News @ M-Media

Tag: Man City

  • ဂွါဒီယိုလာအကြို မန်စီးတီးလူစာရင်းကို အကြီးအကျယ် အပြောင်းအလဲလုပ်မည်

    ဂွါဒီယိုလာအကြို မန်စီးတီးလူစာရင်းကို အကြီးအကျယ် အပြောင်းအလဲလုပ်မည်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    Guadiola

    – ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာ အသင်းသို့ရောက်ရှိရေး ကြိုးစားနေသည့် မန်စီတီးမှာ လူစာရင်းတစ်ခုလုံးအား အလုံးစုံပြောင်းလဲပစ်ရန် စီစဉ်နေသည်ဟု Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။

    ဘိုင်ယန်မှ ရာသီကုန်လျှင် ထွက်ခွာတော့မည်ဟု တရားဝင်ပြောကြားထားသည့် ဂွါဒီယိုလာမှာ ပရီးမီးယားလိဂ်ကို လာရောက်မည်ဖြစ်ပြီး မန်စီးတီးက ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေသည်။ မန်စီးတီး၏ လူစာရင်းအပြောင်းအလဲလုပ်မည့် အစီအစဉ်တွင် မန်ဂါလာ၊ ဒီမစ်ချယ်လီ၊ တိုက်စစ်မှူး ဘိုနီတို့ အသင်းမှ ထွက်ခွာရဖွယ်ရှိနေပြီး ကွင်းလယ်ဗိုလ်ချုပ် ယာယာတိုးယေး၏ အနာဂတ်မှာလည်း မသေမချာဖြစ်နေသည်။

    ဂွါဒီယိုလာအကြိုက် ခေါ်မည့် ကစားသမားများတွင် အဲဗာတန်နောက်လံလူ ဂျွန်စတုန်း၊ ဘိုင်ယန်တိုက်စစ်မှူး သောမတ်စ်မူလာနှင့် လီယွန်နယ်မက်ဆီတို့ ပါဝင်ပြီး၊ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဇယားတွင် ဦးဆောင်နေသည့် လက်စတာတိုက်စစ်မှူး ဗာဒီနှင့် အဲဗာတန်တိုက်စစ်မှူး လူကာကူတို့လည်း မန်စီးတီးသို့ ရောက်ရှိမည့်စာရင်းတွင် ပါဝင်လာသည်။ ဂျီးဆက်စ် နာဗက်စ်နှင့် ဆာမီယာနာဆရီတို့မှာ မန်စီးတီးမှာ ဆက်ရှိနေမည်အခြေအနေ ရှိနေသည်။

    ဂွါဒီယိုလာက ၎င်းအား ကမ်းလှမ်းထားသည့် ပရီးမီးယားလိဂ်အသင်း အများအပြားရှိနေသည်ဟု ဖွင့်ဟထားပြီး ထိုအထဲတွင် မန်ယူ၊ ချယ်ဆီးတို့လည်း ပါဝင်သည်ဟု သတင်းများက ဖော်ပြကြသည်။

    Ref: Goal

  • ဆုဖလားရပြီးမှ အထုတ်ခံရခြင်းကို ပိုကြိုက်သည်ဟု မန်စီးတီးနည်းပြ ပြော

    ဆုဖလားရပြီးမှ အထုတ်ခံရခြင်းကို ပိုကြိုက်သည်ဟု မန်စီးတီးနည်းပြ ပြော

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    mancity

    – ယခုနှစ်တွင် အောင်မြင်မှုရရှိပါကလည်း ထိုအောင်မြင်မှုမှာ မိမိ၏ အနာဂတ်အတွက် အသုံးကျမည် မဟုတ်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်ပြီး၊ မိမိအနေဖြင့် ဆုဖလားရကာ အထုတ်ခံရခြင်းကို ပိုမိုလိုလားသည်ဟု ဆိုသည်။

    ပယ်လီဂရီနီမှာ ရာသီကုန်လျှင် မန်စီးတီးနှင့် လမ်းခွဲရတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပြီး ဘိုင်ယန်မှ ထွက်ခွာတော့မည့် ပက်ပ် ဂွါဒီယိုလာမှာ မန်စီးနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည်။ ယမန်နေ့ကလည်း ဂွါဒီယိုလာက မိမိ၏ နောက်ထပ် သွားရောက်မည့်နေရာမှာ ပရီးမီးယားလိဂ်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့အနာဂတ်ဟာ ဆုဖလားတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ နည်းပြတစ်ယောက်အဖြစ် ကျွန်တော့်အတွက် ဆုဖလားရဖို့သာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ကျွန်တော့်အလုပ် ဖြစ်နေလို့ပါပဲ။ ကျွန်တော့်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကတော့ – တကယ်လို့များ ကျွန်တော် ဆုဖလားမရဘဲ ငါးနှစ်သက်တမ်းတိုးရမယ်၊ ဒါမှမဟုတ် ဆုဖလားရပြီး အထုတ်ခံရမယ်ဆိုရင် ဆုဖလားယူပြီး အထုတ်ခံရတာကို ပိုကြိုက်ပါတယ်။ နည်းပြတစ်ယောက်အတွက် အလုပ်က ဆုဖလားရဖို့ပါ။ အခြား ဘာတွေဖြစ်ဖြစ် ကိစ္စမရှိပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး

    အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media

    mancit

    – ယမန်နေ့က ၀က်ဖို့ဒ်နှင့်ပွဲတွင် ရှုံးနေရာမှ အနိုင်ရရှိအောင် ပြန်ကစားနိုင်ခဲ့သည့် အသင်း၏ ခြေစွမ်းကို မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။

    စက်တင်ဘာက ခရစ္စပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် မန်စီးတီးမှာ ပရီးမီးယားလိဂ်တွင် နိုင်ပွဲရရှိခြင်းမရှိတော့ဘဲ ယမန်နေ့က အဝေကွင်းတွင် ကစားခဲ့သည့် ထိုပွဲတွင်လည်း ကိုလာရော့ဗ်၏ ၅၅ မိနစ် ကိုယ့်ဂိုးကိုယ်သွင်းမှုဖြင့် နောက်မှ လိုက်ကစားခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး ၈ မိနစ်အတွင်း ယာယာတိုးယေးနှင့် အဂူရိုတို့က ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။

    “ဒီအသင်း (မန်စီးတီး) မှာ စွမ်းဆောင်ရည်တွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဂိုးတွေ သွင်းယူသွားမှာပါ။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်တယ်ဆိုတာပဲ အမြဲတမ်း စဉ်းစားနေပါတယ်။ ကျွန်တော်တို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ အန္တရာယ်ရှိခဲ့ပါတယ်။ သရေဆိုရင် ကျွန်တော်တို့ မကောင်းပါဘူး။ အနိုင် ၃ မှတ်လိုတာပါ။ ” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။ ထို့ပြင် အဂူရိုကိုလည်း ပယ်လီဂရီနီက ချီးကျူးခဲ့သည်။

    Ref : Goal

  • အာဆင်နယ်အရှုံးက အဆုံးအဖြတ်မဟုတ်ဟု ပယ်လီဂရီနီပြော

    အာဆင်နယ်အရှုံးက အဆုံးအဖြတ်မဟုတ်ဟု ပယ်လီဂရီနီပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    mancity

    – ပြီးခဲ့သည့်တစ်ပတ်တွင် အာဆင်နယ်အား ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိတို့၏ ပရီးမီးယားလိဂ်တိုက်ပွဲအတွက် သေရေးရှင်ရေး မဟုတ်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ အမှတ်ပေးဖလား မျှော်လင့်ချက် ရှိနေသည်ဟု ဆိုသည်။

    ၂ ဂိုး ၁ ဂိုးဖြင့် အာဆင်နယ်အား ရှုံးနိမ့်မှုကြောင့် တတိယနေရာတွင်ရှိနေသည့် မန်စီးတီးမှာ ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ဒုတိယနေရာမှ အာဆင်နယ်နှင့် ၄ မှတ် ကွာဟသွားခဲ့သည်။ ယနေ့တွင် ဆန်းဒါးလန်းနှင့် ကစားရန် ပြင်ဆင်နေသည့် ပယ်လီဂရီနီကမူ ရာသီဝက်က အဆုံးအဖြတ်ကာလမဟုတ်ဟု ဆိုသည်။

    “အခု ကျွန်တော်တို့ အဆင့် ၃ မှာပါ။ ၂၉ ရက်နေ့မှာ ကျွန်တော်တို့ဟာ လက်စတာနဲ့ ကစားရမှာဖြစ်ပြီး ရာသီဝက်ကို အဆုံးသတ်ဖို့အတွက် (ဆန်းဒါးလန်းပွဲအပါအ၀င်) ဒီနှစ်ပွဲကို အနိုင်ရဖို့ အရမ်းအရေးကြီးပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက ဇန်န၀ါရီအဆုံးပိုင်းအထိ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့ပါ။ နောက်ပိုင်းမှာတော့ ကျန်တဲ့ပွဲတွေမှာ နိုင်အောင်ကြိုးစားပြီး ဖလားယူဖို့ပါပဲ။ တစ်ပွဲချင်းဆီကိုကျွန်တော်တို့ အာရုံစိုက်ဖို့ လိုပါတယ်။ နောက်ပွဲကတော့ ဆန်းဒါးလန်းပေါ့။ သူတို့ကို အိမ်ကွင်းမှာ အနိုင်ရဖို့ ကြိုးစားရမယ်။ လွယ်တော့မလွယ်ဘူးပေါ့လေ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ

    ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်မြူးနစ်းနည်းပြ ဂွါဒီယိုလာမှာ တစ်ချိန်ကျလျှင် မိမိအသင်းသို့ လာရောက်နည်းပြခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ဂွါဒီယိုလာမှာ ၎င်း၏ ဘိုင်ယန်အနာဂတ်နှင့် ပတ်သက်၍ မနက်ဖြန်တွင် ဖွင့်ဟပြောကြားမည်ဖြစ်ပြီး ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည်ဟု အများစုက ယူဆနေကြသည်။ မန်ယူနှင့် မန်စီးတီးတို့မှာ ဂွါဒီယိုလာအား ခေါ်ယူရန်အတွက် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မန်စီးတီးသို့ရောက်ရန် ပို၍ အလားအလာရှိနေသည်။

    “ပက်ပ် (ဂွါဒီယိုလာ) နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောလို့မရပါဘူး။ ဒါပေမယ့် အရေးပါတဲ့ နည်းပြတိုင်းဟာ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ချင်ကြပါတယ်။ ဒီကိုမလာချင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေ့နေ့ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ အလုပ်လုပ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ မန်စီးတီးမှာ အခွင့်အရေး ရလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကိုချစ်ပြီး၊ အသင်းရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်ပါတယ်။ ပြီးတော့ သူ (ဂွါဒီယိုလာ) ဟာ အလုပ်ကောင်းကောင်းလုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal