News @ M-Media

Tag: Man U

  • မန်ယူကို ထပ်မံနည်းပြချင်သည်ဟု မိုယက်စ်ပြော

    မန်ယူကို ထပ်မံနည်းပြချင်သည်ဟု မိုယက်စ်ပြော

    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media

    moyes

    – ပထမကြိမ်တွင် မအောင်မြင်ခဲ့သော်လည်း မန်ယူနည်းပြအဖြစ် နောက်ထပ်တစ်ကြိမ် ထပ်မံဆောင်ရွက်ရန် အာသီသရှိနေသည်ဟု ဒေးဗစ် မိုယက်စ်က ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဖာဂူဆန်ထွက်သွားပြီးနောက် မိုယက်စ်အား မန်ယူက ၆ နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သော်လည်း မန်ယူအသင်းမှာ အခြေအနေဆိုးရွားခဲ့ကာ အဆင့် ၇ အထိ ရောက်ရှိခဲ့ပြီးနောက် မိုယက်စ်မှာလည်း ၁၀ လအကြာတွင် အသင်းနှင့် လမ်းခွဲခဲ့ရသည်။ ထို့နောက် ရီးယဲလ်ဆိုစီဒက်အသင်းတွင် နည်းပြလုပ်ခဲ့သော်လည်း ယခုနှစ် ရာသီအစတွင် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    “(မန်ယူနည်းပြ) အလုပ်ကို ကျွန်တော် ဆောင်ရွက်အုံးမလားဆိုတော့ – ဟုတ်ပါတယ်။ ကျွန်တော် ဆောင်ရွက်မှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ မန်ယူကို နည်းမပြချင်တဲ့ နည်းပြဟာ ကမ္ဘာပေါ်မှာ တော်တော်နည်းနည်းလောက်ပဲ ရှိမှာပါ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိမှာ မန်ယူတွင်ရှိနေစဉ်က ထင်ယောင်ထင်မှားဖြစ်ခဲ့ပြီး မည်သည့်အရာကိုမှ စဉ်းစား၍ မရခဲ့ဟု ဆိုသည်။

    “ဖာဂူဆန်လက်အောက်မှာ ပူပူနွေးနွေးဖလားရထားတဲ့ ကစားသမားကောင်းအုပ်စုကို ကျွန်တော်ရခဲ့တယ်။ ဒါပေမယ့်ပြောင်းလဲဖို့နဲ့ တိုးတက်လာစေဖို့တော့ အချိန်လိုပါတယ်။ တကယ်တော့ ကစားသမားတွေကို အချိန်မီ ပြောင်းလဲပစ်ရပါလိမ့်မယ်။ ၁၀ လတည်းနဲ့တော့ မလုပ်နိုင်ပါဘူး”

    Ref: Goal

  • မန်ယူမှာ ၎င်း၏ နောက်ဆုံးကလပ်ဖြစ်နိုင်သည်ဟု ဗန်ဂါးလ်ပြော

    မန်ယူမှာ ၎င်း၏ နောက်ဆုံးကလပ်ဖြစ်နိုင်သည်ဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၁၊ ၂၀၁၆
    M-Media

    van

    – မန်ယူအသင်းမှာ ၎င်း၏ နည်းပြဘ၀ နောက်အဆုံးအသင်း ဖြစ်နိုင်သည်ဟု လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်ပြီး အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းများကိုမူ ငြင်းဆိုလိုက်သည်။

    မန်ယူအသင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ပရီးမီးယား လိဂ်တွင်လည်း အဆင့် ၆ နေရာတွင် ရှိနေသည်။ ထို့ပြင် ပြိုင်ပွဲပေါင်းစုံ နောက်ဆုံးကစားခဲ့သည် ၈ ပွဲတွင် နိုင်ပွဲမရရှိခဲ့ဘဲ နည်းပြဗန်ဂါးလ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဗန်ဂါးလ်ကမူ အသင်းမှာ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိသည်ဟု ဆိုသည်။

