News @ M-Media

Tag: PremierLeague

  • ဂိုးသွင်းစက် ဆန်းချက်မှာ ခြွင်းချက်မဲ့ ကစားသမားဟု ၀င်းဂါးချီးကျူး

    ဂိုးသွင်းစက် ဆန်းချက်မှာ ခြွင်းချက်မဲ့ ကစားသမားဟု ၀င်းဂါးချီးကျူး

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    539601_heroa
    – အသင်း၏ နိုင်ပွဲ ၂ ပွဲတွင် အရေးပါသော ဂိုးများ သွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ဆန်းချက်ဇ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးလိုက်ပြီး  ခြွင်းချက်မဲ့ ကစားသမားတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် ဆန်းဒါးလန်းနှင့်ပွဲတွင် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းပေးခဲ့သည့် ဆန်းချက်ဇ်မှာ ယမန်နေ့က ကစားခဲ့သော ဒါဘီအား ၃ ဂိုးပြတ်နှင့် အနိုင်ရခဲ့သောပွဲတွင် အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    “သူ (ဆန်းချက်ဇ်)ဟာ ထိပ်တန်းခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ ဒီလိုထိပ်တန်း စွမ်းဆောင်မှုမျိုးဟာ ဒီနေ့ပွဲရဲ့ ကျွန်တော်တို့ အသင်းမှာ နည်းနည်းပဲရှိပါတယ်။ ဒါပေမယ့် သူဟာ အရေးပါတဲ့ဂိုးကို သွင်းယူခဲ့ပါတယ်။ သူဟာ အရည်အသွေးပြည်ဝပြီး၊ တာဝန် အပြည့်ယူနိုင်တဲ့ ခြွင်းချက်မဲ့ ကစားသမားတစ်ယောက်ပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

    ထိုပွဲအနိုင်မှာ အာဆင်နယ်အသင်း၏ ပထမဆုံး နှစ်ပွဲဆက်အနိုင်ဖြစ်ပြီး အာဆင်ဝင်းဂါးကမူ မိမိတို့အသင်းမှာ စိတ်ရှည်မှု၊ အရည်အသွေးနှင့် အာရုံစူးစိုက်မှုကို ပြသနိုင်ခဲ့ကြောင်း၊ clean sheet ၂ ပွဲဆက်တိုက်ရရှိခဲ့ခြင်းမှာ အသင်း၏ ခံစစ်ပိုင်း တည်ငြိမ်မှုကို ပြသခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်း၏ အဓိက ကစားသမား အများအပြားမှာ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည်။

  • လေးပွဲဆက် ဒါဘီအရှုံးနဲ့ မန်ယူ၊ နောက်ဆုံး မိနစ်မှ ၃ မှတ်သေချာခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၁၀ စူပါဆန်းဒေး

    လေးပွဲဆက် ဒါဘီအရှုံးနဲ့ မန်ယူ၊ နောက်ဆုံး မိနစ်မှ ၃ မှတ်သေချာခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၁၀ စူပါဆန်းဒေး

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media

    5
    – မနေ့က ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲမှာတော့ အိမ်ရှင်မန်စီးတီးကပဲ အသာရခဲ့ပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူတို့ သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး ယာနူဇေး၊ ဗန်ပါစီနဲ့ ဒဏ်ရာက သက်သာလာတဲ့ ရူနီတို့ မန်စီးတီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၉ မိနစ်မှာ စမောလင်း ၂ ၀ါတစ်နီနဲ့ အထုတ်ခံခဲ့ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တာပါ။

    51

    ဒုတိယပိုင်းမှာ အိမ်ရှင်တို့ အသာစီးကစားသွားပြီး အဆုံးဖြတ်ဂိုးကို အဂူရိုက ၆၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအရှုံးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက်တိုက် မန်ယူရဲ့ ဒါဘီအရှုံးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ဒီလို ပထမဆုံး ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

    61
    ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးကာဆယ်ကိုရှုံးခဲ့တဲ့ စပါးကလည်း အဝေးကွင်းမှာ အသည်းအသန် ကစားခဲ့ရပြီး ၆ မိနစ်အတွင်း ၂ ဂိုးနဲ့ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်အသာရခဲ့တဲ့ စပါးတို့ ဂိုးသွင်းခွင့်လည်း ၉ ကြိမ်လောက်ရခဲ့ပေမယ့် အချိန်မီ ဂိုးမသွင်းနိုင်တာက စပါးတိုက်စစ်အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်တို့ ၁၆ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ၀ီးမန်းက သွင်းယူပေးခဲ့တာပါ။

    6

    နောက်ပိုင်းမှာ ကစားကွက်အသာရထားတဲ့ စပါးတို့ တောက်လျှောက်ဖိကစားပေမယ့် ချေပဂိုးကိုတော့ ၈၄ မိနစ်ရောက်မှ နဆာ ချက်ဒ်လီက သွင်းပေးခဲ့ပြီး ၆ မိနစ်အကြာမှာ ဟာရီကိန်းက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီးမှာတော့ ချယ်ဆီးက ၂၆ မှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး ဆောက်သက်တမ်က ၂၂ မှတ်နဲ့ အဆင့် ၂၊ မန်စီးတီးက ရမှတ် ၂၀ နဲ့ အဆင့် ၃၊ အာဆင်နယ်က ၁၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ အသီးသီး ရှိနေပါတယ်။

    အဆင့် ၈ က မန်ယူကတော့ အဆင့် ၁၀ ရောက်သွားပြီး၊ သုံးပွဲဆက် အနိုင်ရခဲ့တဲ့ နယူးကာဆယ်ကတော့ အဆင့် ၁၂ နေရာကို ရောက်လာခဲ့ပါတယ်။

    League_Table_Barclays_Premier_League_current_&_previous_standings_-_2014-11-03_11.08.44

    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၁-၀ မန်ယူ
    အက်စတွန်ဗီလာ ၁-၂ စပါး
    နယူးကာဆယ် ၁-၀ လီဗာပူးလ်
    အာဆင်နယ် ၃-၀ ဘန်လေ
    ချယ်ဆီး ၂-၁ ကျူပီအာရ်
    အဲဗာတန် ၀-၀ ဆွမ်ဆီး
    ဟားလ်စီးတီး ၀-၁ ဆောက်သက်တမ်
    လက်စတာ ၀-၁ ၀က်စ်ဘရွန်း
    စတုတ်စီးတီး ၂-၂ ဝက်စ်ဟမ်း

  • မန်စီးတီးမှာ မန်ယူ၏အဆင့်သို့ မရောက်သေးဟု ဗန်ဂါးလ်ပြော

    မန်စီးတီးမှာ မန်ယူ၏အဆင့်သို့ မရောက်သေးဟု ဗန်ဂါးလ်ပြော

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    533231_heroa
    – ပြီးခဲ့သည့် ၃ ရာသီတွင် ပရီးမီးယားလိဂ် ဆုဖလားအား ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သော်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ မိမိတို့အသင်း၏ အဆင့်သို့ မရောက်သေးဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်စီးတီးနှင့် မန်ယူတို့မှာ ယနေ့ညတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် အီတီဟတ်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မန်စီးတီးမှာ လွန်ခဲ့သည့် ငါးနှစ်ခြောက်နှစ်ခန့်ကတည်းက မန်ယူထက် သာခဲ့သည်ဟူသော မန်စီးတီးကွင်းလယ်လူ ကိုလာရော့ဗ်၏ စကားအား ဗန်ဂါးလ်က ယခုကဲ့သို့ ပြန်လည်တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

    “ဆိုရှယ်မီဒီယာမှာ ကျွန်တော်တို့ ပရိတ်သတ်တွေနဲ့ နောက်လိုက်တွေ အများကြီးရှိပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ဂျာမနီရဲ့ အအောင်မြင်ဆုံးအသင်းပါ။ ပြီးတော့ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ကလည်း စပိန်ရဲ့ အကောင်းဆုံး အသင်းတွေပါပဲ။ မန်စီးတီးကတော့ ဒီနေရာရောက်ဖို့ အချိန်အတော်ကြာ ယူရပါဦးမယ်” ဟု ဗန်ဂါလ်းက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မန်စီးတီးအသင်း၏ အဓိက ကစားသမားဖြစ်သူ ဒေဗစ်ဆေးလ်ဗား မပါဝင်နိုင်သည့်အတွက် မန်ယူအသင်းက အနိုင်ရရှိပါက ထိုအနိုင်မှာ လေးနက်မှု ရှိ၊ ရှိမရှိ မေးမြန်းရာ ဗန်ဂါးလ်က မိမိတို့တွင်လည်း ဒဏ်ရာရကစားသမား ၇ ဦးခန့် ရှိကြောင်း၊ ဂိုးသွင်းနိုင်သော အသင်းခေါင်းဆောင် ရွန်နီမှာ ၃ ပွဲ ပယ်ပြစ်ဒဏ်ကြောင့် ပွဲများတွင် မကစားနိုင်ခဲ့သော်လည်းမည်သည့်အင်တာဗျူးတွင်မှ ထိုကိစ္စအား ဆင်ခြေတစ်ခုအနေဖြင့် ထည့်မပြောခဲ့ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

  • နယူးကာဆယ် သုံးပွဲဆက်နိုင်၊ အာဆင်နယ်၊ ချယ်ဆီး၊ ဆောက်သက်တမ်တို့ ၃ မှတ်စီရခဲ့တဲ့ EPL ပွဲစဉ် ၁၀ စနေနေ့ည

    နယူးကာဆယ် သုံးပွဲဆက်နိုင်၊ အာဆင်နယ်၊ ချယ်ဆီး၊ ဆောက်သက်တမ်တို့ ၃ မှတ်စီရခဲ့တဲ့ EPL ပွဲစဉ် ၁၀ စနေနေ့ည

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ ၇ ပွဲကို ယမန်နေ့က ကစားခဲ့ပြီး နယူးကာဆယ်တို့ သုံးပွဲဆက် အနိုင်ရခဲ့ကာ အာဆင်နယ်၊ ချယ်ဆီးတို့လည်း အနိုင် ၃ မှတ်ရခဲ့ပါတယ်။
    1
    လိဂ်ဖလားမှာ မန်စီးတီးကို ၂ ဂိုးပြတ်နဲ့ အံ့ဖွယ် အနိုင်ယူခဲ့တဲ့ နယူးကာဆယ်တို့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ အကောင်ဆုံးခြေစွမ်းပြပြီး ရုန်းကန်နေရတဲ့ လီဗာပူးလ်ကို အနိုင်ယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီပွဲမှာလည်း ကစားပုံညံ့ခဲ့ပြီး ဘာလော့တယ်လီလည်း ဂိုးပေါက်ပျောက်ဆဲပါ။ နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ မန်စီးတီးနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ အေယိုဇီ ပီရက်ဇ်က ၇၃ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်နည်းပြ အလန်ပါဂျူးကတော့ အတော်လေး ဖိအား လျော့သွားပါပြီ။

    3

    ပြီးခဲ့တဲ့ တစ်ပါတ်က ဆန်းဒါးလန်းရဲ့ နောက်တန်းအမှားတွေကြောင့် အနိုင် ၃ မှတ်ကို အလွယ်တကူရခဲ့တဲ့ အာဆင်နယ်တို့ မနေ့ကပွဲမှာတော့ အောက်ဆုံးက ဘန်လေကို သက်တောင့်သက်သာကစားပြီး ၃ ဂိုးပြတ်ခဲ့ပါတယ်။ အနိုင်ဂိုးတွေကို ဂိုးသွင်းစက် ဆန်းချက်ဇ်က ၂ ဂိုးနဲ့ ကာလမ်ချိန်ဘာက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    2
    ချယ်ဆီးကလည်း အိမ်ကွင်းမှာ ဟဇာ့ဒ်ရဲ့ ၇၅ မိနစ်ပင်နယ်တီကြောင့် ကျူပီအာရ်ကို  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဒီနှစ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဆောက်သက်တမ်ကတော့ အဝေးကွင်းမှာ ဟားလ်စီးတီးကို ပွဲအစ ၃ မိနစ် ဗစ်တာ ၀န်ယာမာရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ကာ အဆင့် ၂ နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

    4

    စနေနေ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    နယူးကာဆယ် ၁-၀ လီဗာပူးလ်
    အာဆင်နယ် ၃-၀ ဘန်လေ
    ချယ်ဆီး ၂-၁ ကျူပီအာရ်
    အဲဗာတန် ၀-၀ ဆွမ်ဆီး
    ဟားလ်စီးတီး ၀-၁ ဆောက်သက်တမ်
    လက်စတာ ၀-၁ ၀က်စ်ဘရွန်း
    စတုတ်စီးတီး ၂-၂ ဝက်စ်ဟမ်း

  • မန်ချက်စတာဒါဘီမှာ မိမိဘ၀ အကြီးမားဆုံး ဒါဘီဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    မန်ချက်စတာဒါဘီမှာ မိမိဘ၀ အကြီးမားဆုံး ဒါဘီဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    နိုဝင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    Manchester-City-vs-Manchester-United
    – အသင်းကြီးများအား နည်းပြခဲ့သည့် မိမိ၏ သက်တမ်းတစ်လျှောက်တွင် ယခုတစ်ပတ်ကစားမည့် မန်ချက်စတာ ဒါဘီပွဲမှာ အကြီးမားဆုံး ဒါဘီပွဲ ဖြစ်လာမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းမှာ တနင်္ဂနွေနေ့တွင် မန်ယူအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ဗန်ဂါလ်း တာဝန်ယူပြီးနောက် ပထမဆုံး ဒါဘီပွဲလည်းဖြစ်သည်။

    “ကျွန်တော်ကိုင်ဖူးတဲ့အထဲမှာ ဒါဟာ အကြီးဆုံးဒါဘီပွဲ ဖြစ်လာပါလိမ့်မယ်။ ပွဲကတော့ ၃၈ ပွဲ ကစားရမှာပါ ဒါပေမယ့် ဒီပွဲဟာ ပြိုင်ဘက်အဖြစ် ပရိတ်သတ်တွေအတွက် မယုံကြည်နိုင်လောက်စရာ ပွဲကြီးတစ်ခုပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဒါဘီပွဲတွင် အရေးပါသောတိုက်စစ်မှူး ရူနီမှာ ပါဝင်နိုင်မည်မဟုတ်ဟု စောစောပိုင်းက သတင်းထွက်ပေါ်ခဲ့သော်လည်း ဗန်ဂါးလ်မှာ ထိုပွဲတွင် ရူနီမှာ သေချာပေါက် ပါဝင်နိုင်မည်ဖြစ်ပြီး ဖယ်လ်ကာအိုသာ လွဲချော်မည်ဟု ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းတွင် အားထားရသည့် တိုက်စစ်မှူး ဆေးလ်ဗားမှာ ပါဝင်နိုင်ခြင်းမရှိဘဲ။ Play Maker ယာယာတိုးယေးမှာလည်း ပါဝင်ရန် မသေချာပေ။