News @ M-Media

Tag: north korea

  • မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်ပိုင်နက်ထဲကျ

    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်ပိုင်နက်ထဲကျ

    မတ် ၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားမှာ ယနေ့မနက် အစောပိုင်းက ဒုံးကျည်း ၄ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၃ စင်းမှာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့သည်ဟု သိရသည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တို့ လက်ရှိပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင်မှုကို ဆန့်ကျင်သည့်အနေဖြင့် ထိုကဲ့သို့ ပစ်လွှတ်ခြင်းဖြစ်နိုင်ပြီး မြောက်ကိုရီးယားက ထိုစစ်ရေးလေ့ကျင့်မှုများမှာ ၎င်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု မှတ်ယူထားသည်။

    တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀မ်ကီဂျွန်းက ဒုံးကျည်များမှာ ကီလိုမီတာ ၁၀၀၀ (မိုင်ပေါင်း ၆၂၀ အထိ) ပျံသန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။ နိုင်ငံမြောက်ပိုင်း တွန်ချန်ရီပြည်နယ်မှ ပစ်လွှတ်ခြင်းဖြစ်ပြီး၊ တောင်ကိုရီးယား ယာယီသမ္မတက အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ချက်ခြင်းခေါ်ယူရန် ရှိနေသည်။

    မြောက်ကိုရီးယားမှာ ပစ်လွှတ်လိုက်သည့် အဆိုပါ ဒုံးကျည်လေးစင်းမှာ ဂျပန်ပင်လယ်ပြင်တွင် ကျရောက်ခဲ့ပြီး ထိုအထဲမှ ၃ ခုမှာ ဂျပန် အထူးစီးပွားရေးဇုန်အတွင်းသို့ ရောက်ရှိခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနကမူ ထိုပစ်လွှတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref: CNN

  • ဆင့်ခေါ်သည်ကို မလာသောကြောင့် မြောက်ကိုရီးယား သံအမတ်ကို မလေးရှားနှင်ထုတ်

    ဆင့်ခေါ်သည်ကို မလာသောကြောင့် မြောက်ကိုရီးယား သံအမတ်ကို မလေးရှားနှင်ထုတ်

    မတ် ၄၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယားသံအမတ် ကန်ချိုလ် သတင်းထောက်များအား ရှင်းလင်းနေစဉ်

    – မြောက်ရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်​၍ မြောက်ကိုရီးယားနှင့် မလေးရှားတို့အကြား တင်းမာမှုများရှိနေစဉ် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို မလေးရှားက ယနေ့တွင် နှင်ထုတ်လိုက်သည်ဟု သိရသည်။

    သံအမတ် ကန်ချိုလ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း မလာခြင်းကြောင့် ယခုကဲ့သို့ နှင်ထုတ်ခြင်းဖြစ်သည်ဟု မလေးရှားအာဏာပိုင်များက ပြောကြားခဲ့ကာ တိုင်းပြည်မှ ထွက်သွားရန် ၄၈ နာရီ အချိန်ပေးထားသည်။

    ကင်ဂျုံနမ်အသတ်ခံရမှုနှင့်ပတ်သက်၍ မလေးရှားမှာ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးမှ အကြီးတန်း သံအရာရှိ တစ်ဦးအပါအ၀င် မြောက်ကိုရီးယား နိုင်ငံသား အနည်းဆုံး ၆ ဦးကို သံသယရှိသူအဖြစ် ကြေငြာထားသည်။ သံအမတ် ကန်ချိုလ်က မလေးရှားမှာ မြောက်ကိုရီးယားကို ပျက်ဆီးစေရန် ရန်လိုသော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မလေးရှားက ဆင့်ခေါ်မှုမှာ ထိုမှတ်ချက်အတွက် ဖြေရှင်းချက်ပေးရန်နှင့် တောင်းပန်ရန်စေရန်ဖြစ်သည်။ တောင်ကိုရီးယားက ကင်ဂျုံအန်ကို မြောက်ကိုရီးယား အစိုးရမှ လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

    Ref : Aljazeera

  • မြောက်ကိုရီးယားအတွက် ဗီဇာကင်းလွတ်ခွင့်ကို မလေးရှား ရုပ်သိမ်း

    မြောက်ကိုရီးယားအတွက် ဗီဇာကင်းလွတ်ခွင့်ကို မလေးရှား ရုပ်သိမ်း

    မတ် ၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးထားမှုကို မလေးရှားက မတ်လ ၆ ရက်နေ့မှ စတင်ကာ ဖျက်သိမ်းသွားမည်ဟု ဒုတိယ၀န်ကြီးချုပ် အဟ်မဒ် ဇာဟစ် ဟာမီဒီ၏ ပြောကြားမှုကို ကိုးကား၍ မလေးရှားသတင်းဌာန Bernama က ယနေ့တွင် ဖော်ပြခဲ့သည်။

    အမျိုးသားလုံခြုံရေးကြောင့် ယခုကဲ့သို့ ဖျက်သိမ်းရခြင်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံသားများမှာ မလေးရှားနိုင်ငံကို မ၀င်ရောက်မီ ဗီဇာ ကြိုတင်လျှောက်ထားရမည်ဟုလည်း ၀န်ကြီးချုပ်က ဆိုသည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံအန်၏ အဖေတူအမေကွဲအစ်ကို ကင်ဂျံနမ် ကွာလာလမ်ပူလေဆိပ်တွင် ပြီးခဲ့သည့်လက လုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း ကွာလာလမ်ပူရှိ သံတမန်တစ်ဦးအပါအ၀င် မြောက်ကိုရီးယားနိုင်ငံသားများကို သံသယရှိသူများအဖြစ် မလေးရှားက ကြေငြာခဲ့သောကြောင့် မလေးရှားနှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှု မြင့်တက်ခဲ့သည်။

    တောင်ကိုရီးယား ထောက်လှမ်းရေးကမူ ကင်ဂျုံနမ်မှာ မြောက်ကိုရီးယားသူလျှိုများ၏ လုပ်ကြံမှုကို ခံခဲ့ရသည်ဟု ပြောကြားထားပြီး၊ အလောင်းအားစစ်ဆေးမှုအရ စစ်ပွဲတွင် အသုံးပြုသည့် ဓာတ်တုအဆိပ်ဖြင့် အသတ်ခံခဲ့သည်ဟု မလေးရှားက ထုတ်ပြန်ခဲ့သည်။

    Ref: CNA

  • ကင်ဂျုံနမ်အသတ်ခံရမှု မြောက်ကိုရီးယားသူလျှိုများပါဝင်ဟု တောင်ကိုရီးယားပြော

    ကင်ဂျုံနမ်အသတ်ခံရမှု မြောက်ကိုရီးယားသူလျှိုများပါဝင်ဟု တောင်ကိုရီးယားပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ၊ အမေကွဲ အစ်ကို ကင်ဂျုံနမ် သေဆုံးမှုတွင် ပါဝင်သည်ဟု သံသယရှိသူ လူ ၄ ဦးမှာ မြောက်ကိုရီးယား သူလျှိုများဖြစ်သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးက ပါလီမန်၌ ယနေ့တွင် ပြောကြားလိုက်သည်။

    ကင်ဂျုံနမ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံခံခဲ့ရပြီး မလေးရှား ရဲတပ်ဖွဲ့က ဓာတ်တုအဆိပ်ဖြင့် လုပ်ကြံခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

    ထို့ပြင် ဗီယက်နမ်နှင့် အင်ဒိုနီးရှား အမျိုးသမီးနှစ်ဦးကို ထိုကိစ္စအတွက် ဖမ်းဆီးထားပြီး၊ အခင်းဖြစ်ပွားသည့်နေ့တွင် မြောက်ကိုရီးယားသို့ ပြန်သွားသည့် လူ ၄ ဦး၊ ကွာလာလာမ်ပူရှိ မြောက်ကိုရီးယားသံရုံးမှ သံအရာရှိတစ်ဦး၊ မြောက်ကိုရီးယား လေကြောင်းလိုင်းမှ တစ်ဦးတို့ကို သံသယရှိသူအဖြစ် ကြေငြာခဲ့သည်။

    ယနေ့တွင်ပြုလုပ်ခဲ့သည့် သီးသန့် အစီရင်ခံမှုအတွင်း မြောက်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အေဂျင်စီက မလေးရှား၏ သံသယရှိသူများတွင် ၄ ဦးမှာ မြောက်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ဖြစ်သော လုံခြုံရေးဝန်ကြီးဌာနမှ သူလျှိုများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း လွှတ်တော်အမတ်များက ဆိုသည်။

    အခြား ၂ ဦးမှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖြစ်သည်ဟုလည်း ထို အစီရင်ခံမှုကို တက်ရောက်နားထောင်ခဲ့သည့် နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်သူ လီ ချီအိုလ် ၀ူး က ပြောကြားခဲ့သည်။ အခြား အမတ်တစ်ဦးဖြစ်သူ ဘေယွန်ကီက ကင်ဂျုံအန်မှာ ၎င်း၏အစ်ကိုကို သတ်ဖြတ်ရန် တိုက်ရိုက်ညွှန်ကြားခဲ့ပြီး ထိုလုပ်ရပ်မှာ နိုင်ငံတော်က စီစဉ်သည့် အကြမ်းဖက်မှုဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။

    သို့သော်လည်း ထိုသတင်းအချက်အလက်များ မည်ကဲ့သို့ ရရှိသည်ဆိုသည်နှင့် ပါဝင်သူများမှာ မည်သည့် အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုသည်ကို ပြောကြားခဲ့ခြင်း မရှိပေ။ မလေးရှားမှာ ထိုလုပ်ကြံသတ်ဖြတ်မှုအတွက် မြောက်ကိုရီးယားနိုင်ငံသားများကို သံသယရှိသူများအဖြစ် ကြေငြာထားသော်လည်း မြောက်ကိုရီးယားအစိုးရ ပါဝင်ပတ်သက်ကြောင်း ပြောကြားခြင်းမရှိသေးပေ။

    Ref : Aljazeera

  • ကင်ဂျုံနမ်အား လုပ်ကြံမှုတွင် ဓာတ်တုလက်နက်ကို အသုံးပြုခဲ့ဟု မလေးရှားပြော

    ကင်ဂျုံနမ်အား လုပ်ကြံမှုတွင် ဓာတ်တုလက်နက်ကို အသုံးပြုခဲ့ဟု မလေးရှားပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media

    – မြောက်ရီယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူအမေကွဲအစ်ကို သတ်ဖြတ်ခံရမှုတွင် ကနဦးစစ်ဆေးချက်များအရ ဓာတုစစ်ပွဲများတွင် အသုံးပြုသည့် nerve agent ဓာတုလက်နက်ဖြင့် လုပ်ကြံခံခဲ့ရသည်ကို တွေ့ရှိရကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယနေ့တွင် ရဲတပ်ဖွဲ့၏ စစ်ဆေးရေးအရာရှိက ထုတ်ပြန်သော ကြေငြာချက်၌ ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး မလေးရှား ဓာတုဗေဒ ဦးစီးဌာနမှ ကနဦး စစ်ဆေးဖော်ထုတ်မှုအရ ကင်ဂျုံနမ်၏ မျက်နှာတွင် VX nerve agent ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

    အဆိုပါ VX nerve agent ဓာတုလက်နက်ကို ဖျက်အားပြင်းလက်နက်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။

    ကင်ဂျုံအန်မှာ ပြီးခဲ့သည့်တစ်ပတ်က ကွာလာလမ်ပူလေဆိပ်တွင် အမျိုးသမီးနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါ အမျိုးသမီးနှစ်ဦးမှာ nerve agent ကို ၎င်းတို့တွင် ထိခိုက်မှုမရှိဘဲ ကင်၏ မျက်နှာကို အဘယ်ကဲ့သို့ အုပ်နိုင်ခဲ့သည်ကို မပြောခဲ့ပေ။

    ထို့ပြင် ၎င်းတို့တွင် လက်အိတ်စွပ်ထားခြင်း၊ သို့မဟုတ် အသုံးပြုပြီးနောက် လက်ကို လျင်မြန်စွာ ဆေးကြောခြင်းတို့ ပြုလုပ်ခဲ့သည်လားဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    စောစောပိုင်းက မလေးရှားရဲတပ်ဖွဲ့မှ ထုတ်ပြန်မှုတွင် အမျိုးသမီးနှစ်ဦးမှာ ကင်၏မျက်နှာတွင် အရည်တစ်ခု ပွတ်သပ်ခဲ့ပြီး ၎င်းတို့၏လက်ကို လျှင်မြန်စွာ ဆေးကြောခဲ့သည်ဟု ဖော်ပြထားသည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက မလေးရှား၏ စုံစမ်းစစ်ဆေးမှုများမှာ အမှားအယွင်းများ၊ ကွဲပြားမှုများ ရှိနေသည်ဟု ယမန်နေ့တွင် ပထမဆုံး ကြေငြာခဲ့ပြီး သေဆုံးသူမှာ ကင်ဂျုံနမ် ဖြစ်သည်ဟု မဖော်ပြခဲ့ပေ။

    Ref: Aljzeera