    ”ကျွန်တော်က အမြဲတမ်း ကိုယ့်အလုပ် ကိုယ်လုပ်တာပါ။ လုပ်စရာရှိတာ လုပ်ရမှာပါပဲ။ ‘ဘော့စ် ကျွန်တော်တို့ ဘယ်လို ထပ်ပြီး ကူညီနိုင်မလဲ’ ဆိုပြီး ကျွန်တော်ရဲ့ ၀န်ထမ်းတွေက လာလာမေးကြပါတယ်။ ကျွန်တော်ကတော့ ‘မင်းတို့လုပ်စရာရှိတာလုပ်တာဟာ ငါ့ကိုကူညီတာနဲ့ အတူတူပဲ’ လို့ ပြန်ပြောပါတယ်။ ကစားသမားတွေဆီကလည်းပဲ ကျွန်တော် ဒီလိုပဲ မျှော်လင့်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးကလပ် မဟုတ်ပါဘူး။ နောက်ဆုံးကလပ် ဖြစ်မယ်လို့ ကျွန်တော် ပြောဖူးပါတယ်။ ဒါပေမယ့်
    ဆိုးရွားတဲ့အချိန်တွေကို ကြုံတွေ့ရတဲ့ ပထမဆုံးကလပ်တော့ မဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် လက်ရှိဖိအားမှာ လျော့ကျမှုရှိသလားဟုမေးမြန်းရာတွင် ၎င်းက ‘မသိဘူး’ ဟု ပြည်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • အသင်းသားများမှာ ရေကုန်ရေခန်း ကစားနေကြသည်ဟု မန်ယူတိုက်စစ်မှူး ရူနီပြော

    အသင်းသားများမှာ ရေကုန်ရေခန်း ကစားနေကြသည်ဟု မန်ယူတိုက်စစ်မှူး ရူနီပြော

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    man u

    – ဖိအားများရှိနေသည့် အသင်းအတွက် ကစားသမားများမှာ စိတ်ပါလက်ပါ ကစားပေးခြင်းမရှိဟု ဝေဖန်မှုများအား မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ငြင်းဆိုလိုက်ပြီး မိမိတို့အသင်းသားများမှာ အသင်းအတွက် ရေကုန်ရေခန်း ပေးဆပ်နေကြသည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၇ ပွဲဆက်တိုက် နိုင်ပွဲမရှိဘဲ၊ လေးပွဲဆက်ရှုံးထားသည့် မန်ယူမှာ ယနေ့မနက်က ချယ်ဆီးအသင်းနှင့် ကစားသည့်ပွဲတွင်လည်း ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်ခဲ့သည်။ နည်းပြဗန်ဂါးလ်ကမူ အသင်း၏ ခြေစွမ်းကျဆင်းမှုများအတွက် ကစားသမားများကို ပြစ်တင်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ရူနီက လက်မခံခဲ့ပေ။

    “လူတွေကတော့ တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ ဖိဖိမကစားဘူးဆိုရင်တော့ အပြစ်တင်ခံမှာပါ။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပြန်လာရမှာပါ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ဖို့လိုတယ်။ အောင်နိုင်မှုတွေ ရောက်လာတော့မယ်ဆိုတာကို ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ချယ်ဆီးနှင့်ပွဲအပြီးတွင် ရူနီက ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ အသင်းမှာ လွန်ခဲ့သည့် ၄၈ နာရီက စတုတ်စီးတီးအသင်းအား ရှုံးနိမ့်သောပွဲထက် ပိုကောင်းလာသည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် အသင်းမှ နှုတ်ထွက်သွားမည်မဟုတ်ဟုလည်း ဆိုသည်။

    Ref: Goal

  • ချယ်ဆီးပွဲက ဗန်ဂါးလ်အတွက် နောက်ဆုံးဖြစ်မည်ဟု သတင်းများထွက်ပေါ်

    ချယ်ဆီးပွဲက ဗန်ဂါးလ်အတွက် နောက်ဆုံးဖြစ်မည်ဟု သတင်းများထွက်ပေါ်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    man u

