ်ကွင်း၌ အဆိုးဝါးဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့သည်။ မီလ်နာမှာ မန်စီးတီးကစားသမား ဖြစ်ခဲ့ဖူးပြီး လီဗာပူးလ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ထိုအရှုံးက ၎င်း၏အသင်းဟောင်း ပုံစံကောင်းပြန်ရရန် လှုံ့ဆော်မှုဖြစ်မည်ဟု ၎င်းက ဆိုသည်။

    “သူတို့ဟာ ထိပ်တန်းကစားသမားတွေ ရှိတဲ့အသင်းပါ။ ပြီးတော့ ဒီအရှုံးက သူတို့ကို နာကျင်စေပါလိမ့်မယ်။ သူတို့ထဲက တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူတို့စိတ်ပျက်နေကြတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံကို သူတို့ချီးကျူးခဲ့ကြပြီး သူတို့ အဲဒီထက် ပိုကောင်းကောင်း ကစားနိုင်တယ်ဆိုတာလည်း သူတို့ သိပါတယ်။ သူတို့အတွက် ပွဲကောင်းတွေ ရှေ့မှာရှိနေပြီး ပြန်လာနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု မီလ်နာက ပြောကြားခဲ့သည်။

    ယခုပွဲအရှုံးကြောင့် ထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်စီးတီးမှာ တတိယနေရာအထိ ဆင်းပေးခဲ့ရသည်။

    Ref: Goal