News @ M-Media

Tag: Palestine

  • ပါလက်စတိုင်း လူမျိုးများ၏ နေအိမ်များအား အစ္စရေး ထပ်မံဖျက်စီးပြန်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    un-condemns-israeli-demolition-.si
    – ခရစ္စမတ်အကြိုနေ့ဖြစ်သည့် အင်္ဂါနေ့တွင် ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေရှိ ဗဒူအင် လူမျိုးများ၏ နေအိမ်များအား ဖျက်ဆီးသော အစ္စရေး၏လုပ်ရပ်ကို ကုလသမဂ္ဂ အလုပ်အကိုင်နှင့် အကူအညီပေးရေးအေဂျင်စီ UNRWA က ရှုတ်ချလိုက်ပြီး၊ ထိုလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းလိုက်သည်။

    UNRWA မှာ ပါလက်စတိုင်း ဒုက္ခသည်များအား အကူအညီပေးနေသော အဖွဲ့အစည်းဖြစ်ပြီး ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခရစ် ဂန်းနက်စ်က “အနောက်ဘက်ကမ်းခြေမှာ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ဒီဖျက်ဆီးမှုကို ကျွန်တော်တို့ UNRWA က ကန့်ကွက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်း ၆၈ ဦး အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုဒုက္ခသည်များတွင် ကလေးငယ် ၃၂ ဦးပါဝင်ကြောင်း၊ သိုးနှင့် ဆိတ် ၇၅၀ ခန့်မှာလည်း နေစရာမရှိသောကြောင့် ဒုက္ခရောက်နေကြောင်း ဂန်းနက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်အတွင်း နေအိမ် ၂၅၉ လုံးအပါအ၀င် ပါလက်စတိုင်းရှိ အဆောက်အအုံ ၆၆၃ လုံးကို အစ္စရေးက ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကဲ့သို့ဖျက်ဆီးမှုကြောင့် ပါလက်စတိုင်း ၁၁၀၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပြီး၊ အစ္စရေးအနေဖြင့် ထိုကဲ့သို့ ဖျက်ဆီးမှုများအားရပ်တန့်ရန်နှင့် နိုင်ငံတကာ ဥပဒေများကိုလိုက်နာရန် ဂန်းနက်စ်က တိုက်တွန်းပြောကြားခဲ့သည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။
    Ref: RT

  • အစ္စရေး ပိတ်ဆို့ထားမှုကြောင့် ယေရှုခရစ် မွေးဖွားရာ ဘက်သလီဟမ်သို့ ခရစ်ယာန် ဘုရားဖူးများ လာရန် အခက်တွေ့နေ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    Bethlehem for Christmas
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသရှိ ဘက်သလီဟမ်အား အစ္စရေးတို့က မတရားသိမ်းပိုက်ထားပြီး ပိတ်ဆို့မှုများရှိနေသော်လည်း  ဂါဇာကမ်းမြှောင်ဒေသရှိ ခရစ်ယာန်များမှာ ခရစ္စမတ်ပွဲတော်အား ခရစ်တော်ဖွားမြင်ရာ ထိုဘက်သလီဟန်တွင် ဆင်နွှဲရန် စီစဉ်နေကြသည်ဟု သိရသည်။

    “ဘက်သလီဟမ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ အဓိက နေရာတစ်ခုဖြစ်ပြီး (အစ္စရေးရဲ့) အိမ်ရာ ၂၇ ခုက ၀န်းရံထားပါတယ်။ ပြီးတော့ တံတိုင်းတွေ၊ ခြံစည်းရိုးတွေနဲ့ကာ ရံထားပြီး၊ စစ်ဆေးရေးဂိတ်တွေ ချထားတဲ့အတွက် ခရီးသွားတွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ ” ဟု ပါလက်စတိုင်း ခရီးသွာလာရေးဝန်ကြီး ရိုလာမေယာက Albawaba သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများကို ဆွဲဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ကြောင်း၊ သို့သော်လည်း အစ္စရေး၏ မတရားသိမ်းပိုက်ထားမှုကြောင့် ထိုကဲ့သို့လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ရိုလာမေယာက ထည့်သွင်းပြောကြားခဲ့သည်။

    ကမ္ဘာ့တစ်ဝှမ်းမှ ခရစ်ယာန်ဘုရားဖူးများမှာ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ပွဲတော်ကာလအတွင်း ဘက်သလီဟမ်ရှိ ခရစ်တော်မွေးဖွာရာနေရာနှင့် ထိုနေရာဘေးတွင် တည်ဆောက်ထားသည့် သမိုင်းဝင် Nativity ဘုရားကျောင်းသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။ သို့သော်လည်း အစ္စရေး၏ ပိတ်ဆို့ထားမှုများကြောင့် များစွာသော ခရစ်ယာန်ဘုရားဖူးတို့မှာ ဘက်သလင်ဟမ်သို့ လာရောက်ရန် အခက်ကြုံနေကြရသည်။

    Ref: OnIslam & News Agencies

    Photo-AP

  • တရားမ၀င်အိမ်ရာများ ဆောက်လုပ်ရန် စီစဉ်မှုအား အစ္စရေးပယ်ဖျက်

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media

    ramallah-generic-view

    အမေရိကန်နှင့် ပါကလက်စတိုင်းတို့က ကန့်ကွက်ပြီးနောက် မတရားသိမ်းပိုက်ထားသော အနောက်ဘက် ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် အိမ်ရာ ၂ သောင်းအား ဆောက်လုပ်ခြင်းမပြုရန် အစ္စရေး ၀န်ကြီးချုပ်နေတန်ယာဟုက ယမန်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အစ္စရေးသမ္မတရုံးက ထုတ်ပြန်သောကြေညာချက်တွင် နေတန်ယာဟုက ထိုဆောက်လုပ်မည့် ကိစ္စရပ်များကို ပြန်လည်စဉ်းစားရန် အိုးအိမ်ဝန်ကြီး ယူရီ အရီယဲလ်အား အမိန့်ပေးခဲ့သည်ဟုသိရသည်။

    ထို့ပြင် ထိုကဲ့သို့ဆောက်လုပ်မှုမှာ ဥပဒေကြောင်းအရ အဓိပ္ပါယ်မရှိကြောင်း၊ အီရန်၏နျူကလီးယားကိစ္စနှင့် ပက်သက်၍ ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုးစားနေချိန်တွင် မလိုအပ်သော မလိုမုန်းထားမှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ရေးသားထားသည်။

    အစ္စရေးနိုင်ငံမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ကုလသမဂ္ဂက သတ်မှတ်ပေးထားသည့် ပါဘက်စတိုင်း ပိုင်နက်များအား မတရား သိမ်းပိုက်ထားခဲ့ပြီး ထိုအချိန်မှစ၍ ထိုဒေသများတွင် တရားမ၀င် အိမ်ရာများဆောက်လုပ်ကာ အစ္စရေးနိုင်ငံသားများအား နေထိုင်စေခဲ့ပြီး ယခုအခါ ပါလက်စတိုင်းပိုင်း နယ်မြေများအတွင်း နေထိုင်သည့် အစ္စရေးနိုင်ငံသား ထက်ဝက်ခန့်ရှိသည်ဟု သိရသည်။

    Ref:channelnewsasia

  • ပိုလိုနီယမ် အဆိပ်ကြောင့် အာရာဖတ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆွစ် သိပ္ပံပညာရှင်များ အတည်ပြု

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    121127081303-arafat-burial-site-2004-story-top

    ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ရာဆာ အာရာဖတ်၏ ရုပ်ကြွင်းအား စစ်ဆေးနေသည့် ဆွစ်ဇာလန် သိပ္ပံပညာရှင်များက ထိုရုပ်ကြွင်းတွင် သာမန်မဟုတ်သည့် ရေဒီယိုသတ္တိကြွ ပိုလိုနီယံသတ္တုအားတွေရှိခဲ့ရသည်ဟု ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။ သို့သော်လည်း အတိအကျသိရှိရန် ဆက်လက်လေ့လာနေသည်ဟု သိရသည်။

    ထိုစုံစမ်းလေ့လာမှု၏ ရလဒ်များအား အာရာဖတ်၏ ကျန်ရှိခဲ့သည့် ဇနီး ဆူဟာ အာရာဖတ်၏ ကိုယ်စားလှယ်နှင့်  Lausanne-Geneva ဥပေဒနှင့် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာ စင်တာ၏ ဒါရိုက်တာဖြစ်ပြီး ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးဖြစ်သူ ပက်ထရစ် မန်ဂင်တို့အား အင်္ဂါနေ့က ပေးအပ်ခဲ့ပြီး၊ ၎င်းတို့က ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့သည်။

    ထိုသတင်းစာရှင်းလင်းပွဲတွင် အာရာဖတ်သေဆုံးမှုမှာ ပိုလိုနီယမ် သတ္တုကြောင့်ဖြစ်သည်ဟု ရလဒ်များထွက်ပေါ် ခဲ့သော်လည်း အာရာဖတ်အနေဖြင့် အဆိပ်ခပ် ခံခဲ့ရခြင်းရှိ/မရှိဆိုသည်ကို ကောက်ချက်ချ၍ မရသေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    အာရာဖတ် သေဆုံးသွားပြီး ကာလအတော်ကြာမှ စုံစမ်းစစ်ဆေးရေးများ စတင်ပြုလုပ်နိုင်ခြင်းကြောင့် အကြောင်းအရင်းအား ခွဲခြမ်းစိတ်ဖြာ သိရှိနိုင်ရန် ခက်ခဲကြောင်း မန်ဂင်က ထပ်လောင်းပြောကြားခဲ့သည်။

    အာရာဖတ်မှာ ၂၀၀၄ ခုနှစ်၌ ပြင်သစ် စစ်ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရင်းကြောင့် သေဆုံးခဲ့မှန်း မသိရှိခဲ့ရပေ။ သေဆုံးပြီးနောက် အလောင်းအား ခွဲစိတ်ခြင်းလည်းမရှိခဲ့ဘဲ၊ သေဆုံးရခြင်းအကြောင်း ရှင်းလင်းသော ဆေးစစ်ချက်ကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
    Ref: ဆင်ဟွာ

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • Apple ၏ iOS 7 တွင် ဂျေရုစလင်မြို့အား နိုင်ငံအမည် ပေးထားခြင်းမရှိ

    စက်တင်ဘာ၊ ၃၀၊
    M-Media

    Jerusalem without country

    လပေါင်းများစွာပြင်ဆင်မှုများပြလုပ်ပြီးနောက် လူအများစောင့်မျှော်နေသည့် iOS 7 application အား Apple မှ ပြီးခဲ့သည့်သီတင်းပတ်က ဖြန့်ချီလိုက်သည်။ iOS 7 application တွင်ပါဝင်သည့် ကမ္ဘာ့နိုင်ငံများ၏ စံတော်ချိန်စာရင်းတွင် ဂျေရုစလင်မြို့အား နိုင်ငံအမည် သတ်မှတ်ထားခြင်း မရှိဟု Glenn Beck တည်ထောင်ထားသည့် ကွန်ဆာဗေးတစ် သတင်းဌာနတစ်ခုဖြစ်သော The Blaze တွင် ရေးသားဖော်ပြထားသည်။

    ဂျေရုစလင်မြို့မှာ အစ္စရေး၏အုပ်ချုပ်မှုလက်အောက်တွင်ရှိပြီး ပါလက်စတိုင်းကလည်း အရှေ့ဂျေရုစလင်ကို ၎င်းတို့၏ မြို့တော်အဖြစ်တောင်းဆိုထားသည်။ ယခင် iOS 6 တွင်လည်း ဂျေရုစလင်အား နိုင်ငံအမည် သတ်မှတ်ထားခြင်း မရှိသော်လည်း Appele Map တွင် အစ္စရေးနိုင်ငံ အတွင်းထည့်ထားသည်ဟု The Blaze စာဖတ်ပရိတ်သတ်များက ထောက်ပြခဲ့သည်။ iOS 7 တွင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာတို့ကို ပါလက်စတိုင်း ပိုင်နက်နယ်မြေများအဖြစ် ဖေါ်ပြထားသည်။

    အစ္စရေးက ၎င်းတို့ပိုင်နက် အဖြစ်ကြေညာထားသည့် ဂျေရုစလင်နှင့် နေရာများမှာ ၁၉၄၇ ခုနှစ်အထိ ပါလက်စတိုင်း နယ်နမိတ်ဖြစ်ခဲ့ပြီး အရှေ့ဥရာပမှဝင်ရောက်လာသော ဂျူးလူမျိုးများက အနောက်နိုင်ငံများ၏ အကူအညီဖြင့် စစ်တပ်ဖွဲ့စည်း၍ ထိုနယ်မြေများကိုမတရားသိမ်းယူခဲ့ပြီး၊ ပါလက်စတိုင်းတို့၏ ရွာပေါင်း ၅၀၀ ကျော်ကိုဖျက်ဆီးခဲ့ကာ အစ္စရေးနိုင်ငံအဖြစ်ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ပါလက်စတိုင်းနယ်မြေများကို အစ္စရေးကကျူးကျော် သိမ်းပိုက်လျက်ရှိပြီး ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင်လည်း လူနေအိမ်ရာများကိုဆောက်လုပ်လျက်ရှိနေသည်။

    Ref: http://islam.ru