    – ယနေ့ညတွင် အိုးထရက်ဖို့ဒ်၌ကစားမည့် ချယ်ဆီးနှင့်ပွဲတွင် အနိုင်ရရှိပါကလည်း ဗန်ဂါးလ်မှာ မန်ယူနှင့် လမ်းခွဲတော့မည်ဟု The Telegraph သတင်းစာက ဖော်ပြခဲ့သည်။

    မန်ယူမှာ နောက်ဆုံး ၇ ပွဲတွင် အနိုင်ရရှိခဲ့ခြင်းမရှိဘဲ၊ ပြိုင်ပွဲအားလုံးတွင် နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့် Boxing Day တွင် စတုတ်စီးတီးအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ဗန်ဂါးလ်၏ အခြေအနေကို အဆိုးဆုံးသို့ ရောက်ရှိခဲ့သည်။

    နည်းပြသစ်ဂူစ်ဟစ်ဒင့်၏ ချယ်ဆီးအသင်းနှင့်ပွဲမှာ ဗန်ဂါးလ်၏ ၁၈ လကြာ နည်းပြသက်တမ်းကို အဆုံးသတ်စေမည်ဟု သတင်းများထွက်ပေါ်နေပြီး ဗန်ဂါးလ်ကိုယ်တိုင် နှုတ်ထွက်မည်လား၊ အသင်းက ထုတ်ပယ်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    The Telegraph ကမူ မန်ယူ၏ အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဒ်ဝုဒ်ဝါ့ဒ်က ဗန်ဂါးလ်အား ထောက်ခံသည်ဟု ထည့်သွင်းဖော်ပြခဲ့သော်လည်း လာမည့်နာရီများတွင် မည်သည့်အပြောင်းအလဲမဆို ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

    Ref: Goal

  • ကစားသမားများမှာ ဖိအားကို မကျော်လွှားနိုင်ဟု မန်ယူနည်းပြပြော

    ကစားသမားများမှာ ဖိအားကို မကျော်လွှားနိုင်ဟု မန်ယူနည်းပြပြော

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    Van

    – အသင်း၏ ခြေစွမ်းကျဆင်းမှုအတွက် မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ကစားသမားများအား အပြစ်တင်လိုက်ပြီး အသင်းသားများမှာ ဖိအားများကို မကျော်ဖြတ်နိုင်ဟု ပြောကြားလိုက်သည်။

    ဝေဖန်မှုဒဏ် ခံနေရသည့် ဗန်ဂါးလ်၏မန်ယူမှာ ယမန်နေ့က စတုတ်အသင်းအား ၂ ဂိုး ပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ထိုပွဲမှာ မန်ယူ၏ လေးပွဲဆက်အရှုံးလည်း ဖြစ်သည်။ ထို့ပြင် နောက်ဆုံးကစားထားသည့် ၇ ပွဲဆက်တိုက်တွင် မန်ယူမှာ နိုင်ပွဲတစ်ပွဲမှ ရရှိခြင်း မရှိသေးပေ။

    “ပထမပိုင်းမှာ ကျွန်တော်တို့ဟာ ကစားဖို့ မ၀ံ့မရဲ ဖြစ်နေတယ်။ အဲဒီနောက်ပိုင်းမှာလည်း တော်တော်ဆိုးရွားတဲ့ ဂိုးတစ်ဂိုးကို ပေးလိုက်ရပါတယ်။ အဲဒီအချိန်မှာတော့ ပိုဆိုးသွားခဲ့ပါတယ်။ ဖိအားတွေကြောင့် ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ အစုလိုက်အဖွဲ့လိုက်အနေနဲ့လည်း ကစားသမားတွေဟာ အခြေအနေကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ရှုံးလို့မရဘူးလို့ ကစားသမားတွေကိုပြောခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ပိုကောင်းလာခဲ့ပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal